iMyanmarHouse.com - Best Property Website for Myanmar
×

ဖိုးသူေတာ္ ကေန တစ္ဆင့္ ေျပာျပေပးခ်င္တာကေတာ့ ျမန္မာႏိုင္ငံရဲ႕ ပထမဆံုး သိပၸံ ရုပ္ရွင္ဇာတ္ကားကို ဒါရိုက္တာ ညိဳမင္းလြင္က ရိုက္ကူးထားတယ္ ဆိုတဲ့ အေၾကာင္းကို ပဲ ျဖစ္ပါတယ္။

ဒီဇာတ္ကားနာမည္ကိုေတာ့ “အနႏၱ” ( ANANDA ) လို႔ အမည္ေပးထားၿပီး ဒီဇာတ္ကား ေၾကာ္ျငာကို လည္း ဒါရိုက္တာ ညိဳမင္းလြင္က သူ႔ရဲ႕ Facebook အေကာင့္ကေန ရုပ္ရွင္ခ်စ္ပရိသတ္ေတြ အတြက္ တရားဝင္ မိတ္ဆက္ေပးလိုက္တာ ျဖစ္ပါတယ္။

ဒါရိုက္တာ ညိဳမင္းလြင္ရဲ႕ ထုတ္လုပ္ေရးျဖစ္တဲ့ ညေက်ာင္း ရုပ္ရွင္ထုတ္လုပ္ေရးကေန ဒီဇာတ္ကားကို ထုတ္လုပ္ျပသ သြားမွာ ျဖစ္ၿပီး ဒီရုပ္ရွင္ဇာတ္ကားကို အခ်ိန္ကာလ ၂ ႏွစ္တာ ေလာက္ အခ်ိန္ယူ ႀကိဳတင္ျပင္ဆင္ ရိုက္ကူးခဲ့တယ္ လို႔လည္း သိရပါတယ္။

ထူးျခားခ်က္ကေတာ့ ဇာတ္ကားတစ္ခုလံုး ကို CGI အထူးျပဳလုပ္ခ်က္ေတြနဲ႔ အေကာင္းဆံုး ပံုေဖာ္ ဖန္တီးထားတာ ျဖစ္ပါတယ္။ ဒါ့အျပင္ ဒီဇာတ္ကား ကို Online မွာ အျမည္း သေဘာအေနနဲ႔ ျပသလိုက္ခ်ိန္ မွာ လည္း ပရိသတ္ေတြ အားလံုးက စိတ္ဝင္တစား နဲ႔ အႀကိဳက္ေတြ႕ခဲ့ပါတယ္။

ဒီဇာတ္ကားနဲ႔ ပက္သက္ၿပီးေတာ့ ဒါရိုက္တာ ညိဳမင္းလြင္က သူ႔ရဲ႕ Facebook အေကာင့္မွာ ” က်ေနာ္တို႔ ျမန္မာ့ရုပ္ရွင္မွာ ရွိသင့္တယ္ထင္တဲ့ ဇာတ္ကားအမ်ိဳးအစားတစ္ခုကို ရည္ရြယ္ခ်က္နဲ႔ က်န္တာ ဘာမွ မစဥ္းစားပဲ ရိုက္ရက္ေပါင္း ဂ်ဴတီ ၇၀ အထိ ယူၿပီး အခ်ိန္ယူကာ ေသခ်ာ ဖန္တီးခဲ့တဲ့ ဇာတ္ကားတစ္ကား ျဖစ္ပါတယ္ ။

ေနာင္အနာဂတ္မွာ ျမန္မာလူငယ္ေတြ ရိုက္ကူးတဲ့ သိပၸံ ဇာတ္ကားေတြ ၊ VFX အသားေပး ဇာတ္ကားေတြ ဖြံၿဖိဳးလာဖို႔အတြက္ အားလံုးက မျဖစ္ႏိုင္ဘူးလို႔ ေစာင့္ၾကည့္ေနတဲ့ ၾကားက မရရေအာင္ ႀကိဳးစားယူခဲ့တဲ့ ဇာတ္ကား တစ္ခုလည္း ျဖစ္ပါတယ္ ။ မခက္ဘူးလား ဆိုရင္ေတာ့ ခက္ပါတယ္။ မရဘူးလား ဆိုရင္ေတာ့ ရတာပါပဲ ။ ျမန္မာ့ရုပ္ရွင္ အနာဂတ္ကို က်ေနာ္တို႔အားလံုး အတူတကြ ေျပာင္းလဲ ၾကရေအာင္ ” ဆိုၿပီး ေရးသားထားတာ ျဖစ္ပါတယ္ ။

ပါဝင္သရုပ္ေဆာင္ထားၾကတဲ့ အႏုပညာရွင္ေတြကေတာ့ ၿဖိဳးေငြစိုး ၊ စိုင္းလႊမ္း ၊ ေနဝင္း ၊ ေက်ာ္ကိုကိုေဝ ၊ နန္းဆုဦး ၊ သက္ထားေဝဇင္ တို႔က အဓိက ပါဝင္ သရုပ္ေဆာင္ထားၾကတာပဲ ျဖစ္ပါတယ္။ “အနႏၱ” ဆိုတဲ့ ဒီရုပ္ရွင္ဇာတ္ကား ႀကီးကိုေတာ့ ဒီႏွစ္ မိုးရာသီ အကုန္ ျပသမွာျဖစ္တယ္ လို႔ လည္း သိရပါတယ္။

ကဲ ….. အခုေျပာျပေပးလိုက္တဲ့ ဒီဇာတ္ကားနဲ႔ ပက္သက္တဲ့ အေၾကာင္းအရာေလးကို မသိရွိေသးတဲ့ သူေတြအတြက္ ရံုတင္ရင္ အတူတူ အားေပးလို႔ရေအာင္ လက္တို႔ ၿပီး မၽွေဝ ေပးလိုက္ၾကပါ ဦး ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: pMk (ေျပာခ်င္လြန္းလို႕)
# Unicode Version ျဖင့္ ဖတ္ပါ #
ဖိုးသူတော် ကနေ တစ်ဆင့် ပြောပြပေးချင်တာကတော့ မြန်မာနိုင်ငံရဲ့ ပထမဆုံး သိပ္ပံ ရုပ်ရှင်ဇာတ်ကားကို ဒါရိုက်တာ ညိုမင်းလွင်က ရိုက်ကူးထားတယ် ဆိုတဲ့ အကြောင်းကို ပဲ ဖြစ်ပါတယ်။

ဒီဇာတ်ကားနာမည်ကိုတော့ “အနန္တ” ( ANANDA ) လို့ အမည်ပေးထားပြီး ဒီဇာတ်ကား ကြော်ငြာကို လည်း ဒါရိုက်တာ ညိုမင်းလွင်က သူ့ရဲ့ Facebook အကောင့်ကနေ ရုပ်ရှင်ချစ်ပရိသတ်တွေ အတွက် တရားဝင် မိတ်ဆက်ပေးလိုက်တာ ဖြစ်ပါတယ်။

ဒါရိုက်တာ ညိုမင်းလွင်ရဲ့ ထုတ်လုပ်ရေးဖြစ်တဲ့ ညကျောင်း ရုပ်ရှင်ထုတ်လုပ်ရေးကနေ ဒီဇာတ်ကားကို ထုတ်လုပ်ပြသ သွားမှာ ဖြစ်ပြီး ဒီရုပ်ရှင်ဇာတ်ကားကို အချိန်ကာလ ၂ နှစ်တာ လောက် အချိန်ယူ ကြိုတင်ပြင်ဆင် ရိုက်ကူးခဲ့တယ် လို့လည်း သိရပါတယ်။

ထူးခြားချက်ကတော့ ဇာတ်ကားတစ်ခုလုံး ကို CGI အထူးပြုလုပ်ချက်တွေနဲ့ အကောင်းဆုံး ပုံဖော် ဖန်တီးထားတာ ဖြစ်ပါတယ်။ ဒါ့အပြင် ဒီဇာတ်ကား ကို Online မှာ အမြည်း သဘောအနေနဲ့ ပြသလိုက်ချိန် မှာ လည်း ပရိသတ်တွေ အားလုံးက စိတ်ဝင်တစား နဲ့ အကြိုက်တွေ့ခဲ့ပါတယ်။

ဒီဇာတ်ကားနဲ့ ပက်သက်ပြီးတော့ ဒါရိုက်တာ ညိုမင်းလွင်က သူ့ရဲ့ Facebook အကောင့်မှာ ” ကျနော်တို့ မြန်မာ့ရုပ်ရှင်မှာ ရှိသင့်တယ်ထင်တဲ့ ဇာတ်ကားအမျိုးအစားတစ်ခုကို ရည်ရွယ်ချက်နဲ့ ကျန်တာ ဘာမှ မစဉ်းစားပဲ ရိုက်ရက်ပေါင်း ဂျူတီ ၇၀ အထိ ယူပြီး အချိန်ယူကာ သေချာ ဖန်တီးခဲ့တဲ့ ဇာတ်ကားတစ်ကား ဖြစ်ပါတယ် ။

နောင်အနာဂတ်မှာ မြန်မာလူငယ်တွေ ရိုက်ကူးတဲ့ သိပ္ပံ ဇာတ်ကားတွေ ၊ VFX အသားပေး ဇာတ်ကားတွေ ဖွံဖြိုးလာဖို့အတွက် အားလုံးက မဖြစ်နိုင်ဘူးလို့ စောင့်ကြည့်နေတဲ့ ကြားက မရရအောင် ကြိုးစားယူခဲ့တဲ့ ဇာတ်ကား တစ်ခုလည်း ဖြစ်ပါတယ် ။ မခက်ဘူးလား ဆိုရင်တော့ ခက်ပါတယ်။ မရဘူးလား ဆိုရင်တော့ ရတာပါပဲ ။ မြန်မာ့ရုပ်ရှင် အနာဂတ်ကို ကျနော်တို့အားလုံး အတူတကွ ပြောင်းလဲ ကြရအောင် ” ဆိုပြီး ရေးသားထားတာ ဖြစ်ပါတယ် ။

ပါဝင်သရုပ်ဆောင်ထားကြတဲ့ အနုပညာရှင်တွေကတော့ ဖြိုးငွေစိုး ၊ စိုင်းလွှမ်း ၊ နေဝင်း ၊ ကျော်ကိုကိုဝေ ၊ နန်းဆုဦး ၊ သက်ထားဝေဇင် တို့က အဓိက ပါဝင် သရုပ်ဆောင်ထားကြတာပဲ ဖြစ်ပါတယ်။ “အနန္တ” ဆိုတဲ့ ဒီရုပ်ရှင်ဇာတ်ကား ကြီးကိုတော့ ဒီနှစ် မိုးရာသီ အကုန် ပြသမှာဖြစ်တယ် လို့ လည်း သိရပါတယ်။

ကဲ ….. အခုပြောပြပေးလိုက်တဲ့ ဒီဇာတ်ကားနဲ့ ပက်သက်တဲ့ အကြောင်းအရာလေးကို မသိရှိသေးတဲ့ သူတွေအတွက် ရုံတင်ရင် အတူတူ အားပေးလို့ရအောင် လက်တို့ ပြီး မျှဝေ ပေးလိုက်ကြပါ ဦး ။

ဖိုးသူတော် (www.phothutaw.com)
Credit: pMk (ပြောချင်လွန်းလို့)
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top