န၀ေဒးရုပ္ရွင္ရံု ႏွင့္ ဗဟိုမီးသတ္အနီး Facility ျပည့္စံုသည့္ အသင့္ေန Real Home ကြန္ဒိုအေရာင္းျပပြဲ
×

ဒီအေၾကာင္းအရာကေတာ့ ရယ္လည္း ရယ္ခ်င္စရာ၊ ႐ြံလည္း ႐ြံရွာစရာပါပဲ။ကေနဒါႏိုင္ငံက နာမည္ႀကီး တင္မ္ေဟာ္တန္စ္ ေကာ္ဖီဆိုင္မွာျဖစ္ပြားခဲ့တာပါ။တင္မ္ေဟာ္တန္စ္ ဆိုတာကေတာ့ ကမာၻေက်ာ္ စတားဘတ္စ္ လိုမ်ိဳး ကေနဒါမွာ နာမည္ႀကီးတဲ့ ေကာ္ဖီဆိုင္လုပ္ငန္းစု တစ္ခုျဖစ္ပါတယ္။

ဗြီဒီယိုထဲမွာေတာ့ အမ်ိဳးသမီးတစ္ေယာက္ဟာ ေကာ္ဖီဆိုင္ ဝန္ထမ္းတစ္ဦးနဲ႔ စကၠန႔္ ႏွစ္ဆယ္ၾကာေလာက္ ရန္ျဖစ္ေနတာကို ေတြ႕ရပါတယ္။ အဲဒီေနာက္ ခဏအၾကာမွာ ေကာင္တာက တစ္သ်ဴးအနည္းငယ္ကို ဆြဲယူလိုက္ၿပီး ေကာင္တာေရွ႕မွာ ရပ္လိုက္ပါတယ္။ ဗြီဒီယိုမွတ္တမ္းအရ အဆိုပါ အမ်ိဳးသမီးက ေကာင္တာေရွ႕မွာ ေကာ္ဖီဆိုင္ ဝန္ထမ္းကို ဆက္လက္ရန္ေတြ႕ေနၿပီး အေပၚအက်ႌကို ဆြဲခြၽတ္လိုက္ကာ ေဘာင္းဘီေတြကို ဆြဲခ်လိုက္တာ ေတြ႕ရပါတယ္။

အဲဒီေနာက္ အမ်ိဳးသမီးက ေနာက္မွာရွိတဲ့ နံရံကိုကပ္ၿပီး အတြင္းခံေဘာင္းဘီကိုလွန္ကာ မစင္စြန႔္ဖို႔ ႀကိဳးစားပါတယ္။ အဲဒီအခ်ိန္မွာ ဝန္ထမ္းက ၎အမ်ိဳးသမီးဆီ ေရာက္လာၿပီး ရဲကို ေခၚမည့္အေၾကာင္း ေျပာဆိုေနရာမွ အမ်ိဳးသမီး၏ ႐ုတ္တရက္ မစင္စြန႔္ခ်ေနမႈေၾကာင့္ ေနာက္ကို ကမန္းကတန္း ဆုတ္ခြာသြားပါတယ္။

ခဏအၾကာမွာေတာ့ အဆိုပါအမ်ိဳးသမီးက သူ႔ရဲ႕ မစင္ကို ေကာက္ကိုင္ၿပီး ဝန္ထမ္းကို ေကာက္ေပါက္လိုက္ပါတယ္။ ဝန္ထမ္းကို မစင္ ထိ၊မထိေတာ့ ေသခ်ာမေတြ႕ရပါဘူး။ အဲဒီေနာက္ အမ်ိဳးသမီးက ေကာင္တာက တစ္သ်ဴးေတြကို ထပ္သြားယူၿပီး မစင္ေတြကို သုတ္လိုက္ပါတယ္။ ၾကည့္ရသေလာက္ အဲဒီမစင္သုတ္ထားတဲ့ တစ္သ်ဴးေတြနဲ႔ပါ ၎အမ်ိဳးသမီးက ဝန္ထမ္းအမ်ိဳးသားကို ပစ္ေပါက္လိုက္ေသးတာေၾကာင့္ ဝန္ထမ္းအမ်ိဳးသားအေနနဲ႔ ေနာက္ဘက္ကို အေဝးႀကီးဆုတ္ေျပးသြားမွာ ေသခ်ာပါတယ္။

ထိုသို႔ လူျမင္ကြင္းမွာ ဝ႐ုန္းသုန္းကား ျဖစ္ပြားေနေပမယ့္ တစ္ဖက္မွာ ရွိတဲ့ စားသုံးသူေတြကေတာ့ ျဖစ္စဥ္တစ္ခုလုံးကို သတိျပဳမိပုံ မေပၚပါဘူး။ ၎အမ်ိဳးသမီးအေနနဲ႔ ဘာေၾကာင့္ ဒီလိုျပဳမူတယ္ဆိုတာေတာ့ ေသခ်ာ မသိရပါဘူး။ ေတာ္ဝင္ကေနဒါရဲတပ္ဖြဲ႕ကေတာ့ အဆိုပါ အမ်ိဳးသမီးကို ဖမ္းဆီးၿပီး ျပန္လႊတ္ေပးလိုက္တယ္လို႔ ေနာက္ပိုင္းမွာ အတည္ျပဳ ေျပာၾကားပါတယ္။
ကေနဒါႏိုင္ငံမွာ လူတစ္ဦးဟာ အျခားလူတစ္ဦးအေပၚ လူျမင္ကြင္းမွာ အရွက္ခြဲတာမ်ိဳး၊တိုက္ခိုက္ ေစာ္ကားတာမ်ိဳး ျပဳလုပ္ရင္ ႏွစ္ ႏွစ္ထက္မေက်ာ္တဲ့ ေထာင္ဒဏ္မ်ိဳးအထိ ျပစ္ဒဏ္ က်ခံရႏိုင္ပါတယ္။ ဒါေပမယ့္ အဆိုပါ ဥပေဒမွာ ေငြဒဏ္သတ္မွတ္ထားတာမ်ိဳး မရွိတာေၾကာင့္ ၎အမ်ိဳးသမီးအေနနဲ႔ ေနာက္ပိုင္းမွာ တရား႐ုံးကိုလာေရာက္ၿပီး တရားရင္ဆိုင္ရဖို႔ပဲရွိေနပါတယ္။

အာဏာပိုင္ေတြကေတာ့ သူတို႔အေနနဲ႔ အမႈကို ျပန္လည္စစ္ေဆး သုံးသပ္ေနၿပီး မစင္ျဖင့္ပစ္ေပါက္သည့္ အမ်ိဳးသမီးအား စြဲခ်က္တင္သင့္ ၊ မတင္သင့္ ဆုံးျဖတ္သြားမယ္လို႔ ေျပာပါတယ္။ ၎ အမ်ိဳးသမီး ဘယ္သူ ဘယ္ဝါဆိုတာေတာ့ အာဏာပိုင္ေတြက အတည္ျပဳ ေျပာၾကားျခင္း မရွိေသးပါဘူး။

Shine Htet Aung

ဖိုးသူေတာ္ (www.phothutaw.com)
Credit: MyanmarNote
# Unicode Version ျဖင့္ ဖတ္ပါ #
ဒီအကြောင်းအရာကတော့ ရယ်လည်း ရယ်ချင်စရာ၊ ရွံလည်း ရွံရှာစရာပါပဲ။ကနေဒါနိုင်ငံက နာမည်ကြီး တင်မ်ဟော်တန်စ် ကော်ဖီဆိုင်မှာဖြစ်ပွားခဲ့တာပါ။တင်မ်ဟော်တန်စ် ဆိုတာကတော့ ကမ္ဘာကျော် စတားဘတ်စ် လိုမျိုး ကနေဒါမှာ နာမည်ကြီးတဲ့ ကော်ဖီဆိုင်လုပ်ငန်းစု တစ်ခုဖြစ်ပါတယ်။

ဗွီဒီယိုထဲမှာတော့ အမျိုးသမီးတစ်ယောက်ဟာ ကော်ဖီဆိုင် ဝန်ထမ်းတစ်ဦးနဲ့ စက္ကန့် နှစ်ဆယ်ကြာလောက် ရန်ဖြစ်နေတာကို တွေ့ရပါတယ်။ အဲဒီနောက် ခဏအကြာမှာ ကောင်တာက တစ်သျူးအနည်းငယ်ကို ဆွဲယူလိုက်ပြီး ကောင်တာရှေ့မှာ ရပ်လိုက်ပါတယ်။ ဗွီဒီယိုမှတ်တမ်းအရ အဆိုပါ အမျိုးသမီးက ကောင်တာရှေ့မှာ ကော်ဖီဆိုင် ဝန်ထမ်းကို ဆက်လက်ရန်တွေ့နေပြီး အပေါ်အကျႌကို ဆွဲချွတ်လိုက်ကာ ဘောင်းဘီတွေကို ဆွဲချလိုက်တာ တွေ့ရပါတယ်။
အဲဒီနောက် အမျိုးသမီးက နောက်မှာရှိတဲ့ နံရံကိုကပ်ပြီး အတွင်းခံဘောင်းဘီကိုလှန်ကာ မစင်စွန့်ဖို့ ကြိုးစားပါတယ်။ အဲဒီအချိန်မှာ ဝန်ထမ်းက ၎င်းအမျိုးသမီးဆီ ရောက်လာပြီး ရဲကို ခေါ်မည့်အကြောင်း ပြောဆိုနေရာမှ အမျိုးသမီး၏ ရုတ်တရက် မစင်စွန့်ချနေမှုကြောင့် နောက်ကို ကမန်းကတန်း ဆုတ်ခွာသွားပါတယ်။

ခဏအကြာမှာတော့ အဆိုပါအမျိုးသမီးက သူ့ရဲ့ မစင်ကို ကောက်ကိုင်ပြီး ဝန်ထမ်းကို ကောက်ပေါက်လိုက်ပါတယ်။ ဝန်ထမ်းကို မစင် ထိ၊မထိတော့ သေချာမတွေ့ရပါဘူး။ အဲဒီနောက် အမျိုးသမီးက ကောင်တာက တစ်သျူးတွေကို ထပ်သွားယူပြီး မစင်တွေကို သုတ်လိုက်ပါတယ်။ ကြည့်ရသလောက် အဲဒီမစင်သုတ်ထားတဲ့ တစ်သျူးတွေနဲ့ပါ ၎င်းအမျိုးသမီးက ဝန်ထမ်းအမျိုးသားကို ပစ်ပေါက်လိုက်သေးတာကြောင့် ဝန်ထမ်းအမျိုးသားအနေနဲ့ နောက်ဘက်ကို အဝေးကြီးဆုတ်ပြေးသွားမှာ သေချာပါတယ်။

ထိုသို့ လူမြင်ကွင်းမှာ ဝရုန်းသုန်းကား ဖြစ်ပွားနေပေမယ့် တစ်ဖက်မှာ ရှိတဲ့ စားသုံးသူတွေကတော့ ဖြစ်စဉ်တစ်ခုလုံးကို သတိပြုမိပုံ မပေါ်ပါဘူး။ ၎င်းအမျိုးသမီးအနေနဲ့ ဘာကြောင့် ဒီလိုပြုမူတယ်ဆိုတာတော့ သေချာ မသိရပါဘူး။ တော်ဝင်ကနေဒါရဲတပ်ဖွဲ့ကတော့ အဆိုပါ အမျိုးသမီးကို ဖမ်းဆီးပြီး ပြန်လွှတ်ပေးလိုက်တယ်လို့ နောက်ပိုင်းမှာ အတည်ပြု ပြောကြားပါတယ်။
ကနေဒါနိုင်ငံမှာ လူတစ်ဦးဟာ အခြားလူတစ်ဦးအပေါ် လူမြင်ကွင်းမှာ အရှက်ခွဲတာမျိုး၊တိုက်ခိုက် စော်ကားတာမျိုး ပြုလုပ်ရင် နှစ် နှစ်ထက်မကျော်တဲ့ ထောင်ဒဏ်မျိုးအထိ ပြစ်ဒဏ် ကျခံရနိုင်ပါတယ်။ ဒါပေမယ့် အဆိုပါ ဥပဒေမှာ ငွေဒဏ်သတ်မှတ်ထားတာမျိုး မရှိတာကြောင့် ၎င်းအမျိုးသမီးအနေနဲ့ နောက်ပိုင်းမှာ တရားရုံးကိုလာရောက်ပြီး တရားရင်ဆိုင်ရဖို့ပဲရှိနေပါတယ်။

အာဏာပိုင်တွေကတော့ သူတို့အနေနဲ့ အမှုကို ပြန်လည်စစ်ဆေး သုံးသပ်နေပြီး မစင်ဖြင့်ပစ်ပေါက်သည့် အမျိုးသမီးအား စွဲချက်တင်သင့် ၊ မတင်သင့် ဆုံးဖြတ်သွားမယ်လို့ ပြောပါတယ်။ ၎င်း အမျိုးသမီး ဘယ်သူ ဘယ်ဝါဆိုတာတော့ အာဏာပိုင်တွေက အတည်ပြု ပြောကြားခြင်း မရှိသေးပါဘူး။

Shine Htet Aung

ဖိုးသူတော် (www.phothutaw.com)
Credit: MyanmarNote
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top