ရန္ကင္းျမိဳ ႔နယ္ Sedona Hotel အနီး အသင့္ေဆာက္ျပီး စိမ္းလဲ့ေအာင္ကြန္ဒိုအေရာင္းျပပြဲ
×

ဆီးခ်ိဳ​ေရာဂါဟာ ခ်ိန္​ကိုက္​ဗံုးတစ္​လံုးလိုပဲ ျဖစ္​ပါတယ္​။ ဒါ​ေၾကာင္​့ ဆီးခ်ိဳ​ေရာဂါသမား​ေတြအတြက္​ အ​ေရးအႀကီးဆံုးက ဆီးခ်ိဳထိန္​းနိုင္​ဖို႔​ပါပဲ​။ ​ေသခ်ာမထိန္​းနိုင္​ခဲ့ရင္​ ​ေသြးတြင္​းအခ်ိဳဓာတ္​အတက္​အက် က​ေမာက္​ကမ​ေတြျဖစ္​ၿပီး ​ေလျဖတ္​၊​ေလျဖန္​း၊​ႏွလံုး​ေရာဂါ​ေတြနဲ႔ အာရံု​ေၾကာ​ေရာဂါ​စတာေတြ ျဖစ္​လာနိုင္​ပါတယ္​။

          ဆီးခ်ိဳ​ေရာဂါသည္​​ေတြဟာ ​ေသြးတြင္​းအခ်ိဳဓာတ္​ မတရားတက္​​ေနရင္​​ေတာင္​ ​ေရာဂါလကၡဏာ ျပခ်င္​မွျပမွာပါ။ တစ္​ခါတစ္​ရံ ပံုမွန္​အတိုင္​း​ေနနိုင္​ပါ​ေသးတယ္​။

          ဒါ​ေၾကာင္​့ ဆီးခ်ိဳ​ကိုပံုမွန္​​ေဖာက္​စစ္​​ေပးၿပီး ​ေဆးကိုအတိုးအ​ေလ်ာ့ျပဳလုပ္​​ေပးဖို႔ လိုအပ္​ပါတယ္​။ ဆီးခ်ိဳ​ကို​ေသခ်ာထိန္​း​ေပးထားမွသာ တစ္​ျခား​ေနာက္​ဆက္​တြဲ ဆိုးက်ိဳး​ေဝဒနာ​ေတြကို မခံစားရမွာျဖစ္​ပါတယ္​​။

          ဆီးခ်ိဳအရမ္​းတက္​လာတဲ့အခါမွာ ျဖစ္​​ေပၚလာတတ္​တဲ့ လကၡဏာရပ္​​ေတြကို မွတ္​သားထားၿပီး အၿမဲ​ေစာင္​့ၾကည္​့ထိန္​းသိမ္​းနိုင္​​ေအာင္​ ​ေဖာ္​ျပ​ေပးလိုက္​ပါတယ္​။

♦ ေရအလြန္ငတ္​ၿပီး ဆီးပံုမွန္​ထက္​ပိုသြား​ေနျခင္​း

          ​ေသြးထဲမွာအခ်ိဳဓာတ္​​ေတြတက္​လာတဲ့အခါ ​ေက်ာက္​ကပ္​က စုပံုလာတဲ့အခ်ိဳဓာတ္​​ေတြကို အျပင္​ကိုစြန္​႔ထုတ္​ပစ္​ဖို႔ ႀကိဳးစားပါတယ္​။ ဒီလိုအခ်ိန္​မွာ ဆီး​ေတြတအားသြားလာၿပီး ​ေရပိုဆာလာတတ္​​ပါတယ္​။ ဆီးသြားမ်ားတဲ့အတြက္​ ခႏၶာကိုယ္​အရည္​ဓာတ္​ ခမ္​း​ေျခာက္​ၿပီး မူး​ေဝတာမ်ိဳး ျဖစ္​လာနိုင္္​ပါတယ္​။

​​♦ ဗိုက္​ခဏခဏဆာ​ေနၿပီး့ ကိုယ္​အ​ေလးခ်ိန္က​်လာျခင္​း

          ​ေသြးတြင္​းအခ်ိဳဓာတ္​အရမ္​းတက္​လာသူ​ေတြဟာ တစ္​ခ်ိန္​လံုးစားခ်င္​​ေန​ၿပီး ဘာ​အ​ေၾကာင္​းမွမရွိပါပဲ ကိုယ္​အ​ေလးခ်ိန္​​ေတြ က်ဆင္​းသြားတတ္​ပါတယ္​။

          ခႏၶာကိုယ္​ဟာ လိုအပ္​တဲ့စြမ္​းအင္​​ေတြကို ရ​ေနက်​ေနရာက​ေန မရနိုင္​တဲ့အခါ ႂကြက္​သား​ေတြအဆီ​ေတြကို ​ေလာင္​ကြၽမ္​း​ေစပါ​ေတာ့တယ္​။ ဒါ​ေၾကာင္​့ အလိုလို​ေနရင္​း ကိုယ္​အ​ေလးခ်ိန္​​ေတြ က်ဆင္​းလာသလို ႂကြက္​သား​ေတြအားအင္​ဆုတ္​​ေလ်ာ့လာတာ၊ မၾကာခဏလဲက်တာမ်ိဳး​ေတြ ျဖစ္​လာတာပဲ ျဖစ္​​ပါတယ္​။

​​♦ ပင္​ပန္​းႏြမ္​းနယ္​၊ အားအင္​ကုန္​ခန္​း​ေနျခင္​း

             ေသြးထဲကအခ်ိဳဓာတ္​​ေတြကို ကလပ္​စည္​းဆဲလ္​​ေတြထဲ ထည္​့​ေပးမယ္​့ အင္​ဆူလင္​ဓာတ္​ မလံု​ေလာက္​တာ သို႔မဟုတ္​ ပံုမွန္​အလုပ္​မလုပ္​နိုင္​ တာ​ေၾကာင္​့ လိုအပ္​တဲ့စြမ္​းအင္​ပမာဏကို မရရွိနိုင္​ပါဘူး။ ဒီလိုအခ်ိန္​မ်ိဳးမွာ အလိုလို ပင္​ပန္​းအားနည္​း​ေနတတ္​ပါတယ္​။

♦ အျမင္​အာရံု​ေဝဝါးလာျခင္​း

      အရင္​တုန္​းက​လိုအျမင္​မၾကည္​မလင္​ ​ေဝဝါးလာတာကို သတိထားမိလာမွာပါ။ ​ဆီးခ်ိဳ​ေဝဒနာရွင္​​ေတြမွာ ​ေသြးတြင္​းအခ်ိဳဓာတ္​ ပံုမွန္​ထက္​ပို​တက္​လာတဲ့အခါ မ်က္​လံုးထဲမွာ အရည္​​ေတြစုပံုလာၿပီး မွန္​ဘီလူးပံုစံ​ေျပာင္​းသြားကာ စူးစိုက္​ၾကည္​့မရပဲ ​ေဝဝါးလာတာျဖစ္​ပါတယ္​။ အျမင္​အာရံုမၾကည္​လင္​တဲ့အခါမွာ ကား​ေမာင္​းရတာ၊ အလုပ္​လုပ္​ရတာ အဆင္​မ​ေျပျဖစ္​တတ္​လာၿပီး မၾကာခဏ​ေခါင္​းကိုက္​လာတတ္​ပါတယ္​။

​​♦ အနာက်က္​​ေႏွးျခင္​း

     ဆီးခ်ိဳမထိန္​းနိုင္​သူ​ေတြမွာ အနာတရထိခိုက္​မႈ​ေတြ ျဖစ္​လာခဲ့ရင္​ ​ေတာ္​ရံုအနာမက်က္​​ေတာ့ပဲ ပိုးဝင္​တဲ့အထိ ျဖစ္​တတ္​ပါတယ္​။ ဆီးခ်ိဳုျဖစ္​တာၾကာလာတဲ့အခါ အာရံု​ေၾကာနဲ႔ ​ေသြး​ေၾကာ​ေတြကို ထိခိုက္​လာတဲ့အတြက္​ ​ေသြး​ေကာင္​း​ေကာင္​းမ​ေလ်ာက္​​ေတာ့တာ​ေၾကာင္​့ အနာက်က္​ႏႈန္​း​ေႏွးလာတာျဖစ္​ပါတယ္​။ အထူးသျဖင္​့ ​ေျခ​ေထာက္​​ေတြမွာ အျဖစ္​မ်ားၿပီး အနာ​ေသး​ေသး​ေလးက​ေန ပိုးဝင္​တာ​ေတြ၊ ​ေနာက္​ဆံုး ​ေျခ​ေထာက္​ျဖတ္​လိုက္​ရတာ​ေတြအထိ​ေတာင္​ ျဖစ္​နိုင္​ပါတယ္​။ ဒီလို ​ေျခ​ေထာက္​အနာ​ေတြဟာ အရည္​တစီစီ႐ႊဲစို​ၿပီး အနံဆိုးတတ္​ပါတယ္​။

​​♦ အ​ေရျပားျပႆနာမ်ား

    ခႏၶာကိုယ္​ကဆဲလ္​​ေတြဟာ အင္​ဆူလင္​ကို လက္​သင္​့မခံတဲ့အခါမ်ိဳးမွာ အ​ေရျပားျပႆ    နာေတြ ႀကံဳ​ေတြ႕ရတတ္​ပါတယ္​။ အ​ေရျပားၾကား​ေတြထဲမွာ အ​ေရျပားအတက္​က​ေလး​ေတြ ​ေပၚလာတတ္​ပါတယ္​။ ဒါတင္​မက လည္​ဂုတ္​​၊ လက္​​၊ ခ်ိဳင္​းၾကား​၊ မ်က္​ႏွာနဲ႔ အျခား​ေနရာ​ေတြမွာ မည္​းမည္​းထူထူအသား​ေတြ အကြက္​လိုက္​ ျဖစ္​လာတတ္​ပါ​ေသးတယ္​။ြ ​ေသြးထဲအခ်ိဳဓာတ္​အလြန္​တက္​လာတဲ့အခါမွာလည္​း အရည္​ၾကည္​ဖု​ေတြ၊ ပိုးမြား​ေတြ၊ အ​ေရျပားအ​ေရာင္​​ေျပာင္​းလာတာ​ေတြနဲ႔ အျခားအ​ေရျပားျပႆ    နာ​ေတြ ႀကံဳလာတတ္​တာ​ေၾကာင္​့ ဆရာဝန္​နဲ႔ ျပသသင္​့ပါတယ္​။

​​​♦ ေျခ၊လက္​​ေတြထံုက်ဥ္​လာျခင္​း

     ဆီးခ်ိဳအမ်ားအျပားတက္​လာတဲ့အခါ အာရံု​ေၾကာ​ေတြ ထိခိုက္​လာပါတယ္​။ ​ေျခ​ေတြလက္​​ေတြမွာ ထံုၾကင္​တာ၊ နာက်င္​တာမ်ိဳး​ေတြ ျဖစ္​လာတတ္​ၿပီး အထူးသျဖင္​့ ဆီးခ်ိဳျဖစ္​တာၾကာလာတဲ့သ​ူ​ေတြနဲ႔ ဆီးခ်ိဳကို​ေသခ်ာမထိန္​းနိုင္​သူ​ေတြမွာ ပိုျဖစ္​တတ္ပါတယ္​။​

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Dr. Mya Phoo Ngon (www.drmyanmar.com)

#Unicode Version#
ဆီးချိုရောဂါဟာ ချိန်ကိုက်ဗုံးတစ်လုံးလိုပဲ ဖြစ်ပါတယ်။ ဒါကြောင့် ဆီးချိုရောဂါသမားတွေအတွက် အရေးအကြီးဆုံးက ဆီးချိုထိန်းနိုင်ဖို့ပါပဲ။ သေချာမထိန်းနိုင်ခဲ့ရင် သွေးတွင်းအချိုဓာတ်အတက်အကျ ကမောက်ကမတွေဖြစ်ပြီး လေဖြတ်၊လေဖြန်း၊နှလုံးရောဂါတွေနဲ့ အာရုံကြောရောဂါစတာတွေ ဖြစ်လာနိုင်ပါတယ်။

          ဆီးချိုရောဂါသည်တွေဟာ သွေးတွင်းအချိုဓာတ် မတရားတက်နေရင်တောင် ရောဂါလက္ခဏာ ပြချင်မှပြမှာပါ။ တစ်ခါတစ်ရံ ပုံမှန်အတိုင်းနေနိုင်ပါသေးတယ်။

          ဒါကြောင့် ဆီးချိုကိုပုံမှန်ဖောက်စစ်ပေးပြီး ဆေးကိုအတိုးအလျော့ပြုလုပ်ပေးဖို့ လိုအပ်ပါတယ်။ ဆီးချိုကိုသေချာထိန်းပေးထားမှသာ တစ်ခြားနောက်ဆက်တွဲ ဆိုးကျိုးဝေဒနာတွေကို မခံစားရမှာဖြစ်ပါတယ်။

          ဆီးချိုအရမ်းတက်လာတဲ့အခါမှာ ဖြစ်ပေါ်လာတတ်တဲ့ လက္ခဏာရပ်တွေကို မှတ်သားထားပြီး အမြဲစောင့်ကြည့်ထိန်းသိမ်းနိုင်အောင် ဖော်ပြပေးလိုက်ပါတယ်။

♦ ရေအလွန်ငတ်ပြီး ဆီးပုံမှန်ထက်ပိုသွားနေခြင်း

          သွေးထဲမှာအချိုဓာတ်တွေတက်လာတဲ့အခါ ကျောက်ကပ်က စုပုံလာတဲ့အချိုဓာတ်တွေကို အပြင်ကိုစွန့်ထုတ်ပစ်ဖို့ ကြိုးစားပါတယ်။ ဒီလိုအချိန်မှာ ဆီးတွေတအားသွားလာပြီး ရေပိုဆာလာတတ်ပါတယ်။ ဆီးသွားများတဲ့အတွက် ခန္ဓာကိုယ်အရည်ဓာတ် ခမ်းခြောက်ပြီး မူးဝေတာမျိုး ဖြစ်လာနိုင်ပါတယ်။

♦ ဗိုက်ခဏခဏဆာနေပြီး့ ကိုယ်အလေးချိန်ကျလာခြင်း

          သွေးတွင်းအချိုဓာတ်အရမ်းတက်လာသူတွေဟာ တစ်ချိန်လုံးစားချင်နေပြီး ဘာအကြောင်းမှမရှိပါပဲ ကိုယ်အလေးချိန်တွေ ကျဆင်းသွားတတ်ပါတယ်။

          ခန္ဓာကိုယ်ဟာ လိုအပ်တဲ့စွမ်းအင်တွေကို ရနေကျနေရာကနေ မရနိုင်တဲ့အခါ ကြွက်သားတွေအဆီတွေကို လောင်ကျွမ်းစေပါတော့တယ်။ ဒါကြောင့် အလိုလိုနေရင်း ကိုယ်အလေးချိန်တွေ ကျဆင်းလာသလို ကြွက်သားတွေအားအင်ဆုတ်လျော့လာတာ၊ မကြာခဏလဲကျတာမျိုးတွေ ဖြစ်လာတာပဲ ဖြစ်ပါတယ်။

♦ ပင်ပန်းနွမ်းနယ်၊ အားအင်ကုန်ခန်းနေခြင်း

             သွေးထဲကအချိုဓာတ်တွေကို ကလပ်စည်းဆဲလ်တွေထဲ ထည့်ပေးမယ့် အင်ဆူလင်ဓာတ် မလုံလောက်တာ သို့မဟုတ် ပုံမှန်အလုပ်မလုပ်နိုင် တာကြောင့် လိုအပ်တဲ့စွမ်းအင်ပမာဏကို မရရှိနိုင်ပါဘူး။ ဒီလိုအချိန်မျိုးမှာ အလိုလို ပင်ပန်းအားနည်းနေတတ်ပါတယ်။

♦ အမြင်အာရုံဝေဝါးလာခြင်း

      အရင်တုန်းကလိုအမြင်မကြည်မလင် ဝေဝါးလာတာကို သတိထားမိလာမှာပါ။ ဆီးချိုဝေဒနာရှင်တွေမှာ သွေးတွင်းအချိုဓာတ် ပုံမှန်ထက်ပိုတက်လာတဲ့အခါ မျက်လုံးထဲမှာ အရည်တွေစုပုံလာပြီး မှန်ဘီလူးပုံစံပြောင်းသွားကာ စူးစိုက်ကြည့်မရပဲ ဝေဝါးလာတာဖြစ်ပါတယ်။ အမြင်အာရုံမကြည်လင်တဲ့အခါမှာ ကားမောင်းရတာ၊ အလုပ်လုပ်ရတာ အဆင်မပြေဖြစ်တတ်လာပြီး မကြာခဏခေါင်းကိုက်လာတတ်ပါတယ်။

♦ အနာကျက်နှေးခြင်း

     ဆီးချိုမထိန်းနိုင်သူတွေမှာ အနာတရထိခိုက်မှုတွေ ဖြစ်လာခဲ့ရင် တော်ရုံအနာမကျက်တော့ပဲ ပိုးဝင်တဲ့အထိ ဖြစ်တတ်ပါတယ်။ ဆီးချိုုဖြစ်တာကြာလာတဲ့အခါ အာရုံကြောနဲ့ သွေးကြောတွေကို ထိခိုက်လာတဲ့အတွက် သွေးကောင်းကောင်းမလျောက်တော့တာကြောင့် အနာကျက်နှုန်းနှေးလာတာဖြစ်ပါတယ်။ အထူးသဖြင့် ခြေထောက်တွေမှာ အဖြစ်များပြီး အနာသေးသေးလေးကနေ ပိုးဝင်တာတွေ၊ နောက်ဆုံး ခြေထောက်ဖြတ်လိုက်ရတာတွေအထိတောင် ဖြစ်နိုင်ပါတယ်။ ဒီလို ခြေထောက်အနာတွေဟာ အရည်တစီစီရွှဲစိုပြီး အနံဆိုးတတ်ပါတယ်။

♦ အရေပြားပြဿနာများ

    ခန္ဓာကိုယ်ကဆဲလ်တွေဟာ အင်ဆူလင်ကို လက်သင့်မခံတဲ့အခါမျိုးမှာ အရေပြားပြဿ    နာတွေ ကြုံတွေ့ရတတ်ပါတယ်။ အရေပြားကြားတွေထဲမှာ အရေပြားအတက်ကလေးတွေ ပေါ်လာတတ်ပါတယ်။ ဒါတင်မက လည်ဂုတ်၊ လက်၊ ချိုင်းကြား၊ မျက်နှာနဲ့ အခြားနေရာတွေမှာ မည်းမည်းထူထူအသားတွေ အကွက်လိုက် ဖြစ်လာတတ်ပါသေးတယ်။ွ သွေးထဲအချိုဓာတ်အလွန်တက်လာတဲ့အခါမှာလည်း အရည်ကြည်ဖုတွေ၊ ပိုးမွားတွေ၊ အရေပြားအရောင်ပြောင်းလာတာတွေနဲ့ အခြားအရေပြားပြဿ    နာတွေ ကြုံလာတတ်တာကြောင့် ဆရာဝန်နဲ့ ပြသသင့်ပါတယ်။

♦ ခြေ၊လက်တွေထုံကျဉ်လာခြင်း

     ဆီးချိုအများအပြားတက်လာတဲ့အခါ အာရုံကြောတွေ ထိခိုက်လာပါတယ်။ ခြေတွေလက်တွေမှာ ထုံကြင်တာ၊ နာကျင်တာမျိုးတွေ ဖြစ်လာတတ်ပြီး အထူးသဖြင့် ဆီးချိုဖြစ်တာကြာလာတဲ့သူတွေနဲ့ ဆီးချိုကိုသေချာမထိန်းနိုင်သူတွေမှာ ပိုဖြစ်တတ်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: Dr. Mya Phoo Ngon (www.drmyanmar.com)

 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top