ရန္ကင္းျမိဳ ႔နယ္ Sedona Hotel အနီး အသင့္ေဆာက္ျပီး စိမ္းလဲ့ေအာင္ကြန္ဒိုအေရာင္းျပပြဲ
×

ေနျပည္ေတာ္ေကာင္စီနယ္ေျမ၊ ဇမၺဴသီရိၿမိဳ႕နယ္တြင္ အသက္ ၆၀ အရြယ္အမ်ိဳးသားတစ္ဦးက ေနအိမ္တြင္ ေျမးျဖစ္သူႏွင့္လာေရာက္ေဆာ့ကစားေနသည့္ အိမ္နီးခ်င္းျဖစ္ေသာ ၉ ႏွစ္အရြယ္ကေလးအား အႀကိမ္ႀကိမ္ လိင္တူ အဓမၼျပဳက်င့္မႈ ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။

ျဖစ္စဥ္မွာ ေမ (၁ဝ)ရက္ နံနက္ ၁ဝ နာရီေက်ာ္ခန္႔က ေနျပည္ေတာ္ ၊ ဇမၺဴသီရိၿမိဳ႕နယ္၊ ဥာဏသိဒိၶရပ္ကြက္ ၊ တိုက္အမွတ္ ၃၃၅၂ ရွိ ကိုေက်ာ္ႏိုင္ဦး၏အခန္း ၃၃ တြင္ တစ္တုိက္တည္းေန ေမာင္----- ၊ ၉ ႏွစ္သည္ ကုိေက်ာ္ႏုိင္ဦး၏သားျဖစ္သူ ေမာင္စြမ္းထက္ႏုိင္ (ေခၚ) ေမာင္ရွည္၊ ၆ ႏွစ္ႏွင့္အတူ ေဆာ့ကစားေနၾကစဥ္ ကိုေက်ာ္ႏုိင္ဦး၏ ေယာကၡမျဖစ္သူ ဦးသာညိဳ (၆ဝ)ႏွစ္မွ ေမာင္----- ကို ဓမၼတာႏွင့္ဆန္႔က်င္၍ (၆)ႀကိမ္ အဓမၼျပဳက်င့္ခဲ့ၿပီး၊ ေမ (၁၁)ရက္ နံနက္ပုိင္း၌လည္း ထပ္မံ၍ (၄)ႀကိမ္ အဓမၼျပဳက်င့္ခဲ့ေၾကာင္းကို ငိုယို၍ အဘြားျဖစ္သူအားေျပာျပခဲ့ရာမွတစ္ဆင့္ မိခင္ျဖစ္သူကသိရွိသြားခဲ့ရာမွ ေမလ ၁၂ ရက္တြင္ ရဲစခန္းသို႔ တိုင္တန္းခဲ့ျခင္းျဖစ္ေၾကာင္း အမွတ္(၇)နယ္ေျမရဲစခန္းမွ သိရသည္။

“ေၾကးနန္းထဲကမွတ္တမ္းအရဆိုရင္ေတာ့ ကိုေက်ာ္ႏုိင္ဦး၏ ေယာကၡမျဖစ္သူ ဦးသာညိဳ (၆ဝ)ႏွစ္၊ (ဘ) ဦးသာတိုးေအာင္ဆိုသူက “ ဧည့္ခန္းအလယ္ခန္းရွိကုတင္ေပၚႏွင့္အိမ္သာခန္းထဲတြင္ လိင္တူအဓမၼဆက္ဆံျခင္း ျပဳက်င့္ခဲ့သည္” ဆိုၿပီးေတာ့ေရးထားတယ္ဗ်။ ဒါကေတာ့ ေၾကးနန္းကိုဖတ္ျပတာပါ။က်န္တာကေတာ့ အမႈစစ္တဲ့ စခန္းမွဴးပဲ သိလိမ့္မယ္” ဟု ဇမၺဴသီရိၿမိဳ႕နယ္ အမွတ္(၇)နယ္ေျမရဲစခန္းမွ တာ၀န္က် ရဲအရာရွိတစ္ဦးက အကုန္သိသတင္းဌာနသို႔ ေျပာသည္။ထို႔ေၾကာင့္ ဇမၺဴသီရိၿမိဳ႕နယ္ အမွတ္(၇)နယ္ေျမရဲစခန္းမွ ဦးသာညိဳကို ရဲစခန္း(ပ)-၁၄/၂၀၁၈ ၊ ပုဒ္မ-၃၇၆ ျဖင့္ အမႈဖြင့္ကာ စစ္ေဆးေနေၾကာင္း သိရသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: ဒါးဇ  ( ဓာတ္ပံု- ကိုေပါက္(ဥကၠာေျမ))
# Unicode Version ျဖင့္ ဖတ္ပါ #
နေပြည်တော်ကောင်စီနယ်မြေ၊ ဇမ္ဗူသီရိမြို့နယ်တွင် အသက် ၆၀ အရွယ်အမျိုးသားတစ်ဦးက နေအိမ်တွင် မြေးဖြစ်သူနှင့်လာရောက်ဆော့ကစားနေသည့် အိမ်နီးချင်းဖြစ်သော ၉ နှစ်အရွယ်ကလေးအား အကြိမ်ကြိမ် လိင်တူ အဓမ္မပြုကျင့်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ မေ (၁ဝ)ရက် နံနက် ၁ဝ နာရီကျော်ခန့်က နေပြည်တော် ၊ ဇမ္ဗူသီရိမြို့နယ်၊ ဉာဏသိဒ္ဓိရပ်ကွက် ၊ တိုက်အမှတ် ၃၃၅၂ ရှိ ကိုကျော်နိုင်ဦး၏အခန်း ၃၃ တွင် တစ်တိုက်တည်းနေ မောင်----- ၊ ၉ နှစ်သည် ကိုကျော်နိုင်ဦး၏သားဖြစ်သူ မောင်စွမ်းထက်နိုင် (ခေါ်) မောင်ရှည်၊ ၆ နှစ်နှင့်အတူ ဆော့ကစားနေကြစဉ် ကိုကျော်နိုင်ဦး၏ ယောက္ခမဖြစ်သူ ဦးသာညို (၆ဝ)နှစ်မှ မောင်----- ကို ဓမ္မတာနှင့်ဆန့်ကျင်၍ (၆)ကြိမ် အဓမ္မပြုကျင့်ခဲ့ပြီး၊ မေ (၁၁)ရက် နံနက်ပိုင်း၌လည်း ထပ်မံ၍ (၄)ကြိမ် အဓမ္မပြုကျင့်ခဲ့ကြောင်းကို ငိုယို၍ အဘွားဖြစ်သူအားပြောပြခဲ့ရာမှတစ်ဆင့် မိခင်ဖြစ်သူကသိရှိသွားခဲ့ရာမှ မေလ ၁၂ ရက်တွင် ရဲစခန်းသို့ တိုင်တန်းခဲ့ခြင်းဖြစ်ကြောင်း အမှတ်(၇)နယ်မြေရဲစခန်းမှ သိရသည်။

“ကြေးနန်းထဲကမှတ်တမ်းအရဆိုရင်တော့ ကိုကျော်နိုင်ဦး၏ ယောက္ခမဖြစ်သူ ဦးသာညို (၆ဝ)နှစ်၊ (ဘ) ဦးသာတိုးအောင်ဆိုသူက “ ဧည့်ခန်းအလယ်ခန်းရှိကုတင်ပေါ်နှင့်အိမ်သာခန်းထဲတွင် လိင်တူအဓမ္မဆက်ဆံခြင်း ပြုကျင့်ခဲ့သည်” ဆိုပြီးတော့ရေးထားတယ်ဗျ။ ဒါကတော့ ကြေးနန်းကိုဖတ်ပြတာပါ။ကျန်တာကတော့ အမှုစစ်တဲ့ စခန်းမှူးပဲ သိလိမ့်မယ်” ဟု ဇမ္ဗူသီရိမြို့နယ် အမှတ်(၇)နယ်မြေရဲစခန်းမှ တာဝန်ကျ ရဲအရာရှိတစ်ဦးက အကုန်သိသတင်းဌာနသို့ ပြောသည်။ထို့ကြောင့် ဇမ္ဗူသီရိမြို့နယ် အမှတ်(၇)နယ်မြေရဲစခန်းမှ ဦးသာညိုကို ရဲစခန်း(ပ)-၁၄/၂၀၁၈ ၊ ပုဒ်မ-၃၇၆ ဖြင့် အမှုဖွင့်ကာ စစ်ဆေးနေကြောင်း သိရသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: ဒါးဇ  ( ဓာတ်ပုံ- ကိုပေါက်(ဥက္ကာမြေ))
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top