×

ခႏၶာကိုယ္သန္႕ရွင္းဖို႔အတြက္ လန္းဆန္းဖို႔အတြက္ ေန႔စဥ္နဲ႕အမ်ွ ေရခ်ိဳးၾကပါတယ္။ ေႏြရာသီမွာ ဆိုရင္ ပူအိုက္လြန္းတဲ့အတြက္ တေန႕ကို (၂) ခါ (၃) ခါ ေလာက္ ကို ခ်ိဳးယူရပါတယ္။ မိမိက သူမ်ားထက္ ေခြ်းထြက္ မ်ားသူဆိုရင္ ပိုေတာင္ဆိုးပါေသးတယ္။ ဒါေပမယ့္ ေရမခ်ိဳးဘဲ ရက္အနည္းငယ္ ၾကာလာတဲ့အခါမွာေရာ ခႏၶာကိုယ္ဟာ ဘာေတြျဖစ္ေပၚလာမလဲဆိုတာကို ေဖာ္ျပေပးလိုက္ပါတယ္။

၁။ ခႏၶာကိုယ္မွာ အနံ႕တစ္ခုထြက္လာပါမယ္

ေရမခ်ိဳးဘဲ ရက္အနည္းငယ္ၾကာေနတဲ့အခါ ခႏၶာကိုယ္မွာ ပုပ္ေဟာင္တဲ့အနံ႕လိုလို ထြက္လာပါမယ္။ ျပီးေတာ့ ခႏၶာကိုယ္မွာရွိတဲ့ အဆီေတြနဲ႕ ေခြ်းေတြေရာေႏွာျပီး ဘက္တီးရီးယားေတြကို ေပါက္ပြားေစပါတယ္။ ဘက္တီးရီးယားေတြက မ်ားျပားလာျပီး မေကာင္းတဲ့အနံ႕အသက္ေတြကို ျဖစ္ေစပါတယ္။

၂။ အဆီေတြျပန္ျပီး ညစ္ပတ္လာပါလိမ့္မယ္

အနံ႕အသက္မေကာင္းယံုတင္မဟုတ္ဘဲ အဆီျပန္ျပီး ညစ္ပတ္ေနပါလိမ့္မယ္။ ခႏၶာကိုယ္ဟာ သဘာဝအေလ်ာက္ အစိုဓါတ္ကို ထုတ္ေပးပါတယ္။ ေရမခ်ိဳးတာေၾကာင့္ အဆီအျဖစ္ေျပာင္းလဲသြားျပီး ဆဲလ္ေသေတြနဲ႕ ေရာေႏွာကာ ဂ်ီးေတြထူေနပါလိမ့္မယ္။

၃။ သင္ဟာ ဘက္တီးရီးယားေမြးျမဴေရး ျခံတစ္ျခံလို ျဖစ္ေနမယ္

သင့္ရဲ႕အေရျပားမွာ ေရာဂါျဖစ္ေစတဲ့ပိုးမႊားေတြ ျပည့္ႏွက္ေနျပီး သူတို႔ဟာလဲ ေန႕စဥ္နဲ႕အမ်ွ ေပါက္ဖြားေနၾကပါတယ္။ အခ်ိဳ႕ပိုးမႊားေတြက ခႏၶာကိုယ္အတြက္ အက်ိဳးျပဳသလို အခ်ိဳ႕ေတြကေတာ့ အႏၲရာယ္ျဖစ္ေစပါတယ္။ သူတို႔ဟာ အေရျပားေတြေအာက္မွာ ပုန္းလ်ွိဳးကြယ္လ်ွိဳးေနတာေၾကာင့္ သင္ဟာ သူတို႔ကိုဖယ္ရွားဖို႔ ေရခ်ိဳးသင့္ပါတယ္။ သူတို႔ေတြဟာ သင့္ရဲ႕ ႏွာေခါင္း မ်က္လံုး ပါးစပ္ေတြထဲကို ဝင္ႏိုင္ျပီး ေရာဂါျဖစ္ပြားေစပါလိမ့္မယ္။
၄။ အေရျပားေရာဂါေတြ ျဖစ္လာႏိုင္တယ္

ေနာက္ျပီး သင့္ခႏၶာကိုယ္ဟာ ဘက္တီးရီးယားေတြ မိႈေတြရဲ႕ က်က္စားရာေနရာတစ္ခု ျဖစ္လာပါလိမ့္မယ္။ ဝက္ျခံလိုလို အနာလိုလို အဖုအပိန္႔မ်ားစြာလဲ ထြက္ေပၚလာပါလိမ့္မယ္။ ဒါကို အျပတ္မေခ်မႈန္းႏိူင္ဘူးဆိုရင္ ဘက္တီးရီးယားေတြ ပိုမိုေပါက္ဖြားလာႏိုင္ကာ အေရျပားေရာဂါေတြလဲ ျဖစ္လာပါလိမ့္မယ္။

၅။ အေရျပား ေရာင္ရမ္းနီးျမန္းကာ ယားယံျခင္းေတြ ျဖစ္ေပၚလာမယ္

ခႏၶာကိုယ္ကို မေဆးေၾကာဘဲ ရက္အခ်ိန္ေတာ္ေတာ္ၾကာ ေနျပီးသကာလမွာ အေရျပားညိဳမဲလာျပီး ၾကြက္ႏို႔လိုဟာမ်ိဳးေတြ ထြက္လာမယ္။ ဖုန္ေတြ ဆဲလ္ေသေတြ အညစ္အေၾကးေတြနဲ႕ ေပါင္းစပ္ျပီး အေရျပားနီျမန္းကာ ယားယံျခင္းေတြ ျဖစ္ေပၚလာေစပါတယ္။

၆။ ေပါင္ျခံေတြ ခ်ိဳင္းေတြေရာ ဘယ္လိုျဖစ္မလဲ

Interigo လို႔ေခၚတဲ့ တေစးနဲ႕အဖုအပိန္႕နီျမန္းတာေတြ ေပါင္းစပ္လိုက္တဲ့အခါ အတြင္းပိုင္းေနရာေတြ ျဖစ္တဲ့ ေပါင္ျခံေတြ ခ်ိဳင္းေတြဟာ စပ္သလိုလို ေလာင္သလိုလို ခံစားရေစႏိုင္ပါတယ္။

၇။ ေျခေခ်ာင္းေတြၾကားမွာ မိႈေတြေပါက္ဖြားမယ္

ခုနကလိုပါပဲ ေျခေခ်ာင္းေတြလဲ သန္႕ရွင္းမႈမရွိဘူးဆိုရင္ ေျခဆီေတြနဲ႕ ဆဲလ္ေသေတြ ေရာေႏွာကာ မေကာင္းတဲ့အနံ႕အသက္ကို ျဖစ္ေပၚေစကာ ယားယံျခင္းေတြ ျဖစ္ေပၚေစပါတယ္။

၈။ ေခါင္းေတြလဲ ကိုက္လာပါမယ္

အဆီေတြ ဖုန္ေတြမ်ားေနတာေၾကာင့္ သင့္ရဲ႕ဆံပင္ဟာလဲ အခဲလိုက္ျဖစ္ေနပါလိမ့္မယ္။ ေခြ်းနံ႕ေတြ ေပါင္းစုကာ ေခါင္းကိုက္ျခင္းကို ျဖစ္ေပၚေစပါလိမ့္မယ္။ ေရမခ်ိဳးတာေၾကာင့္ မလန္းမဆန္းျဖစ္ကာ ညစ္ညဴးေနပါလိမ့္မယ္။

ေရအလြန္အကြ်ံခ်ိဳးျခင္းဟာလဲ အေရျပားရဲ႕ ဆဲလ္ေတြ ပ်က္စီးေစႏိုင္ပါတယ္။ ဒါေၾကာင့္ ေရကို ပံုမွန္အေနနဲ႔ တရက္တခါမခ်ိဳးႏိုင္ရင္ေတာင္မွ (၂) ရက္တစ္ခါေတာ့ ခ်ိဳးေပးသင့္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Cool (MyanmarNote)
# Unicode Version ျဖင့္ ဖတ္ပါ #
ခန္ဓာကိုယ်သန့်ရှင်းဖို့အတွက် လန်းဆန်းဖို့အတွက် နေ့စဉ်နဲ့အမျှ ရေချိုးကြပါတယ်။ နွေရာသီမှာ ဆိုရင် ပူအိုက်လွန်းတဲ့အတွက် တနေ့ကို (၂) ခါ (၃) ခါ လောက် ကို ချိုးယူရပါတယ်။ မိမိက သူများထက် ချွေးထွက် များသူဆိုရင် ပိုတောင်ဆိုးပါသေးတယ်။ ဒါပေမယ့် ရေမချိုးဘဲ ရက်အနည်းငယ် ကြာလာတဲ့အခါမှာရော ခန္ဓာကိုယ်ဟာ ဘာတွေဖြစ်ပေါ်လာမလဲဆိုတာကို ဖော်ပြပေးလိုက်ပါတယ်။

၁။ ခန္ဓာကိုယ်မှာ အနံ့တစ်ခုထွက်လာပါမယ်

ရေမချိုးဘဲ ရက်အနည်းငယ်ကြာနေတဲ့အခါ ခန္ဓာကိုယ်မှာ ပုပ်ဟောင်တဲ့အနံ့လိုလို ထွက်လာပါမယ်။ ပြီးတော့ ခန္ဓာကိုယ်မှာရှိတဲ့ အဆီတွေနဲ့ ချွေးတွေရောနှောပြီး ဘက်တီးရီးယားတွေကို ပေါက်ပွားစေပါတယ်။ ဘက်တီးရီးယားတွေက များပြားလာပြီး မကောင်းတဲ့အနံ့အသက်တွေကို ဖြစ်စေပါတယ်။

၂။ အဆီတွေပြန်ပြီး ညစ်ပတ်လာပါလိမ့်မယ်

အနံ့အသက်မကောင်းယုံတင်မဟုတ်ဘဲ အဆီပြန်ပြီး ညစ်ပတ်နေပါလိမ့်မယ်။ ခန္ဓာကိုယ်ဟာ သဘာဝအလျောက် အစိုဓါတ်ကို ထုတ်ပေးပါတယ်။ ရေမချိုးတာကြောင့် အဆီအဖြစ်ပြောင်းလဲသွားပြီး ဆဲလ်သေတွေနဲ့ ရောနှောကာ ဂျီးတွေထူနေပါလိမ့်မယ်။

၃။ သင်ဟာ ဘက်တီးရီးယားမွေးမြူရေး ခြံတစ်ခြံလို ဖြစ်နေမယ်

သင့်ရဲ့အရေပြားမှာ ရောဂါဖြစ်စေတဲ့ပိုးမွှားတွေ ပြည့်နှက်နေပြီး သူတို့ဟာလဲ နေ့စဉ်နဲ့အမျှ ပေါက်ဖွားနေကြပါတယ်။ အချို့ပိုးမွှားတွေက ခန္ဓာကိုယ်အတွက် အကျိုးပြုသလို အချို့တွေကတော့ အန္တရာယ်ဖြစ်စေပါတယ်။ သူတို့ဟာ အရေပြားတွေအောက်မှာ ပုန်းလျှိုးကွယ်လျှိုးနေတာကြောင့် သင်ဟာ သူတို့ကိုဖယ်ရှားဖို့ ရေချိုးသင့်ပါတယ်။ သူတို့တွေဟာ သင့်ရဲ့ နှာခေါင်း မျက်လုံး ပါးစပ်တွေထဲကို ဝင်နိုင်ပြီး ရောဂါဖြစ်ပွားစေပါလိမ့်မယ်။
၄။ အရေပြားရောဂါတွေ ဖြစ်လာနိုင်တယ်

နောက်ပြီး သင့်ခန္ဓာကိုယ်ဟာ ဘက်တီးရီးယားတွေ မှိုတွေရဲ့ ကျက်စားရာနေရာတစ်ခု ဖြစ်လာပါလိမ့်မယ်။ ဝက်ခြံလိုလို အနာလိုလို အဖုအပိန့်များစွာလဲ ထွက်ပေါ်လာပါလိမ့်မယ်။ ဒါကို အပြတ်မချေမှုန်းနိူင်ဘူးဆိုရင် ဘက်တီးရီးယားတွေ ပိုမိုပေါက်ဖွားလာနိုင်ကာ အရေပြားရောဂါတွေလဲ ဖြစ်လာပါလိမ့်မယ်။

၅။ အရေပြား ရောင်ရမ်းနီးမြန်းကာ ယားယံခြင်းတွေ ဖြစ်ပေါ်လာမယ်

ခန္ဓာကိုယ်ကို မဆေးကြောဘဲ ရက်အချိန်တော်တော်ကြာ နေပြီးသကာလမှာ အရေပြားညိုမဲလာပြီး ကြွက်နို့လိုဟာမျိုးတွေ ထွက်လာမယ်။ ဖုန်တွေ ဆဲလ်သေတွေ အညစ်အကြေးတွေနဲ့ ပေါင်းစပ်ပြီး အရေပြားနီမြန်းကာ ယားယံခြင်းတွေ ဖြစ်ပေါ်လာစေပါတယ်။

၆။ ပေါင်ခြံတွေ ချိုင်းတွေရော ဘယ်လိုဖြစ်မလဲ

Interigo လို့ခေါ်တဲ့ တစေးနဲ့အဖုအပိန့်နီမြန်းတာတွေ ပေါင်းစပ်လိုက်တဲ့အခါ အတွင်းပိုင်းနေရာတွေ ဖြစ်တဲ့ ပေါင်ခြံတွေ ချိုင်းတွေဟာ စပ်သလိုလို လောင်သလိုလို ခံစားရစေနိုင်ပါတယ်။

၇။ ခြေချောင်းတွေကြားမှာ မှိုတွေပေါက်ဖွားမယ်

ခုနကလိုပါပဲ ခြေချောင်းတွေလဲ သန့်ရှင်းမှုမရှိဘူးဆိုရင် ခြေဆီတွေနဲ့ ဆဲလ်သေတွေ ရောနှောကာ မကောင်းတဲ့အနံ့အသက်ကို ဖြစ်ပေါ်စေကာ ယားယံခြင်းတွေ ဖြစ်ပေါ်စေပါတယ်။

၈။ ခေါင်းတွေလဲ ကိုက်လာပါမယ်

အဆီတွေ ဖုန်တွေများနေတာကြောင့် သင့်ရဲ့ဆံပင်ဟာလဲ အခဲလိုက်ဖြစ်နေပါလိမ့်မယ်။ ချွေးနံ့တွေ ပေါင်းစုကာ ခေါင်းကိုက်ခြင်းကို ဖြစ်ပေါ်စေပါလိမ့်မယ်။ ရေမချိုးတာကြောင့် မလန်းမဆန်းဖြစ်ကာ ညစ်ညူးနေပါလိမ့်မယ်။

ရေအလွန်အကျွံချိုးခြင်းဟာလဲ အရေပြားရဲ့ ဆဲလ်တွေ ပျက်စီးစေနိုင်ပါတယ်။ ဒါကြောင့် ရေကို ပုံမှန်အနေနဲ့ တရက်တခါမချိုးနိုင်ရင်တောင်မှ (၂) ရက်တစ်ခါတော့ ချိုးပေးသင့်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: Cool (MyanmarNote)
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top