iGREEN မွ Investment Guarantee ျဖင့္ေရာင္းမည့္ အထူးအိမ္ရာအေရာင္းျပပြဲ
×

ယခင္က ခႏၶာကိုယ္ျပည့္ ျပည့္ၿဖိဳးၿဖိဳးႏွင့္ မ်က္ႏွာ ေဖာင္းေဖာင္းအိအိ၊ အၿပဳံးခ်ိဳခ်ိဳ အမ်ိဳးသမီးငယ္ ေလးတစ္ေယာက္ ယခုေတာ့ ခႏၶာကိုယ္ပိန္ပိန္ပါးပါးျဖင့္ မ်က္ႏွာ လည္း ပါးေခ်ာင္နားေခ်ာင္မ်ား က်ေနသည္။ အသိသာဆုံးက သူ၏ မ်က္လုံးမ်ားျဖစ္သည္။ ယခင္က ရည္မွန္းခ်က္မ်ား၊ ရည္႐ြယ္ခ်က္မ်ားျဖင့္ ေတာက္ပ႐ႊန္းစိုခဲ့ဖူးေသာ သူ႔မ်က္လုံးအစုံသည္ ယခုေတာ့ အားငယ္ေဖ်ာ့ေတာ့ေနသည္။

ထို႔အျပင္ ထိုမ်က္လုံးအစုံက အရာရာကို ထိတ္လန႔္ေၾကာက္႐ြံ႕ စြာ မဝံ့မရဲျဖစ္ေနသည္။ စကား တစ္လုံးတစ္လုံးေျပာထြက္ဖို႔ အ ေတာ္ေလး အားယူေနရၿပီး ေျပာ လိုက္တိုင္းလည္း မ်က္ရည္မ်ားက ပိုးပိုးေပါက္ေပါက္ က်လာသည္။

ထိုသို႔ျဖစ္ရျခင္းမွာ ၎အမ်ိဳးသမီးငယ္ေလးသည္ သူ႔ဘဝတစ္သက္တာတြင္ ေၾကာက္မက္စရာ ေကာင္းလြန္းလွေသာ၊ ရင္နာစရာ ေကာင္းလြန္းလွေသာ အျဖစ္အ ပ်က္ႀကီးတစ္ခုကို ကိုယ္ေတြ႕ ရင္ ဆိုင္ျဖတ္သန္းခဲ့ရျခင္းေၾကာင့္ ျဖစ္သည္။

သူ႔အမည္က မႏုဝါစိုးျဖစ္ သည္။ လက္ရွိ အသက္(၂၀)သာရွိေသးၿပီး ရမည္းသင္းခ႐ိုင္ ေပ်ာ္ ဘြယ္ၿမိဳ႕နယ္ ေဖာင္းေတာေက်း ႐ြာသူျဖစ္သည္။ ေမာင္ႏွမခုနစ္ဦးအနက္ ပၪၥမေျမာက္ျဖစ္သည္။ သူ႔အထက္တြင္ အစ္ကို၊ အစ္မေလးေယာက္ရွိၿပီး အစ္မတစ္ေယာက္သာ အိမ္ ေထာင္မက်ေသးဘဲ က်န္ခဲ့သည္။

ထိုက်န္ခဲ့သည့္ အစ္မက ယခုဇာတ္လမ္းတြင္ အဓိကျဖစ္လာမည့္ အသက္ (၂၃)ႏွစ္အ႐ြယ္ မၿငိမ္းၿငိမ္းေဌး (ခ) မႏုဝါႏွင္း ျဖစ္သည္။ ၿငိမ္းၿငိမ္းေဌးဆိုသည္က မွတ္ပုံတင္ထဲက အမည္ျဖစ္ၿပီး အိမ္နာမည္က မႏုဝါႏွင္းျဖစ္သည္။ ႏုဝါစိုးကေတာ့ သူ႔အစ္မကို မႏွင္းဟု ေခၚေလ့ရွိ သည္။

ႏုဝါစိုးႏွင့္ မႏွင္းသည္ အ ထက္ေအာက္ညီအစ္မျဖစ္ၿပီး အစ္ကို၊ အစ္မေတြ အိမ္ေထာင္က်ကုန္ သျဖင့္ သူတို႔ႏွစ္ေယာက္က အ ေတာ္ေလးတြဲမိသည္။ ဖခင္ဆုံးပါးသြားေသာေၾကာင့္ မႏွင္းကသာ အိမ္ကိုဦးေဆာင္ခဲ့သည္။ မႏွင္း၏ ဦးေဆာင္မႈေအာက္ မိခင္ႏွင့္အတူ ေမာင္ႏွမတစ္ေတြလိုက္ပါၾကသည္။

မႏွင္းက အလုပ္လည္းအေတာ္ေလးလုပ္သည္။ မိခင္ကလည္း အသက္ႀကီး၊ ဖခင္ကလည္း မရွိေတာ့သျဖင့္ အိမ္ေထာင္ဦးစီးေနရာကို သူလိုလိုခ်င္ခ်င္ယူသည္။ ႐ြာမွာပင္ ေတာင္သူအလုပ္ လူငွားလိုက္ကာ ေမာင္ႏွမတစ္ေတြ ႐ုန္းကန္ၾကသည္။

သို႔ေသာ္ ေတာင္သူလုပ္ငန္းက ထင္သေလာက္ မ ဟုတ္၍ ရရစားစားျဖင့္ မႏွင္းတို႔မိသားစု လုံးလည္ခ်ာလည္လိုက္ ေနသည္။ ထိုအေနအထားကို မႏွင္း မႏွစ္ၿမိဳ႕။ ယိုင္နဲ႔ေနသည့္ အိမ္ကေလးကို ေကာင္းေကာင္းမြန္မြန္ေလး ေဆာက္ခ်င္သည္။ မိသားစုကို သူမ်ားေအာက္မက်ေအာင္ ထားခ်င္သည္။

႐ြာထဲက အမ်ိဳးတစ္ေယာက္ ၏ အဆက္အသြယ္ျဖင့္ ထိုင္းႏိုင္ငံ က ၾကက္သားစက္႐ုံတစ္႐ုံတြင္ အ လုပ္သြားလုပ္ဖို႔ စီစဥ္သည္။ မႏွင္း ေအာက္ ႏုဝါစိုးကလည္း အစ္မကို ခင္တြယ္သည္။ မႏွင္းကလည္း သူ႔ညီမကို ေခၚခ်င္သည္။

ဒါမွ ညီအစ္မႏွစ္ေယာက္ လုပ္အားျဖင့္ မိသားစုဘ၀ ေျပာင္းလဲႏိုင္မည္မဟုတ္ လား။ သို႔ျဖင့္ ညီအစ္မႏွစ္ေယာက္ ထိုင္းႏိုင္ငံတြင္ အလုပ္သြားလုပ္ရန္ ဆုံးျဖတ္ခဲ့သည္။ မိခင္မုဆိုးမႀကီးက စိတ္မခ်ေသာ္လည္း မ တားႏိုင္ေတာ့။ မိသားစုဘဝအေျခ အေနဆိုးသထက္မဆိုးေစဖို႔ လိုက္ေလ်ာခဲ့ရသည္။

သမီးမ်ားက ေတာ္ရွာပါ သည္။ ေရာက္ခါစက ေငြသိပ္မလႊဲႏိုင္ေသာ္လည္း သိပ္မၾကာမီ တစ္ခါလႊဲ ၁၅ သိန္း၊ ၁၆ သိန္း လႊဲႏိုင္လာသည္။ အဲဒီလိုလႊဲႏိုင္ဖို႔ သမီးႏွစ္ေယာက္ ဘယ္လိုမ်ားေနရရွာပါလိမ့္ မိခင္ႀကီး စိတ္ပူရသည္။ မိခင္ႀကီးမျမင္ႏိုင္၊ မသိႏိုင္သည့္အပိုင္းမွာေတာ့ မႏွင္းတို႔ညီအစ္မႏွစ္ေယာက္ ယခုလိုျဖစ္ေနခဲ့ပါသည္။

ထိုင္းသို႔ေရာက္ခါစက လုပ္ ခကလည္း ေျပာသေလာက္မရ ေသး၍ သိပ္အဆင္မေျပ။ အ ေဆာင္လခ၊ ထမင္းဖိုး၊ ဟင္းဖိုး၊ ေရဖိုး၊ မီးဖိုးျဖင့္ လက္ထဲရွိ ေငြက သိပ္မက်န္။ ထို႔အတြက္ မိခင္ထံ ေငြမပို႔ႏိုင္။ ထို႔ေၾကာင့္ မႏွင္းတစ္ ေယာက္ အစားအေသာက္ကို ၿခိဳး ၿခံေခြၽတာကာ ေငြကို အတင္းစု သည္။

အိမ္ကပါလာသည့္ လက္ ဖက္ကေလးဘာေလးျဖင့္ ေခြၽတာ စားသည္။ မႏွင္း စိတ္ကသာ ေဆာင္ေနေသာ္လည္း လူကမဟန္ေတာ့။ အာဟာရမရွိ၍ က်န္းမာ ေရးခ်ိဳ႕တဲ့လာသည္။ ညီမ ႏုဝါစိုးက ေျပာသည္။ ‘‘မႏွင္း။ စားစရာရွိတာေတာ့ စားပါ။

မႏွင္း က်န္းမာေရးမေကာင္းရင္ ဒီမွာေဆးထိုးတာေဈးတအားႀကီးတယ္တဲ့။ တစ္သိန္းေက်ာ္ေတာင္ ကုန္တယ္ေျပာတယ္’’ဟု ႏုဝါစိုးၾကားဖူးသမွ် ေျပာလိုက္ေတာ့ မႏွင္းလန႔္သြားသည္။ ဆင္ဖိုးထက္ ခြၽန္းဖိုးႀကီးမွာကို မႏွင္းမလိုလား။ ထိုသို႔ေျပာၿပီးေနာက္ပိုင္းမွ မႏွင္း စားသင့္သေလာက္ေလး စားလာခဲ့သည္။ သို႔ေသာ္ အပိုကုန္ေစမည့္ အလုပ္ေတြေတာ့ မႏွင္းမလုပ္။ မိသားစုအတြက္သာ အေရးႀကီးဆုံးမဟုတ္လား။

မႏွင္းက သူ႔ညီမေလး ႏုဝါစိုးကို အေတာ္ခ်စ္သည္။ သူ႔ညီမမ်က္ႏွာတစ္ခ်က္အညႇိဳးမခံ။ ေန ထိုင္မေကာင္းလွ်င္လည္း ျပဳစု သည္။ ‘‘ငါ့ညီမေလး ဘာစားခ်င္ လဲ။ ေနမေကာင္းဘူးလား’’ဟု မၾကာခဏေမးသည္။ မိေဝးဖေဝးတိုင္းတစ္ပါးမွာ ညီမေလးကို သူအထိအခိုက္မခံႏိုင္။

ၿပီးေတာ့ ညီမေလးကို သူစိမ္းေယာက်္ားသားေတြႏွင့္ ေရာေရာေႏွာေႏွာမေနခိုင္း။ သူကိုယ္တိုင္လည္း ကင္းေအာင္ေနသည္။ မိန္းမသားေတြ မို႔ မေတာ္သူႏွင့္ေတြ႕က ကိုယ္က်ိဳးနည္းႏိုင္တာေၾကာင့္ ကိုယ့္အႏၲရာယ္ကို ကိုယ္ၾကည့္ေရွာင္ရျခင္း ျဖစ္သည္။

ထိုေရာက္ၿပီးလအနည္းငယ္ ၾကာေတာ့ သၾကၤန္ေရာက္သည္။ မႏွင္းတို႔ညီအစ္မတစ္ေတြ ႐ြာကို လြမ္းမိသည္။ ႐ြာရဲ႕ သၾကၤန္ရက္ ေတြကို သတိရသည္။ အလုပ္ကလည္း ျမန္မာသၾကၤန္ရက္အတိုင္း ေလးရက္ပိတ္ေပးသည္။ ႐ြာျပန္ခ်င္သပဆို ျပန္လို႔ရသည္။ သို႔ေသာ္ မႏွင္းတို႔ညီအစ္မ မျပန္။ ျပန္လွ်င္လမ္းစရိတ္ကုန္မွာမို႔ မိမိတို႔အခန္းေလး၌ပင္ ျမန္မာသၾကၤန္အလြမ္းေျပ မုန႔္လုံးေရေပၚလုပ္ကာ အခန္းေတြကို လိုက္ေဝသည္။ ေရပက္ကစားသည္။

ထိုၾကက္သားစက္႐ုံတြင္ ၂ ႏွစ္ခန႔္ၾကာလာေတာ့ အိမ္ကို ထိုက္သင့္သေလာက္ ေငြပို႔ႏိုင္ေသာ္ လည္း လစာအေနအထား၊ အခ်ိန္ပိုေၾကးရရွိမႈ နည္းလာသျဖင့္ ညီအစ္မႏွစ္ေယာက္ အျခားအလုပ္ေျပာင္းရန္ ႐ြာျပန္ခဲ့သည္။ ႐ြာျပန္လာေတာ့ အအားမေနၾက။

သူတို႔ျပန္လာခ်ိန္ ဆီးသီးေတြသီးခ်ိန္မို႔ ဆီးသီးေကာက္သည္။ ဘယ္သူ႔ယာခင္း မၿပီးေသးဘူးလဲ စုံစမ္းကာ လူငွားလိုက္သည္။ ပဲစင္းငုံရိတ္၊ ကုလားပဲရိတ္လိုက္သည္။ အိမ္မွာေရာက္ေနခ်ိန္ေလး အိမ္အတြက္ ဆန္တစ္အိတ္ဖိုးရရ ဝင္လုပ္ျခင္းျဖစ္သည္။

႐ြာထဲက အစ္ကိုတစ္ေယာက္၏ အဆက္အသြယ္ျဖင့္ ထိုင္းက အီလက္ထ႐ြန္နစ္စက္႐ုံတစ္ခုမွာ အလုပ္ျပန္ရသည္။ အစကေတာ့ လာမည့္သၾကၤန္ၿပီးမွ ထြက္ရမည္ဟု သိထားသည္။ သို႔ေသာ္ လုပ္ငန္းလိုအပ္ခ်က္အရ မတ္လကုန္ပိုင္းတြင္ ျပန္ထြက္ခဲ့ရသည္။ ျမန္မာသၾကၤန္၊ ႐ြာသၾကၤန္ကို ဆင္ႏႊဲရန္ အားခဲထားေသာ္ လည္း စားဝတ္ေနေရး၊ အလုပ္အကိုင္အေရးက အေရးႀကီးသျဖင့္ ျပန္ထြက္ဖို႔ ျပင္ရသည္။

တကယ္တမ္းေတာ့ မႏွင္း ေရာ ညီမ ႏုဝါစိုးပါ ျပန္မထြက္ခ်င္ေတာ့။ ကိုယ့္႐ြာမွာတင္ ကိုယ္အလုပ္ကေလးတစ္ခုခုလုပ္ကာ ဘဝကို ျဖတ္သန္းခ်င္သည္။ မိသားစု၊ ကိုယ့္ရပ္ကိုယ့္႐ြာႏွင့္ အေဝးႀကီး ျဖစ္သည့္ တိုင္းတစ္ပါးမွာ လုပ္ကိုင္မစားခ်င္ေတာ့။ သို႔ေသာ္ ယခုအေနအထားႏွင့္ေတာ့ ကိုယ့္႐ြာျပန္အေျခခ်ဖို႔ ဘယ္လိုမွ မျဖစ္ႏိုင္ ေသး။ အရင္းအႏွီးေလးတစ္ခုေတာ့ ရေအာင္ရွာရဦးမည္။

ၿပီးေတာ့ မိသားစုအတြက္ ေဆာက္ေနသည့္ နံကပ္တိုက္ကေလးက ယခုမွ တိုင္ေထာင္၊ အုတ္စီအဆင့္သာရွိေသးသည္။ ထိုဆႏၵေတြ၊ ထိုရည္မွန္းခ်က္ေတြျဖင့္ မႏွင္းတို႔၊ ႏုဝါစိုးတို႔ ညီအစ္မ ထိုင္းႏိုင္ငံသို႔ ျပန္ဝင္လာခဲ့သည္။

မတ္လ ၂၆ ရက္ေန႔မွာ ရန္ကုန္ ဆင္းခဲ့သည္။ ထို႔ေနာက္ ရန္ကုန္မွ ျမဝတီသို႔ကူးသည္။ မတ္လ ၂၉ ရက္ေန႔မွာ မဲေဆာက္မွတစ္ဆင့္ အလုပ္လုပ္ရမည့္ ဘန္ေကာက္သို႔ ဆက္ကူးရသည္။ ႏုဝါစိုးတို႔လို ျမန္မာအလုပ္သမားမ်ား အား ကားႏွစ္စီးခြဲကာ ပို႔ေပးသည္။

ႏုဝါစိုးရယ္၊ မႏွင္းရယ္၊ သူတို႔ႏွင့္ ညီအစ္မဝမ္းကြဲအိမ္ေထာင္သည္ မအိျဖဴရယ္ ကားေနာက္ပိုင္းနည္းနည္းက်သည့္ ေနရာတြင္ သုံးေယာက္တန္းစီးၾကသည္။ မအိျဖဴက သူ႔အမ်ိဳးသားႏွင့္ တစ္ကားစီျဖစ္သြားသည္။ အစကေတာ့ ဆင္းမလို႔ လုပ္ေသးသည္။ သို႔ေသာ္ လူကခြဲထားၿပီးသားမို႔ ျပန္ထိုင္လိုက္ရသည္။ သူတို႔ကားေပၚမွာ ျမန္မာအလုပ္သမား ၄၇ ဦးတိတိ ပါသည္။

ႏုဝါစိုးသည္ လူကလည္း နည္းနည္းႏုသည္မို႔ ခရီးပန္းလာေသာေၾကာင့္ ေျခေထာက္ေတြအေတာ္ေလး ေညာင္းေနခဲ့သည္။ ကားစီးရင္း ‘‘ေညာင္းလိုက္တာ မႏွင္းရယ္’’ဟု ညည္းလိုက္ေတာ့ မႏွင္းက သူ႔ညီမေျခေထာက္ႏွစ္ဖက္ကို သူ႔ေပါင္ေပၚ ဆြဲတင္ သည္။ ႏုဝါစိုးက ‘‘မႏွင္း ဘာလုပ္မလို႔လဲ’’ေမးေတာ့ ႏွိပ္ေပးမလို႔ေလဟု ေျဖသည္။ ‘‘မႏွင္းရယ္ ငါငရဲႀကီးပါလိမ့္မယ္ မလုပ္ပါနဲ႔’’ေျပာေတာ့ အသာေနစမ္းပါေအဟုဆိုကာ ႏွိပ္ေပးသည္။

တစ္လမ္းလုံး စစ္ေဆးေရး ဂိတ္ေတြျဖတ္ရ၊ လမ္းဆင္းေလွ်ာက္ရ၊ တက္ရလုပ္ရသည္။ ၿပီးေတာ့ ေသြးလည္းစစ္ထားရသျဖင့္ ကားေပၚပါလာသူေတြ အေတာ္ေလး ပင္ပန္းခဲ့သည္။ ထို႔ေၾကာင့္ ကားေပၚပါလာသူေတြ ညဘက္ေရာက္လာေတာ့ ႏွစ္ၿခိဳက္စြာ အိပ္ေပ်ာ္သြားသည္။

ထိုသို႔စီးလာရင္း ဝုန္းခနဲဆို အသံႀကီးထြက္ေပၚလာသည္။ ‘‘ကယ္ၾကပါဦး၊ ကယ္ၾကပါဦး’’ဆိုသည့္ အသံေတြ ဆူညံေနသည္။ ႏုဝါစိုးတို႔ ထိုင္ေနသည့္ေနရာ၏ ေရွ႕ပိုင္းကားအလယ္ပိုင္းေလာက္မွာ မီးေတြထေလာင္လာၿပီး တစ္ကားလုံး မီးခိုးေငြ႕ေတြ မႊန္ထူေနသည္။ ဘာမွမျမင္ရ။ ႏုဝါစိုး ေၾကာက္အားလန႔္အား ထေျပးသည္။ ဘယ္လိုကေန ဘယ္လို ေအာက္ေရာက္လာသည္မသိေတာ့။

ႏုဝါစိုးေအာက္ေရာက္ေတာ့ သူ႔အစ္မ မႏွင္းႏွင့္ အစ္မဝမ္းကြဲ မအိျဖဴတို႔ကိုရွာသည္။ လမ္းေပၚ ကလည္း ေမွာင္မည္းေနတာမို႔ ရွာ မရ။

ႏုဝါစိုး ကားနားသြားကာ ေအာ္ေခၚသည္။ ကားေပၚမွာ မီးေတာက္ေတြ ႀကီးလာၿပီျဖစ္သည္။ အိတ္ေတြထည့္သည့္ ေအာက္က တံခါးကို ဖြင့္သူေတြ ဖြင့္သည္။

မီးေတာက္ေတြ ဝုန္းခနဲထြက္လာသည္။ ‘‘မႏွင္းေရ၊ မအိျဖဴေရ’’။ သူတို႔ထိုင္ခဲ့သည့္ေနရာ ေလာက္ မွန္းသြားကာ ေအာ္ေခၚေတာ့ မႏွင္းတို႔ႏွစ္ေယာက္ မတ္တတ္ထရပ္လိုက္တာ ျမင္လိုက္သည္။ ‘‘ဟိုဘက္ကခုန္ခ်ခဲ့။ မႏွင္း’’ႏုဝါစိုး ေအာ္သည္။

သို႔ေသာ္ သူတို႔ ႏွစ္ေယာက္စလုံးကို မီးခိုးေတြ၊ မီးေတာက္ေတြ ဖုံးလႊမ္းသြားခဲ့သည္။ တခ်ိဳ႕ေတြက မီးေလာင္ေနသည့္အေပၚက လူအခ်ိဳ႕ကို လွမ္းဆြဲ သည္။ အေရျပားႀကီးေတြသာပါလာၿပီး အ႐ိုးေတြ က်န္ေနခဲ့ သည္။ သူကားကိုပတ္ကာ အစ္မေတြကို ရွာသည္။ မေတြ႕။

ကားက ေခ်ာက္နားနီးတာ မို႔ အစ္မ ေျပးရင္းလႊားရင္းမ်ား ေခ်ာက္ထဲက်လား ႏုဝါစိုး ေအာ္ ေခၚသည္။ ဘာမွမထူး။ အေတာ္ ၾကာေတာ့ တာဝန္ရွိသူေတြ ေရာက္လာၿပီး ကားႏွင့္ေဝးရာတြင္ စုေဝးၿပီး ထိုင္ေနခိုင္းသည္။ ကားႀကီး မီးေလာင္တာကိုေတာ့ ျမင္ေနရသည္။

ခဏေနေတာ့ သူ႔အစ္မလြယ္သည့္ အိတ္အနီပုံစံျဖင့္ ေက်ာပိုးအိတ္လြယ္ထားသည့္ အမ်ိဳးသမီးတစ္ဦးကို ေတြ႕ေတာ့ ႏုဝါစိုးတစ္ေယာက္ ‘‘မႏွင္းေရ’’ဟု ေအာ္ကာ ကားေတြလာေနသည့္ ၾကားက လမ္းတစ္ဖက္ကို ေျပးကူးသည္။ သို႔ေသာ္ အနားေရာက္ ေတာ့ၾကည့္လိုက္ေတာ့ သူ႔အစ္မ မဟုတ္။ အျခားအမ်ိဳးသမီးတစ္ ဦးျဖစ္ေနသည္။ ကားမီးကေတာ့ တဝုန္းဝုန္းေလာင္ေနဆဲ။

ထိုညက အျဖစ္အပ်က္ေတြ ျပန္ေတြးတိုင္း ႏုဝါစိုးမ်က္ရည္ေတြ ပိုးပိုးေပါက္ေပါက္က်သည္။ တက္မတတ္ခ်က္မတတ္လည္း မၾကာခဏျဖစ္သည္။ မုန္လုံကားလည္း မစီးရဲေတာ့။ မီးေတာက္ေတြကိုလည္း သူေၾကာက္သည္။ အထူးသျဖင့္ သူ၏ခ်စ္လွစြာေသာ အစ္မႀကီး သူ႔မ်က္စိေရွ႕တြင္ ဆုံးရႈံးလိုက္ရျခင္းကို ဘယ္လိုမွ ေမ့ေပ်ာက္၍မရ။

ယခုေတာ့ ႏုဝါစိုးတစ္ေယာက္ အျဖစ္အပ်က္ဆိုးႀကီးကေန လြတ္ေျမာက္ကာ ေပ်ာ္ဘြယ္ေဖာင္းေတာ႐ြာက အေမ့အိမ္ကိုျပန္ေရာက္ေနသည္။ သို႔ေသာ္ ခ်စ္လွစြာေသာ အစ္မႀကီး မႏွင္း (ေခၚ) ၿငိမ္းၿငိမ္းေဌးေတာ့ ပါမလာႏိုင္ေတာ့ေပ။ သၾကၤန္က်လွ်င္ ႐ြာကို သတိရတတ္ေသာ၊ မိသားစုႏွင့္အတူ ေပ်ာ္႐ႊင္စြာေနထိုင္လိုေသာ မႏွင္းကေတာ့ ဟိုးခပ္ေဝးေဝးကို ထြက္သြားခဲ့ရၿပီျဖစ္သည္။ ညႇိဳးငယ္ေနသည့္ ႏုဝါစိုး၏ မ်က္လုံးအစုံထဲတြင္ေတာ့ မွန္လုံကားႀကီး တစ္စီး မီးဟုန္းဟုန္းေတာက္ ေလာင္ေနဆဲ။ ။
ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7 Days

#Unicode Version#
ယခင်က ခန္ဓာကိုယ်ပြည့် ပြည့်ဖြိုးဖြိုးနှင့် မျက်နှာ ဖောင်းဖောင်းအိအိ၊ အပြုံးချိုချို အမျိုးသမီးငယ် လေးတစ်ယောက် ယခုတော့ ခန္ဓာကိုယ်ပိန်ပိန်ပါးပါးဖြင့် မျက်နှာ လည်း ပါးချောင်နားချောင်များ ကျနေသည်။ အသိသာဆုံးက သူ၏ မျက်လုံးများဖြစ်သည်။ ယခင်က ရည်မှန်းချက်များ၊ ရည်ရွယ်ချက်များဖြင့် တောက်ပရွှန်းစိုခဲ့ဖူးသော သူ့မျက်လုံးအစုံသည် ယခုတော့ အားငယ်ဖျော့တော့နေသည်။

ထို့အပြင် ထိုမျက်လုံးအစုံက အရာရာကို ထိတ်လန့်ကြောက်ရွံ့ စွာ မဝံ့မရဲဖြစ်နေသည်။ စကား တစ်လုံးတစ်လုံးပြောထွက်ဖို့ အ တော်လေး အားယူနေရပြီး ပြော လိုက်တိုင်းလည်း မျက်ရည်များက ပိုးပိုးပေါက်ပေါက် ကျလာသည်။

ထိုသို့ဖြစ်ရခြင်းမှာ ၎င်းအမျိုးသမီးငယ်လေးသည် သူ့ဘဝတစ်သက်တာတွင် ကြောက်မက်စရာ ကောင်းလွန်းလှသော၊ ရင်နာစရာ ကောင်းလွန်းလှသော အဖြစ်အ ပျက်ကြီးတစ်ခုကို ကိုယ်တွေ့ ရင် ဆိုင်ဖြတ်သန်းခဲ့ရခြင်းကြောင့် ဖြစ်သည်။

သူ့အမည်က မနုဝါစိုးဖြစ် သည်။ လက်ရှိ အသက်(၂၀)သာရှိသေးပြီး ရမည်းသင်းခရိုင် ပျော် ဘွယ်မြို့နယ် ဖောင်းတောကျေး ရွာသူဖြစ်သည်။ မောင်နှမခုနစ်ဦးအနက် ပဉ္စမမြောက်ဖြစ်သည်။ သူ့အထက်တွင် အစ်ကို၊ အစ်မလေးယောက်ရှိပြီး အစ်မတစ်ယောက်သာ အိမ်ထောင်မကျသေးဘဲ ကျန်ခဲ့သည်။

ထိုကျန်ခဲ့သည့် အစ်မက ယခုဇာတ်လမ်းတွင် အဓိကဖြစ်လာမည့် အသက် (၂၃)နှစ်အရွယ် မငြိမ်းငြိမ်းဌေး (ခ) မနုဝါနှင်း ဖြစ်သည်။ ငြိမ်းငြိမ်းဌေးဆိုသည်က မှတ်ပုံတင်ထဲက အမည်ဖြစ်ပြီး အိမ်နာမည်က မနုဝါနှင်းဖြစ်သည်။ နုဝါစိုးကတော့ သူ့အစ်မကို မနှင်းဟု ခေါ်လေ့ရှိ သည်။

နုဝါစိုးနှင့် မနှင်းသည် အ ထက်အောက်ညီအစ်မဖြစ်ပြီး အစ်ကို၊ အစ်မတွေ အိမ်ထောင်ကျကုန် သဖြင့် သူတို့နှစ်ယောက်က အ တော်လေးတွဲမိသည်။ ဖခင်ဆုံးပါးသွားသောကြောင့် မနှင်းကသာ အိမ်ကိုဦးဆောင်ခဲ့သည်။ မနှင်း၏ ဦးဆောင်မှုအောက် မိခင်နှင့်အတူ မောင်နှမတစ်တွေလိုက်ပါကြသည်။

မနှင်းက အလုပ်လည်းအတော်လေးလုပ်သည်။ မိခင်ကလည်း အသက်ကြီး၊ ဖခင်ကလည်း မရှိတော့သဖြင့် အိမ်ထောင်ဦးစီးနေရာကို သူလိုလိုချင်ချင်ယူသည်။ ရွာမှာပင် တောင်သူအလုပ် လူငှားလိုက်ကာ မောင်နှမတစ်တွေ ရုန်းကန်ကြသည်။

သို့သော် တောင်သူလုပ်ငန်းက ထင်သလောက် မ ဟုတ်၍ ရရစားစားဖြင့် မနှင်းတို့မိသားစု လုံးလည်ချာလည်လိုက် နေသည်။ ထိုအနေအထားကို မနှင်း မနှစ်မြို့။ ယိုင်နဲ့နေသည့် အိမ်ကလေးကို ကောင်းကောင်းမွန်မွန်လေး ဆောက်ချင်သည်။ မိသားစုကို သူများအောက်မကျအောင် ထားချင်သည်။

ရွာထဲက အမျိုးတစ်ယောက် ၏ အဆက်အသွယ်ဖြင့် ထိုင်းနိုင်ငံ က ကြက်သားစက်ရုံတစ်ရုံတွင် အ လုပ်သွားလုပ်ဖို့ စီစဉ်သည်။ မနှင်း အောက် နုဝါစိုးကလည်း အစ်မကို ခင်တွယ်သည်။ မနှင်းကလည်း သူ့ညီမကို ခေါ်ချင်သည်။

ဒါမှ ညီအစ်မနှစ်ယောက် လုပ်အားဖြင့် မိသားစုဘ၀ ပြောင်းလဲနိုင်မည်မဟုတ် လား။ သို့ဖြင့် ညီအစ်မနှစ်ယောက် ထိုင်းနိုင်ငံတွင် အလုပ်သွားလုပ်ရန် ဆုံးဖြတ်ခဲ့သည်။ မိခင်မုဆိုးမကြီးက စိတ်မချသော်လည်း မ တားနိုင်တော့။ မိသားစုဘဝအခြေ အနေဆိုးသထက်မဆိုးစေဖို့ လိုက်လျောခဲ့ရသည်။

သမီးများက တော်ရှာပါ သည်။ ရောက်ခါစက ငွေသိပ်မလွှဲနိုင်သော်လည်း သိပ်မကြာမီ တစ်ခါလွှဲ ၁၅ သိန်း၊ ၁၆ သိန်း လွှဲနိုင်လာသည်။ အဲဒီလိုလွှဲနိုင်ဖို့ သမီးနှစ်ယောက် ဘယ်လိုများနေရရှာပါလိမ့် မိခင်ကြီး စိတ်ပူရသည်။ မိခင်ကြီးမမြင်နိုင်၊ မသိနိုင်သည့်အပိုင်းမှာတော့ မနှင်းတို့ညီအစ်မနှစ်ယောက် ယခုလိုဖြစ်နေခဲ့ပါသည်။

ထိုင်းသို့ရောက်ခါစက လုပ် ခကလည်း ပြောသလောက်မရ သေး၍ သိပ်အဆင်မပြေ။ အ ဆောင်လခ၊ ထမင်းဖိုး၊ ဟင်းဖိုး၊ ရေဖိုး၊ မီးဖိုးဖြင့် လက်ထဲရှိ ငွေက သိပ်မကျန်။ ထို့အတွက် မိခင်ထံ ငွေမပို့နိုင်။ ထို့ကြောင့် မနှင်းတစ် ယောက် အစားအသောက်ကို ခြိုး ခြံချွေတာကာ ငွေကို အတင်းစု သည်။

အိမ်ကပါလာသည့် လက် ဖက်ကလေးဘာလေးဖြင့် ချွေတာ စားသည်။ မနှင်း စိတ်ကသာ ဆောင်နေသော်လည်း လူကမဟန်တော့။ အာဟာရမရှိ၍ ကျန်းမာ ရေးချို့တဲ့လာသည်။ ညီမ နုဝါစိုးက ပြောသည်။ ‘‘မနှင်း။ စားစရာရှိတာတော့ စားပါ။

မနှင်း ကျန်းမာရေးမကောင်းရင် ဒီမှာဆေးထိုးတာဈေးတအားကြီးတယ်တဲ့။ တစ်သိန်းကျော်တောင် ကုန်တယ်ပြောတယ်’’ဟု နုဝါစိုးကြားဖူးသမျှ ပြောလိုက်တော့ မနှင်းလန့်သွားသည်။ ဆင်ဖိုးထက် ချွန်းဖိုးကြီးမှာကို မနှင်းမလိုလား။ ထိုသို့ပြောပြီးနောက်ပိုင်းမှ မနှင်း စားသင့်သလောက်လေး စားလာခဲ့သည်။ သို့သော် အပိုကုန်စေမည့် အလုပ်တွေတော့ မနှင်းမလုပ်။ မိသားစုအတွက်သာ အရေးကြီးဆုံးမဟုတ်လား။

မနှင်းက သူ့ညီမလေး နုဝါစိုးကို အတော်ချစ်သည်။ သူ့ညီမမျက်နှာတစ်ချက်အညှိုးမခံ။ နေ ထိုင်မကောင်းလျှင်လည်း ပြုစု သည်။ ‘‘ငါ့ညီမလေး ဘာစားချင် လဲ။ နေမကောင်းဘူးလား’’ဟု မကြာခဏမေးသည်။ မိဝေးဖဝေးတိုင်းတစ်ပါးမှာ ညီမလေးကို သူအထိအခိုက်မခံနိုင်။

ပြီးတော့ ညီမလေးကို သူစိမ်းယောကျ်ားသားတွေနှင့် ရောရောနှောနှောမနေခိုင်း။ သူကိုယ်တိုင်လည်း ကင်းအောင်နေသည်။ မိန်းမသားတွေ မို့ မတော်သူနှင့်တွေ့က ကိုယ်ကျိုးနည်းနိုင်တာကြောင့် ကိုယ့်အန္တရာယ်ကို ကိုယ်ကြည့်ရှောင်ရခြင်း ဖြစ်သည်။

ထိုရောက်ပြီးလအနည်းငယ် ကြာတော့ သင်္ကြန်ရောက်သည်။ မနှင်းတို့ညီအစ်မတစ်တွေ ရွာကို လွမ်းမိသည်။ ရွာရဲ့ သင်္ကြန်ရက် တွေကို သတိရသည်။ အလုပ်ကလည်း မြန်မာသင်္ကြန်ရက်အတိုင်း လေးရက်ပိတ်ပေးသည်။ ရွာပြန်ချင်သပဆို ပြန်လို့ရသည်။ သို့သော် မနှင်းတို့ညီအစ်မ မပြန်။ ပြန်လျှင်လမ်းစရိတ်ကုန်မှာမို့ မိမိတို့အခန်းလေး၌ပင် မြန်မာသင်္ကြန်အလွမ်းပြေ မုန့်လုံးရေပေါ်လုပ်ကာ အခန်းတွေကို လိုက်ဝေသည်။ ရေပက်ကစားသည်။

ထိုကြက်သားစက်ရုံတွင် ၂ နှစ်ခန့်ကြာလာတော့ အိမ်ကို ထိုက်သင့်သလောက် ငွေပို့နိုင်သော် လည်း လစာအနေအထား၊ အချိန်ပိုကြေးရရှိမှု နည်းလာသဖြင့် ညီအစ်မနှစ်ယောက် အခြားအလုပ်ပြောင်းရန် ရွာပြန်ခဲ့သည်။ ရွာပြန်လာတော့ အအားမနေကြ။

သူတို့ပြန်လာချိန် ဆီးသီးတွေသီးချိန်မို့ ဆီးသီးကောက်သည်။ ဘယ်သူ့ယာခင်း မပြီးသေးဘူးလဲ စုံစမ်းကာ လူငှားလိုက်သည်။ ပဲစင်းငုံရိတ်၊ ကုလားပဲရိတ်လိုက်သည်။ အိမ်မှာရောက်နေချိန်လေး အိမ်အတွက် ဆန်တစ်အိတ်ဖိုးရရ ဝင်လုပ်ခြင်းဖြစ်သည်။

ရွာထဲက အစ်ကိုတစ်ယောက်၏ အဆက်အသွယ်ဖြင့် ထိုင်းက အီလက်ထရွန်နစ်စက်ရုံတစ်ခုမှာ အလုပ်ပြန်ရသည်။ အစကတော့ လာမည့်သင်္ကြန်ပြီးမှ ထွက်ရမည်ဟု သိထားသည်။ သို့သော် လုပ်ငန်းလိုအပ်ချက်အရ မတ်လကုန်ပိုင်းတွင် ပြန်ထွက်ခဲ့ရသည်။ မြန်မာသင်္ကြန်၊ ရွာသင်္ကြန်ကို ဆင်နွှဲရန် အားခဲထားသော် လည်း စားဝတ်နေရေး၊ အလုပ်အကိုင်အရေးက အရေးကြီးသဖြင့် ပြန်ထွက်ဖို့ ပြင်ရသည်။

တကယ်တမ်းတော့ မနှင်း ရော ညီမ နုဝါစိုးပါ ပြန်မထွက်ချင်တော့။ ကိုယ့်ရွာမှာတင် ကိုယ်အလုပ်ကလေးတစ်ခုခုလုပ်ကာ ဘဝကို ဖြတ်သန်းချင်သည်။ မိသားစု၊ ကိုယ့်ရပ်ကိုယ့်ရွာနှင့် အဝေးကြီး ဖြစ်သည့် တိုင်းတစ်ပါးမှာ လုပ်ကိုင်မစားချင်တော့။ သို့သော် ယခုအနေအထားနှင့်တော့ ကိုယ့်ရွာပြန်အခြေချဖို့ ဘယ်လိုမှ မဖြစ်နိုင် သေး။ အရင်းအနှီးလေးတစ်ခုတော့ ရအောင်ရှာရဦးမည်။

ပြီးတော့ မိသားစုအတွက် ဆောက်နေသည့် နံကပ်တိုက်ကလေးက ယခုမှ တိုင်ထောင်၊ အုတ်စီအဆင့်သာရှိသေးသည်။ ထိုဆန္ဒတွေ၊ ထိုရည်မှန်းချက်တွေဖြင့် မနှင်းတို့၊ နုဝါစိုးတို့ ညီအစ်မ ထိုင်းနိုင်ငံသို့ ပြန်ဝင်လာခဲ့သည်။

မတ်လ ၂၆ ရက်နေ့မှာ ရန်ကုန် ဆင်းခဲ့သည်။ ထို့နောက် ရန်ကုန်မှ မြဝတီသို့ကူးသည်။ မတ်လ ၂၉ ရက်နေ့မှာ မဲဆောက်မှတစ်ဆင့် အလုပ်လုပ်ရမည့် ဘန်ကောက်သို့ ဆက်ကူးရသည်။ နုဝါစိုးတို့လို မြန်မာအလုပ်သမားများ အား ကားနှစ်စီးခွဲကာ ပို့ပေးသည်။

နုဝါစိုးရယ်၊ မနှင်းရယ်၊ သူတို့နှင့် ညီအစ်မဝမ်းကွဲအိမ်ထောင်သည် မအိဖြူရယ် ကားနောက်ပိုင်းနည်းနည်းကျသည့် နေရာတွင် သုံးယောက်တန်းစီးကြသည်။ မအိဖြူက သူ့အမျိုးသားနှင့် တစ်ကားစီဖြစ်သွားသည်။ အစကတော့ ဆင်းမလို့ လုပ်သေးသည်။ သို့သော် လူကခွဲထားပြီးသားမို့ ပြန်ထိုင်လိုက်ရသည်။ သူတို့ကားပေါ်မှာ မြန်မာအလုပ်သမား ၄၇ ဦးတိတိ ပါသည်။

နုဝါစိုးသည် လူကလည်း နည်းနည်းနုသည်မို့ ခရီးပန်းလာသောကြောင့် ခြေထောက်တွေအတော်လေး ညောင်းနေခဲ့သည်။ ကားစီးရင်း ‘‘ညောင်းလိုက်တာ မနှင်းရယ်’’ဟု ညည်းလိုက်တော့ မနှင်းက သူ့ညီမခြေထောက်နှစ်ဖက်ကို သူ့ပေါင်ပေါ် ဆွဲတင် သည်။ နုဝါစိုးက ‘‘မနှင်း ဘာလုပ်မလို့လဲ’’မေးတော့ နှိပ်ပေးမလို့လေဟု ဖြေသည်။ ‘‘မနှင်းရယ် ငါငရဲကြီးပါလိမ့်မယ် မလုပ်ပါနဲ့’’ပြောတော့ အသာနေစမ်းပါအေဟုဆိုကာ နှိပ်ပေးသည်။

တစ်လမ်းလုံး စစ်ဆေးရေး ဂိတ်တွေဖြတ်ရ၊ လမ်းဆင်းလျှောက်ရ၊ တက်ရလုပ်ရသည်။ ပြီးတော့ သွေးလည်းစစ်ထားရသဖြင့် ကားပေါ်ပါလာသူတွေ အတော်လေး ပင်ပန်းခဲ့သည်။ ထို့ကြောင့် ကားပေါ်ပါလာသူတွေ ညဘက်ရောက်လာတော့ နှစ်ခြိုက်စွာ အိပ်ပျော်သွားသည်။

ထိုသို့စီးလာရင်း ဝုန်းခနဲဆို အသံကြီးထွက်ပေါ်လာသည်။ ‘‘ကယ်ကြပါဦး၊ ကယ်ကြပါဦး’’ဆိုသည့် အသံတွေ ဆူညံနေသည်။ နုဝါစိုးတို့ ထိုင်နေသည့်နေရာ၏ ရှေ့ပိုင်းကားအလယ်ပိုင်းလောက်မှာ မီးတွေထလောင်လာပြီး တစ်ကားလုံး မီးခိုးငွေ့တွေ မွှန်ထူနေသည်။ ဘာမှမမြင်ရ။ နုဝါစိုး ကြောက်အားလန့်အား ထပြေးသည်။ ဘယ်လိုကနေ ဘယ်လို အောက်ရောက်လာသည်မသိတော့။

နုဝါစိုးအောက်ရောက်တော့ သူ့အစ်မ မနှင်းနှင့် အစ်မဝမ်းကွဲ မအိဖြူတို့ကိုရှာသည်။ လမ်းပေါ် ကလည်း မှောင်မည်းနေတာမို့ ရှာ မရ။

နုဝါစိုး ကားနားသွားကာ အော်ခေါ်သည်။ ကားပေါ်မှာ မီးတောက်တွေ ကြီးလာပြီဖြစ်သည်။ အိတ်တွေထည့်သည့် အောက်က တံခါးကို ဖွင့်သူတွေ ဖွင့်သည်။

မီးတောက်တွေ ဝုန်းခနဲထွက်လာသည်။ ‘‘မနှင်းရေ၊ မအိဖြူရေ’’။ သူတို့ထိုင်ခဲ့သည့်နေရာ လောက် မှန်းသွားကာ အော်ခေါ်တော့ မနှင်းတို့နှစ်ယောက် မတ်တတ်ထရပ်လိုက်တာ မြင်လိုက်သည်။ ‘‘ဟိုဘက်ကခုန်ချခဲ့။ မနှင်း’’နုဝါစိုး အော်သည်။

သို့သော် သူတို့ နှစ်ယောက်စလုံးကို မီးခိုးတွေ၊ မီးတောက်တွေ ဖုံးလွှမ်းသွားခဲ့သည်။ တချို့တွေက မီးလောင်နေသည့်အပေါ်က လူအချို့ကို လှမ်းဆွဲ သည်။ အရေပြားကြီးတွေသာပါလာပြီး အရိုးတွေ ကျန်နေခဲ့ သည်။ သူကားကိုပတ်ကာ အစ်မတွေကို ရှာသည်။ မတွေ့။

ကားက ချောက်နားနီးတာ မို့ အစ်မ ပြေးရင်းလွှားရင်းများ ချောက်ထဲကျလား နုဝါစိုး အော် ခေါ်သည်။ ဘာမှမထူး။ အတော် ကြာတော့ တာဝန်ရှိသူတွေ ရောက်လာပြီး ကားနှင့်ဝေးရာတွင် စုဝေးပြီး ထိုင်နေခိုင်းသည်။ ကားကြီး မီးလောင်တာကိုတော့ မြင်နေရသည်။

ခဏနေတော့ သူ့အစ်မလွယ်သည့် အိတ်အနီပုံစံဖြင့် ကျောပိုးအိတ်လွယ်ထားသည့် အမျိုးသမီးတစ်ဦးကို တွေ့တော့ နုဝါစိုးတစ်ယောက် ‘‘မနှင်းရေ’’ဟု အော်ကာ ကားတွေလာနေသည့် ကြားက လမ်းတစ်ဖက်ကို ပြေးကူးသည်။ သို့သော် အနားရောက် တော့ကြည့်လိုက်တော့ သူ့အစ်မ မဟုတ်။ အခြားအမျိုးသမီးတစ် ဦးဖြစ်နေသည်။ ကားမီးကတော့ တဝုန်းဝုန်းလောင်နေဆဲ။

ထိုညက အဖြစ်အပျက်တွေ ပြန်တွေးတိုင်း နုဝါစိုးမျက်ရည်တွေ ပိုးပိုးပေါက်ပေါက်ကျသည်။ တက်မတတ်ချက်မတတ်လည်း မကြာခဏဖြစ်သည်။ မုန်လုံကားလည်း မစီးရဲတော့။ မီးတောက်တွေကိုလည်း သူကြောက်သည်။ အထူးသဖြင့် သူ၏ချစ်လှစွာသော အစ်မကြီး သူ့မျက်စိရှေ့တွင် ဆုံးရှုံးလိုက်ရခြင်းကို ဘယ်လိုမှ မေ့ပျောက်၍မရ။

ယခုတော့ နုဝါစိုးတစ်ယောက် အဖြစ်အပျက်ဆိုးကြီးကနေ လွတ်မြောက်ကာ ပျော်ဘွယ်ဖောင်းတောရွာက အမေ့အိမ်ကိုပြန်ရောက်နေသည်။ သို့သော် ချစ်လှစွာသော အစ်မကြီး မနှင်း (ခေါ်) ငြိမ်းငြိမ်းဌေးတော့ ပါမလာနိုင်တော့ပေ။ သင်္ကြန်ကျလျှင် ရွာကို သတိရတတ်သော၊ မိသားစုနှင့်အတူ ပျော်ရွှင်စွာနေထိုင်လိုသော မနှင်းကတော့ ဟိုးခပ်ဝေးဝေးကို ထွက်သွားခဲ့ရပြီဖြစ်သည်။ ညှိုးငယ်နေသည့် နုဝါစိုး၏ မျက်လုံးအစုံထဲတွင်တော့ မှန်လုံကားကြီး တစ်စီး မီးဟုန်းဟုန်းတောက် လောင်နေဆဲ။ ။
ဖိုးသူတော် (www.phothutaw.com)
Credit: 7 Days
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top