ျမန္မာတစ္ႏိုင္ငံလံုးမွာ Facility အမ်ားဆံုးပါတဲ့ ကမၻာ့အဆင့္မီ Diamond Inya Palace ကြန္ဒို အထူးအေရာင္းျပပြဲၾကီး
×

ခ်စ္သူမိန္းကေလးနဲ႔ လက္ထပ္ဖို႔ႀကိဳးစားခဲ့တဲ့အမ်ိဳးသားကို မိသားစုဝင္ေတြက မ်က္လုံးကိုေဖာက္ ထုတ္ပစ္ခဲ့ၿပီး သင္ခန္းစာေပးခဲ့တယ္လို႔ သိရပါတယ္။ ပါကစၥတန္၊ ဘာလိုခ်ီစတန္ျပည္နယ္ ႐ြာတစ္႐ြာ မွာေနထိုင္တဲ့ အသက္ ၂၂ ႏွစ္အ႐ြယ္ အမ်ိဳးသား အက္ဘ္ဒူလာဘာကီက သူ႔ရဲ႕ သူေ႐ြးခ်ယ္ ထားတဲ့ ခ်စ္သူမိန္းကေလးနဲ႔ပဲ လက္ထပ္ထိမ္းျမားဖို႔ ဆုံးျဖတ္လိုက္ၿပီးတဲ့ေနာက္မွာ မိသားစုဝင္ေတြနဲ႔ အတိုက္ အခံျဖစ္ခဲ့တာျဖစ္ပါတယ္။

ဒီ့အတြက္ေၾကာင့္ သူေ႐ြးခ်ယ္ခဲ့တဲ့ မိန္းကေလးနဲ႔ အိမ္ ေထာင္ျပဳလက္ထပ္ထိမ္းျမား ဖို႔နဲ႔ မိန္းကေလး ရွင္ဘက္ေတာင္းရမ္းေပးဖို႔ ေျပာၾကားခဲ့တာကို မိသားစုေတြက ဒီလိုမ်ိဳး သင္ခန္းစာေပး တုန႔္ျပန္လိုက္ တာျဖစ္ပါတယ္။ ဒါ့ေၾကာင့္မို႔လို႔ အသက္ ၇၀ ႏွစ္အ႐ြယ္ရွီတဲ့ ဖခင္ျဖစ္သူနဲ႔ ညီအစ္ေလးဦးတို႔က သူ႔ အားအခန္းအတြင္းေခၚေဆာင္သြားခဲ့ၿပီးေနာက္ အတင္းခ်ဳပ္ေႏွာင္ခဲ့ၿပီး သူ႔ရဲ႕ မ်က္လုံးေတြကို ေဖာက္ ထုတ္ပစ္လိုက္ၾကတာျဖစ္ပါတယ္။

သတင္းေတြရဲ႕ ေဖာ္ျပခ်က္မွာေတာ့ သူ႔ရဲ႕ မိခင္ျဖစ္သူမွာလည္း အျခားအခန္းတစ္ခုအတြင္း တံခါးပိတ္ ေလွာင္ျခင္းခံခဲ့ရလို႔ သားျဖစ္သူကို ကယ္တင္ေပးႏိုင္ခဲ့ျခင္းမရွိဘူးလို႔ သိရပါတယ္။ သားျဖစ္သူမွာ ခ်စ္ သူမိန္းကေလးနဲ႔ လက္ထပ္ထိမ္းျမားဖို႔ မိသားစုဝင္ေတြကို အသိေပးေျပာၾကားခဲ့ၿပီးေနာက္မွာ ဒီလိုမ်ိဳး ေၾကာက္လန႔္စရာေကာင္းတဲ့ လုပ္ရပ္ကိုလုပ္ေဆာင္ခဲ့တာျဖစ္ပါတယ္။

“ ပထမေတာ့ ကြၽန္ေတာ့အေဖက သေဘာတူတယ္။ ေနာက္ သုံးေလးနာရီၾကေတာ့ ကြၽန္ေတာ့ကို ကြၽန္ေတာ့ အစ္ကိုသုံးေယာက္နဲ႔ အေဖက အခန္းထဲေခၚသြားတယ္။ ၿပီးေတာ့ ခ်ဳပ္ၿပီး ကြၽန္ေတာ့မ်က္ လုံးကို ေဖာက္ထုတ္ပစ္ၾကတာပဲ။ ကြၽန္ေတာ္က မလုပ္ဖို႔ ေတာင္းပန္ပါေသးတယ္။ ဒါေပမယ့္မရပါဘူး။ သူတို႔ကေျပာပါတယ္။ ဒါဟာ သင္ခန္းစာေပးလိုက္တာပဲတဲ့။ ႐ြာမွာလည္း ဒီလို ေကာင္ေလးေတြကို ဥပမာေပးလို႔ရတာတဲ့” လို႔ မ်က္လုံးေဖာက္ထုတ္ခံခဲ့ရတဲ့ အမ်ိဳးသားက ေျပာျပခဲ့ပါတယ္။ ေဆး႐ုံသို႔ အလ်င္အျမန္ပို႔ေဆာင္ကုသခဲ့ေပမယ့္လည္း ဆရာဝန္ေတြကေတာ့ သူ႔ရဲ႕မ်က္စိအျမင္အာ႐ုံဟာ လုံးဝ ျပန္ရလာႏိုင္ေတာ့မွာ မဟုတ္ဘူးလို႔ ဆိုပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: lwinpyin

#Unicode Version#
ချစ်သူမိန်းကလေးနဲ့ လက်ထပ်ဖို့ကြိုးစားခဲ့တဲ့အမျိုးသားကို မိသားစုဝင်တွေက မျက်လုံးကိုဖောက် ထုတ်ပစ်ခဲ့ပြီး သင်ခန်းစာပေးခဲ့တယ်လို့ သိရပါတယ်။ ပါကစ္စတန်၊ ဘာလိုချီစတန်ပြည်နယ် ရွာတစ်ရွာ မှာနေထိုင်တဲ့ အသက် ၂၂ နှစ်အရွယ် အမျိုးသား အက်ဘ်ဒူလာဘာကီက သူ့ရဲ့ သူရွေးချယ် ထားတဲ့ ချစ်သူမိန်းကလေးနဲ့ပဲ လက်ထပ်ထိမ်းမြားဖို့ ဆုံးဖြတ်လိုက်ပြီးတဲ့နောက်မှာ မိသားစုဝင်တွေနဲ့ အတိုက် အခံဖြစ်ခဲ့တာဖြစ်ပါတယ်။

ဒီ့အတွက်ကြောင့် သူရွေးချယ်ခဲ့တဲ့ မိန်းကလေးနဲ့ အိမ်ထောင်ပြုလက်ထပ်ထိမ်းမြား ဖို့နဲ့ မိန်းကလေး ရှင်ဘက်တောင်းရမ်းပေးဖို့ ပြောကြားခဲ့တာကို မိသားစုတွေက ဒီလိုမျိုး သင်ခန်းစာပေး တုန့်ပြန်လိုက် တာဖြစ်ပါတယ်။ ဒါ့ကြောင့်မို့လို့ အသက် ၇၀ နှစ်အရွယ်ရှီတဲ့ ဖခင်ဖြစ်သူနဲ့ ညီအစ်လေးဦးတို့က သူ့ အားအခန်းအတွင်းခေါ်ဆောင်သွားခဲ့ပြီးနောက် အတင်းချုပ်နှောင်ခဲ့ပြီး သူ့ရဲ့ မျက်လုံးတွေကို ဖောက် ထုတ်ပစ်လိုက်ကြတာဖြစ်ပါတယ်။

သတင်းတွေရဲ့ ဖော်ပြချက်မှာတော့ သူ့ရဲ့ မိခင်ဖြစ်သူမှာလည်း အခြားအခန်းတစ်ခုအတွင်း တံခါးပိတ် လှောင်ခြင်းခံခဲ့ရလို့ သားဖြစ်သူကို ကယ်တင်ပေးနိုင်ခဲ့ခြင်းမရှိဘူးလို့ သိရပါတယ်။ သားဖြစ်သူမှာ ချစ် သူမိန်းကလေးနဲ့ လက်ထပ်ထိမ်းမြားဖို့ မိသားစုဝင်တွေကို အသိပေးပြောကြားခဲ့ပြီးနောက်မှာ ဒီလိုမျိုး ကြောက်လန့်စရာကောင်းတဲ့ လုပ်ရပ်ကိုလုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။

“ ပထမတော့ ကျွန်တော့အဖေက သဘောတူတယ်။ နောက် သုံးလေးနာရီကြတော့ ကျွန်တော့ကို ကျွန်တော့ အစ်ကိုသုံးယောက်နဲ့ အဖေက အခန်းထဲခေါ်သွားတယ်။ ပြီးတော့ ချုပ်ပြီး ကျွန်တော့မျက် လုံးကို ဖောက်ထုတ်ပစ်ကြတာပဲ။ ကျွန်တော်က မလုပ်ဖို့ တောင်းပန်ပါသေးတယ်။ ဒါပေမယ့်မရပါဘူး။ သူတို့ကပြောပါတယ်။ ဒါဟာ သင်ခန်းစာပေးလိုက်တာပဲတဲ့။ ရွာမှာလည်း ဒီလို ကောင်လေးတွေကို ဥပမာပေးလို့ရတာတဲ့” လို့ မျက်လုံးဖောက်ထုတ်ခံခဲ့ရတဲ့ အမျိုးသားက ပြောပြခဲ့ပါတယ်။ ဆေးရုံသို့ အလျင်အမြန်ပို့ဆောင်ကုသခဲ့ပေမယ့်လည်း ဆရာဝန်တွေကတော့ သူ့ရဲ့မျက်စိအမြင်အာရုံဟာ လုံးဝ ပြန်ရလာနိုင်တော့မှာ မဟုတ်ဘူးလို့ ဆိုပါတယ်။


ဖိုးသူတော် (www.phothutaw.com)
Credit: lwinpyin
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top