ရာသက္ပန္ေျမပိုင္ဆိုင္ျခင္းရရွိမည့္ ဂရန္းျမကန္သာကြန္ဒို အထူးပ႐ိုမိုးရွင္း အေရာင္းျပပြဲ
×

ဒီတစ္ေခါက္ “ရာဇဝင္ထဲက မိန္းမသားမ်ား” Women in Legend ေခါင္းစဥ္ေအာက္မွာ ေဖာ္ျပေပးခ်င္တဲ့ အမ်ိဳးသမီးကေတာ့ အဂၤလန္ႏိုင္ငံရဲ႕ အပ်ိဳစင္ဘုရင္မလို႔ လူသိမ်ားတဲ့ အဲလိဇဘတ္ဘုရင္မပဲျဖစ္ပါတယ္။  အဲလိဇဘတ္ဘုရင္မေတြ အမ်ားႀကီးရွိပါတယ္၊ ဒါေပမဲ့ ခုေျပာျပမယ့္ ဘုရင္မႀကီးကေတာ့ ပထမဦးဆံုး အဲလိဇဘတ္ျဖစ္ၿပီးေတာ့ ေနာက္ပိုင္းမွာ ေပၚထြက္လာတဲ့ အဲလိဇဘတ္ေတြဟာ သူမရဲ႕ နာမည္ကို အစြဲျပဳခဲ့ၾကတာပါ။

အဲလိဇဘတ္ဟာ ၁၅ ရာစုကေန ၁၆ ရာစုအထိ အဂၤလန္ကို အုပ္ခ်ဳပ္ခဲ့တဲ့ က်ဴဒါမင္းဆက္ရဲ႕ ေနာက္ဆံုးအုပ္ခ်ဳပ္သူပါ။ အမ်ိဳးသမီးေတြကို ဖိႏွိပ္ထားတဲ့ ေခတ္မွာ ယိုယြင္းေနတဲ့ႏုိင္ငံကို အဘက္ဘက္မွာ အင္အားႀကီးမားေအာင္ တစ္ကုိယ္တည္း စြမ္းေဆာင္ခဲ့တဲ့အတြက္ အဲလိဇဘတ္ဟာ တစ္နည္းအားျဖင့္ အမ်ိဳးသမီးေတြက အမ်ိဳးသားေတြထက္နိမ့္က်တယ္၊ ညံ့ဖ်င္းတယ္ဆိုတဲ့ တရားေသအယူအဆကို မွားယြင္းေၾကာင္း အခိုင္အမာ ေထာက္ျပခဲ့သူလည္းျဖစ္ပါတယ္။

အဲလိဇဘတ္ကို ၁၅၃၃ ခုႏွစ္မွာ ဂရင္းဝစ္ခ်္ နန္းေတာ္မွာ ေမြးဖြားခဲ့ပါတယ္။ သူမရဲ႕ဖခင္က ဟင္နရီ (၈) ျဖစ္ၿပီးေတာ့ မိခင္ကေတာ့ ဒုတိယမိဖုရား အန္န္ဘုိလင္ပါ။ အဲလိဇဘတ္ရဲ႕ ဘဝဟာ ၾကမ္းတမ္းခဲ့ပါတယ္။ သူမအသက္ ႏွစ္ႏွစ္ခြဲေလာက္မွာ ဟင္နရီက သူမမိခင္ အန္န္ဘုိလင္ကို သားေတာ္မေမြးဖြားႏိုင္တဲ့အတြက္ စြဲခ်က္အမ်ိဳးမ်ိဳးတင္ၿပီး ေခါင္းျဖတ္ကြပ္မ်က္ခဲ့ပါတယ္။ အရိုက္အရာခံ မင္းသမီးအေနနဲ႔ ေမြးဖြားလာခဲ့တဲ့ အဲလိဇဘတ္ဟာ ေန႔ခ်င္းညခ်င္း အျပစ္သားမိဖုရားနဲ႔ရတဲ့ တရားမဝင္သမီးေတာ္ တစ္ဦးအျဖစ္သာ ေနထိုင္ခဲ့ရပါတယ္။ ဟင္နရီက တတိယမိဖုရား ဂ်ိန္းေဆမာနဲ႔ သားေတာ္အက္ဒ္ဝပ္ (၆) ကို ေဖြးဖြားခဲ့ပါတယ္။ အရိုက္အရာခံ ဘဝကေန ေလွ်ာက်ခဲ့တဲ့ အဲလိဇဘတ္ဟာ ဘဝတူျဖစ္တဲ့ အစ္မေတာ္ မာရီနဲ႔အတူေနထိုင္ခဲ့့ပါတယ္။ မာရီက ပထမမိဖုရားရဲ႕ သမီးေတာ္ျဖစ္ၿပီး အန္န္ဘိုလင္ေၾကာင့္ သူမရဲ႕မိခင္နန္းခ်ခံခဲ့ရတဲ့အတြက္ အဲလိဇဘတ္အေပၚမွာ အံတႀကိတ္ႀကိတ္ျဖစ္ေနသူပါ။

အက္ဒ္ဝပ္ (၆) ကိုေမြးၿပီး မီးတြင္းထဲမွာပဲ ဂ်ိန္းေဆမာ ကြယ္လြန္ခဲ့ပါတယ္။ ဟင္နရီ ရဲ႕ေနာက္ဆံုး မိဖုရားျဖစ္တဲ့ ကက္သရင္းပါး ကေတာ့ မိေထြးေပမယ့္ အဲလိဇဘတ္တို႔ ေမာင္ႏွမသံုးဦးကို အလြန္ခ်စ္ပါတယ္။ အရြယ္ေရာက္ေနတဲ့ သမီးအႀကီးဆံုး မာရီ နဲ႔ အေနစိမ္းခဲ့ေပမဲ့ အဲလိဇဘတ္နဲ႔ အက္ဒ္ဝပ္ကို သူမလက္ေပၚမွာပဲ ျပဳစုေစာင့္ေရွာက္ခဲ့ပါတယ္။  ဟင္နရီဘုရင္က သူ႔ရဲ႕သားသမီးေတြကို အင္မတန္ခ်စ္ျမတ္ႏိုးတဲ့ဖခင္တစ္ဦးပါ။ သူ႔ရဲ႕ ေသတမ္းစာထဲမွာ အက္ဒ္ဝပ္ (၆)၊ ၿပီးရင္ မာရီ၊ ၿပီးရင္ အဲလိဇဘတ္ ဆိုၿပီး အဆင့္ဆင့္ ထီးနန္းကိုဆက္ခံဖို႔မွာၾကားခဲ့ပါတယ္။ အသက္ ၁၀ ႏွစ္အရြယ္သာ ရွိေသးတဲ့ အက္ဝပ္ (၆) ကနာမည္ခံဘုရင္ သက္သက္ပါပဲ။ တကယ့္ အာဏာကေတာ့ ဦးရီးေတာ္ အက္ဒ္ဝပ္ေဆမာ လက္ထဲမွာပါ။ ဟင္နရီလြန္ၿပီး မၾကာခင္မွာပဲ ကက္သရင္းပါးဟာ အက္ဒ္ဝပ္ေဆမာရဲ႕ ညီျဖစ္တဲ့ ေသာမတ္စ္ ေဆမာနဲ႔ လက္ဆက္ခဲ့ပါတယ္။ သူမနဲ႔အတူ အဲလိဇဘတ္ကို ေခၚေဆာင္သြားၿပီး လိုေလေသးမရွိေအာင္ ေမြးျမဴခဲ့ပါတယ္။

ဒါေပမဲ့ ဆယ္ေက်ာ္သက္အရြယ္ အဲလိဇဘတ္အတြက္ အတိတ္ဆိုးက စတင္လာပါၿပီ။ သူမအတြက္ အိပ္မက္ဆိုးကေတာ့ စိတ္ပိုင္းဆိုင္ရာကို ထိခိုက္ေစတဲ့ ေသာမတ္စ္ရဲ႕ မသင့္ေလ်ာ္တဲ့  အျပဳအမူေတြပါပဲ။ ေသာမတ္စ္ေဆမာက ခန္႔ညားၿပီးၾကည့္ေကာင္းသူဆိုေပမယ့္ သူ႔မွာဆိုးသြမ္းတဲ့ အက်င့္စရိုက္ေတြရွိပါတယ္။

ညဘက္ဆို သူမအိပ္ခန္းထဲဝင္ၿပီး ေနာက္ေျပာင္သလိုနဲ႔ ကလိထိုးတာ ထိကိုင္တာေတြ လုပ္ပါေတာ့တယ္။ ကက္သရင္းပါးကလည္း အစက သေဘာ႐ိုးထင္ၿပီး သူပါ ကူညီခဲ့တယ္။ အဲလိဇဘတ္ကို သူက ခ်ဳပ္ထားၿပီး ေသာမတ္စ္က သူမဂါဝန္ေတြကို ဆုတ္ၿဖဲတာမ်ိဳးေတြ၊ မိန္းမပ်ိဳေလးရဲ႕ အခန္းထဲကို တံခါးမရွိဓားမရွိ ဝင္ထြက္တာေတြ ျပဳလုပ္ခဲ့ပါတယ္။ ေသာမတ္စ္က အခန္းတိုင္းရဲ႕ ေသာ့ေတြကိုယူထားၿပီး အဲလိဇဘတ္အိပ္ေနခ်ိန္ မိုးမလင္းခင္မွာ အခန္းထဲကိုဝင္လာတာမ်ိဳးေတြ လုပ္ခဲ့ပါတယ္။ ဒါေပမဲ့ အဲလိဇဘတ္ဟာ ေသာမတ္စ္ကို ခုခံႏိုင္ဖို႔ အၿမဲတမ္း အေစာႀကီးထၿပီး စာဖတ္ေနခဲ့ပါသတဲ့။ ေနာက္ေတာ့ ကက္သရင္းပါးက ေသာမတ္စ္ရဲ႕စိတ္ဓာတ္ကို ရိပ္မိသြားၿပီး သူမကို ေမာင္ျဖစ္သူ အက္ဒ္ဝပ္ (၆) ရဲ႕ အိမ္ေတာ္မွာပဲ ေနေစခဲ့ပါတယ္။
အရြယ္ေရာက္လာတဲ့ အဲလိဇဘတ္ဘုရင္မႀကီးဟာ အေတာ္ကို ေခ်ာေမာပါတယ္။

အရြယ္ေရာက္လာတဲ့ အဲလိဇဘတ္က အရမ္းကို လွပ က်က္သေရရွိပါတယ္။ အရပ္ရွည္ၿပီးသြယ္လ်တဲ့ ခႏၶာကိုယ္၊ ျဖဴေဖြးတဲ့အသားအေရ၊ တည္ၾကည္တဲ့ မ်က္ႏွာထား နဲ႔ က်ဴဒါရဲ႕ သေကၤတျဖစ္တဲ့ ဆံပင္အနီေရာင္ နဲ႔ သူမရဲ႕သြင္ျပင္ဟာ ၾသဇာတိကၠမ ရွိလွပါတယ္။ သူမဟာ ေရႊေငြ အဆင္တန္ဆာ အလွအပကို ျမတ္ႏိုးေပမဲ့ အဝတ္အစားဝတ္တဲ့အခါမွာေတာ့ တစ္ေရာင္တည္းပါတဲ့ ေျပာင္ဂါဝန္ကိုသာ ႐ိုး႐ိုးရွင္းရွင္းဝတ္ဆင္ပါတယ္။ စာေပနဲ႕ ဂီတကို ခံုမင္ၿပီး ၾကည့္လိုက္ရင္ လက္ထဲမွာအၿမဲ စာအုပ္တစ္အုပ္ ပါၿပီးသားပါ။ အဲလိဇဘတ္ဟာ နယ္ပယ္မ်ိဳးစံုမွာ ႏွံ႔စပ္ကြၽမ္းက်င္တဲ့ အျပင္ ျပင္သစ္၊ အီတလီ၊ ဖလဲမစ္ရွ္၊ လက္တင္၊ စေကာ့တလန္၊ ေဝးလ္၊ အိုင္ယာလန္ စတဲ့ ဘာသာစကားေတြကို သြက္လက္စြာေျပာဆိုႏိုင္ပါတယ္။

အက္ဒ္ဝပ္ (၆) ဟာ အသက္ ၁၅ ႏွစ္မွာေရာဂါနဲ႔ ကြယ္လြန္ခဲ့ပါတယ္။ အဲဒီေနာက္မွာ ထီးနန္းလႊဲစာအရ ေလဒီ ဂ်ိန္းဂေရး နန္းတက္ပါတယ္။ နန္းတက္ၿပီး ကိုးရက္အၾကာမွာ မာရီက သူမကို နန္းခ်ၿပီး ထီးနန္းလုခဲ့ပါတယ္။ မာရီရဲ႕ နန္းတက္ပြဲမွာ ျပည္သူေတြက အဲလိဇဘတ္ကို သူမနည္းတူ ေကာင္းခ်ီးၾသဘာေပးၾကပါတယ္။ ညီမေတာ္အေပၚ အရင္ကတည္းက မုန္းတီးေနတဲ့မာရီက ဘုရင္မ ျဖစ္ၿပီးတဲ့ေနာက္မွာ သူမအတြက္ ၿခိမ္းေျခာက္မႈျဖစ္ေနတဲ့ အဲလိဇဘတ္ကို အမ်ိဳးမ်ိဳး ရွင္းလင္းဖို႔ ႀကိဳးစားခဲ့ပါတယ္။ သူမဟာ ကက္သလစ္ဘာသာဝင္ျဖစ္တဲ့အတြက္ ခရစ္ယာန္ဘာသာဝင္ ( ႏွစ္ျခင္း-Protestant) ျဖစ္တဲ့ အဲလိဇဘတ္က မ်က္စိစပါးေမႊးစူးစရာပါ။ ဒါေပမဲ့ ေနာက္ပိုင္းမွာ ဆက္ခံသူမရခဲ့တာေၾကာင့္ အဲလိဇဘတ္ကိုသာ ထီးနန္းေပးခဲ့ရပါတယ္။ မာရီလက္ထက္မွာ ႏိုင္ငံက ေတာ္ေတာ္ ယိမ္းယိုင္ခဲ့တာပါ။

၂၅ ႏွစ္အရြယ္ အဲလိဇဘတ္နန္းတက္တဲ့အခ်ိန္မွာ ခ်ိနဲ႔ေနတဲ့ႏိုင္ငံကို ျပန္လည္ထူေထာင္ဖို႔အတြက္ မိန္းမသားတစ္ေယာက္က ဘယ္လိုမွ စြမ္းေဆာင္ႏိုင္မွာ မဟုတ္ဘူးလို႔ အားလံုးက ယူဆခဲ့ၾကပါတယ္။ သူမက အေႏွးနဲ႔အျမန္ လက္ဆက္ၿပီး ခင္ပြန္းျဖစ္သူအေပၚ မွီခိုမွာပဲလို႔လည္း တြက္ခ်က္ခဲ့ၾကပါတယ္။ ဒါေပမဲ့ ထက္ျမက္တဲ့ အဲလိဇဘတ္က ထူးခြၽန္ထက္ျမက္တဲ့ လူေတာ္ေတြရဲ႕ အကူအညီနဲ႔ တစ္ဦးတည္းေသာ အာဏာရွင္အျဖစ္ အုပ္ခ်ဳပ္ၿပီး အားလံုးကုိ အံ့အားသင့္ေစခဲ့ပါတယ္။ မိဘေတြရဲ႕ အိမ္ေထာင္ေရးနဲ႔ ငယ္စဥ္က ႀကံဳေတြ႕ခဲ့ရတဲ့ အေတြ႕အႀကံဳေတြေၾကာင့္ သူမဟာ ေနာက္ဆံုးအခ်ိန္အထိ ထိမ္းျမားလက္ထပ္ျခင္းမျပဳခဲ့ပါဘူး။ ဒါတင္မကေသးပါဘူး၊ အိမ္ေထာင္ေရးက သူ႔ရဲ႕ ၾသဇာအာဏာကို ယိမ္းယိုင္ေစမယ့္အျပင္ ႏိုင္ငံတြင္း မတည္ၿငိမ္မႈေတြကို ျဖစ္ေပၚေစမယ္ဆိုတာကိုလည္း ေရွ႕က သာဓကေတြအရ သေဘာေပါက္ခဲ့ပံုပါပဲ။ သူမကိုယ္တိုင္လည္း အဂၤလန္ႏိုင္ငံကသာ သူမရဲ႕ ခင္ပြန္းျဖစ္တယ္လို႔ ေျပာၾကားခဲ့ပါတယ္။ ဒါေၾကာင့္လည္း ရာဇဝင္မွာ ‘The Virgin Queen’ အပ်ိဳစင္ဘုရင္မရယ္လို႔ အမည္တြင္ေနတာပါ။

သူမလက္ထက္မွာ အဂၤလန္ႏိုင္ငံက အဘက္ဘက္က ဖြံ႔ၿဖိဳးတိုးတက္ခဲ့ပါတယ္။ သူမရဲ႕ ဘာသာျဖစ္တဲ့ ခရစ္ယာန္ဘာသာ (Protestantism) ကိုႏိုင္ငံရဲ႕ ဘာသာအျဖစ္သတ္မွတ္ခဲ့တဲ့အျပင္ ကက္သလစ္ဘာသာကိုလည္း တိုက္ဖ်က္ျခင္းမျပဳခဲ့ဘဲ လြတ္လပ္စြာ ကိုးကြယ္ခြင့္ေပးခဲ့ပါတယ္။ အဲလိဇဘတ္ဟာ စာေပနဲ႔ဂီတကို အလြန္ခံုမင္ႏွစ္သက္တဲ့အတြက္ အားေပးခဲ့ပါတယ္။ ျပဇာတ္ၾကည့္ရတာကို ႏွစ္သက္တဲ့အတြက္ ရွိတ္စပီးယားက မၾကာခဏ ျပဇာတ္ေတြ ခင္းက်င္းေပးရတယ္လို႔လည္း ေျပာၾကပါတယ္။ အဲလိဇဘတ္အုပ္ခ်ဳပ္တဲ့ေခတ္ကို အဲလိဇဘတ္ေခတ္ရယ္လုိ႔ အမည္ေပးေခၚဆိုၾကတဲ့အျပင္ အဲဒီေခတ္မွာ အဂၤလိပ္စာေပ တဟုန္ထိုး တိုးတက္ထြန္းကားခဲ့ပါတယ္။ ဒါ့အျပင္ နယ္ေျမသစ္ေတြလည္း ရွာေဖြေတြ႕ရွိခဲ့ပါတယ္။

သူမဟာ ၾသဇာအာဏာႀကီးမားတဲ့ ဘုရင္မဆိုေပမယ့္ ပုန္ကန္မႈေတြနဲ႔လည္း မၾကာခဏႀကံဳေတြ႕ခဲ့ရပါေသးတယ္။ သူမအေလးေပးတဲ့ လူယံုကေတာင္ အကြက္ခ်ၿပီး ပုန္ကန္တာမ်ိဳးေတြႀကံဳေတြ႕ရေပမဲ့ အဲလိဇဘတ္က သူမရဲ႕ လက္ေအာက္ငယ္သားအႀကံေပး အရာရွိေတြရဲ႕ လႊမ္းမိုးမႈကို လက္မခံဘဲ အားလံုးကို ထိန္းခ်ဳပ္ကိုင္တြယ္တဲ့သူမ်ိဳးျဖစ္တဲ့အတြက္ အားလံုးကို ႏွိမ္နင္းေအာင္ႏိုင္ခဲ့ပါတယ္။ အဲလိဇဘတ္ရဲ႕ အရည္အခ်င္းကုိ ေပၚလြင္ေစခဲ့တဲ့ တုိက္ပြဲေတြထဲမွာဆိုရင္ အတၱလန္တစ္ သမုဒၵရာမွာ အႏွစ္ႏွစ္ဆယ္နီးပါးၾကာ ျဖစ္ပြားခဲ့တဲ့ အဂၤလိပ္ – စပိန္စစ္ပြဲဟာ အလြန္နာမည္ႀကီးပါတယ္။

အဲလိဇဘတ္ဟာ ႏွစ္ေပါင္း ၄၅ ႏွစ္ၾကာေအာင္ အုပ္ခ်ဳပ္ခဲ့ၿပီး ၁၆၀၃ ခုႏွစ္ (၆၉ ႏွစ္)မွာ ကြယ္လြန္ခဲ့ပါတယ္။  သူမေသဆံုးတဲ့အခ်ိန္မွာ အဂၤလန္ဟာ အင္အားႀကီးႏိုင္ငံတစ္ႏုိင္ငံျဖစ္ေနပါၿပီ။  ဥေရာပနဲ႔ ေျမထဲပင္လယ္တစ္ဝိုက္မွာ အင္္အားခ်ဲ႕ထြင္ႏိုင္ခဲ့တဲ့အတြက္ ေနာက္ပိုင္းမွာ အဂၤလန္ဟာ နယ္ေျမသစ္မွာ ေျခခ်ႏိုင္ခဲ့ပါတယ္။  အဲလိဇဘတ္ရဲ႕ ေအာင္ျမင္မႈေတြကို အစြဲျပဳၿပီး ေနာက္ပိုင္းမွာ ေပၚထြက္လာတဲ့ ဘုရင္မေတြကို အဲလိဇဘတ္လုိ စြမ္းေဆာင္ႏိုင္ေအာင္ အမည္ေပးခဲ့ၾကပါတယ္။

သမိုင္းရဲ႕ လွ်မ္းလွ်မ္းေတာက္ အမ်ိဳးသမီးႀကီးေတြထဲက တစ္ေယာက္ျဖစ္တဲ့ က်ဴဒါမင္းဆက္ရဲ႕ ေနာက္ဆံုးအုပ္ခ်ဳပ္သူျဖစ္တဲ့ ပထမအဲလိဇဘတ္ဘုရင္မဟာဆိုရင္ အမ်ိဳးသမီးေတြကို ႏွိမ့္ခ်ၿပီး ဖိႏွိပ္ခ်ဳပ္ခ်ယ္ခဲ့တဲ့ ေခတ္ႀကီးမွာ ႏို္င္ငံတစ္ႏိုင္ငံလံုးကို ဦးေဆာင္ၿပီး အင္အားႀကီးလာေအာင္ စြမ္းေဆာင္ခဲ့တဲ့ ထက္ျမက္တဲ့ အာဂအမ်ိဳးသမီးတစ္ေယာက္ျဖစ္ပါတယ္။  မတူညီတဲ့ အယူဝါဒေတြၾကားမွာ ပ်က္ျပားေနတဲ့ႏိုင္ငံကို ရဲရင့္တဲ့ စြမ္းအင္နဲ႔ တည့္မတ္ၿပီး ေရႊေခတ္ထူခဲ့သူလည္းျဖစ္ပါတယ္။ သူမကိုၾကည့္မယ္ဆိုရင္ အမ်ိဳးသမီးတစ္ေယာက္ဟာ အရည္အခ်င္းနဲ႔ စိတ္ဓာတ္ျပတ္သားမႈရွိရင္ ဘယ္သူ႔ကိုမွ မွီခိုစရာမလိုဘူးဆိုတာ အထင္းသားႀကီးျမင္ရမွာပါ…။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: forhermyanmar
# Unicode Version ျဖင့္ ဖတ္ပါ #
ဒီတစ်ခေါက် For Her Myanmar ရဲ့ “ရာဇဝင်ထဲက မိန်းမသားများ” Women in Legend ခေါင်းစဉ်အောက်မှာ ဖော်ပြပေးချင်တဲ့ အမျိုးသမီးကတော့ အင်္ဂလန်နိုင်ငံရဲ့ အပျိုစင်ဘုရင်မလို့ လူသိများတဲ့ အဲလိဇဘတ်ဘုရင်မပဲဖြစ်ပါတယ်။  အဲလိဇဘတ်ဘုရင်မတွေ အများကြီးရှိပါတယ်၊ ဒါပေမဲ့ ခုပြောပြမယ့် ဘုရင်မကြီးကတော့ ပထမဦးဆုံး အဲလိဇဘတ်ဖြစ်ပြီးတော့ နောက်ပိုင်းမှာ ပေါ်ထွက်လာတဲ့ အဲလိဇဘတ်တွေဟာ သူမရဲ့ နာမည်ကို အစွဲပြုခဲ့ကြတာပါ။

အဲလိဇဘတ်ဟာ ၁၅ ရာစုကနေ ၁၆ ရာစုအထိ အင်္ဂလန်ကို အုပ်ချုပ်ခဲ့တဲ့ ကျူဒါမင်းဆက်ရဲ့ နောက်ဆုံးအုပ်ချုပ်သူပါ။ အမျိုးသမီးတွေကို ဖိနှိပ်ထားတဲ့ ခေတ်မှာ ယိုယွင်းနေတဲ့နိုင်ငံကို အဘက်ဘက်မှာ အင်အားကြီးမားအောင် တစ်ကိုယ်တည်း စွမ်းဆောင်ခဲ့တဲ့အတွက် အဲလိဇဘတ်ဟာ တစ်နည်းအားဖြင့် အမျိုးသမီးတွေက အမျိုးသားတွေထက်နိမ့်ကျတယ်၊ ညံ့ဖျင်းတယ်ဆိုတဲ့ တရားသေအယူအဆကို မှားယွင်းကြောင်း အခိုင်အမာ ထောက်ပြခဲ့သူလည်းဖြစ်ပါတယ်။

အဲလိဇဘတ်ကို ၁၅၃၃ ခုနှစ်မှာ ဂရင်းဝစ်ချ် နန်းတော်မှာ မွေးဖွားခဲ့ပါတယ်။ သူမရဲ့ဖခင်က ဟင်နရီ (၈) ဖြစ်ပြီးတော့ မိခင်ကတော့ ဒုတိယမိဖုရား အန်န်ဘိုလင်ပါ။ အဲလိဇဘတ်ရဲ့ ဘဝဟာ ကြမ်းတမ်းခဲ့ပါတယ်။ သူမအသက် နှစ်နှစ်ခွဲလောက်မှာ ဟင်နရီက သူမမိခင် အန်န်ဘိုလင်ကို သားတော်မမွေးဖွားနိုင်တဲ့အတွက် စွဲချက်အမျိုးမျိုးတင်ပြီး ခေါင်းဖြတ်ကွပ်မျက်ခဲ့ပါတယ်။ အရိုက်အရာခံ မင်းသမီးအနေနဲ့ မွေးဖွားလာခဲ့တဲ့ အဲလိဇဘတ်ဟာ နေ့ချင်းညချင်း အပြစ်သားမိဖုရားနဲ့ရတဲ့ တရားမဝင်သမီးတော် တစ်ဦးအဖြစ်သာ နေထိုင်ခဲ့ရပါတယ်။ ဟင်နရီက တတိယမိဖုရား ဂျိန်းဆေမာနဲ့ သားတော်အက်ဒ်ဝပ် (၆) ကို ဖွေးဖွားခဲ့ပါတယ်။ အရိုက်အရာခံ ဘဝကနေ လျှောကျခဲ့တဲ့ အဲလိဇဘတ်ဟာ ဘဝတူဖြစ်တဲ့ အစ်မတော် မာရီနဲ့အတူနေထိုင်ခဲ့ပါတယ်။ မာရီက ပထမမိဖုရားရဲ့ သမီးတော်ဖြစ်ပြီး အန်န်ဘိုလင်ကြောင့် သူမရဲ့မိခင်နန်းချခံခဲ့ရတဲ့အတွက် အဲလိဇဘတ်အပေါ်မှာ အံတကြိတ်ကြိတ်ဖြစ်နေသူပါ။

အက်ဒ်ဝပ် (၆) ကိုမွေးပြီး မီးတွင်းထဲမှာပဲ ဂျိန်းဆေမာ ကွယ်လွန်ခဲ့ပါတယ်။ ဟင်နရီ ရဲ့နောက်ဆုံး မိဖုရားဖြစ်တဲ့ ကက်သရင်းပါး ကတော့ မိထွေးပေမယ့် အဲလိဇဘတ်တို့ မောင်နှမသုံးဦးကို အလွန်ချစ်ပါတယ်။ အရွယ်ရောက်နေတဲ့ သမီးအကြီးဆုံး မာရီ နဲ့ အနေစိမ်းခဲ့ပေမဲ့ အဲလိဇဘတ်နဲ့ အက်ဒ်ဝပ်ကို သူမလက်ပေါ်မှာပဲ ပြုစုစောင့်ရှောက်ခဲ့ပါတယ်။  ဟင်နရီဘုရင်က သူ့ရဲ့သားသမီးတွေကို အင်မတန်ချစ်မြတ်နိုးတဲ့ဖခင်တစ်ဦးပါ။ သူ့ရဲ့ သေတမ်းစာထဲမှာ အက်ဒ်ဝပ် (၆)၊ ပြီးရင် မာရီ၊ ပြီးရင် အဲလိဇဘတ် ဆိုပြီး အဆင့်ဆင့် ထီးနန်းကိုဆက်ခံဖို့မှာကြားခဲ့ပါတယ်။ အသက် ၁၀ နှစ်အရွယ်သာ ရှိသေးတဲ့ အက်ဝပ် (၆) ကနာမည်ခံဘုရင် သက်သက်ပါပဲ။ တကယ့် အာဏာကတော့ ဦးရီးတော် အက်ဒ်ဝပ်ဆေမာ လက်ထဲမှာပါ။ ဟင်နရီလွန်ပြီး မကြာခင်မှာပဲ ကက်သရင်းပါးဟာ အက်ဒ်ဝပ်ဆေမာရဲ့ ညီဖြစ်တဲ့ သောမတ်စ် ဆေမာနဲ့ လက်ဆက်ခဲ့ပါတယ်။ သူမနဲ့အတူ အဲလိဇဘတ်ကို ခေါ်ဆောင်သွားပြီး လိုလေသေးမရှိအောင် မွေးမြူခဲ့ပါတယ်။

ဒါပေမဲ့ ဆယ်ကျော်သက်အရွယ် အဲလိဇဘတ်အတွက် အတိတ်ဆိုးက စတင်လာပါပြီ။ သူမအတွက် အိပ်မက်ဆိုးကတော့ စိတ်ပိုင်းဆိုင်ရာကို ထိခိုက်စေတဲ့ သောမတ်စ်ရဲ့ မသင့်လျော်တဲ့  အပြုအမူတွေပါပဲ။ သောမတ်စ်ဆေမာက ခန့်ညားပြီးကြည့်ကောင်းသူဆိုပေမယ့် သူ့မှာဆိုးသွမ်းတဲ့ အကျင့်စရိုက်တွေရှိပါတယ်။

ညဘက်ဆို သူမအိပ်ခန်းထဲဝင်ပြီး နောက်ပြောင်သလိုနဲ့ ကလိထိုးတာ ထိကိုင်တာတွေ လုပ်ပါတော့တယ်။ ကက်သရင်းပါးကလည်း အစက သဘောရိုးထင်ပြီး သူပါ ကူညီခဲ့တယ်။ အဲလိဇဘတ်ကို သူက ချုပ်ထားပြီး သောမတ်စ်က သူမဂါဝန်တွေကို ဆုတ်ဖြဲတာမျိုးတွေ၊ မိန်းမပျိုလေးရဲ့ အခန်းထဲကို တံခါးမရှိဓားမရှိ ဝင်ထွက်တာတွေ ပြုလုပ်ခဲ့ပါတယ်။ သောမတ်စ်က အခန်းတိုင်းရဲ့ သော့တွေကိုယူထားပြီး အဲလိဇဘတ်အိပ်နေချိန် မိုးမလင်းခင်မှာ အခန်းထဲကိုဝင်လာတာမျိုးတွေ လုပ်ခဲ့ပါတယ်။ ဒါပေမဲ့ အဲလိဇဘတ်ဟာ သောမတ်စ်ကို ခုခံနိုင်ဖို့ အမြဲတမ်း အစောကြီးထပြီး စာဖတ်နေခဲ့ပါသတဲ့။ နောက်တော့ ကက်သရင်းပါးက သောမတ်စ်ရဲ့စိတ်ဓာတ်ကို ရိပ်မိသွားပြီး သူမကို မောင်ဖြစ်သူ အက်ဒ်ဝပ် (၆) ရဲ့ အိမ်တော်မှာပဲ နေစေခဲ့ပါတယ်။
အရွယ်ရောက်လာတဲ့ အဲလိဇဘတ်ဘုရင်မကြီးဟာ အတော်ကို ချောမောပါတယ်။

အရွယ်ရောက်လာတဲ့ အဲလိဇဘတ်က အရမ်းကို လှပ ကျက်သရေရှိပါတယ်။ အရပ်ရှည်ပြီးသွယ်လျတဲ့ ခန္ဓာကိုယ်၊ ဖြူဖွေးတဲ့အသားအရေ၊ တည်ကြည်တဲ့ မျက်နှာထား နဲ့ ကျူဒါရဲ့ သင်္ကေတဖြစ်တဲ့ ဆံပင်အနီရောင် နဲ့ သူမရဲ့သွင်ပြင်ဟာ သြဇာတိက္ကမ ရှိလှပါတယ်။ သူမဟာ ရွှေငွေ အဆင်တန်ဆာ အလှအပကို မြတ်နိုးပေမဲ့ အဝတ်အစားဝတ်တဲ့အခါမှာတော့ တစ်ရောင်တည်းပါတဲ့ ပြောင်ဂါဝန်ကိုသာ ရိုးရိုးရှင်းရှင်းဝတ်ဆင်ပါတယ်။ စာပေနဲ့ ဂီတကို ခုံမင်ပြီး ကြည့်လိုက်ရင် လက်ထဲမှာအမြဲ စာအုပ်တစ်အုပ် ပါပြီးသားပါ။ အဲလိဇဘတ်ဟာ နယ်ပယ်မျိုးစုံမှာ နှံ့စပ်ကျွမ်းကျင်တဲ့ အပြင် ပြင်သစ်၊ အီတလီ၊ ဖလဲမစ်ရှ်၊ လက်တင်၊ စကော့တလန်၊ ဝေးလ်၊ အိုင်ယာလန် စတဲ့ ဘာသာစကားတွေကို သွက်လက်စွာပြောဆိုနိုင်ပါတယ်။

အက်ဒ်ဝပ် (၆) ဟာ အသက် ၁၅ နှစ်မှာရောဂါနဲ့ ကွယ်လွန်ခဲ့ပါတယ်။ အဲဒီနောက်မှာ ထီးနန်းလွှဲစာအရ လေဒီ ဂျိန်းဂရေး နန်းတက်ပါတယ်။ နန်းတက်ပြီး ကိုးရက်အကြာမှာ မာရီက သူမကို နန်းချပြီး ထီးနန်းလုခဲ့ပါတယ်။ မာရီရဲ့ နန်းတက်ပွဲမှာ ပြည်သူတွေက အဲလိဇဘတ်ကို သူမနည်းတူ ကောင်းချီးသြဘာပေးကြပါတယ်။ ညီမတော်အပေါ် အရင်ကတည်းက မုန်းတီးနေတဲ့မာရီက ဘုရင်မ ဖြစ်ပြီးတဲ့နောက်မှာ သူမအတွက် ခြိမ်းခြောက်မှုဖြစ်နေတဲ့ အဲလိဇဘတ်ကို အမျိုးမျိုး ရှင်းလင်းဖို့ ကြိုးစားခဲ့ပါတယ်။ သူမဟာ ကက်သလစ်ဘာသာဝင်ဖြစ်တဲ့အတွက် ခရစ်ယာန်ဘာသာဝင် ( နှစ်ခြင်း-Protestant) ဖြစ်တဲ့ အဲလိဇဘတ်က မျက်စိစပါးမွှေးစူးစရာပါ။ ဒါပေမဲ့ နောက်ပိုင်းမှာ ဆက်ခံသူမရခဲ့တာကြောင့် အဲလိဇဘတ်ကိုသာ ထီးနန်းပေးခဲ့ရပါတယ်။ မာရီလက်ထက်မှာ နိုင်ငံက တော်တော် ယိမ်းယိုင်ခဲ့တာပါ။

၂၅ နှစ်အရွယ် အဲလိဇဘတ်နန်းတက်တဲ့အချိန်မှာ ချိနဲ့နေတဲ့နိုင်ငံကို ပြန်လည်ထူထောင်ဖို့အတွက် မိန်းမသားတစ်ယောက်က ဘယ်လိုမှ စွမ်းဆောင်နိုင်မှာ မဟုတ်ဘူးလို့ အားလုံးက ယူဆခဲ့ကြပါတယ်။ သူမက အနှေးနဲ့အမြန် လက်ဆက်ပြီး ခင်ပွန်းဖြစ်သူအပေါ် မှီခိုမှာပဲလို့လည်း တွက်ချက်ခဲ့ကြပါတယ်။ ဒါပေမဲ့ ထက်မြက်တဲ့ အဲလိဇဘတ်က ထူးချွန်ထက်မြက်တဲ့ လူတော်တွေရဲ့ အကူအညီနဲ့ တစ်ဦးတည်းသော အာဏာရှင်အဖြစ် အုပ်ချုပ်ပြီး အားလုံးကို အံ့အားသင့်စေခဲ့ပါတယ်။ မိဘတွေရဲ့ အိမ်ထောင်ရေးနဲ့ ငယ်စဉ်က ကြုံတွေ့ခဲ့ရတဲ့ အတွေ့အကြုံတွေကြောင့် သူမဟာ နောက်ဆုံးအချိန်အထိ ထိမ်းမြားလက်ထပ်ခြင်းမပြုခဲ့ပါဘူး။ ဒါတင်မကသေးပါဘူး၊ အိမ်ထောင်ရေးက သူ့ရဲ့ သြဇာအာဏာကို ယိမ်းယိုင်စေမယ့်အပြင် နိုင်ငံတွင်း မတည်ငြိမ်မှုတွေကို ဖြစ်ပေါ်စေမယ်ဆိုတာကိုလည်း ရှေ့က သာဓကတွေအရ သဘောပေါက်ခဲ့ပုံပါပဲ။ သူမကိုယ်တိုင်လည်း အင်္ဂလန်နိုင်ငံကသာ သူမရဲ့ ခင်ပွန်းဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ ဒါကြောင့်လည်း ရာဇဝင်မှာ ‘The Virgin Queen’ အပျိုစင်ဘုရင်မရယ်လို့ အမည်တွင်နေတာပါ။

သူမလက်ထက်မှာ အင်္ဂလန်နိုင်ငံက အဘက်ဘက်က ဖွံ့ဖြိုးတိုးတက်ခဲ့ပါတယ်။ သူမရဲ့ ဘာသာဖြစ်တဲ့ ခရစ်ယာန်ဘာသာ (Protestantism) ကိုနိုင်ငံရဲ့ ဘာသာအဖြစ်သတ်မှတ်ခဲ့တဲ့အပြင် ကက်သလစ်ဘာသာကိုလည်း တိုက်ဖျက်ခြင်းမပြုခဲ့ဘဲ လွတ်လပ်စွာ ကိုးကွယ်ခွင့်ပေးခဲ့ပါတယ်။ အဲလိဇဘတ်ဟာ စာပေနဲ့ဂီတကို အလွန်ခုံမင်နှစ်သက်တဲ့အတွက် အားပေးခဲ့ပါတယ်။ ပြဇာတ်ကြည့်ရတာကို နှစ်သက်တဲ့အတွက် ရှိတ်စပီးယားက မကြာခဏ ပြဇာတ်တွေ ခင်းကျင်းပေးရတယ်လို့လည်း ပြောကြပါတယ်။ အဲလိဇဘတ်အုပ်ချုပ်တဲ့ခေတ်ကို အဲလိဇဘတ်ခေတ်ရယ်လို့ အမည်ပေးခေါ်ဆိုကြတဲ့အပြင် အဲဒီခေတ်မှာ အင်္ဂလိပ်စာပေ တဟုန်ထိုး တိုးတက်ထွန်းကားခဲ့ပါတယ်။ ဒါ့အပြင် နယ်မြေသစ်တွေလည်း ရှာဖွေတွေ့ရှိခဲ့ပါတယ်။

သူမဟာ သြဇာအာဏာကြီးမားတဲ့ ဘုရင်မဆိုပေမယ့် ပုန်ကန်မှုတွေနဲ့လည်း မကြာခဏကြုံတွေ့ခဲ့ရပါသေးတယ်။ သူမအလေးပေးတဲ့ လူယုံကတောင် အကွက်ချပြီး ပုန်ကန်တာမျိုးတွေကြုံတွေ့ရပေမဲ့ အဲလိဇဘတ်က သူမရဲ့ လက်အောက်ငယ်သားအကြံပေး အရာရှိတွေရဲ့ လွှမ်းမိုးမှုကို လက်မခံဘဲ အားလုံးကို ထိန်းချုပ်ကိုင်တွယ်တဲ့သူမျိုးဖြစ်တဲ့အတွက် အားလုံးကို နှိမ်နင်းအောင်နိုင်ခဲ့ပါတယ်။ အဲလိဇဘတ်ရဲ့ အရည်အချင်းကို ပေါ်လွင်စေခဲ့တဲ့ တိုက်ပွဲတွေထဲမှာဆိုရင် အတ္တလန်တစ် သမုဒ္ဒရာမှာ အနှစ်နှစ်ဆယ်နီးပါးကြာ ဖြစ်ပွားခဲ့တဲ့ အင်္ဂလိပ် – စပိန်စစ်ပွဲဟာ အလွန်နာမည်ကြီးပါတယ်။

အဲလိဇဘတ်ဟာ နှစ်ပေါင်း ၄၅ နှစ်ကြာအောင် အုပ်ချုပ်ခဲ့ပြီး ၁၆၀၃ ခုနှစ် (၆၉ နှစ်)မှာ ကွယ်လွန်ခဲ့ပါတယ်။  သူမသေဆုံးတဲ့အချိန်မှာ အင်္ဂလန်ဟာ အင်အားကြီးနိုင်ငံတစ်နိုင်ငံဖြစ်နေပါပြီ။  ဥရောပနဲ့ မြေထဲပင်လယ်တစ်ဝိုက်မှာ အင်အားချဲ့ထွင်နိုင်ခဲ့တဲ့အတွက် နောက်ပိုင်းမှာ အင်္ဂလန်ဟာ နယ်မြေသစ်မှာ ခြေချနိုင်ခဲ့ပါတယ်။  အဲလိဇဘတ်ရဲ့ အောင်မြင်မှုတွေကို အစွဲပြုပြီး နောက်ပိုင်းမှာ ပေါ်ထွက်လာတဲ့ ဘုရင်မတွေကို အဲလိဇဘတ်လို စွမ်းဆောင်နိုင်အောင် အမည်ပေးခဲ့ကြပါတယ်။

သမိုင်းရဲ့ လျှမ်းလျှမ်းတောက် အမျိုးသမီးကြီးတွေထဲက တစ်ယောက်ဖြစ်တဲ့ ကျူဒါမင်းဆက်ရဲ့ နောက်ဆုံးအုပ်ချုပ်သူဖြစ်တဲ့ ပထမအဲလိဇဘတ်ဘုရင်မဟာဆိုရင် အမျိုးသမီးတွေကို နှိမ့်ချပြီး ဖိနှိပ်ချုပ်ချယ်ခဲ့တဲ့ ခေတ်ကြီးမှာ နိုင်ငံတစ်နိုင်ငံလုံးကို ဦးဆောင်ပြီး အင်အားကြီးလာအောင် စွမ်းဆောင်ခဲ့တဲ့ ထက်မြက်တဲ့ အာဂအမျိုးသမီးတစ်ယောက်ဖြစ်ပါတယ်။  မတူညီတဲ့ အယူဝါဒတွေကြားမှာ ပျက်ပြားနေတဲ့နိုင်ငံကို ရဲရင့်တဲ့ စွမ်းအင်နဲ့ တည့်မတ်ပြီး ရွှေခေတ်ထူခဲ့သူလည်းဖြစ်ပါတယ်။ သူမကိုကြည့်မယ်ဆိုရင် အမျိုးသမီးတစ်ယောက်ဟာ အရည်အချင်းနဲ့ စိတ်ဓာတ်ပြတ်သားမှုရှိရင် ဘယ်သူ့ကိုမှ မှီခိုစရာမလိုဘူးဆိုတာ အထင်းသားကြီးမြင်ရမှာပါ…။

ဖိုးသူတော် (www.phothutaw.com)
Credit: forhermyanmar
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top