မြန်မာတစ်နိုင်ငံလုံးမှာ Facility အများဆုံးပါတဲ့ ကမ္ဘာ့အဆင့်မီ Diamond Inya Palace ကွန်ဒို အထူးအရောင်းပြပွဲကြီး
×





Credit: DVB
# Unicode Version ဖြင့် ဖတ်ပါ #
စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့မှာ မျက်စိဝေဒနာရှင်ပေါင်း ၂၀၀ကျော်ကို  သီတဂူမျက်စိဌာနက စမ်းသပ်ခွဲစိတ်ပေးခဲ့ပါတယ်။

အဋ္ဌမအကြိမ်မြောက် ဆေးအလှူတော်နဲ့ ပဉ္စမအကြိမ် စက္ခုဒါနအလင်းအလှူမှာ သီတဂူမျက်စိဌာနက မျက်စိခွဲစိတ်အထူးကု ပါမောက္ခ ဒေါက်တာဦးမြအောင် ဦးဆောင်တဲ့ ဆရာဝန်ကြီး ၈ ဦးအပါအဝင် ဟုမ္မလင်းမြို့ မျက်စိဌာန ဆရာဝန်၊ သူနာပြုတွေ ပူးပေါင်းပါဝင်ခဲ့ပါတယ်။

မျက်စိခွဲစိတ်ကုသမှုကို မေ ၅ ရက်ကနေ ၁၂ ရက်ထိ မျက်စိဝေဒနာရှင် ၂၀၉ ဦးကို စမ်းသပ်ခွဲစိတ်ပေးခဲ့ပြီး ပြင်ပလူနာဌာနမှာ လူ ၁၀၀၀ကျော်ကို  စမ်းသပ်ပေးခဲ့ကာ နာဂတောင်တန်းဒေသ အပါအဝင်၊ ချင်းပြည်နယ်၊ ကချင်ပြည်နယ်တို့က မျက်စိဝေဒနာရှင်တွေလည်း လာရောက်ကုသခဲ့ကြပါတယ်။

ခွဲစိတ်ပြီးတဲ့ လူနာတွေကိုလည်း  မေလ ၁၄ ရက်နေ့မှာ ပြန်လည်စစ်ဆေးပေးခဲ့ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: DVB
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top