×

ဦးပ၀ရအား လူ၀တ္လဲၿပီး ေတြ႕ရစဥ္ (ဓာတ္ပံု − U Zin Thiha ေဖ့စ္ဘြတ္ခ္)

ပေစၥကဗုဒၶါဟု မိမိကိုယ္ ကိုယ္ေျပာၾကားသည့္ ရဟန္းတစ္ ပါးကို ႏိုင္ငံေတာ္သံဃမဟာနာ ယကအဖြဲ႕ တာ၀န္ေပးခ်က္အရ သက္ဆိုင္ရာ သံဃာေတာ္မ်ားက စစ္ေဆးေမးျမန္းၿပီး ေမလ ၈ ရက္တြင္ လူ၀တ္လဲေစေၾကာင္း ပဲခူးတိုင္းအေနာက္ျခမ္းသံဃနာ ယကအဖြဲ႕ အက်ဳိးေတာ္ေဆာင္ ျပည္ၿမိဳ႕ ေဇာတိကာ႐ုံပါဠိတကၠ သိုလ္ေက်ာင္းတိုက္ တိုက္ၾကပ္ဆရာေတာ္ ဘဒၵႏၲၾသဘာသက မိန္႔ၾကားသည္။

ပေစၥကဗုဒၶါဟုဆိုသူ ပဲခူး တိုင္းေဒသႀကီး လက္ပံတန္းၿမိဳ႕ နယ္ မရမ္းစိန္ေတာင္ေက်ာင္း ဆရာေတာ္ ဦးပ၀ရသည္ မိမိကိုယ္တိုင္ေသာ္လည္းေကာင္း၊ ဒါယ ကာ၊ ဒါယိကာမမ်ားကိုလည္း ေကာင္း ပေစၥကဗုဒၶါဟု မဟုတ္ မမွန္၀န္ခံေဟာေျပာေနျခင္းမ်ား ေၾကာင့္ ယင္းသို႔ စစ္ေဆးေမးျမန္း ျခင္း ျဖစ္သည္။

ထိုသို႔ စစ္ေဆးေမးျမန္းရာ အဓမၼ၀ါဒီတစ္ဦးျဖစ္ေနၿပီး စတုတၳပါရာဇိကအာပတ္ႏွင့္ ၿငိစြန္းေန သျဖင့္ သာသနာသန္႔စင္ျခင္းအ က်ဳိးငွာ လူ၀တ္ေၾကာင္အျဖစ္ ေျပာင္းလဲခဲ့ေၾကာင္း ဘဒၵႏၲၾသဘာသက မိန္႔ၾကားသည္။

‘‘ရဟန္း၊ သံဃာမျဖစ္ထိုက္ ေတာ့တဲ့ ပါရာဇိက ေလးခုရွိတယ္။စတုတၳပါရာဇိကမွာ မဂ္ဉာဏ္၊ ဖိုလ္ဉာဏ္ စ်ာန္ေတြမရဘဲ၊ ပညာ ပါဒဉာဏ္ေတြမရဘဲ လိမ္ညာမ ေျပာ၊ မေဟာရဆိုတာပါတယ္။ သူက  ပညာပါဒဉာဏ္ရတဲ့ ပေစၥ ကဗုဒၶလို႔ ခံယူေနတာ ပေစၥက ဗုဒၶဆိုတာ ေလးသေခ်ၤနဲ႔ ကမၻာ တစ္သိန္းေလာက္ ပါရမီနဲ႔ က်င့္ ႀကံရတာ၊ အခုသူက အသက္ႀကီး မွ သကၤန္း၀တ္တဲ့ ေတာထြက္ပါ၊ သံဃာမရွိ၊ ဓမၼမရွိစတဲ့ ခံယူခ်က္ နဲ႔ အဓမၼ၀ါဒီျဖစ္ေနတယ္။ ပေစၥ ကဗုဒၶါဆိုတာ ဘုရားပြင့္ခ်ိန္၊ သာသနာရွိခ်ိန္မွာမပြင့္ဘူး။ အခုက ျမတ္ဗုဒၶသာသနာရွိေနေသးတယ္’’ဟု အထက္ပါဆရာေတာ္က မိန္႔ ၾကားသည္။

ထို႔အျပင္ ဗုဒၶ၊ ဓမၼ၊ သံဃာတည္းဟူေသာ ရတနာသံုးပါးကို ပစ္ပယ္ျခင္း၊ သာသနာေရးဗဟုသုတနည္းပါး သူတို႔ကို ရတနာသံုးပါးပစ္ပယ္ရန္ေဟာေျပာ၊ ေရးသားျဖန္႔ေ၀ျခင္း၊ ေထရ္ႀကီး၀ါႀကီးသံဃမဟာနာယကဆရာေတာ္မ်ားကို ရင့္သီးစြာသံုးႏႈန္းဆဲေရးတိုင္းထြာျခင္း၊ စံုစမ္းစစ္ေဆးမႈကို ပမာမခန္႔ျပဳျခင္း၊ သာသနာတစ္ခုလံုးပစ္ပယ္ကာ ပေစၥကဗုဒၶါဟု ၀န္ခံထားရာ စတုတၳပါရာဇိကႏွင့္ ၿငိ စြန္းေနျခင္း၊ ရဟန္းသံဃာေတာ္ မ်ား၏ ကံႀကီး၊ ကံငယ္အသြယ္ သြယ္ႏွင့္ ပ႒ာန္းပြဲစသည့္ ကုသိုလ္ေရးရာတို႔အေပၚ ျပက္ရယ္ျပဳကာ ဒါယကာ၊ ဒါယိကာမမ်ားကို ပဋိပကၡျဖစ္ပြားေစျခင္းမ်ား ျပဳမူေနသည္မွာ ထင္ရွားသျဖင့္ လူ၀တ္လဲေစခဲ့သည္။

ထိုသို႔ လူ၀တ္လဲၿပီးေနာက္ အဆိုပါပုဂၢိဳလ္ကို သာသနာၿငိဳး ႏြမ္းေစမႈ ရာဇသတ္ႀကီးပုဒ္မ ၂၉၅အရ အေရးယူေဆာင္ရြက္မည္ဟု သိရေၾကာင္း ဆရာေတာ္ ဦးၾသ ဘာသက မိန္႔ၾကားသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7Day

#Unicode Version#
ဦးပဝရအား လူဝတ်လဲပြီး တွေ့ရစဉ် (ဓာတ်ပုံ − U Zin Thiha ဖေ့စ်ဘွတ်ခ်)

ပစ္စေကဗုဒ္ဓါဟု မိမိကိုယ် ကိုယ်ပြောကြားသည့် ရဟန်းတစ် ပါးကို နိုင်ငံတော်သံဃမဟာနာ ယကအဖွဲ့ တာဝန်ပေးချက်အရ သက်ဆိုင်ရာ သံဃာတော်များက စစ်ဆေးမေးမြန်းပြီး မေလ ၈ ရက်တွင် လူဝတ်လဲစေကြောင်း ပဲခူးတိုင်းအနောက်ခြမ်းသံဃနာ ယကအဖွဲ့ အကျိုးတော်ဆောင် ပြည်မြို့ ဇောတိကာရုံပါဠိတက္က သိုလ်ကျောင်းတိုက် တိုက်ကြပ်ဆရာတော် ဘဒ္ဒန္တသြဘာသက မိန့်ကြားသည်။

ပစ္စေကဗုဒ္ဓါဟုဆိုသူ ပဲခူး တိုင်းဒေသကြီး လက်ပံတန်းမြို့ နယ် မရမ်းစိန်တောင်ကျောင်း ဆရာတော် ဦးပဝရသည် မိမိကိုယ်တိုင်သော်လည်းကောင်း၊ ဒါယ ကာ၊ ဒါယိကာမများကိုလည်း ကောင်း ပစ္စေကဗုဒ္ဓါဟု မဟုတ် မမှန်ဝန်ခံဟောပြောနေခြင်းများ ကြောင့် ယင်းသို့ စစ်ဆေးမေးမြန်း ခြင်း ဖြစ်သည်။

ထိုသို့ စစ်ဆေးမေးမြန်းရာ အဓမ္မဝါဒီတစ်ဦးဖြစ်နေပြီး စတုတ္ထပါရာဇိကအာပတ်နှင့် ငြိစွန်းနေ သဖြင့် သာသနာသန့်စင်ခြင်းအ ကျိုးငှာ လူဝတ်ကြောင်အဖြစ် ပြောင်းလဲခဲ့ကြောင်း ဘဒ္ဒန္တသြဘာသက မိန့်ကြားသည်။

‘‘ရဟန်း၊ သံဃာမဖြစ်ထိုက် တော့တဲ့ ပါရာဇိက လေးခုရှိတယ်။စတုတ္ထပါရာဇိကမှာ မဂ်ဉာဏ်၊ ဖိုလ်ဉာဏ် ဈာန်တွေမရဘဲ၊ ပညာ ပါဒဉာဏ်တွေမရဘဲ လိမ်ညာမ ပြော၊ မဟောရဆိုတာပါတယ်။ သူက  ပညာပါဒဉာဏ်ရတဲ့ ပစ္စေ ကဗုဒ္ဓလို့ ခံယူနေတာ ပစ္စေက ဗုဒ္ဓဆိုတာ လေးသင်္ချေနဲ့ ကမ္ဘာ တစ်သိန်းလောက် ပါရမီနဲ့ ကျင့် ကြံရတာ၊ အခုသူက အသက်ကြီး မှ သင်္ကန်းဝတ်တဲ့ တောထွက်ပါ၊ သံဃာမရှိ၊ ဓမ္မမရှိစတဲ့ ခံယူချက် နဲ့ အဓမ္မဝါဒီဖြစ်နေတယ်။ ပစ္စေ ကဗုဒ္ဓါဆိုတာ ဘုရားပွင့်ချိန်၊ သာသနာရှိချိန်မှာမပွင့်ဘူး။ အခုက မြတ်ဗုဒ္ဓသာသနာရှိနေသေးတယ်’’ဟု အထက်ပါဆရာတော်က မိန့် ကြားသည်။

ထို့အပြင် ဗုဒ္ဓ၊ ဓမ္မ၊ သံဃာတည်းဟူသော ရတနာသုံးပါးကို ပစ်ပယ်ခြင်း၊ သာသနာရေးဗဟုသုတနည်းပါး သူတို့ကို ရတနာသုံးပါးပစ်ပယ်ရန်ဟောပြော၊ ရေးသားဖြန့်ဝေခြင်း၊ ထေရ်ကြီးဝါကြီးသံဃမဟာနာယကဆရာတော်များကို ရင့်သီးစွာသုံးနှုန်းဆဲရေးတိုင်းထွာခြင်း၊ စုံစမ်းစစ်ဆေးမှုကို ပမာမခန့်ပြုခြင်း၊ သာသနာတစ်ခုလုံးပစ်ပယ်ကာ ပစ္စေကဗုဒ္ဓါဟု ဝန်ခံထားရာ စတုတ္ထပါရာဇိကနှင့် ငြိ စွန်းနေခြင်း၊ ရဟန်းသံဃာတော် များ၏ ကံကြီး၊ ကံငယ်အသွယ် သွယ်နှင့် ပဋ္ဌာန်းပွဲစသည့် ကုသိုလ်ရေးရာတို့အပေါ် ပြက်ရယ်ပြုကာ ဒါယကာ၊ ဒါယိကာမများကို ပဋိပက္ခဖြစ်ပွားစေခြင်းများ ပြုမူနေသည်မှာ ထင်ရှားသဖြင့် လူဝတ်လဲစေခဲ့သည်။

ထိုသို့ လူဝတ်လဲပြီးနောက် အဆိုပါပုဂ္ဂိုလ်ကို သာသနာငြိုး နွမ်းစေမှု ရာဇသတ်ကြီးပုဒ်မ ၂၉၅အရ အရေးယူဆောင်ရွက်မည်ဟု သိရကြောင်း ဆရာတော် ဦးသြ ဘာသက မိန့်ကြားသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: 7Day
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top