ျမန္မာတစ္ႏိုင္ငံလံုးမွာ Facility အမ်ားဆံုးပါတဲ့ ကမၻာ့အဆင့္မီ Diamond Inya Palace ကြန္ဒို အထူးအေရာင္းျပပြဲၾကီး
×

အခုလိုတိုးတက္ေနတဲ့ ေခတ္ၾကီးမွာ လူေတြက ေရွးရိုးစြဲေတြကို မယံုၾကည္ၾကေတာ့ေပမယ့္လည္း ျမဳိ ့ျပနဲ ့ အလွမ္းေ၀းတဲ့ ေက်းလက္မွာ ေနထိုင္သူေတြကေတာ့ စြဲစြဲလမ္းလမ္းကို  လက္ခံေနၾကတုန္းပါပဲ။

ဒီလို အစြဲလမ္းၾကီးသူေတြကပဲ ခုလိုလိမ္ညာေျမွာက္စားေနသူေတြေပါမ်ားတဲ့ေလာကၾကီးမွာ အထိနာတတ္ၾကပါတယ္။

အခုတစ္ေခါက္လည္း နတ္ကေတာ္ရဲ့ ေနအိမ္ကို ဖယ္ရွားျပီး ေနအိမ္ေအာက္က နဂါးကို ပူေဇာ္ဖို ့ရွာေဖြခိုင္းတဲ ့စကားကိုယံုျပီး ခိုင္းတဲ့ အတိုင္းလုပ္မိရာမွ ေနအိမ္လည္းဆံုး သားကိုလည္း ကုသဖို ့စရိတ္လည္း ဆံုးရတဲ့ ထိုင္းႏိူင္ငံရဲ ့အျဖစ္အပ်က္ေလးတစ္ခုကို တင္ျပေပးခ်င္ပါတယ္။

ျပီးခဲ့တဲ ့ၾသဂုတ္လ ၂၉ရက္ေန ါက ထိုင္းႏိူင္ငံေျမာက္ပိုင္း ကမ္ဖိုင္ဖစ္ျမိဳ ့နယ္ ၀န္းတကိုက္ေက်းရြာအုပ္စုထဲက ရြာတစ္ရြာမွာ ေနထိုင္တဲ့ မိသားစုဟာ သားေလးမၾကာခဏေနမေကာင္းျဖစ္ေနတဲ့အတြက္ နတ္ကေတာ္ကို ပူေဇာ္ျပီး ေမးျမန္းရာကေန နတ္ကေတာ္ရဲ ့စကားအတိုင္း ေနအိမ္ေအာက္က နဂါးႏွစ္ေကာင္ကို ရွာေဖြခဲ့တာေၾကာင့္ ေနအိမ္တစ္လံုး ဆံုးရံႈးသြားရတဲ့ျဖစ္ရပ္ ျဖစ္ပြားခဲ့တယ္လို ့သိရပါတယ္။

ထိုင္းႏိုင္ငံ ၀န္းတကိုက္ေက်းရြာအုပ္စု ေနာင္ဆီဖိုင္းရတ္ရြာေန နန္းေထာင္းပိန္ မုဒ္ဒါးနဲ့ ခင္ပြန္းျဖစ္သူဟာ သူတို ့သားေလးေနမေကာင္းျဖစ္ေနတဲ ့အတြက္  နတ္ကေတာ္ဆီကို သြားေရာက္ပူေဇာ္ေမးျမန္းခဲ့ပါတယ္။

နတ္ကေတာ္က သူတို ့ေနအိမ္ဟာ နဂါးႏွစ္ေကာင္မွီခိုေနတဲ့သစ္ပင္ၾကီးတပင္ေပၚမွာ ေဆာက္လုပ္မိတဲ့ အတြက္ အဲ့ဒီအိမ္က ခိုက္ေနတာျဖစ္တယ္လို ့ အဲ့ဒီအိမ္ကိုဖယ္ရွားျပီး နဂါးညီေနာင္ကို ျပန္လည္ပူေဇာ္ပသမွ သားျဖစ္သူ အသက္ခ်မ္းသာရာရမယ္လို ့ေဟာေျပာခဲ့ပါတယ္။

ေငြေၾကးအဆင္မေျပတဲ ့ေက်းလက္ေတာသူေတာင္သားေတြအတြက္ အိမ္ကိုျဖိဳဖ်က္ျပီး ျပန္ေဆာက္ဖို ့က မလြယ္ကူပါဘူး။

ဒါေပမယ့္လည္း သူတို ့ဇနီေမာင္ႏွံကေတာ့ သားကိုခ်စ္တဲ့စိတ္နဲ ့သူတို ့အိမ္ၾကီးကို ျဖိဳဖ်က္ဖို ့ဆံုးျဖတ္ခဲ့ၾကပါတယ္။
သူတို ့ဟာ ေနအိမ္ကို ဘက္ဟိုးကားနဲ့  ဖ်က္ဆီးပစ္ျပီး နဂါးကို ကိုေျမလွန္ရွာခဲ့ေပမယ့္ နဂါးကို မေတြ ့ဘဲ  သစ္ကိုင္းေျခာက္ေတြသာ ေတြ ့ခဲ့ရပါတယ္။

နတ္ကေတာ္က ထပ္ျပီး ေရတြင္းၾကီးတစ္တြင္း ထပ္တူးျပီး ရွာေဖြခိုင္းခဲ့တဲ ့အတြက္ ထပ္တူးျပီး ရွာေဖြရာမွာ ဘာမွမေတြ ့ဘဲ ေျမတူးခေတာင္ မက်န္တဲ့အထိ မြဲျပာက်သြားခဲ့ပါတယ္။

ဒါေပမယ့္သားျဖစ္သူရဲ ့ က်န္းမာေရးက တိုးတက္မူမရိွခဲ့ပါဘူး။နတ္ကေတာ္ကို ကိုးစားမိတဲ့အတြက္  နန္းေထာင္းပိန္တို ့ဇနီးေမာင္ႏွံမွာ ပိုင္ဆိုင္တဲ့ အိမ္ကေလးကလည္း ျဖိ္ဳဖ်က္ခ်ထားျပီး အိမ္သစ္ေဆာက္ဖို ့ေငြလည္းမရွိေတာ့တာေၾကာင့္ မိဘအိမ္ ျပန္တက္ေတၾကရပါတယ္။

အိမ္ဖ်က္ခိုင္းတဲ့ နတ္ကေတာ္ကေတာ့ ထိုမိသားစုကို မြဲေဆးေဖာ္ျပီးတဲ့ေနာက္ ဆက္သြယ္လို ့မရေတာ့ဘူးလို ့သတင္းေထာက္ေတြ ေျပာျပခ်က္အရ သိရပါတယ္။

သူတို ့ရဲ ့သတင္းကို ၾကားသိခဲ့တဲ ့ ျမိဳ ့နယ္အုပ္ခ်ဳပ္ေရးမွဴးနဲ ့တာ၀န္ရိွသူေတြက သူတို ့မိသားစုကို ေရာက္လာျပီး အားေပးစကား ေျပာၾကားခဲ့ပါတယ္။

သူတို ့ရဲ ့ေနအိမ္ေနရာမွာလည္း ျမိဳ ့နယ္အုပ္ခ်ဳပ္ေရးမွဳးရံုးနဲ့ ရြာသားေတြ ပူးေပါင္းကာ ေနအိမ္အသစ္ျပန္ေဆာက္ေပးမယ့္အျပင္ က်န္းမာေရးမေကာင္းတဲ့ သူတို ့သားကိုလည္း ေဆရံုတင္ေပးမယ္လို ့လည္း သိရပါတယ္။

သားက်န္းမာေရးေၾကာင့္ ပူပင္ေနရတဲ့  ဇနီးေမာင္ႏွံကို အိမ္ဖ်က္ခိုင္းတဲ့ နတ္ကေတာ္ကိုေတာ့ စစ္ေဆးအေရးယူဖို ့တာ၀န္ရိွသူေတြက စံုစမ္းရွာေဖြေနဆဲ ျဖစ္ရမယ္လို ့သိရပါတယ္။
ဖိုးသူေတာ္ (www.phothutaw.com)
Credit: ေန ့စဥ္သတင္းနဲ ့ သုတရသအျဖာျဖာ

#Unicode Version#
အခုလိုတိုးတက်နေတဲ့ ခေတ်ကြီးမှာ လူတွေက ရှေးရိုးစွဲတွေကို မယုံကြည်ကြတော့ပေမယ့်လည်း မြို့ပြနဲ့ အလှမ်းဝေးတဲ့ ကျေးလက်မှာ နေထိုင်သူတွေကတော့ စွဲစွဲလမ်းလမ်းကို  လက်ခံနေကြတုန်းပါပဲ။

ဒီလို အစွဲလမ်းကြီးသူတွေကပဲ ခုလိုလိမ်ညာမြှောက်စားနေသူတွေပေါများတဲ့လောကကြီးမှာ အထိနာတတ်ကြပါတယ်။

အခုတစ်ခေါက်လည်း နတ်ကတော်ရဲ့ နေအိမ်ကို ဖယ်ရှားပြီး နေအိမ်အောက်က နဂါးကို ပူဇော်ဖို့ရှာဖွေခိုင်းတဲ့စကားကိုယုံပြီး ခိုင်းတဲ့ အတိုင်းလုပ်မိရာမှ နေအိမ်လည်းဆုံး သားကိုလည်း ကုသဖို့စရိတ်လည်း ဆုံးရတဲ့ ထိုင်းနိူင်ငံရဲ့အဖြစ်အပျက်လေးတစ်ခုကို တင်ပြပေးချင်ပါတယ်။

ပြီးခဲ့တဲ့သြဂုတ်လ ၂၉ရက်နေ ါက ထိုင်းနိူင်ငံမြောက်ပိုင်း ကမ်ဖိုင်ဖစ်မြို့နယ် ဝန်းတကိုက်ကျေးရွာအုပ်စုထဲက ရွာတစ်ရွာမှာ နေထိုင်တဲ့ မိသားစုဟာ သားလေးမကြာခဏနေမကောင်းဖြစ်နေတဲ့အတွက် နတ်ကတော်ကို ပူဇော်ပြီး မေးမြန်းရာကနေ နတ်ကတော်ရဲ့စကားအတိုင်း နေအိမ်အောက်က နဂါးနှစ်ကောင်ကို ရှာဖွေခဲ့တာကြောင့် နေအိမ်တစ်လုံး ဆုံးရှုံးသွားရတဲ့ဖြစ်ရပ် ဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။

ထိုင်းနိုင်ငံ ဝန်းတကိုက်ကျေးရွာအုပ်စု နောင်ဆီဖိုင်းရတ်ရွာနေ နန်းထောင်းပိန် မုဒ်ဒါးနဲ့ ခင်ပွန်းဖြစ်သူဟာ သူတို့သားလေးနေမကောင်းဖြစ်နေတဲ့အတွက်  နတ်ကတော်ဆီကို သွားရောက်ပူဇော်မေးမြန်းခဲ့ပါတယ်။

နတ်ကတော်က သူတို့နေအိမ်ဟာ နဂါးနှစ်ကောင်မှီခိုနေတဲ့သစ်ပင်ကြီးတပင်ပေါ်မှာ ဆောက်လုပ်မိတဲ့ အတွက် အဲ့ဒီအိမ်က ခိုက်နေတာဖြစ်တယ်လို့ အဲ့ဒီအိမ်ကိုဖယ်ရှားပြီး နဂါးညီနောင်ကို ပြန်လည်ပူဇော်ပသမှ သားဖြစ်သူ အသက်ချမ်းသာရာရမယ်လို့ဟောပြောခဲ့ပါတယ်။

ငွေကြေးအဆင်မပြေတဲ့ကျေးလက်တောသူတောင်သားတွေအတွက် အိမ်ကိုဖြိုဖျက်ပြီး ပြန်ဆောက်ဖို့က မလွယ်ကူပါဘူး။

ဒါပေမယ့်လည်း သူတို့ဇနီမောင်နှံကတော့ သားကိုချစ်တဲ့စိတ်နဲ့သူတို့အိမ်ကြီးကို ဖြိုဖျက်ဖို့ဆုံးဖြတ်ခဲ့ကြပါတယ်။
သူတို့ဟာ နေအိမ်ကို ဘက်ဟိုးကားနဲ့  ဖျက်ဆီးပစ်ပြီး နဂါးကို ကိုမြေလှန်ရှာခဲ့ပေမယ့် နဂါးကို မတွေ့ဘဲ  သစ်ကိုင်းခြောက်တွေသာ တွေ့ခဲ့ရပါတယ်။

နတ်ကတော်က ထပ်ပြီး ရေတွင်းကြီးတစ်တွင်း ထပ်တူးပြီး ရှာဖွေခိုင်းခဲ့တဲ့အတွက် ထပ်တူးပြီး ရှာဖွေရာမှာ ဘာမှမတွေ့ဘဲ မြေတူးခတောင် မကျန်တဲ့အထိ မွဲပြာကျသွားခဲ့ပါတယ်။

ဒါပေမယ့်သားဖြစ်သူရဲ့ ကျန်းမာရေးက တိုးတက်မူမရှိခဲ့ပါဘူး။နတ်ကတော်ကို ကိုးစားမိတဲ့အတွက်  နန်းထောင်းပိန်တို့ဇနီးမောင်နှံမှာ ပိုင်ဆိုင်တဲ့ အိမ်ကလေးကလည်း ဖြိုဖျက်ချထားပြီး အိမ်သစ်ဆောက်ဖို့ငွေလည်းမရှိတော့တာကြောင့် မိဘအိမ် ပြန်တက်တေကြရပါတယ်။

အိမ်ဖျက်ခိုင်းတဲ့ နတ်ကတော်ကတော့ ထိုမိသားစုကို မွဲဆေးဖော်ပြီးတဲ့နောက် ဆက်သွယ်လို့မရတော့ဘူးလို့သတင်းထောက်တွေ ပြောပြချက်အရ သိရပါတယ်။

သူတို့ရဲ့သတင်းကို ကြားသိခဲ့တဲ့ မြို့နယ်အုပ်ချုပ်ရေးမှူးနဲ့တာဝန်ရှိသူတွေက သူတို့မိသားစုကို ရောက်လာပြီး အားပေးစကား ပြောကြားခဲ့ပါတယ်။

သူတို့ရဲ့နေအိမ်နေရာမှာလည်း မြို့နယ်အုပ်ချုပ်ရေးမှုးရုံးနဲ့ ရွာသားတွေ ပူးပေါင်းကာ နေအိမ်အသစ်ပြန်ဆောက်ပေးမယ့်အပြင် ကျန်းမာရေးမကောင်းတဲ့ သူတို့သားကိုလည်း ဆေရုံတင်ပေးမယ်လို့လည်း သိရပါတယ်။

သားကျန်းမာရေးကြောင့် ပူပင်နေရတဲ့  ဇနီးမောင်နှံကို အိမ်ဖျက်ခိုင်းတဲ့ နတ်ကတော်ကိုတော့ စစ်ဆေးအရေးယူဖို့တာဝန်ရှိသူတွေက စုံစမ်းရှာဖွေနေဆဲ ဖြစ်ရမယ်လို့သိရပါတယ်။
ဖိုးသူတော် (www.phothutaw.com)
Credit: နေ့စဉ်သတင်းနဲ့ သုတရသအဖြာဖြာ
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top