ျမန္မာတစ္ႏိုင္ငံလံုးမွာ Facility အမ်ားဆံုးပါတဲ့ ကမၻာ့အဆင့္မီ Diamond Inya Palace ကြန္ဒို အထူးအေရာင္းျပပြဲၾကီး
×

 ႏွစ္ဦးသေဘာတူလမ္းခြဲတာ၊ စိတ္အေၾကာင္းမတုိက္ဆိုင္လို႕ေ၀းသြားၾကတာကေတာ့ ခ်စ္သူေတြတိုင္း နားလည္သေဘာေပါက္ျပီး ၾကံဳေလ့ၾကံဳထရွိတတ္တဲ့အေျခအေနပါ။ ဒါေပမဲ့ ကိုယ့္အျပစ္၊ ကိုယ့္အလြန္ႀကီးႀကီးမားမား ဘာမွမရွိဘဲ သူစိတ္ခ်မ္းသာဖို႕ သူ႔သေဘာနဲ႔သူ ကိုယ့္ကို ပစ္စလက္ခတ္ထားခဲ့တဲ့သူကိုဆုိရင္ နာၾကည္းမုန္းတီးမိမွာေတာ့ အမွန္ပါပဲ။ ဒါဆိုရင္ အဲ့လိုလူမ်ိဳးကိုဘယ္လိုပညာျပန္ေပးမလဲ။ သူ႔ကိုပညာေပးမယ္ဆို ဒီနည္းလမ္းေတြကို အသံုးခ်ၾကည့္ပါ။

၁။ ပိုလန္းျပ

ဒါကေတာ့ အားလံုးအၾကမ္းဖ်ဥ္းသေဘာေပါက္ထားျပီးသားေနမွာပါ။ သူထားခဲ့ျပီး အလဲအကြဲခံစားေနရတာမ်ိဳး မျဖစ္ေစနဲ႔ေပါ့။ အရင္ကထက္ ၂ဆ၊ ၃ဆ ပိုလန္းေအာင္ ပိုမိုက္ေအာင္ ေနျပလိုက္ပါ။ သူထားခဲ့ျပီးမွ ကိုယ္ကပိုအဆင္ေျပသာယာသြားတဲ့ဘ၀ကို ပိုင္ဆိုင္လိုက္ရတဲ့သေဘာမ်ိဳးေပါက္ေအာင္ ေနႏိုင္ဖို႕က အဓိကက်ပါတယ္။

၂။ သူ႕အသစ္တစ္ေယာက္ထက္ ပိုသာဖို႕

သူကိုယ့္ကိုထားျပီး အသစ္တစ္ေယာက္ေကာက္တြဲလို႕ ကိုယ္လည္းခ်က္ခ်င္းတစ္ေယာက္ထပ္ရွာစရာ မလုိပါဘူး။ ကိုယ္က အခုသူရေနတဲ့ရည္းစားအသစ္ထက္ သာေနတယ္ဆိုတာ သိသာျမင္သာေစဖို႕ၾကိဳးစားရမွာပါ။ ပံုမွန္ေနေနက်၊ စားေနက်အတိုင္းေနျပီးမွ ၾကိဳးစားသင့္တဲ့အပိုင္းေတြကို ပိုၾကိဳးစားရံုပါပဲ။

၃။ ပံုမ်ားမ်ားတင္

Facebook, Instagram စတာေတြေပၚမွာ အရင္က ပံု တစ္ေန႕တစ္ပံုပဲတင္ရင္ ေနာက္ပိုင္း ႏွစ္ပံုတင္ပါ။ တင္တဲ့ပံုတိုင္းကလည္း ေသေသခ်ာခ်ာျပင္ဆင္ထားျပီး လွပေနပါေစ။ ကိုယ္က ေပ်ာ္ရႊင္ေနတာ၊ တျခား ကိုယ့္ကိုစိတ္၀င္စားေနတဲ့သူေတြလည္း ရွိေနတယ္လို႕ ထင္ေစႏုိင္တာမ်ိဳးေလးေတြပါ မသိမသာတင္ေပးပါ။

၄။ ပြဲမ်ားမ်ားတက္

သူနဲ႕ၾကိဳက္ေနတုန္းက ဘယ္မွသိပ္မေရာက္သိပ္မသြားျဖစ္တာေတြ၊ အခုမ်ားမ်ားသြားပါ။ ျဖစ္ႏုိင္ရင္ အထင္ကရပြဲေတြ၊ ပါတီေတြတက္ေပးပါ။ လူဆိုတဲ့အမ်ိဳးကိုက ကိုယ္ကသာထားသြားတာ ထားသြားခံရတဲ့သူ ပိုအျမင္က်ယ္လာ၊ လူသိမ်ားလာရင္ စိတ္ထဲမရိုးမရြျဖစ္တာ အမွန္ပါပဲ။

၅။ အၾကံဉာဏ္ေပး

သူ႕ရည္းစားအသစ္ကို ကိုယ္ကတိုက္ရိုက္မဟုတ္ရင္ေတာင္ စကားပါးျပီးေတာ့ျဖစ္ျဖစ္၊ Facebook ကေနျဖစ္ျဖစ္ အၾကံဉာဏ္ေတြေပးပါ။ ကိုယ္ေပးတဲ့အၾကံဉာဏ္က သူတို႕ႏွစ္ေယာက္ကိုျပတ္ေအာင္ရည္ရြယ္တာမ်ိဳး မျဖစ္ပါေစနဲ႕။ အၾကံဉာဏ္ေပးရင္းနဲ႕ ကိုယ္အခု သူနဲ႕ျပတ္သြားျပီးပိုအဆင္ေျပေနတာကို သူ႕ရည္းစားအသစ္သိေအာင္ မသိမသာ ေျပာျပပါ။

၆။ မိတ္ဆက္

ဒါကေတာ့ေနာက္ဆံုးအဆင့္ပါ။ တကယ္လို႕ ကိုယ္တကယ္သေဘာက်ျပီး တြဲမယ့္လူေပၚလာရင္ အဲ့လူကိုပါ ရည္းစားေဟာင္းနဲ႕ ေတြ႕ေပးလိုက္ပါ။ ဒါကလက္စားေခ်ရာလည္းေရာက္၊ ရင့္က်က္ရာလည္းေရာက္ပါတယ္။ အဓိကက ကိုယ့္ခ်စ္သူအသစ္ကို သူကရည္းစားေဟာင္းဆိုတာကိုေတာ့ ၾကိဳေျပာျပထားပါ။ အထင္လြဲစရာေတြျဖစ္မလာေအာင္ေပါ့။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: mmpost

# Unicode Version ျဖင့္ ဖတ္ပါ #

 နှစ်ဦးသဘောတူလမ်းခွဲတာ၊ စိတ်အကြောင်းမတိုက်ဆိုင်လို့ဝေးသွားကြတာကတော့ ချစ်သူတွေတိုင်း နားလည်သဘောပေါက်ပြီး ကြုံလေ့ကြုံထရှိတတ်တဲ့အခြေအနေပါ။ ဒါပေမဲ့ ကိုယ့်အပြစ်၊ ကိုယ့်အလွန်ကြီးကြီးမားမား ဘာမှမရှိဘဲ သူစိတ်ချမ်းသာဖို့ သူ့သဘောနဲ့သူ ကိုယ့်ကို ပစ်စလက်ခတ်ထားခဲ့တဲ့သူကိုဆိုရင် နာကြည်းမုန်းတီးမိမှာတော့ အမှန်ပါပဲ။ ဒါဆိုရင် အဲ့လိုလူမျိုးကိုဘယ်လိုပညာပြန်ပေးမလဲ။ သူ့ကိုပညာပေးမယ်ဆို ဒီနည်းလမ်းတွေကို အသုံးချကြည့်ပါ။

၁။ ပိုလန်းပြ

ဒါကတော့ အားလုံးအကြမ်းဖျဉ်းသဘောပေါက်ထားပြီးသားနေမှာပါ။ သူထားခဲ့ပြီး အလဲအကွဲခံစားနေရတာမျိုး မဖြစ်စေနဲ့ပေါ့။ အရင်ကထက် ၂ဆ၊ ၃ဆ ပိုလန်းအောင် ပိုမိုက်အောင် နေပြလိုက်ပါ။ သူထားခဲ့ပြီးမှ ကိုယ်ကပိုအဆင်ပြေသာယာသွားတဲ့ဘဝကို ပိုင်ဆိုင်လိုက်ရတဲ့သဘောမျိုးပေါက်အောင် နေနိုင်ဖို့က အဓိကကျပါတယ်။

၂။ သူ့အသစ်တစ်ယောက်ထက် ပိုသာဖို့

သူကိုယ့်ကိုထားပြီး အသစ်တစ်ယောက်ကောက်တွဲလို့ ကိုယ်လည်းချက်ချင်းတစ်ယောက်ထပ်ရှာစရာ မလိုပါဘူး။ ကိုယ်က အခုသူရနေတဲ့ရည်းစားအသစ်ထက် သာနေတယ်ဆိုတာ သိသာမြင်သာစေဖို့ကြိုးစားရမှာပါ။ ပုံမှန်နေနေကျ၊ စားနေကျအတိုင်းနေပြီးမှ ကြိုးစားသင့်တဲ့အပိုင်းတွေကို ပိုကြိုးစားရုံပါပဲ။

၃။ ပုံများများတင်

Facebook, Instagram စတာတွေပေါ်မှာ အရင်က ပုံ တစ်နေ့တစ်ပုံပဲတင်ရင် နောက်ပိုင်း နှစ်ပုံတင်ပါ။ တင်တဲ့ပုံတိုင်းကလည်း သေသေချာချာပြင်ဆင်ထားပြီး လှပနေပါစေ။ ကိုယ်က ပျော်ရွှင်နေတာ၊ တခြား ကိုယ့်ကိုစိတ်ဝင်စားနေတဲ့သူတွေလည်း ရှိနေတယ်လို့ ထင်စေနိုင်တာမျိုးလေးတွေပါ မသိမသာတင်ပေးပါ။

၄။ ပွဲများများတက်

သူနဲ့ကြိုက်နေတုန်းက ဘယ်မှသိပ်မရောက်သိပ်မသွားဖြစ်တာတွေ၊ အခုများများသွားပါ။ ဖြစ်နိုင်ရင် အထင်ကရပွဲတွေ၊ ပါတီတွေတက်ပေးပါ။ လူဆိုတဲ့အမျိုးကိုက ကိုယ်ကသာထားသွားတာ ထားသွားခံရတဲ့သူ ပိုအမြင်ကျယ်လာ၊ လူသိများလာရင် စိတ်ထဲမရိုးမရွဖြစ်တာ အမှန်ပါပဲ။

၅။ အကြံဉာဏ်ပေး

သူ့ရည်းစားအသစ်ကို ကိုယ်ကတိုက်ရိုက်မဟုတ်ရင်တောင် စကားပါးပြီးတော့ဖြစ်ဖြစ်၊ Facebook ကနေဖြစ်ဖြစ် အကြံဉာဏ်တွေပေးပါ။ ကိုယ်ပေးတဲ့အကြံဉာဏ်က သူတို့နှစ်ယောက်ကိုပြတ်အောင်ရည်ရွယ်တာမျိုး မဖြစ်ပါစေနဲ့။ အကြံဉာဏ်ပေးရင်းနဲ့ ကိုယ်အခု သူနဲ့ပြတ်သွားပြီးပိုအဆင်ပြေနေတာကို သူ့ရည်းစားအသစ်သိအောင် မသိမသာ ပြောပြပါ။

၆။ မိတ်ဆက်

ဒါကတော့နောက်ဆုံးအဆင့်ပါ။ တကယ်လို့ ကိုယ်တကယ်သဘောကျပြီး တွဲမယ့်လူပေါ်လာရင် အဲ့လူကိုပါ ရည်းစားဟောင်းနဲ့ တွေ့ပေးလိုက်ပါ။ ဒါကလက်စားချေရာလည်းရောက်၊ ရင့်ကျက်ရာလည်းရောက်ပါတယ်။ အဓိကက ကိုယ့်ချစ်သူအသစ်ကို သူကရည်းစားဟောင်းဆိုတာကိုတော့ ကြိုပြောပြထားပါ။ အထင်လွဲစရာတွေဖြစ်မလာအောင်ပေါ့။

ဖိုးသူတော် (www.phothutaw.com)
Credit: mmpost
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top