ျမန္မာျပည္၏ အေကာင္းဆံုးကြန္ဒိုတစ္ခုျဖစ္တဲ့ Skysuites ကြန္ဒိုအေရာင္းျပပြဲ
×

သြားေလးေတြ ျဖဴျဖဴ၀င္း၀င္းနဲ႔ အလွပဆံုး အၿပံဳးပန္းကိုဆင္ႏိုင္ဖို႔အတြက္ မွ်ေ၀ေပးခ်င္ပါတယ္။ ကိုယ့္ကိုတစ္ခ်က္ၾကည့္လိုက္တာနဲ႔ ကိုယ့္ရဲ့ အၿပံဳးကို လူေတြသတိထားမိေစၿပီး ကိုယ့္ကိုကိုုယ္ယံုၾကည္မႈအျပည့္ရွိဖို႔ဆိုတာ သြားေတြျဖဴ၀င္းဖို႔လိုအပ္ပါတယ္။ ဒါ့အျပင္ ခံတြင္းနံ႕ ဆိုးဆိုးေတြ ကင္းစင္ဖို႔လည္းလိုပါတယ္။ ကၽြန္မတို႔ေတြရဲ့ ေန႔စဥ္လူေနမႈဘ၀မွာ လူအခ်င္းခ်င္း ေျပာဆိုဆက္သြယ္ၾကရတာေၾကာင့္ သြားေလးေတြကို ဂရုစိုက္သင့္ပါတယ္။ အလွအပတစ္ခုတည္းေၾကာင့္မဟုတ္ဘဲ သြားနဲ႔ ခံတြင္းက်န္းမာေရးဟာ သင့္ရဲ့ က်န္းမာေရးအတြက္လည္း အေရးပါလွပါတယ္။

မႈန္႔ဖုတ္ဆိုဒါ

မႈန္႔ဖုတ္ဆိုဒါကို ေရနည္းနည္းနဲ႔ေရာၿပီး သြားပြတ္တံေပၚတင္ကာ သြားတိုက္ေပးမယ္ဆိုရင္ သြားေတြျဖဴ၀င္းလာေစမွာျဖစ္ပါတယ္။ သြားမွာရွိတဲ့ သြားေခ်းေတြ၊ သြားဂ်ိဳးေတြကိုလည္း သန္႔စင္ေပးႏိုင္ပါတယ္။ မႈန္႔ဖုတ္ဆိုဒါနဲ႔ တစ္ပတ္ကို အနည္းဆံုး ၃ ႀကိမ္သြားတိုက္ေပးသင့္ပါတယ္။ ဒါမွမဟုတ္ Sodium—Icarbonate ပါ၀င္တဲ့ သြားတိုက္ေဆးကို ၀ယ္ယူအသံုးျပဳသင့္ပါတယ္။

အုန္းဆီ

အုန္းဆီကို လူေတြအမ်ားအားျဖင့္ေတာ့ ဆံေကသာအတြက္ပဲ အသံုးျပဳၾကပါတယ္။ အုန္းဆီနဲ႔ သြားတိုက္ေပးတာက သြာကိုျဖဴ၀င္းေစပါတယ္။ သြားပိုးစားျခင္း သြား၀ါျခင္းကိုလည္း ကာကြယ္ေပးပါတယ္။ အရင္ဆံုး အုန္းဆီကို ပါးစပ္ထဲထည့္ၿပီး ပလုတ္က်င္းေပးပါ။ ၁၀ မိနစ္ ၁၅ မိနစ္ေလာက္ ပါးစပ္ထဲမွာထားၿပီး ေထြးထုတ္လိုက္ပါ။ ၿပီးရင္ သြားပြတ္တံနဲ႔ သြားျပန္တိုက္ေပးပါ။ ခံတြင္းနံ႔ကိုလည္း လန္းဆန္းေစပါတယ္။

လိုက္နာရမယ့္အခ်က္ေလးေတြ

ျဖဴ၀င္းတဲ့သြားကို ပိုင္ဆိုင္ေစဖို႔အတြက္ ေကာ္ဖီေသာက္ၿပီးရင္ သြားတိုက္ေပးပါ။ မေသာက္ရင္ေတာ့ အေကာင္းဆံုးပါပဲ။ ေကာ္ဖီ၊ လက္ဖက္ရည္၊ ကိုလာ၊ ၀ိုင္ ၊ ေခ်ာ့ကလက္၊ သစ္သီးယိုတို႔လို ေစးကပ္တဲ့အစားအစာေတြ စတဲ့ သြားေတြကို ညစ္ညမ္းေစတဲ့ အစားအေသာက္ေတြ စားၿပီးရင္ သြားကိုမျဖစ္မေန တိုက္ေပးသင့္ပါတယ္။

တစ္ေန႔ကို ပီေက ၂ ခုေလာက္၀ါးေပးပါ။

ညအိပ္ယာမ၀င္ခင္ သြားတိုက္ဖို႔လံုး၀မေမ့ပါနဲ႔။

သြားတိုက္ရင္ အနည္းဆံုး အခ်ိန္ ၂ မိနစ္ေလာက္ယူပါ။

အလွဆံုးၿပံဳးလိုက္ပါ။

ျဖဴ၀င္းတဲ့ သြားေလးေတြနဲ႔ဆို စာဖတ္သူတို႔ကို ယံုၾကည္မႈတိုးေစမွာ မလြဲဧကန္ပါပဲ။ အေပၚမွာေျပာခဲ့တဲ့ နည္းလမ္းေလးေတြကိုလိုက္နာၿပီး သြားတိုက္ေပးရင္ လွပျဖဴ၀င္းတဲ့သြားေလးေတြကို ရရွိပိုင္ဆိုင္ေစမွာပါေနာ္။ ကဲ အလွဆံုးၿပံဳးလိုက္ရေအာင္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: mystyle

#Unicode Version#
သွားလေးတွေ ဖြူဖြူဝင်းဝင်းနဲ့ အလှပဆုံး အပြုံးပန်းကိုဆင်နိုင်ဖို့အတွက် မျှဝေပေးချင်ပါတယ်။ ကိုယ့်ကိုတစ်ချက်ကြည့်လိုက်တာနဲ့ ကိုယ့်ရဲ့ အပြုံးကို လူတွေသတိထားမိစေပြီး ကိုယ့်ကိုကိုုယ်ယုံကြည်မှုအပြည့်ရှိဖို့ဆိုတာ သွားတွေဖြူဝင်းဖို့လိုအပ်ပါတယ်။ ဒါ့အပြင် ခံတွင်းနံ့ ဆိုးဆိုးတွေ ကင်းစင်ဖို့လည်းလိုပါတယ်။ ကျွန်မတို့တွေရဲ့ နေ့စဉ်လူနေမှုဘဝမှာ လူအချင်းချင်း ပြောဆိုဆက်သွယ်ကြရတာကြောင့် သွားလေးတွေကို ဂရုစိုက်သင့်ပါတယ်။ အလှအပတစ်ခုတည်းကြောင့်မဟုတ်ဘဲ သွားနဲ့ ခံတွင်းကျန်းမာရေးဟာ သင့်ရဲ့ ကျန်းမာရေးအတွက်လည်း အရေးပါလှပါတယ်။

မှုန့်ဖုတ်ဆိုဒါ

မှုန့်ဖုတ်ဆိုဒါကို ရေနည်းနည်းနဲ့ရောပြီး သွားပွတ်တံပေါ်တင်ကာ သွားတိုက်ပေးမယ်ဆိုရင် သွားတွေဖြူဝင်းလာစေမှာဖြစ်ပါတယ်။ သွားမှာရှိတဲ့ သွားချေးတွေ၊ သွားဂျိုးတွေကိုလည်း သန့်စင်ပေးနိုင်ပါတယ်။ မှုန့်ဖုတ်ဆိုဒါနဲ့ တစ်ပတ်ကို အနည်းဆုံး ၃ ကြိမ်သွားတိုက်ပေးသင့်ပါတယ်။ ဒါမှမဟုတ် Sodium—Icarbonate ပါဝင်တဲ့ သွားတိုက်ဆေးကို ဝယ်ယူအသုံးပြုသင့်ပါတယ်။

အုန်းဆီ

အုန်းဆီကို လူတွေအများအားဖြင့်တော့ ဆံကေသာအတွက်ပဲ အသုံးပြုကြပါတယ်။ အုန်းဆီနဲ့ သွားတိုက်ပေးတာက သွာကိုဖြူဝင်းစေပါတယ်။ သွားပိုးစားခြင်း သွားဝါခြင်းကိုလည်း ကာကွယ်ပေးပါတယ်။ အရင်ဆုံး အုန်းဆီကို ပါးစပ်ထဲထည့်ပြီး ပလုတ်ကျင်းပေးပါ။ ၁၀ မိနစ် ၁၅ မိနစ်လောက် ပါးစပ်ထဲမှာထားပြီး ထွေးထုတ်လိုက်ပါ။ ပြီးရင် သွားပွတ်တံနဲ့ သွားပြန်တိုက်ပေးပါ။ ခံတွင်းနံ့ကိုလည်း လန်းဆန်းစေပါတယ်။

လိုက်နာရမယ့်အချက်လေးတွေ

ဖြူဝင်းတဲ့သွားကို ပိုင်ဆိုင်စေဖို့အတွက် ကော်ဖီသောက်ပြီးရင် သွားတိုက်ပေးပါ။ မသောက်ရင်တော့ အကောင်းဆုံးပါပဲ။ ကော်ဖီ၊ လက်ဖက်ရည်၊ ကိုလာ၊ ဝိုင် ၊ ချော့ကလက်၊ သစ်သီးယိုတို့လို စေးကပ်တဲ့အစားအစာတွေ စတဲ့ သွားတွေကို ညစ်ညမ်းစေတဲ့ အစားအသောက်တွေ စားပြီးရင် သွားကိုမဖြစ်မနေ တိုက်ပေးသင့်ပါတယ်။

တစ်နေ့ကို ပီကေ ၂ ခုလောက်ဝါးပေးပါ။

ညအိပ်ယာမဝင်ခင် သွားတိုက်ဖို့လုံးဝမမေ့ပါနဲ့။

သွားတိုက်ရင် အနည်းဆုံး အချိန် ၂ မိနစ်လောက်ယူပါ။

အလှဆုံးပြုံးလိုက်ပါ။

ဖြူဝင်းတဲ့ သွားလေးတွေနဲ့ဆို စာဖတ်သူတို့ကို ယုံကြည်မှုတိုးစေမှာ မလွဲဧကန်ပါပဲ။ အပေါ်မှာပြောခဲ့တဲ့ နည်းလမ်းလေးတွေကိုလိုက်နာပြီး သွားတိုက်ပေးရင် လှပဖြူဝင်းတဲ့သွားလေးတွေကို ရရှိပိုင်ဆိုင်စေမှာပါနော်။ ကဲ အလှဆုံးပြုံးလိုက်ရအောင်။


ဖိုးသူတော် (www.phothutaw.com)
Credit: mystyle
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top