iGREEN မွ Investment Guarantee ျဖင့္ေရာင္းမည့္ အထူးအိမ္ရာအေရာင္းျပပြဲ
×

ဘုရားေက်ာင္းကုိ လာေရာက္လည္ပတ္တဲ့ ခရီးသြားေတြအတြက္ မရပ္မနား အစားအေသာက္ေတြ စီမံေပးဖုိ ့ ခုိင္းေစခံရျခင္းနဲ ့စိတ္ဓါတ္က်ဆင္းေစေအာင္ မႏုိင္၀န္ထမ္းေစျခင္းတုိ ့ေၾကာင့္ ဂ်ပန္ဘုန္းေတာ္ႀကီးတစ္ပါးက ဘုရားေက်ာင္းကုိ တရားစြဲဆုိခဲ့တယ္လုိ ့ ဘုန္းေတာ္ႀကီးရဲ ့ ေရွ ့ေနျဖစ္သူ က ေမ ၁၇ ရက္ေန ့မွာ ထုတ္ေဖာ္ေျပာဆုိပါတယ္။

သူလုပ္ကုိင္ခဲ့ရတာေတြအတြက္ Koyasan လုိ ့လူသိမ်ားတဲ့ ကမာၻ ့အေမြအႏွစ္ စာရင္း၀င္ ကုိယာေတာင္ေပၚဘုရားေက်ာင္းထံမွ ယန္းေငြ ၈.၆ သန္း (ေဒၚလာ ၇၈၀၀၀) ရလုိေၾကာင္း ဘုန္းေတာ္ႀကီးက တရားရုံးကုိ ေလွ်ာက္ထားခဲ့ပါတယ္။ ဒီဘုရားေက်ာင္းဟာ ဂ်ပန္ႏုိင္ငံမွာ အထြဋ္အျမတ္ထားတဲ့ ဗုဒၶဘာသာနယ္ေျမေတြထဲက တစ္ခုျဖစ္ပါတယ္။

တရားလုိဘုန္းေတာ္ႀကီးဟာ ၂၀၀၈ ခုႏွစ္ကစလုိ ့ ဘုရားေက်ာင္းမွာ လုပ္ကုိင္ေနခဲ့တာျဖစ္ၿပီး ၂၀၁၅ ခုႏွစ္ ဒီဇင္ဘာလ၀န္းက်င္မွာ စိတ္က်ေ၀ဒနာကုိ စတင္ခံစားလာခဲ့ရတယ္လုိ ့ သူ ့ရဲ ့ ေရွ ့ေန ႏုိရီတာကီ ရွီရာကူရာက ေျပာပါတယ္။ ဘုန္းေတာ္ႀကီးတစ္ပါးအျဖစ္နဲ ့အလုပ္လုပ္ရမယ္ဆုိရင္ အလုပ္ခ်ိန္ စီမံခန္ ့ခြဲထားျခင္းမရွိဘဲ မၾကာခဏဆုိသလုိ အလြန္အကၽြံ ့လုပ္ၾကရပါတယ္လုိ ့ ရွီရာကူရာက ေျပာပါတယ္။ ဘာသာေရးေလ့လာသင္ယူေနတာဆုိၿပီး အလုပ္သမားလုိ လုပ္ရပါမယ္၊ ဒီလုိေလ့လာသင္ယူရၿပီဆုိရင္ေတာ့ ျပင္းထန္တဲ့ဆင္းရဲဒုကၡေတြကုိ ေတာင့္ခံႏုိင္ရေတာ့မွာပါလုိ ့၄င္းက ဆုိပါတယ္။ ဒါမ်ဳိးေတြဟာ ေခတ္ေနာက္က်တဲ့ အေတြးအေခၚအယူအဆေတြ ဆုိတာကုိ မိမိတုိ ့ ေစာဒကတက္ရပါမယ္လုိ ့ လည္း ၄င္းကေထာက္ျပခဲ့ပါတယ္။

ရွီရာကူရာအေနနဲ ့ သူ ့အမႈသည္ရဲ ့ ဘြဲ ့နာမည္နဲ ့တရားစြဲဆုိခဲ့တဲ့ ဘုရားေက်ာင္းနာမည္ကုိေတာ့ ထုတ္ေဖာ္ေျပာဆုိျခင္းမရွိခဲ့ပါဘူး။ ဘုန္းေတာ္ႀကီးတစ္ပါးကုိ သူလုပ္ႏုိင္စြမ္းထက္ေက်ာ္လြန္ကာ အလုပ္သမားတစ္ဦးလုိ အလုပ္ေစခုိင္းျခင္း၊ ႏွစ္လေက်ာ္ကာလအတြင္း ေတာက္ေလွ်ာက္ အလုပ္ခ်ိန္ေတြေပးခဲ့ျခင္းတုိ ့အတြက္ အျငင္းပြားမႈေတြျဖစ္ခဲ့ပါတယ္။ ၂၀၁၅ ခုႏွစ္က ကုိယာဆန္ေတာင္ေပၚဘုရားေက်ာင္း နယ္ေျမရဲ ့ ၁၂၀၀ အႀကိမ္ေျမာက္ ႏွစ္ပတ္လည္ ဘုရားပြဲအခမ္းအနားမွာ ဘုရားဖူးေတြ အလုံးအရင္းနဲ ့လာေရာက္ခဲ့ၾကၿပီး ဒီဘုရားဖူးေတြကုိ စီမံကုိင္တြယ္ႏုိင္ဖုိ ့အတြက္ ဘုန္းေတာ္ႀကီးဟာ ၆၄ ရက္လုံးလုံး အလုပ္ခုိင္းေစခံခဲ့ရေၾကာင္း ေရွ ့ေန ရွီရာကူရာက ေျပာဆုိခဲ့ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: ကိုလင္း (အကုန္သိ သတင္းဌာန)
# Unicode Version ျဖင့္ ဖတ္ပါ #
ဘုရားကျောင်းကို လာရောက်လည်ပတ်တဲ့ ခရီးသွားတွေအတွက် မရပ်မနား အစားအသောက်တွေ စီမံပေးဖို့ ခိုင်းစေခံရခြင်းနဲ့စိတ်ဓါတ်ကျဆင်းစေအောင် မနိုင်ဝန်ထမ်းစေခြင်းတို့ကြောင့် ဂျပန်ဘုန်းတော်ကြီးတစ်ပါးက ဘုရားကျောင်းကို တရားစွဲဆိုခဲ့တယ်လို့ ဘုန်းတော်ကြီးရဲ့ ရှေ့နေဖြစ်သူ က မေ ၁၇ ရက်နေ့မှာ ထုတ်ဖော်ပြောဆိုပါတယ်။

သူလုပ်ကိုင်ခဲ့ရတာတွေအတွက် Koyasan လို့လူသိများတဲ့ ကမ္ဘာ့အမွေအနှစ် စာရင်းဝင် ကိုယာတောင်ပေါ်ဘုရားကျောင်းထံမှ ယန်းငွေ ၈.၆ သန်း (ဒေါ်လာ ၇၈၀၀၀) ရလိုကြောင်း ဘုန်းတော်ကြီးက တရားရုံးကို လျှောက်ထားခဲ့ပါတယ်။ ဒီဘုရားကျောင်းဟာ ဂျပန်နိုင်ငံမှာ အထွဋ်အမြတ်ထားတဲ့ ဗုဒ္ဓဘာသာနယ်မြေတွေထဲက တစ်ခုဖြစ်ပါတယ်။

တရားလိုဘုန်းတော်ကြီးဟာ ၂၀၀၈ ခုနှစ်ကစလို့ ဘုရားကျောင်းမှာ လုပ်ကိုင်နေခဲ့တာဖြစ်ပြီး ၂၀၁၅ ခုနှစ် ဒီဇင်ဘာလဝန်းကျင်မှာ စိတ်ကျဝေဒနာကို စတင်ခံစားလာခဲ့ရတယ်လို့ သူ့ရဲ့ ရှေ့နေ နိုရီတာကီ ရှီရာကူရာက ပြောပါတယ်။ ဘုန်းတော်ကြီးတစ်ပါးအဖြစ်နဲ့အလုပ်လုပ်ရမယ်ဆိုရင် အလုပ်ချိန် စီမံခန့်ခွဲထားခြင်းမရှိဘဲ မကြာခဏဆိုသလို အလွန်အကျွံ့လုပ်ကြရပါတယ်လို့ ရှီရာကူရာက ပြောပါတယ်။ ဘာသာရေးလေ့လာသင်ယူနေတာဆိုပြီး အလုပ်သမားလို လုပ်ရပါမယ်၊ ဒီလိုလေ့လာသင်ယူရပြီဆိုရင်တော့ ပြင်းထန်တဲ့ဆင်းရဲဒုက္ခတွေကို တောင့်ခံနိုင်ရတော့မှာပါလို့၎င်းက ဆိုပါတယ်။ ဒါမျိုးတွေဟာ ခေတ်နောက်ကျတဲ့ အတွေးအခေါ်အယူအဆတွေ ဆိုတာကို မိမိတို့ စောဒကတက်ရပါမယ်လို့ လည်း ၎င်းကထောက်ပြခဲ့ပါတယ်။

ရှီရာကူရာအနေနဲ့ သူ့အမှုသည်ရဲ့ ဘွဲ့နာမည်နဲ့တရားစွဲဆိုခဲ့တဲ့ ဘုရားကျောင်းနာမည်ကိုတော့ ထုတ်ဖော်ပြောဆိုခြင်းမရှိခဲ့ပါဘူး။ ဘုန်းတော်ကြီးတစ်ပါးကို သူလုပ်နိုင်စွမ်းထက်ကျော်လွန်ကာ အလုပ်သမားတစ်ဦးလို အလုပ်စေခိုင်းခြင်း၊ နှစ်လကျော်ကာလအတွင်း တောက်လျှောက် အလုပ်ချိန်တွေပေးခဲ့ခြင်းတို့အတွက် အငြင်းပွားမှုတွေဖြစ်ခဲ့ပါတယ်။ ၂၀၁၅ ခုနှစ်က ကိုယာဆန်တောင်ပေါ်ဘုရားကျောင်း နယ်မြေရဲ့ ၁၂၀၀ အကြိမ်မြောက် နှစ်ပတ်လည် ဘုရားပွဲအခမ်းအနားမှာ ဘုရားဖူးတွေ အလုံးအရင်းနဲ့လာရောက်ခဲ့ကြပြီး ဒီဘုရားဖူးတွေကို စီမံကိုင်တွယ်နိုင်ဖို့အတွက် ဘုန်းတော်ကြီးဟာ ၆၄ ရက်လုံးလုံး အလုပ်ခိုင်းစေခံခဲ့ရကြောင်း ရှေ့နေ ရှီရာကူရာက ပြောဆိုခဲ့ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: ကိုလင်း (အကုန်သိ သတင်းဌာန)
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top