ျမန္မာတစ္ႏိုင္ငံလံုးမွာ Facility အမ်ားဆံုးပါတဲ့ ကမၻာ့အဆင့္မီ Diamond Inya Palace ကြန္ဒို အထူးအေရာင္းျပပြဲၾကီး
×

အေမရိကန္နိုင္ငံ အာကန္ဆတ္ျပည္နယ္ Murfreesboro ၿမိဳ႕ရွိစိန္တြင္းသည္ ဝင္ေၾကးအနည္းငယ္ေပး႐ုံႏွင့္စိန္မ်ားဝင္ ေရာက္ရွာေဖြနိုင္သည့္ ကမာၻ႔တစ္ခုတည္း ေသာအမ်ားျပည္သူအတြက္ဖြင့္လွစ္ေပး ထားသည့္စိန္တြင္းျဖစ္သည္ဟု သိရ သည္။

ႏွစ္ေပါင္းရာႏွင့္ခ်ီၾကာျမင့္ခဲ့သည့္ တိုင္ေအာင္ ၃၇ ဧကက်ယ္ဝန္းသည့္ခ်ိဳင့္ တြင္းေျမေနရာသည္ အႀကိမ္ေပါင္းမ်ား စြာတူးဆြ၍စိန္တုံးမ်ားရွာေဖြခံခဲ့ရသည္။ စိန္ထြက္သည့္ေျမေနရာဟုစတင္ေတြ႕ရွိ ခဲ့သည့္အခ်ိန္မွစတင္ကာ အရည္အေသြး အမ်ိဳးမ်ိဳးရွိသည့္စိန္တုံးေပါင္း ေသာင္းႏွင့္ ခ်ီတူးေဖာ္ရရွိခဲ့သည္။

၎စိန္တြင္းမွထြက္ သည့္ Uncle Sam ဟုအမည္ေပးထား ေသာ ၄၀ ကာရက္စိန္တုံးႀကီးသည္ အေမ ရိကန္တြင္ရွာေဖြေတြ႕ ရွိခဲ့သည့္အႀကီးဆုံး စိန္တုံးမ်ားထဲ၌တစ္ခု အပါအဝင္ျဖစ္ သည္။ တာဝန္ရွိသူမ်ား၏အဆိုအရ လာ ေရာက္လည္ပတ္သူမ်ားသည္ ႏွစ္စဥ္စိန္ တုံး ၆၀၀ ေက်ာ္ရွာေဖြေတြ႕ရွိေလ့ရွိၾကၿပီး ၁၉၇၂ ခုႏွစ္တြင္အမ်ားျပည္သူအတြက္ ဖြင့္လွစ္ေပးခဲ့ခ်ိန္မွစတင္ကာ စိန္တုံး ေပါင္း ၃၁၀၀၀ ေက်ာ္ေတြ႕ရွိခဲ့ၿပီျဖစ္သည္။ တြင္းနက္ႀကီးမတူးရဘဲ အေပၚယံေျမသား ကိုတူးဆြ႐ုံႏွင့္တင္ စိန္တုံးမ်ားသာမက အျခားေက်ာက္မ်ားကိုသာ ရွာေဖြေတြ႕ရွိ နိုင္သည္။

၁၉၀၆ ခုႏွစ္တြင္ ၎ေျမေနရာ ကိုပိုင္ဆိုင္သည့္ ဂြၽန္ဟတ္ဒယ္လ္ဆင္က စိန္တုံးငယ္မ်ားကို စတင္ရွာေဖြေတြ႕ရွိခဲ့ၿပီး စိန္တြင္းတူးသည့္လုပ္ငန္းကို စိတ္မဝင္ စားေသာေၾကာင့္ ရင္းႏွီးျမႇုပ္ႏွံသူတစ္စုထံ ေဒၚလာ ၃၆၀၀၀ ျဖင့္ေရာင္းခ်ခဲ့သည္။သို႔ ေသာ္ စီးပြားျဖစ္စိန္တြင္းတူးေဖာ္ရန္ အ ႀကိမ္ႀကိမ္က်ရႈံးခဲ့ၿပီးေနာက္ ၁၉၅၀ ျပည့္ ႏွစ္တြင္ အမ်ားျပည္သူေလ့လာနိုင္သည့္ မိုင္းတြင္းအျဖစ္ထားခဲ့သည္။

၁၉၇၂ ခုႏွစ္ တြင္ အာကန္ဆတ္အစိုးရက ျပန္လည္ ဝယ္ယူကာ စိန္တြင္းပန္းၿခံကို ဖြင့္လွစ္ ထားခဲ့သည္။ စိန္တုံးအမ်ားစုသည္ အ လြန္ေသးငယ္ၿပီး ျဖတ္ေတာက္ရန္ပင္ မလြယ္ကူလွေသာ္လည္း အနည္းဆုံးႏွစ္ ခုသုံးခုခန႔္ ေတြ႕ရွိသည့္အခါ ေဒၚလာ ေထာင္ႏွင့္ခ်ီရရွိတတ္သည္ဟု သိရသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: hlataw
# Unicode Version ျဖင့္ ဖတ္ပါ #
အမေရိကန်နိုင်ငံ အာကန်ဆတ်ပြည်နယ် Murfreesboro မြို့ရှိစိန်တွင်းသည် ဝင်ကြေးအနည်းငယ်ပေးရုံနှင့်စိန်များဝင် ရောက်ရှာဖွေနိုင်သည့် ကမ္ဘာ့တစ်ခုတည်း သောအများပြည်သူအတွက်ဖွင့်လှစ်ပေး ထားသည့်စိန်တွင်းဖြစ်သည်ဟု သိရ သည်။

နှစ်ပေါင်းရာနှင့်ချီကြာမြင့်ခဲ့သည့် တိုင်အောင် ၃၇ ဧကကျယ်ဝန်းသည့်ချိုင့် တွင်းမြေနေရာသည် အကြိမ်ပေါင်းများ စွာတူးဆွ၍စိန်တုံးများရှာဖွေခံခဲ့ရသည်။ စိန်ထွက်သည့်မြေနေရာဟုစတင်တွေ့ရှိ ခဲ့သည့်အချိန်မှစတင်ကာ အရည်အသွေး အမျိုးမျိုးရှိသည့်စိန်တုံးပေါင်း သောင်းနှင့် ချီတူးဖော်ရရှိခဲ့သည်။

၎င်းစိန်တွင်းမှထွက် သည့် Uncle Sam ဟုအမည်ပေးထား သော ၄၀ ကာရက်စိန်တုံးကြီးသည် အမေ ရိကန်တွင်ရှာဖွေတွေ့ ရှိခဲ့သည့်အကြီးဆုံး စိန်တုံးများထဲ၌တစ်ခု အပါအဝင်ဖြစ် သည်။ တာဝန်ရှိသူများ၏အဆိုအရ လာ ရောက်လည်ပတ်သူများသည် နှစ်စဉ်စိန် တုံး ၆၀၀ ကျော်ရှာဖွေတွေ့ရှိလေ့ရှိကြပြီး ၁၉၇၂ ခုနှစ်တွင်အများပြည်သူအတွက် ဖွင့်လှစ်ပေးခဲ့ချိန်မှစတင်ကာ စိန်တုံး ပေါင်း ၃၁၀၀၀ ကျော်တွေ့ရှိခဲ့ပြီဖြစ်သည်။ တွင်းနက်ကြီးမတူးရဘဲ အပေါ်ယံမြေသား ကိုတူးဆွရုံနှင့်တင် စိန်တုံးများသာမက အခြားကျောက်များကိုသာ ရှာဖွေတွေ့ရှိ နိုင်သည်။

၁၉၀၆ ခုနှစ်တွင် ၎င်းမြေနေရာ ကိုပိုင်ဆိုင်သည့် ဂျွန်ဟတ်ဒယ်လ်ဆင်က စိန်တုံးငယ်များကို စတင်ရှာဖွေတွေ့ရှိခဲ့ပြီး စိန်တွင်းတူးသည့်လုပ်ငန်းကို စိတ်မဝင် စားသောကြောင့် ရင်းနှီးမြှုပ်နှံသူတစ်စုထံ ဒေါ်လာ ၃၆၀၀၀ ဖြင့်ရောင်းချခဲ့သည်။သို့ သော် စီးပွားဖြစ်စိန်တွင်းတူးဖော်ရန် အ ကြိမ်ကြိမ်ကျရှုံးခဲ့ပြီးနောက် ၁၉၅၀ ပြည့် နှစ်တွင် အများပြည်သူလေ့လာနိုင်သည့် မိုင်းတွင်းအဖြစ်ထားခဲ့သည်။

၁၉၇၂ ခုနှစ် တွင် အာကန်ဆတ်အစိုးရက ပြန်လည် ဝယ်ယူကာ စိန်တွင်းပန်းခြံကို ဖွင့်လှစ် ထားခဲ့သည်။ စိန်တုံးအများစုသည် အ လွန်သေးငယ်ပြီး ဖြတ်တောက်ရန်ပင် မလွယ်ကူလှသော်လည်း အနည်းဆုံးနှစ် ခုသုံးခုခန့် တွေ့ရှိသည့်အခါ ဒေါ်လာ ထောင်နှင့်ချီရရှိတတ်သည်ဟု သိရသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: hlataw
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top