မြန်မာတစ်နိုင်ငံလုံးမှာ Facility အများဆုံးပါတဲ့ ကမ္ဘာ့အဆင့်မီ Diamond Inya Palace ကွန်ဒို အထူးအရောင်းပြပွဲကြီး
×


 
 

Credit: popolay

#Unicode Version#

ပဲခူးပြည်သူ့ဆေးရုံကြီးတွင်ဆေးကုသမှုခံယူရင်းပျံလွန်တော်မူသွားသော ဥူးဇင်းတစ်ပါးအား ပဲခူးဆေးရုံကြီး ရေခဲတိုက်သို့ ပို့ဆောင်ရာတွင် ရေခဲတိုက်တာဝန်ခံဗိုက်ကလေးမှ ဥူးဇင်းသင်္ဃန်းထဲတွင် ပါလာသောပစ္စည်းများဖြစ်သည် ။

ဥူးဇင်းသင်္ဃန်းထဲမှတွေ့ရှိသော ပစ္စည်းများမှာ

(၁) ရွှေဆွဲကြိုးလောကတ်သီးပါ (၁)ကျပ်သားခန့်တစ်ကုံး (ခန့်မှန်းအလေးချိန်)
(၂) လက်စွပ် (၂)ကွင်း (အလေးချိန်မသိ)
(၃) နားကပ် (၁)ရံ (အလေးချိန်မသိ)
(၄) ငွေသား (၁)သိန်း (၅)သောင်း (၇၀)ကျပ်
(၅) ယ္ခုလထီလက်မှတ် (၁)အုပ် တို့အား ရှာဖွေတွေ့ရှိပြီး တာဝန်သိတတ်စွာဖြင့် သေဆုံးသူ ဥူးဇင်း၏သား/သ္မီးများဖြစ်သူ မြေတိုင်း(၁၇)တွင်နေထိုင်သည့် ကိုကြည်+ဒေါ်ရင်ရွှေ၏ လက်ဝယ်သို့ ဖြူစင်၊မြင့်မြတသော စိတ်ထားဖြင့် ပြန်လည်ပေးအပ်ခဲ့ပါသည်။

ယ္ခုကဲ့သို့ ဆွေမျိုးများမရောက်ခင်တွေ့ရှိထားသော ပစ္စည်းများကို တာဝန်သိတတ်စွာဖြင့် ပြန်လည် ပေးအပ်ခဲ့သည့် ရေခဲတိုက်အလုပ်သမား ဗိုက်ကလေး၏ အကျင့်စာရိတ္တအား လေးစားဂုဏ်ယူစွာဖြင့် ပုံနှင့်တစ်ကွ တင်ပြပေးခြင်းဖြစ်ပါသည်ခင်ဗျာ။


ဖိုးသူတော် (www.phothutaw.com)
Credit: popolay
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top