မြန်မာပြည်၏ပထမဆုံး ရဟတ်ယာဉ်ကွင်းပါဝင်ပြီး ရာသက်ပန်မြေပိုင်မည့် Kabaraye Executive Residence ကွန်ဒိုအရောင်းပြပွဲ
×
ပရိသတ်​​တွေ​ရော ​ကျော်​သူကြုံ​တွေ့ခဲ့ရတဲ့ ထူးဆန်းမှုကြီးကို ဘယ်​လိုထင်​မြင်​မိလဲဆိုတာ ​ပြောသွားခဲ့ပါဦး​နော်​။
Credit: Myint Myat
# Unicode Version ဖြင့် ဖတ်ပါ #
လွန်ခဲ့တဲ့ဆယ်စုနှစ်တစ်ခုလောက်က မြန်မာပြည်ရဲ့အခန့်ဆုံးမင်းသားတွေထဲက တစ်ဦးအပါအဝင်ဖြစ်ခဲ့တဲ့ သရုပ်ဆောင်ကျော်သူကတော့ အခုချိန်ထိလဲ အနုပညာကို အနက်ရှိုင်းဆုံးခံစားပြီးတော့ ပြုလုပ်နေဆဲပါ။ ကျော်သူကတော့ လူတိုင်းမလုပ်နိူင်တဲ့ ပရဟိတအလုပ်တွေကိုလည်း သူ့ရဲ့လက်နဲ့ကိုယ်တိုင် အစွမ်းကုန်လုပ်ဆောင်နေသူတစ်ဦးပဲ ဖြစ်ပါတယ်။ ဘာသာရေးအရမ်းလိုက်စားတဲ့ ကျော်သူကတော့ ၁၅ ပေနက်တဲ့ ဂူကြီးထဲကိုဝင်ပြီး တရားမှတ်နေတုန်း သဘာဝလွန်ဖြစ်ရပ်တစ်ခုနဲ့ ကြုံတွေ့ခဲ့ရတာပါ။ ကျော်သူရဲ့ အတွေ့အကြုံတွေကိုချစ်ပရိသတ်တွေအတွက် ဖော်ပြပေးလိုက်ပါတယ်နော်။
ကျော်သူကတော့ “ဂူအနက်က (၁၅)ပေခန့်။ အနေအထားက မြေပြင်မှတည့်တည့်မတ်မတ်။ တည်ရှိရာက ပန်းတောင်းမြို့နယ် ဖိုးဦးတောင် ထူးခြားချက်က မြတ်စွာဘုရားခြေတော်ချခဲ့တဲ့ တောင်တော်ပေါ်ရှိ အဘဘိုးဘိုးအောင်ကျင့်ကြံခဲ့တဲ့ဂူ။ အတွေ့အကြုံကတော့ ခဲရာခဲဆစ်ခြေကိုကန် ကျောနဲ့တွန်း၍ဆင်းခဲ့ရသည်။အောက်ရောက်ရောက်ခြင်း အသက်ရှူမ၀ မောဆို့နေသည် ခေတ္တခဏနား၍မြေပြင်သို့ ထိုင်လိုက်စဉ် လူတစ်ထိုင်စာနေရာသာရှိသည်ကို သတိထားမိသည်။ လေဝင်ပေါက်လုံးဝမရှိပေ။သို့သော်တရားမှတ်မေတ္တာပို့ရင်းဖြင့်လေကောင်းမွန်စွာရရှိခဲ့သည်။
ရှုမှတ်ပုံကတော့ အသုဘကမ္မဌာန်း။ အတွေ့အကြားက မြေကြီးတွင်းမှသဘောၤကြီးရေပြင်ကိုခွဲပြီးခုတ်လာသံလိုလို မြေတူးစက်ကြီးမိမိအနားသို့ရောက်လာသံလိုလို။ ဘာမှန်းတော့ မသိ အပေါ်သို့(၁၅)မိနစ်ခန့်တရားမှတ်ပြီးပြန်တက်လာတော့သည်။ အဖြေ ကား ??? ထဲထဲဝင်ဝင်နားလည်တတ်ကျွမ်းသူများ အလင်းပြပေးပါရန် လေးစားစွာဖြင့်…ကျော်သူ။” ဆိုပြီး သူကြုံတွေ့ခဲ့ရတဲ့ ထူးဆန်းမှုကြီးကို အဖြေရှာမရတာကြောင့် နားလည်တတ်ကျွမ်းသူတွေကို အကူအညီတောင်း မေးမြန်းထားပါသေးတယ်။
ပရိသတ်တွေရော ကျော်သူကြုံတွေ့ခဲ့ရတဲ့ ထူးဆန်းမုှကြီးကို ဘယ်လိုထင်မြင်မိလဲဆိုတာ ပြောသွားခဲ့ပါဦးနော်။
ဖိုးသူတော် (www.phothutaw.com)
Credit: Myint Myat
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top