ျမန္မာတစ္ႏိုင္ငံလံုးမွာ Facility အမ်ားဆံုးပါတဲ့ ကမၻာ့အဆင့္မီ Diamond Inya Palace ကြန္ဒို အထူးအေရာင္းျပပြဲၾကီး
×

မေလးရွားႏုိင္ငံမွာ ဆယ္ေက်ာ္သက္အရြယ္ မိန္းကေလးတစ္ဦးဟာ လုယက္သူတစ္ဦးကုိ ျပန္ခုခံစဥ္ ယင္းအမ်ဳိးသားက ျပန္တုိက္ခုိက္ခဲ့တာေၾကာင့္ သူ႔ရဲ ့ပါးမွာ ဓါးတန္းလန္းစုိက္၀င္သြားခဲ့ၿပီး ေသြးသံရဲရဲနဲ ့ ထိတ္လန္ ့ဖြယ္ျမင္ကြင္းျဖစ္ခဲ့ပါတယ္။

ဓါးထုိးခံရသည့္ မိန္းကေလး

အသက္ ၁၉ ႏွစ္အရြယ္ အမည္မသိရတဲ့ ယင္းမိန္းကေလးဟာ မေလးရွားႏုိင္ငံ Bukit Tengah အရပ္က ေစ်းဆုိင္တစ္ခုမွာ လက္ေထာက္၀န္ထမ္းတစ္ဦးအျဖစ္ လုပ္ေနတာလုိ ့သိရၿပီး ည ၉ နာရီေလာက္မွာ ဆုိင္ပိတ္ၿပီး လမ္းေလွ်ာက္ျပန္လာခဲ့စဥ္ လုယက္သူနဲ ့ထိပ္တုိက္တုိးခဲ့တာျဖစ္ပါတယ္။ လုယက္သူအမ်ဳိးသားဟာ သူ႔ရဲ ့လက္ကုိင္အိတ္ကုိ လုယူခဲ့ေပမယ့္ သူက ျပန္လည္ခုခံခဲ့ပါတယ္။ ႏွစ္ေယာက္သား ရုန္းရင္းဆန္ခတ္ တုိက္ခုိက္ေနစဥ္ လုယက္သူဟာ သူ႔မ်က္ႏွာကုိ မီးဖုိေခ်ာင္သုံးဓါးနဲ ့ထုိးခဲ့ၿပီးေနာက္ သူ႔ပစၥည္းေတြကုိ ယူကာ ထြက္ေျပးသြားခဲ့တယ္လုိ ့ သိရပါတယ္။

ဒဏ္ရာေတြနဲ ့ မိန္းကေလးျဖစ္သူကုိ ေတြ ့ခဲ့ခ်ိန္အထိ သူဟာ သတိေကာင္းေကာင္းရွိေနခဲ့ၿပီး ယင္းေနရာအနီးက ေဆးရုံကုိ ပုိ႔ေဆာင္ေပးခဲ့ေၾကာင္း မေလးရွားရဲတပ္ဖြဲ ့က ေျပာခဲ့ပါတယ္။ အခင္းျဖစ္ရပ္နဲ ့ပတ္သက္ၿပီး က်ဴးလြန္ခဲ့တဲ့ အမ်ဳိးသားကုိ ဖမ္းဆီးရမိဖုိ ့အတြက္ အနီးအနားက စီစီတီဗီမွတ္တမ္းေတြကုိ ရယူေနေၾကာင္းနဲ ့ မ်က္ျမင္သက္ေတြကုိလည္း ေမးျမန္းမႈေတြလုပ္သြားမွာျဖစ္ေၾကာင္း စီဘာရန္ပီရုိင္ ခရုိင္ဗဟုိ ဒုတိယရဲမင္းႀကီးက ေျပာဆုိခဲ့ပါတယ္။

Ref: Daily Mail
ဖိုးသူေတာ္ (www.phothutaw.com)
Credit: အကုန္သိ

#Unicode Version#
မလေးရှားနိုင်ငံမှာ ဆယ်ကျော်သက်အရွယ် မိန်းကလေးတစ်ဦးဟာ လုယက်သူတစ်ဦးကို ပြန်ခုခံစဉ် ယင်းအမျိုးသားက ပြန်တိုက်ခိုက်ခဲ့တာကြောင့် သူ့ရဲ့ပါးမှာ ဓါးတန်းလန်းစိုက်ဝင်သွားခဲ့ပြီး သွေးသံရဲရဲနဲ့ ထိတ်လန့်ဖွယ်မြင်ကွင်းဖြစ်ခဲ့ပါတယ်။

ဓါးထိုးခံရသည့် မိန်းကလေး

အသက် ၁၉ နှစ်အရွယ် အမည်မသိရတဲ့ ယင်းမိန်းကလေးဟာ မလေးရှားနိုင်ငံ Bukit Tengah အရပ်က ဈေးဆိုင်တစ်ခုမှာ လက်ထောက်ဝန်ထမ်းတစ်ဦးအဖြစ် လုပ်နေတာလို့သိရပြီး ည ၉ နာရီလောက်မှာ ဆိုင်ပိတ်ပြီး လမ်းလျှောက်ပြန်လာခဲ့စဉ် လုယက်သူနဲ့ထိပ်တိုက်တိုးခဲ့တာဖြစ်ပါတယ်။ လုယက်သူအမျိုးသားဟာ သူ့ရဲ့လက်ကိုင်အိတ်ကို လုယူခဲ့ပေမယ့် သူက ပြန်လည်ခုခံခဲ့ပါတယ်။ နှစ်ယောက်သား ရုန်းရင်းဆန်ခတ် တိုက်ခိုက်နေစဉ် လုယက်သူဟာ သူ့မျက်နှာကို မီးဖိုချောင်သုံးဓါးနဲ့ထိုးခဲ့ပြီးနောက် သူ့ပစ္စည်းတွေကို ယူကာ ထွက်ပြေးသွားခဲ့တယ်လို့ သိရပါတယ်။

ဒဏ်ရာတွေနဲ့ မိန်းကလေးဖြစ်သူကို တွေ့ခဲ့ချိန်အထိ သူဟာ သတိကောင်းကောင်းရှိနေခဲ့ပြီး ယင်းနေရာအနီးက ဆေးရုံကို ပို့ဆောင်ပေးခဲ့ကြောင်း မလေးရှားရဲတပ်ဖွဲ့က ပြောခဲ့ပါတယ်။ အခင်းဖြစ်ရပ်နဲ့ပတ်သက်ပြီး ကျူးလွန်ခဲ့တဲ့ အမျိုးသားကို ဖမ်းဆီးရမိဖို့အတွက် အနီးအနားက စီစီတီဗီမှတ်တမ်းတွေကို ရယူနေကြောင်းနဲ့ မျက်မြင်သက်တွေကိုလည်း မေးမြန်းမှုတွေလုပ်သွားမှာဖြစ်ကြောင်း စီဘာရန်ပီရိုင် ခရိုင်ဗဟို ဒုတိယရဲမင်းကြီးက ပြောဆိုခဲ့ပါတယ်။


Ref: Daily Mail
ဖိုးသူတော် (www.phothutaw.com)
Credit: အကုန်သိ
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top