ရာသက်ပန်မြေပိုင်ဆိုင်ခြင်းရရှိမည့် ဂရန်းမြကန်သာကွန်ဒို အထူးပရိုမိုးရှင်း အရောင်းပြပွဲ
×






Credit: Lwinpyin

#Unicode Version#
အလှအပရေးရာနဲ့ ပတ်သက်ပြီး နံပါတ်တစ်စာရင်းဝင် Beauty Bloggerတစ်ဦး ဖြစ်တဲ့ ဝင်းမင်းသန်းဟာ မြန်မာအမျိုးသမီးတွေရဲ့ လွဲမှားနေတဲ့ ဝတ်စားဆင်ယင်မှုတွေနဲ့ ပတ်သက်ပြီး သူမ ရဲ့ ဖေ့စ်ဘုတ်မှာ ရေးသားခဲ့ပါတယ်။ သူမ ရေးသားခဲ့တဲ့ စာတွေကလဲ လက်ရှိမှာဟော့ဖြစ်နေတဲ့ ရွှေမှုံရတီရဲ့ မွေးနေ့ပွဲပုံရိပ်နဲ့ တိုက်ရိုက် ပတ်သက်နေသလို ဖြစ်ခဲ့ရပါတယ်။ ထို့ကြောင့်လဲ ရွှေမှုံရတီရဲ့ ဖန်တွေက သူမကို ဝိုင်းဝန်းပြောဆိုဝေဖန်တာတွေလဲရှိလာခဲ့ပါတယ်။ အဆိုပါကိစ္စနဲ့ ပတ်သက်ပြီး ဝင်းမင်းသန်းကလဲ သူမပြောခဲ့တာနဲ့ ပတ်သက်ပြီး ပြန်လည်ဖြေရှင်းခဲ့တာလဲ ရှိပါတယ်။

သူမရေးသားထားခဲ့တာကတော့ ” ဘုန်းကြီးကျောင်းတွေ ဘုရားတွေကို ထမီရင်လျှားနဲ့ သွားဆို ဘယ်သူ့မှမသွားဘူး ထုတ်ချင်းပေါက်မှန်ဇာနဲ့ ရင်ခံတွေဝတ်ပီးသွားတာကြတော့ လက်ခံကြတယ်နော် ပီးရင် ပခုံးတဖက် ပုဝါတစ အသာချလိုက်တာနဲ့ ၂မွှာ အသည်း ဟက်တက်ကွဲတာ မဖုံးပါဘူး ။ ကြီးတော်ကြီး ပြောသလိုပေါ့ သူရေချိုးခါနီး ထမီရင်လျှားဝတ်ပီးရင် “ငါ ပွဲတက်ဝတ်စုံနဲ့ ရေချိုးခန်းဝင်လိုက်အုန်းမယ်”တဲ့ ” လို့ရေးသားခဲ့တာလဲ ဖြစ်ပါတယ်။

အဲ့ပို့စ်ရဲ့အောက်မှာတော့ ” မနာလိုနေလိုက်ကြတာ ဟိုက ခုမှ ၂၀ ပြည့်တာ ကိုယ်သာ ကောင်းအောင်နေကြပါ ” ရွှေမှုံရတီရဲ့ ပရိသတ်တစ်ဦးက ရေးသားခဲ့ပါတယ်။

ဒါကို ဝင်းမင်းသန်းက ” ကိုယ်ကပြောချင်တာကြာပီ တွေ့နေမြင်နေတာအကုန်ကိုပြောချင်တာ online မှာဟော့နေတာနဲ့ ဒဲ့တိုးတော့ ပုဂ္ဂိုလ်ရေးထိခိုက်သလို ဖြစ်သွားရင်တော့ ဆောရီးပါ ၁ဦး၁ယောက်ကို ရည်ရွယ်တာမဟုတ်ဘူး ဝတ်သမျှလူတိုင်းကိုရည်ရွယ်ပါတယ် ” လို့ ပြန်ပြောထားပါသေးတယ်။

အွန်လိုင်းမှာ ဟော့နေတဲ့ ကိစ္စကတော့ မေလ ၁၇ရက်နေ့က ကျရောက်ခဲ့တဲ့ ရွှေမှုံရတီရဲ့ အသက်၂၀ပြည့်မွေးနေ့ ကို ဘုန်းကြီးကျောင်းမှာ မွေးနေ့အလှူပြုလုပ်စဉ် ကဝတ်စဉ်ခဲ့တဲ့ ပြန်မာဝတ်စုံဟာ အမြင်မတင့်တည်ဘူးဆိုတာ ဝေဖန်နေကြတာလဲ ဖြစ်ပါတယ်။ အဆိုပါ ဝေဖန်မှုတွေရှိနေပေမယ့်လဲ ရွှေမှုံကတော့ အဖြူရောင်လေးနဲ့ အရမ်းလှနေတာလဲ ဖြစ်ပါတယ်။


ဖိုးသူတော် (www.phothutaw.com)
Credit: Lwinpyin
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top