န၀ေဒးရုပ္ရွင္ရံု ႏွင့္ ဗဟိုမီးသတ္အနီး Facility ျပည့္စံုသည့္ အသင့္ေန Real Home ကြန္ဒိုအေရာင္းျပပြဲ
×

မႏၲေလးၿမိဳ႕မွ အသက္ ၇၀ ၀န္းက်င္ ရိွေသာ ၀ပ္ေရွာ့ဆရာတဦးသည္ စက္ပိုင္းဆိုင္ရာ အသစ္အဆန္းတခုခုကို လုပ္ေနေလ့ရိွသည္။ သူ၏ စိတ္ကူးေလးတခုျဖင့္ ဆန္းသစ္ထုတ္လုပ္လိုက္သည့္ ဆိုင္ကယ္အင္ဂ်င္ တပ္ဆင္ေမာင္းနွင္ရေသာ ကားငယ္ေလးသည္ အလြန္ပင္စိတ္၀င္စားဖြယ္ေကာင္းေလသည္။ အရွည္ ၅ ေပခန္႔ႏွင့္ အက်ယ္ ၃ ေပခဲြခန္႔ရိွ အဆိုပါကားေလးသည္ ဆိုင္ကယ္အင္ဂ်င္ 125 CC ျဖင့္ လူေလးဦး လိုက္ပါစီးနင္းနိုင္သည့္ ကားငယ္ေလး ျဖစ္သည္။ ကားတစင္းကဲ့သို႔ Hand Geer ႏွင့္ Start ဆဲြ၍ စက္ႏိႈးေမာင္းႏွင္သြားလာႏိုင္၏။ မႏၲေလးၿမိဳ႕ ကတၱရာလမ္းမ်ားေပၚတြင္ စမ္းသပ္ေမာင္းႏွင္စဥ္ စိတ္၀င္စားအားေပးသူတဦးက ကားေလးကို ၀ယ္ယူသြားျပီျဖစ္သည္။

လက္ရိွတြင္ မႏၲေလး ရတနာပံုတကၠသိုလ္ ေက်ာင္းႀကိဳ/ပို႔ကားေမာင္းေနၿပီး အားလပ္ခိ်န္တြင္ စိတ္ကူးေပါက္ရာ ဆန္းသစ္တီထြင္မႈမ်ားလုပ္ေနေလ့ရိွသူ ဆိုင္ကယ္ကားကို တီထြင္ထုတ္လုပ္သူ ဦးတင္၀င္းႏွင့္ News Watch မွ ေတြ႕ဆံုေမးျမန္းခဲ့သည္။

“လမ္းသြားရင္းစိတ္ကူးေပၚ”

တေန႔မွာ ကမ္းနားလမ္းအတိုင္း ျမစ္ဆိပ္ဘက္ေရာက္သြားေတာ့ ဆိုင္ကယ္၀ပ္ေရွာ့တခုမွာ တရုတ္ နိုင္ငံထုတ္ လူစီးသံုးဘီးအေဟာင္းတစီးထိုးထားတာ ေတြ႕လိုက္တယ္။ ေဘာ္ဒီနဲ႔ ဖရိန္တစစီေပါ့။ အဲဒီမွာ စိတ္ကူးေပၚလာတာက ဒါေလးနဲ႔ ကားေသးေသးေလး လုပ္ရင္ေကာင္းမယ္ေပါ့။ အဲဒါကို ၅ သိန္းနဲ႔ ၀ယ္ လိုက္တယ္။ ကိုယ္က တီထြင္တာ ၀ါသနာပါၿပီး ၀ပ္ေရွာ့ဆရာဆိုေတာ့ မေနနိုင္မထိုင္နိုင္ စလုပ္ေတာ့တာပဲ။ ေက်ာင္း ကားေမာင္းေနရင္း အားတဲ့အခ်ိန္မွာ လုပ္တယ္။ ၿပီးခဲ့တဲ့ သံုးလေလာက္က စလုပ္တာ။ တကၠသိုလ္ေက်ာင္း ကလည္း ပိတ္ထားေတာ့ ကိုယ္လုပ္ခ်င္တာ အခိ်န္ ျပည့္ရေနတယ္။ ကိုယ္တေယာက္တည္းလုပ္လို႔ေတာ့ မရဘူး။ ပန္းပဲဆရာနဲ႔ညိႇၿပီး ကိုယ္ျဖစ္ခ်င္တာ လုပ္ခိုင္းရတယ္။

“ပန္းထိမ္ဆရာမွ ၀ပ္ေရွာ့ဆရာသို႔”

ငယ္စဥ္က နန္းေတာ္ေရွ႕ေအာင္ေတာ္မူ ရပ္ကြက္မွာ ေနတယ္။ ပန္းထိမ္လုပ္တယ္။ ေနာက္ေတာ့ ၁၉၆၂ ေလာက္မွာ အစိုးရအေျပာင္းအလဲမွာ ပန္းထိမ္ မလုပ္ေတာ့ဘဲ ကား၀ပ္ေရွာ့ကို ခုနစ္ႏွစ္ေလာက္သင္ၿပီး ကိုယ္ပိုင္ ၀ပ္ေရွာ့ေထာင္တယ္။ ကားႀကီးေတြအမ်ားဆံုး ျပင္ေပးတာေပါ့။ ၀ပ္ေရွာ့လုပ္ရင္း ၁၉၉၂-ေလာက္မွာ ၿမိဳ႕ထဲက အလုပ္ရံုေတြကို စက္မႈကြက္သစ္ေဖာ္တယ္။ ၿမိဳ႕ထဲက အလုပ္ရံုေတြ ၿမိဳ႕ျပင္ေျပာင္းရမယ္ဆိုေတာ့ ၀ပ္ေရွာ့ ဆက္မလုပ္ေတာ့ဘူး။ ခ်ေပးတဲ့ ေျမကြက္လည္း မ၀ယ္ခဲ့ဘူး။ ေျမကြက္ယူၿပီး အလုပ္မလုပ္ရင္ ေနာင္တခိ်န္မွာ ဘာမ်ားျဖစ္မလဲဆိုၿပီး မယူတာ။ ဟိုမွာလည္း ေနရာ မက်ျဖစ္နဲ႔ မိသားစုနဲ႔လည္း ခဲြေနရမွာဆိုေတာ့ ၀ပ္ေရွာ့ မလုပ္ေတာ့ဘဲ ဒီေနရာမွာ ဆိုင္ကယ္၀ပ္ေရွာ့ဖြင့္လိုက္တယ္။

“ကားတည္ေဆာက္မႈ ပံုစံ”

ကားေရွ႕ပိုင္း တည္ေဆာက္ပံုက အရင္တုန္းက လာတဲ့ ေဂါက္ကြင္းကား System ၾကည့္တယ္။ ေမာ္ ဒယ္ေအာက္ၿပီးခတ္ေတာ့ မမီဘူး။ အဲဒီပံုစံကို ဓာတ္ပံု႐ိုက္တယ္။ ကားပန္းပဲမွာ လုပ္ခိုင္းတယ္။ သူနဲ႔လိုက္မယ့္ စီယာတိုင္ကို အေဟာင္းတန္းက ရွာ၀ယ္ၿပီး ကိုယ္စိတ္ကူးေလး ေပါင္းစပ္တယ္။ ဖရိန္ကသံုးဘီးဆိုေတာ့ ေလးဘီးနဲ႔ကိုက္ေအာင္ ဘယ္လိုလုပ္မလဲ စဥ္းစားတယ္။ စီယာတိုင္ျပင္ရတယ္။ ေဂါ့ဖ္ကြင္းသံုးဘက္ထရီကားေတြရဲ႕ တည္ေဆာက္ပံုကို ေလ့လာၿပီး သူတို႔ ပံုစံအတိုင္းေတာ့ မရဘူး။ ကိုယ္လုပ္ မယ့္ပံုရဲ႕ အကြာအေ၀းေတြခ်ိန္ၿပီး ပန္းပဲဆရာနဲ႔ တိုင္ပင္ၿပီး လုပ္ရတယ္။ စမ္းသပ္ေမာင္းလို႔ရတဲ့အဆင့္ထိ အခိ်န္ ၃ လနီးပါး ၾကာတယ္။

“ဆိုင္ကယ္အင္ဂ်င္တပ္ဆင္ျခင္း”

ဆိုင္ကယ္အင္ဂ်င္တပ္ရတာက ဆီစားသက္သာတယ္။ စရိတ္က်ဥ္းတယ္။ ကိုယ္လုပ္တဲ့ကားက ကား ေပါက္စဆိုေတာ့ သူဟာနဲ့သူလိုက္ဖက္ညီသလိုရိွတဲ့ အတြက္ ဆိုင္ကယ္အင္ဂ်င္ ၁၂၅ နဲ႔ တပ္ဆင္တယ္။ ခုခိ်န္ထိ ဘရိတ္ပိုင္းမွာ အားမရေသးဘူး။ ေတာင္တက္ေတာင္ဆင္း ရ/မရဆိုတာ မစမ္းရေသးဘူး။ ၁၂၅ အင္ဂ်င္နဲ႔ဆိုရင္ တက္လို႔ရမယ္လို႔ ထင္တယ္။ မိုင္ ၂၀-၂၅ ေလာက္ထိရတယ္ဆိုေတာ့ ဆိုင္ကယ္ရဲ႕ တ၀က္ေလာက္ ေမာင္းလို႔ရတယ္။ဖရိန္/ အင္ဂ်င္/ ေဘာဒီပိုင္း အေလးခိ်န္မ်ားေနေတာ့ အျမန္ႏႈန္းက ထင္သေလာက္ မဟုတ္ေသးဘူး။

“ျပဳျပင္ရသည့္ အစိတ္အပိုင္းမ်ား”

ေရွ႕ဘီးေနာက္ဘီးက သံုးဘီးဆိုင္ကယ္က တာယာနဲ႔ ေခြကိုသံုးတယ္။ အဲဒီမွာလည္း ကိုယ့္စိတ္ကူးနဲ႔ ျပင္ရတယ္။ စုေပါင္းစပ္ေပါင္းနဲ႔ ကားတစီးျဖစ္ ေအာင္လုပ္တဲ့အခါ သူနဲ႔အလိုက္သင့္ျဖစ္ရမယ္။ ကုန္က် စရိတ္လည္း သက္သာရမယ္ေလ။ အားလံုးၿပီးလို႔ ေဆးသုတ္မယ္ဆိုေတာ့ ကြ်န္ေတာ္က ပန္းဆီေရာင္သုတ္ ခိုင္းတယ္။ေဆးသုတ္ ဆရာက ဒီအေရာင္မေကာင္းဘူးလို႔ေျပာေတာ့ ကားက အေသးေလးဆိုေတာ့ ကေလးကစားစရာလို ေဆး အေရာင္ေရြးၿပီး သုတ္ခိုင္းတာပါ။ အေခ်ာထည္သုတ္ ၿပီးေတာ့မွ ေဆးဆရာက ဆရာႀကီးေျပာတဲ့ အေရာင္နဲ႔ လိုက္တယ္ဆိုၿပီး သေဘာက်သြားတာ။ သူတို႔က တကယ့္ကားေတြလိုအေရာင္နဲ႔ ေျပာၾကတာေပါ့။ ကားေလးနဲ႔ ၿမိဳ႕ထဲပတ္ေမာင္းေတာ့ သြားတဲ့ေနရာတိုင္းက ဟိုကေမး/ ဒီကေမးနဲ႔ စိတ္၀င္စားၾကတယ္။ သူတို့အတြက္ အျမင္ဆန္းၿပီး ခ်စ္စရာျဖစ္ေန တာေလ။ ကြ်န္ေတာ္က ေမးလာတဲ့သူတိုင္းကို ၿပံဳးၿပံဳးေလးနဲ႔ ေျဖလိုက္တယ္။ ၀ါသနာအရ ကိုယ္တိုင္လုပ္ထားတာပါလို႔။ ခုလည္း ေနာက္ထပ္အေသးေလးေတြ ဆက္လုပ္ေနတယ္။

“တြင္က်ယ္ေအာင္ မလုပ္နိုင္”

အမ်ားႀကီးထုတ္ဖို႔ဆိုတဲ့အထိ က်ယ္ျပန့္ေအာင္ လုပ္တာမဟုတ္ဘူး။ အသက္အရြယ္နဲ႔ အဲေလာက္ ဦးေနွာက္ေျခာက္မခံနိုင္ဘူး။ တေယာက္တည္းဆို ေတာ့ လုပ္အားလည္း မရိွဘူး။ ကိုယ့္၀ါသနာအရ လုပ္တဲ့သေဘာပါ။ တီထြင္ခ်င္တဲ့စိတ္နဲ႔ တပိုင္တနိုင္လုပ္တယ္။ ဒါေလးကိုၾကည့္ၿပီး ၾကည္ႏူးတယ္။ တြင္က်ယ္ဖို႔ဆိုရင္ လိုင္စင္ေတြလိုမယ္။ ဒါေတြကို မလုပ္နိုင္ဘူး။ အစိုးရကလည္း ခ်ေပးမလားဆိုတာ မသိဘူးေလ။ ကြ်န္ေတာ့္လို ျပင္ဆင္တာ၊ တီထြင္တာ လုပ္ၾကတဲ့သူေတြ အမ်ားႀကီးရိွမွာပါ။ သူတို႔ကို ကူညီ မယ္။ လက္ရိွ ကုန္က်စရိတ္က ၁၄ သိန္းေက်ာ္တယ္။

“အာေပးလိုသူက ၀ယ္လိုက္ၿပီ”

ကြ်န္ေတာ္လုပ္ထားတာေလးကို ျပင္ဦးလြင္က ဘုန္းႀကီးတပါးက သတင္းေထာက္တေယာက္နဲ႔ ပတ္သက္ျပီး သိသြားလို႔ ၀ယ္မယ္လို႔ ေျပာတယ္။ သူကလည္း ၀ါသနာနဲ႔လုပ္တဲ့သူကို အားေပးခ်င္လို႔တဲ့။ ၁၇ သိန္းနဲ႔ ေရာင္းေပးလိုက္ျပီ။ ငါးသိန္းစရန္ေငြ လဲႊလိုက္တယ္။ လက္ရိွက အင္ဂ်င္အေဟာင္းဆိုေတာ့ အသစ္တပ္ေပးမယ္။ ဒီအတိုင္းက သိပ္စိတ္တိုင္းမက်ေသးလို႔ အားလံုးကို စိတ္တိုင္းက်ထပ္လုပ္ေပးဦးမွာပါ။ ေငြေၾကးအျမတ္ က အဓိကမဟုတ္ဘဲ ကိုယ့္စိတ္ကူးေလးနဲ႔ လုပ္ခ်င္ တာလုပ္ရတာနဲ႔ စိုက္ထုတ္တဲ့ ေငြျပန္ရတာပဲရိွတယ္။၀ယ္တဲ့ ဆရာေတာ္က တီထြင္ထုတ္လုပ္တာကို အားေပးတာပါ။ ဆက္လုပ္မယ္ဆိုရင္လည္း ေငြေၾကး ကူညီမယ္လို႔ ေျပာတယ္။

“အသက္ရွည္ က်န္းမာေရး”

မနၱေလး ၇၈ လမ္း၊ ၃၅ နဲ႔ ၃၆ ၾကားမွာ အိမ္ငွားၿပီး ၀ပ္ေရွာ့ဖြင့္ခဲ့ရာက ႀကိဳးစားရင္းနဲ႔ ဒီေနရာကို အဲဒီတုန္းက ေငြ ၃၅၀၀၀ က်ပ္နဲ႔ ၀ယ္လိုက္တာပါ။သားသမီးေတြနဲ႔အတူ ေနထိုင္ၿပီး တကၠသိုလ္ ေက်ာင္းကားေလးေမာင္းရင္း အားတဲ့အခိ်န္မွာ ကိုယ္လုပ္ခ်င္တာလုပ္ေနရရင္ သက္တမ္းေစ့က်န္းမာမယ္။ အသက္ႀကီးလာၿပီေလ။ ကိုယ္လုပ္ခ်င္တာေလး ကို သြားလိုက္/လာလိုက္လုပ္ေနရလို႔ က်န္းမာေရး အတြက္လည္း ေကာင္းတယ္။ စိတ္ထဲက ျဖစ္ခ်င္တာေလးအားတဲ့အခိ်န္မွာ လုပ္ေနတာပဲ။ ဒီအတိုင္း ငုတ္ တုတ္ထိုင္ၿပီး တခုခုမလုပ္ရရင္ အိပ္ရာထဲလဲသြားမွာေပါ့ဗ်ာ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: ခိုင္ဆက္ေ၀

#Unicode Version#

 မန္တလေးမြို့မှ အသက် ၇၀ ဝန်းကျင် ရှိသော ဝပ်ရှော့ဆရာတဦးသည် စက်ပိုင်းဆိုင်ရာ အသစ်အဆန်းတခုခုကို လုပ်နေလေ့ရှိသည်။ သူ၏ စိတ်ကူးလေးတခုဖြင့် ဆန်းသစ်ထုတ်လုပ်လိုက်သည့် ဆိုင်ကယ်အင်ဂျင် တပ်ဆင်မောင်းနှင်ရသော ကားငယ်လေးသည် အလွန်ပင်စိတ်ဝင်စားဖွယ်ကောင်းလေသည်။ အရှည် ၅ ပေခန့်နှင့် အကျယ် ၃ ပေခွဲခန့်ရှိ အဆိုပါကားလေးသည် ဆိုင်ကယ်အင်ဂျင် 125 CC ဖြင့် လူလေးဦး လိုက်ပါစီးနင်းနိုင်သည့် ကားငယ်လေး ဖြစ်သည်။ ကားတစင်းကဲ့သို့ Hand Geer နှင့် Start ဆွဲ၍ စက်နှိုးမောင်းနှင်သွားလာနိုင်၏။ မန္တလေးမြို့ ကတ္တရာလမ်းများပေါ်တွင် စမ်းသပ်မောင်းနှင်စဉ် စိတ်ဝင်စားအားပေးသူတဦးက ကားလေးကို ဝယ်ယူသွားပြီဖြစ်သည်။

လက်ရှိတွင် မန္တလေး ရတနာပုံတက္ကသိုလ် ကျောင်းကြို/ပို့ကားမောင်းနေပြီး အားလပ်ချိန်တွင် စိတ်ကူးပေါက်ရာ ဆန်းသစ်တီထွင်မှုများလုပ်နေလေ့ရှိသူ ဆိုင်ကယ်ကားကို တီထွင်ထုတ်လုပ်သူ ဦးတင်ဝင်းနှင့် News Watch မှ တွေ့ဆုံမေးမြန်းခဲ့သည်။

“လမ်းသွားရင်းစိတ်ကူးပေါ်”

တနေ့မှာ ကမ်းနားလမ်းအတိုင်း မြစ်ဆိပ်ဘက်ရောက်သွားတော့ ဆိုင်ကယ်ဝပ်ရှော့တခုမှာ တရုတ် နိုင်ငံထုတ် လူစီးသုံးဘီးအဟောင်းတစီးထိုးထားတာ တွေ့လိုက်တယ်။ ဘော်ဒီနဲ့ ဖရိန်တစစီပေါ့။ အဲဒီမှာ စိတ်ကူးပေါ်လာတာက ဒါလေးနဲ့ ကားသေးသေးလေး လုပ်ရင်ကောင်းမယ်ပေါ့။ အဲဒါကို ၅ သိန်းနဲ့ ဝယ် လိုက်တယ်။ ကိုယ်က တီထွင်တာ ဝါသနာပါပြီး ဝပ်ရှော့ဆရာဆိုတော့ မနေနိုင်မထိုင်နိုင် စလုပ်တော့တာပဲ။ ကျောင်း ကားမောင်းနေရင်း အားတဲ့အချိန်မှာ လုပ်တယ်။ ပြီးခဲ့တဲ့ သုံးလလောက်က စလုပ်တာ။ တက္ကသိုလ်ကျောင်း ကလည်း ပိတ်ထားတော့ ကိုယ်လုပ်ချင်တာ အချိန် ပြည့်ရနေတယ်။ ကိုယ်တယောက်တည်းလုပ်လို့တော့ မရဘူး။ ပန်းပဲဆရာနဲ့ညှိပြီး ကိုယ်ဖြစ်ချင်တာ လုပ်ခိုင်းရတယ်။

“ပန်းထိမ်ဆရာမှ ဝပ်ရှော့ဆရာသို့”

ငယ်စဉ်က နန်းတော်ရှေ့အောင်တော်မူ ရပ်ကွက်မှာ နေတယ်။ ပန်းထိမ်လုပ်တယ်။ နောက်တော့ ၁၉၆၂ လောက်မှာ အစိုးရအပြောင်းအလဲမှာ ပန်းထိမ် မလုပ်တော့ဘဲ ကားဝပ်ရှော့ကို ခုနစ်နှစ်လောက်သင်ပြီး ကိုယ်ပိုင် ဝပ်ရှော့ထောင်တယ်။ ကားကြီးတွေအများဆုံး ပြင်ပေးတာပေါ့။ ဝပ်ရှော့လုပ်ရင်း ၁၉၉၂-လောက်မှာ မြို့ထဲက အလုပ်ရုံတွေကို စက်မှုကွက်သစ်ဖော်တယ်။ မြို့ထဲက အလုပ်ရုံတွေ မြို့ပြင်ပြောင်းရမယ်ဆိုတော့ ဝပ်ရှော့ ဆက်မလုပ်တော့ဘူး။ ချပေးတဲ့ မြေကွက်လည်း မဝယ်ခဲ့ဘူး။ မြေကွက်ယူပြီး အလုပ်မလုပ်ရင် နောင်တချိန်မှာ ဘာများဖြစ်မလဲဆိုပြီး မယူတာ။ ဟိုမှာလည်း နေရာ မကျဖြစ်နဲ့ မိသားစုနဲ့လည်း ခွဲနေရမှာဆိုတော့ ဝပ်ရှော့ မလုပ်တော့ဘဲ ဒီနေရာမှာ ဆိုင်ကယ်ဝပ်ရှော့ဖွင့်လိုက်တယ်။

“ကားတည်ဆောက်မှု ပုံစံ”

ကားရှေ့ပိုင်း တည်ဆောက်ပုံက အရင်တုန်းက လာတဲ့ ဂေါက်ကွင်းကား System ကြည့်တယ်။ မော် ဒယ်အောက်ပြီးခတ်တော့ မမီဘူး။ အဲဒီပုံစံကို ဓာတ်ပုံရိုက်တယ်။ ကားပန်းပဲမှာ လုပ်ခိုင်းတယ်။ သူနဲ့လိုက်မယ့် စီယာတိုင်ကို အဟောင်းတန်းက ရှာဝယ်ပြီး ကိုယ်စိတ်ကူးလေး ပေါင်းစပ်တယ်။ ဖရိန်ကသုံးဘီးဆိုတော့ လေးဘီးနဲ့ကိုက်အောင် ဘယ်လိုလုပ်မလဲ စဉ်းစားတယ်။ စီယာတိုင်ပြင်ရတယ်။ ဂေါ့ဖ်ကွင်းသုံးဘက်ထရီကားတွေရဲ့ တည်ဆောက်ပုံကို လေ့လာပြီး သူတို့ ပုံစံအတိုင်းတော့ မရဘူး။ ကိုယ်လုပ် မယ့်ပုံရဲ့ အကွာအဝေးတွေချိန်ပြီး ပန်းပဲဆရာနဲ့ တိုင်ပင်ပြီး လုပ်ရတယ်။ စမ်းသပ်မောင်းလို့ရတဲ့အဆင့်ထိ အချိန် ၃ လနီးပါး ကြာတယ်။

“ဆိုင်ကယ်အင်ဂျင်တပ်ဆင်ခြင်း”

ဆိုင်ကယ်အင်ဂျင်တပ်ရတာက ဆီစားသက်သာတယ်။ စရိတ်ကျဉ်းတယ်။ ကိုယ်လုပ်တဲ့ကားက ကား ပေါက်စဆိုတော့ သူဟာနဲ့သူလိုက်ဖက်ညီသလိုရှိတဲ့ အတွက် ဆိုင်ကယ်အင်ဂျင် ၁၂၅ နဲ့ တပ်ဆင်တယ်။ ခုချိန်ထိ ဘရိတ်ပိုင်းမှာ အားမရသေးဘူး။ တောင်တက်တောင်ဆင်း ရ/မရဆိုတာ မစမ်းရသေးဘူး။ ၁၂၅ အင်ဂျင်နဲ့ဆိုရင် တက်လို့ရမယ်လို့ ထင်တယ်။ မိုင် ၂၀-၂၅ လောက်ထိရတယ်ဆိုတော့ ဆိုင်ကယ်ရဲ့ တဝက်လောက် မောင်းလို့ရတယ်။ဖရိန်/ အင်ဂျင်/ ဘောဒီပိုင်း အလေးချိန်များနေတော့ အမြန်နှုန်းက ထင်သလောက် မဟုတ်သေးဘူး။

“ပြုပြင်ရသည့် အစိတ်အပိုင်းများ”

ရှေ့ဘီးနောက်ဘီးက သုံးဘီးဆိုင်ကယ်က တာယာနဲ့ ခွေကိုသုံးတယ်။ အဲဒီမှာလည်း ကိုယ့်စိတ်ကူးနဲ့ ပြင်ရတယ်။ စုပေါင်းစပ်ပေါင်းနဲ့ ကားတစီးဖြစ် အောင်လုပ်တဲ့အခါ သူနဲ့အလိုက်သင့်ဖြစ်ရမယ်။ ကုန်ကျ စရိတ်လည်း သက်သာရမယ်လေ။ အားလုံးပြီးလို့ ဆေးသုတ်မယ်ဆိုတော့ ကျွန်တော်က ပန်းဆီရောင်သုတ် ခိုင်းတယ်။ဆေးသုတ် ဆရာက ဒီအရောင်မကောင်းဘူးလို့ပြောတော့ ကားက အသေးလေးဆိုတော့ ကလေးကစားစရာလို ဆေး အရောင်ရွေးပြီး သုတ်ခိုင်းတာပါ။ အချောထည်သုတ် ပြီးတော့မှ ဆေးဆရာက ဆရာကြီးပြောတဲ့ အရောင်နဲ့ လိုက်တယ်ဆိုပြီး သဘောကျသွားတာ။ သူတို့က တကယ့်ကားတွေလိုအရောင်နဲ့ ပြောကြတာပေါ့။ ကားလေးနဲ့ မြို့ထဲပတ်မောင်းတော့ သွားတဲ့နေရာတိုင်းက ဟိုကမေး/ ဒီကမေးနဲ့ စိတ်ဝင်စားကြတယ်။ သူတို့အတွက် အမြင်ဆန်းပြီး ချစ်စရာဖြစ်နေ တာလေ။ ကျွန်တော်က မေးလာတဲ့သူတိုင်းကို ပြုံးပြုံးလေးနဲ့ ဖြေလိုက်တယ်။ ဝါသနာအရ ကိုယ်တိုင်လုပ်ထားတာပါလို့။ ခုလည်း နောက်ထပ်အသေးလေးတွေ ဆက်လုပ်နေတယ်။

“တွင်ကျယ်အောင် မလုပ်နိုင်”

အများကြီးထုတ်ဖို့ဆိုတဲ့အထိ ကျယ်ပြန့်အောင် လုပ်တာမဟုတ်ဘူး။ အသက်အရွယ်နဲ့ အဲလောက် ဦးနှောက်ခြောက်မခံနိုင်ဘူး။ တယောက်တည်းဆို တော့ လုပ်အားလည်း မရှိဘူး။ ကိုယ့်ဝါသနာအရ လုပ်တဲ့သဘောပါ။ တီထွင်ချင်တဲ့စိတ်နဲ့ တပိုင်တနိုင်လုပ်တယ်။ ဒါလေးကိုကြည့်ပြီး ကြည်နူးတယ်။ တွင်ကျယ်ဖို့ဆိုရင် လိုင်စင်တွေလိုမယ်။ ဒါတွေကို မလုပ်နိုင်ဘူး။ အစိုးရကလည်း ချပေးမလားဆိုတာ မသိဘူးလေ။ ကျွန်တော့်လို ပြင်ဆင်တာ၊ တီထွင်တာ လုပ်ကြတဲ့သူတွေ အများကြီးရှိမှာပါ။ သူတို့ကို ကူညီ မယ်။ လက်ရှိ ကုန်ကျစရိတ်က ၁၄ သိန်းကျော်တယ်။

“အာပေးလိုသူက ဝယ်လိုက်ပြီ”

ကျွန်တော်လုပ်ထားတာလေးကို ပြင်ဦးလွင်က ဘုန်းကြီးတပါးက သတင်းထောက်တယောက်နဲ့ ပတ်သက်ပြီး သိသွားလို့ ဝယ်မယ်လို့ ပြောတယ်။ သူကလည်း ဝါသနာနဲ့လုပ်တဲ့သူကို အားပေးချင်လို့တဲ့။ ၁၇ သိန်းနဲ့ ရောင်းပေးလိုက်ပြီ။ ငါးသိန်းစရန်ငွေ လွဲှလိုက်တယ်။ လက်ရှိက အင်ဂျင်အဟောင်းဆိုတော့ အသစ်တပ်ပေးမယ်။ ဒီအတိုင်းက သိပ်စိတ်တိုင်းမကျသေးလို့ အားလုံးကို စိတ်တိုင်းကျထပ်လုပ်ပေးဦးမှာပါ။ ငွေကြေးအမြတ် က အဓိကမဟုတ်ဘဲ ကိုယ့်စိတ်ကူးလေးနဲ့ လုပ်ချင် တာလုပ်ရတာနဲ့ စိုက်ထုတ်တဲ့ ငွေပြန်ရတာပဲရှိတယ်။ဝယ်တဲ့ ဆရာတော်က တီထွင်ထုတ်လုပ်တာကို အားပေးတာပါ။ ဆက်လုပ်မယ်ဆိုရင်လည်း ငွေကြေး ကူညီမယ်လို့ ပြောတယ်။

“အသက်ရှည် ကျန်းမာရေး”

မန္တလေး ၇၈ လမ်း၊ ၃၅ နဲ့ ၃၆ ကြားမှာ အိမ်ငှားပြီး ဝပ်ရှော့ဖွင့်ခဲ့ရာက ကြိုးစားရင်းနဲ့ ဒီနေရာကို အဲဒီတုန်းက ငွေ ၃၅၀၀၀ ကျပ်နဲ့ ဝယ်လိုက်တာပါ။သားသမီးတွေနဲ့အတူ နေထိုင်ပြီး တက္ကသိုလ် ကျောင်းကားလေးမောင်းရင်း အားတဲ့အချိန်မှာ ကိုယ်လုပ်ချင်တာလုပ်နေရရင် သက်တမ်းစေ့ကျန်းမာမယ်။ အသက်ကြီးလာပြီလေ။ ကိုယ်လုပ်ချင်တာလေး ကို သွားလိုက်/လာလိုက်လုပ်နေရလို့ ကျန်းမာရေး အတွက်လည်း ကောင်းတယ်။ စိတ်ထဲက ဖြစ်ချင်တာလေးအားတဲ့အချိန်မှာ လုပ်နေတာပဲ။ ဒီအတိုင်း ငုတ် တုတ်ထိုင်ပြီး တခုခုမလုပ်ရရင် အိပ်ရာထဲလဲသွားမှာပေါ့ဗျာ။


ဖိုးသူတော် (www.phothutaw.com)
Credit: ခိုင်ဆက်ဝေ
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top