iMyanmarHouse.com - Best Property Website for Myanmar
×

ဟိုး ေ႐ွးေ႐ွးတုန္းက ဒီလို အခ်စ္ပံုျပင္ေလးတစ္ပုဒ္ ရွိခဲ့ဖူးတယ္။ ပံုျပင္ထဲက ေယာက္်ားနဲ႔ မိန္းမႏွစ္ဦးစလံုးဟာ ရူးေနၾကတယ္။ သူကရူးေနလို႔ တစ္ခ်ိန္လံုး အ႐ူးစကားပဲ ေျပာတတ္တယ္။ သူမကလည္းရူးေနၿပီး တစ္ခ်ိန္လံုး သူ႔ကိုပဲ ခပ္တံုးတံုးရယ္ျပၿပီး စိုက္ၾကည့္ေနတတ္တယ္။

အစက သူတို႔ႏွစ္ေယာက္ တစ္ေယာက္ကို တစ္ေယာက္ မသိၾကဘူး။ သူက ေတာင္အရပ္မွာ ေနၿပီး သူမက ေျမာက္အရပ္မွာ ေနၾကတယ္။ အိမ္ကလူေတြက သူတို႔ႏွစ္ေယာက္ကို တံုးအတယ္ဆိုၿပီး ဂရုမစိုက္ဘဲ သြားခ်င္ရာသြား ဆိုၿပီး စြန္႔ပစ္ထားၾကတယ္။ ေတာင္အရပ္ကေန ေျမာက္အရပ္ဆီ ဦးတည္ၿပီး သူထြက္လာခဲ့တယ္။ ေျမာက္အရပ္ကေန ေတာင္အရပ္ဆီ ဦးတည္ၿပီး သူမ ေလလြင့္ခဲ့တယ္။ ႏွစ္ေယာက္စလံုး ေလလြင့္ခဲ့ၾကတယ္…

တကယ္ေတာ့ အရင္က သူမရူးဘူး။ တစ္ခါက အလုပ္ခြင္မွာ ေခါင္းကိုအုတ္နဲ႔ ရိုက္မိၿပီးေနာက္ သူရူးသြားတာ ျဖစ္တယ္။ သူမလည္း အစက မရူးဘူး။ တကၠသိုလ္ ဝင္တန္းမွာ ၿမိဳ႕နယ္ ပထမရခဲ့တဲ့ သူမေနရာကို သူေဌးသမီး တစ္ေယာက္ ဝယ္ယူလိုက္ရာက ဘယ္သူနဲ႔မွ သူမ စကား မေျပာေတာ့ဘူး။ အေဖ အေမ ကိုလည္း ဂရုမစိုက္ေတာ့ဘူး။ ေနာက္ေတာ့ သူမ ႐ူးသြားခဲ့တယ္။

လမ္းခရီး ဘယ္ေလာက္ၾကာၾကာ သူတို႔ ေလွ်ာက္ခဲ့ၾကမွန္း မသိဘူး။ သူ႔ကိုယ္ေပၚက အဝတ္အစားေတြ ညစ္ပတ္ ေပေရေနတယ္။ မည္းညစ္ေနတဲ့ ေျခဖ်ားေတြ ဖိနပ္ထိပ္မွာ ျပဴထြက္ေနတယ္။ သူမကိုယ္ေပၚက အနီေရာင္ ဝတ္စံုလည္း မီးခိုးေရာင္ ျဖစ္ေနခဲ့တယ္။ ႐ႈပ္ပြေနတဲ့ သူမဆံပင္ေပၚမွာ ျမက္ေျခာက္ေတြ ကပ္ညိႇေနတယ္။ ဒါေပမယ့္ သူမမ်က္ႏွာ ျဖဴေနတယ္။ ျဖဴေရာ္ေနတယ္။ လက္ထဲမွာ ေရပုလင္းတစ္လံုး ကိုင္ထားၿပီး လမ္းသြား လမ္းလာ ေတြကို ထံုအ,အ သူမ ရယ္ျပေနခဲ့တယ္။

ညေနဝင္ရီတေရာ အခ်ိန္မွာ သူနဲ႔ သူမေတြ႔ၾကတယ္။ အမႈိက္ပံုးတစ္ခုမွာ မိႈတက္ေနတဲ့ ေပါင္မုန္႔တစ္ခ်ပ္ကို အတူေတြ႔ၾကရင္း သူတို႔ႏွစ္ေယာက္ ဆံုခဲ့ၾကခဲ့တယ္။ ေပါင္မုန္႔ဆီ ႏွစ္ဦးသား လက္လွမ္းၿပီး ေကာက္ယူခ်ိန္ ေခါင္းခ်င္းတိုက္ ဆံုခဲ့ၾကတာျဖစ္တယ္။ သူမကို သူစူးစူးစိုက္စိုက္ ၾကည့္ပစ္လိုက္တယ္။ သူ႔ကို သူမရယ္ျပေနတယ္။ ေနာက္ဆံုး သူ႔လက္ထဲ ေပါင္မုန္႔ပါလာတယ္။ မည္းညစ္ေနတဲ့ ပါးစပ္ႀကီးကိုဟၿပီး ေပါင္မုန္႔ကို ခပ္နာနာတစ္ခ်က္ သူကိုက္ခ်လိုက္တယ္။ သူမ မလႈပ္ဘဲ သူ႔ကို ေငးစိုက္ၾကည့္ေနတယ္။

သူမကို အေရာင္မပါတဲ့ မ်က္လံုးနဲ႔ သူတစ္ခ်က္ ေစာင္းၾကည့္လိုက္တယ္။ တံေထြးေတြကို မျပတ္မ်ဳိခ်ရင္း သူ႔ကို သူမေငးၾကည့္ေနခဲ့တယ္။ စားလက္စ ေပါင္မုန္႔ကို ရပ္ၿပီး ထံုအအနဲ႔ သူ႔ကို စိုက္ၾကည့္ေနတဲ့ သူမကို ျပန္စိုက္ၾကည့္လိုက္တယ္။ အဲဒီလိုနဲ႔ အရူးႏွစ္ေယာက္ ဘာအမႈအရာမွမျပဘဲ အခ်င္းခ်င္း စိုက္ၾကည့္ေနၾကတယ္။

သူမကို သူေပါင္မုန္႔ ကမ္းေပးလိုက္တယ္။ တစ္ဝက္သာ က်န္တဲ့ေပါင္မုန္႔ကို သူမဆတ္ခနဲ ဆဲြယူၿပီး အားရပါးရ စားလိုက္တယ္။ ေနရာက သူလွည့္ထြက္လာခဲ့တယ္။ ေနာက္လွည့္မၾကည့္ဘဲ အိပ္ေနက် အိမ္အိုႀကီးဆီ သူျပန္လာခဲ့တယ္။ အိမ္နားေရာက္မွ သူ႔ေနာက္မွာ သူမ လိုက္ပါလာမွန္း သိတယ္။ သူ႔ကို သူမရယ္ျပျပန္တယ္။ သူတို႔အခ်င္းခ်င္း စကားတစ္ခြန္းမွ မေျပာၾကဘဲ အိမ္အိုႀကီးထဲမွာ အတူေနခဲ့ၾကတယ္။

ညအိပ္ခ်ိန္မွာ တစ္ခါမွ မခံစားဖူးတဲ့ ေႏြးေထြးမႈကို သူခံစားမိတယ္။ ႏုိးလာေတာ့ သူမက သူ႔ကိုဖက္ၿပီး အိပ္ေနတယ္။ အရူးတစ္ေယာက္ပံုစံနဲ႔ မတူဘဲ ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ သူ႔ကိုဖက္ၿပီး သူမအိပ္ေပ်ာ္ေနခဲ့တယ္။

ဒီလိုနဲ႔ အရူးႏွစ္ေယာက္ တစ္အိမ္ထဲမွာ အတူေနျဖစ္ခဲ့ၾကတယ္။ ေန႔ခင္းမွာ ႏွစ္ေယာက္အတူ ေစ်းထဲက စားစရာေတြ ေကာက္ယူစားၿပီး သူတို႔ ဗိုက္ျဖည့္ၾကတယ္။ ညဖက္မွာ အိမ္အိုႀကီးဆီ ျပန္အိပ္ၾကတယ္။

တစ္ရက္ၿပီး တစ္ရက္၊ တစ္လၿပီး တစ္လ ေန႔ရက္ေတြကို သူတို႔ ေက်ာ္ျဖတ္ခဲ့ၾကတယ္။တစ္ညမွာ ဘယ္က ေကာက္ရမွန္းမသိတဲ့ လက္စြပ္တစ္ကြင္းကို သူယူျပန္ခဲ့တယ္။ သံေခ်းေတြ တက္ေနတဲ့ လက္စြပ္ကို သူမလက္ထဲ သူစြပ္ေပးလိုက္တယ္။

သူမက ထံုးစံအတိုင္း သူ႔ကိုၾကည့္ၿပီး ရယ္ေနတယ္။ အဲဒီညက သူမ အားရပါးရ ရယ္ျဖစ္တယ္။ တိတ္ဆိတ္တဲ့ညမွာ သူမရယ္သံကို အတိုင္းသား ၾကားေနရတယ္။ ရယ္သံေတြရဲ႕ ေနာက္မွာ ငိုသံေတြပါေနခဲ့တယ္။

ပထမဆံုးအႀကိမ္ သူမငိုမိတယ္။ သူ႔ကိုဖက္ၿပီး ဘာမွန္းညာမွန္း မသိ သူမ ငိုေနမိတယ္။ သူက မတုန္လႈပ္တဲ့ အျပင္ မ်က္ႏွာမွာလည္း ဘာအမူအရာမွ မျပခဲ့ဘူး။သူမ ဖ်ားေနတယ္။ တစ္ခါမွ မဖ်ားဖူးတဲ့သူမ အျပင္းဖ်ား ေနခဲ့တယ္။

သူနဲ႔အတူ မနက္စာ ထြက္မေကာက္ခဲ့ဘူး။ သူ႔ကို ရယ္ျပ မေနခဲ့ေတာ့ဘူး။ သူ႔တစ္ေယာက္တည္း အစာေတြ သြားေကာက္ခဲ့ၿပီး ေန႔ခင္းမွာ ျပန္လာခဲ့တယ္။ လက္ထဲမွာ ေရအသစ္တစ္ဗူးနဲ႔ ေပါင္မုန္႔အသစ္တစ္ထုပ္ ယူၿပီး သူျပန္လာခဲ့တယ္။

သူ႔မ်က္ႏွာေတြ ဖုေယာင္ေနတယ္။ လက္ညိဳးေတြလည္း ညိဳမည္းေနတယ္၊ ႏွာေခါင္းမွာလည္း ေသြးေတြေပေနတယ္။ ဆိုင္ထဲက ေရနဲ႔ ေပါင္မုန္႔ကို သူဝင္လုတဲ့အခ်ိန္ ဆိုင္ပိုင္ရွင္ ရိုက္ထားလို႔ျဖစ္တယ္။

မ်က္လံုးေတြကို သူမမွိတ္ထားလည္း သူ႔ကို အရင္လိုပဲ ရယ္ျပေနခဲ့တယ္။ ေပါင္မုန္႔ကိုယူၿပီး သူမပါးစပ္ထဲ သူထည့္ေပးလိုက္တယ္။ သူမ မစားႏိုင္ဘူး။ ၾကည့္ရတာ သူမ သိပ္မဟန္ေတာ့ဘူး။ အဖ်ားေတြတက္ၿပီး သူမေမ့ေမ်ာသြားခဲ့တယ္။

သူ႔မ်က္ႏွာေပၚမွာ ပထမဆံုးအႀကိမ္ အမူအရာေတြကို ျမင္ရတယ္။ စိုးရိမ္တဲ့ အမူအရာ၊ အကူအညီမဲ့တဲ့ အမူအရာ… အိမ္အိုထဲကေန သူထြက္ေျပးလာခဲ့တယ္။ အစိမ္းေရာင္ဝတ္ ရဲသားတစ္ဦးကုိေတြ႔ေတာ့ သူငိုတယ္။ ပထမဆံုးအႀကိမ္ သူငိုခဲ့တယ္။

“ကြၽန္ေတာ့္ အမ်ဳိးသမီးကို ကယ္ပါ” လို႔ ပါးစပ္ကေအာ္ၿပီး သူငိုတယ္။ “သြားစမ္း.. အရူး.. ေတာက္.. အိမ္ကထြက္တာနဲ႔ ဘယ္ကအရူးနဲ႔ လာတိုးေနမွန္း မသိဘူး”

ရဲသားက ေျပာေျပာဆိုဆို သူ႔ကို ကန္ထည့္လိုက္တယ္။ ေျမႀကီးေပၚ သူပက္လက္ လွန္က်သြားတယ္။ ရဲသားက သူ႔ဗိုက္တည့္တည့္ အားနဲ႔ သံုးေလးခ်က္ ဆင့္ၿပီး ကန္ခ်လိုက္တယ္။ ၿပီးေတာ့ သူ႔မ်က္ႏွာေပၚ တံေထြးတစ္ခ်က္ ေထြးထည့္ၿပီး ေနရာက ထြက္သြားတယ္။

ေျမေပၚမွာ သူအၾကာႀကီး လဲေနခဲ့တယ္။ သူထႏိုင္တဲ့အခ်ိန္ မ်က္ႏွာေပၚက တံေထြးေတာင္ ေျခာက္ေနခဲ့ၿပီ။သူမကိုေက်ာပိုးၿပီး လမ္းမႀကီးေပၚ သူေရာက္လာခဲ့တယ္။ လမ္းေပၚမွာ လူေတြအမ်ားႀကီး ဒါေပမယ့္ သူတို႔ကို တစ္ေယာက္မွ ဂရုစိုက္မၾကည့္ၾကဘူး။

ၾကည့္ၾကတဲ့ လူေတြကလည္း ရြံ႕ရွာတဲ့ ေအးတိေအးစက္ အၾကည့္နဲ႔ တစ္ခ်က္ၾကည့္ၿပီး ကိုယ္လမ္းကိုယ္သြားလိုက္ၾကတယ္။ သူမကို လမ္းေဘးတစ္ေနရာမွာ သူခ်လိုက္ၿပီး အကူအညီမဲ့ မ်က္လံုးနဲ႔ လူေတြကို သူလိုက္ၾကည့္ေနခဲ့တယ္။ သူမ အသက္မွ်င္းမွ်င္းေလးပဲ ရွဴေနတယ္။

ရုတ္တရက္ လမ္းေဘးက ဖန္ကဲြစတစ္စကို သူေကာက္ယူၿပီး သူမရဲ႕ ညစ္ပတ္ ပိန္လွီေနတဲ့ လက္ေပၚ ခုတ္ခ်လိုက္တယ္။ သူမလက္ထဲက ေသြးေတြ ျဖာခနဲ သူ႔မ်က္ႏွာေပၚ ပန္းတက္လာတယ္။

“ဟား.. ဟား… ကြၽန္ေတာ္ လူသတ္လိုက္ၿပီ… ခင္ဗ်ားတို႔ၾကည့္ ကြၽန္ေတာ္ လူသတ္လိုက္ၿပီ”

အဲဒီေနာက္ အေရးေပၚ လူနာတင္ကား ေရာက္လာၿပီး သူမကို သယ္ထုတ္ သြားၾကတယ္။ ဝိုင္းၾကည့္ေနတဲ့ လူေတြက သူ႔ကို ကန္ေက်ာက္ၿပီး ဆဲဆို ထြက္သြားၾကတယ္။ ကယ္တင္ ခံရေပမယ့္ ေနာက္ဆံုးမွာ သူမ ေသဆံုး သြားခဲ့ရတယ္။

အေရးေပၚခန္းမွာ တစ္နာရီေလာက္ေတာင္ သူမ မေနခဲ့ရဘဲ ရင္ခဲြရံုထဲ ပို႔ခံခဲ့ရတယ္။ ေသဆံုးသြားေပမယ့္ သူမမ်က္ႏွာက ၿပံဳးေနခဲ့တယ္။ ေသဆံုးခ်ိန္ထိ သူမ လက္သူၾကြယ္မွာ သံေခ်းတက္ေနတဲ့ လက္စြပ္ကို စြပ္ထားဆဲျဖစ္တယ္။

သူမျပန္အလာကို သူအၾကာႀကီး ေစာင့္ေနခဲ့တယ္။ ဒါေပမယ့္ သူမ လံုးဝ ျပန္မလာခဲ့ေတာ့ပါဘူး။ သူ႔ကို ရယ္ျပဖို႔ ျပန္မလာခဲ့ေတာ့ပါဘူး။ သူငိုမိတယ္။ အားပါတရ သူေအာ္ငိုမိတယ္။ ညတစ္ညလံုး သူ႔ငိုသံေတြ လႊမ္းေနခဲ့တယ္။ ဒါေပမယ့္ ဘယ္သူ႔မွ သူ႔ငိုသံကို သတိမထားခဲ့မိၾကဘူး။

သူတို႔ စေတြ႔ခဲ့တဲ့ အမိႈက္ပံုးေဘးမွာပဲ သူ႔ရဲ႕ေအးစက္ေနတဲ့ အေလာင္းကို လူေတြ ေတြ႔ခဲ့ၾကတယ္။ သူ႔မ်က္ႏွာေပၚက အၿပံဳးေတာင္ ေအးစက္ ေနခဲ့ပါၿပီ။ မိႈတက္ေနတဲ့ ေပါင္မုန္႔ တစ္ခ်ပ္နဲ႔ မေဖာက္ရေသးတဲ့ ေရတစ္ပုလင္းက သူ႔ရင္ခြင္ထက္မွာ တင္းတင္းက်ပ္က်ပ္ ေပြ႔ဖက္လို႔…..

ဖိုးသူေတာ္ (www.phothutaw.com)
Credit:  ႏိုင္းႏိုင္းစေန

#Unicode Version#
ဟိုး ရှေးရှေးတုန်းက ဒီလို အချစ်ပုံပြင်လေးတစ်ပုဒ် ရှိခဲ့ဖူးတယ်။ ပုံပြင်ထဲက ယောက်ျားနဲ့ မိန်းမနှစ်ဦးစလုံးဟာ ရူးနေကြတယ်။ သူကရူးနေလို့ တစ်ချိန်လုံး အရူးစကားပဲ ပြောတတ်တယ်။ သူမကလည်းရူးနေပြီး တစ်ချိန်လုံး သူ့ကိုပဲ ခပ်တုံးတုံးရယ်ပြပြီး စိုက်ကြည့်နေတတ်တယ်။

အစက သူတို့နှစ်ယောက် တစ်ယောက်ကို တစ်ယောက် မသိကြဘူး။ သူက တောင်အရပ်မှာ နေပြီး သူမက မြောက်အရပ်မှာ နေကြတယ်။ အိမ်ကလူတွေက သူတို့နှစ်ယောက်ကို တုံးအတယ်ဆိုပြီး ဂရုမစိုက်ဘဲ သွားချင်ရာသွား ဆိုပြီး စွန့်ပစ်ထားကြတယ်။ တောင်အရပ်ကနေ မြောက်အရပ်ဆီ ဦးတည်ပြီး သူထွက်လာခဲ့တယ်။ မြောက်အရပ်ကနေ တောင်အရပ်ဆီ ဦးတည်ပြီး သူမ လေလွင့်ခဲ့တယ်။ နှစ်ယောက်စလုံး လေလွင့်ခဲ့ကြတယ်…

တကယ်တော့ အရင်က သူမရူးဘူး။ တစ်ခါက အလုပ်ခွင်မှာ ခေါင်းကိုအုတ်နဲ့ ရိုက်မိပြီးနောက် သူရူးသွားတာ ဖြစ်တယ်။ သူမလည်း အစက မရူးဘူး။ တက္ကသိုလ် ဝင်တန်းမှာ မြို့နယ် ပထမရခဲ့တဲ့ သူမနေရာကို သူဌေးသမီး တစ်ယောက် ဝယ်ယူလိုက်ရာက ဘယ်သူနဲ့မှ သူမ စကား မပြောတော့ဘူး။ အဖေ အမေ ကိုလည်း ဂရုမစိုက်တော့ဘူး။ နောက်တော့ သူမ ရူးသွားခဲ့တယ်။

လမ်းခရီး ဘယ်လောက်ကြာကြာ သူတို့ လျှောက်ခဲ့ကြမှန်း မသိဘူး။ သူ့ကိုယ်ပေါ်က အဝတ်အစားတွေ ညစ်ပတ် ပေရေနေတယ်။ မည်းညစ်နေတဲ့ ခြေဖျားတွေ ဖိနပ်ထိပ်မှာ ပြူထွက်နေတယ်။ သူမကိုယ်ပေါ်က အနီရောင် ဝတ်စုံလည်း မီးခိုးရောင် ဖြစ်နေခဲ့တယ်။ ရှုပ်ပွနေတဲ့ သူမဆံပင်ပေါ်မှာ မြက်ခြောက်တွေ ကပ်ညှိနေတယ်။ ဒါပေမယ့် သူမမျက်နှာ ဖြူနေတယ်။ ဖြူရော်နေတယ်။ လက်ထဲမှာ ရေပုလင်းတစ်လုံး ကိုင်ထားပြီး လမ်းသွား လမ်းလာ တွေကို ထုံအ,အ သူမ ရယ်ပြနေခဲ့တယ်။

ညနေဝင်ရီတရော အချိန်မှာ သူနဲ့ သူမတွေ့ကြတယ်။ အမှိုက်ပုံးတစ်ခုမှာ မှိုတက်နေတဲ့ ပေါင်မုန့်တစ်ချပ်ကို အတူတွေ့ကြရင်း သူတို့နှစ်ယောက် ဆုံခဲ့ကြခဲ့တယ်။ ပေါင်မုန့်ဆီ နှစ်ဦးသား လက်လှမ်းပြီး ကောက်ယူချိန် ခေါင်းချင်းတိုက် ဆုံခဲ့ကြတာဖြစ်တယ်။ သူမကို သူစူးစူးစိုက်စိုက် ကြည့်ပစ်လိုက်တယ်။ သူ့ကို သူမရယ်ပြနေတယ်။ နောက်ဆုံး သူ့လက်ထဲ ပေါင်မုန့်ပါလာတယ်။ မည်းညစ်နေတဲ့ ပါးစပ်ကြီးကိုဟပြီး ပေါင်မုန့်ကို ခပ်နာနာတစ်ချက် သူကိုက်ချလိုက်တယ်။ သူမ မလှုပ်ဘဲ သူ့ကို ငေးစိုက်ကြည့်နေတယ်။

သူမကို အရောင်မပါတဲ့ မျက်လုံးနဲ့ သူတစ်ချက် စောင်းကြည့်လိုက်တယ်။ တံထွေးတွေကို မပြတ်မျိုချရင်း သူ့ကို သူမငေးကြည့်နေခဲ့တယ်။ စားလက်စ ပေါင်မုန့်ကို ရပ်ပြီး ထုံအအနဲ့ သူ့ကို စိုက်ကြည့်နေတဲ့ သူမကို ပြန်စိုက်ကြည့်လိုက်တယ်။ အဲဒီလိုနဲ့ အရူးနှစ်ယောက် ဘာအမှုအရာမှမပြဘဲ အချင်းချင်း စိုက်ကြည့်နေကြတယ်။

သူမကို သူပေါင်မုန့် ကမ်းပေးလိုက်တယ်။ တစ်ဝက်သာ ကျန်တဲ့ပေါင်မုန့်ကို သူမဆတ်ခနဲ ဆွဲယူပြီး အားရပါးရ စားလိုက်တယ်။ နေရာက သူလှည့်ထွက်လာခဲ့တယ်။ နောက်လှည့်မကြည့်ဘဲ အိပ်နေကျ အိမ်အိုကြီးဆီ သူပြန်လာခဲ့တယ်။ အိမ်နားရောက်မှ သူ့နောက်မှာ သူမ လိုက်ပါလာမှန်း သိတယ်။ သူ့ကို သူမရယ်ပြပြန်တယ်။ သူတို့အချင်းချင်း စကားတစ်ခွန်းမှ မပြောကြဘဲ အိမ်အိုကြီးထဲမှာ အတူနေခဲ့ကြတယ်။

ညအိပ်ချိန်မှာ တစ်ခါမှ မခံစားဖူးတဲ့ နွေးထွေးမှုကို သူခံစားမိတယ်။ နိုးလာတော့ သူမက သူ့ကိုဖက်ပြီး အိပ်နေတယ်။ အရူးတစ်ယောက်ပုံစံနဲ့ မတူဘဲ နှစ်နှစ်ခြိုက်ခြိုက် သူ့ကိုဖက်ပြီး သူမအိပ်ပျော်နေခဲ့တယ်။

ဒီလိုနဲ့ အရူးနှစ်ယောက် တစ်အိမ်ထဲမှာ အတူနေဖြစ်ခဲ့ကြတယ်။ နေ့ခင်းမှာ နှစ်ယောက်အတူ ဈေးထဲက စားစရာတွေ ကောက်ယူစားပြီး သူတို့ ဗိုက်ဖြည့်ကြတယ်။ ညဖက်မှာ အိမ်အိုကြီးဆီ ပြန်အိပ်ကြတယ်။

တစ်ရက်ပြီး တစ်ရက်၊ တစ်လပြီး တစ်လ နေ့ရက်တွေကို သူတို့ ကျော်ဖြတ်ခဲ့ကြတယ်။တစ်ညမှာ ဘယ်က ကောက်ရမှန်းမသိတဲ့ လက်စွပ်တစ်ကွင်းကို သူယူပြန်ခဲ့တယ်။ သံချေးတွေ တက်နေတဲ့ လက်စွပ်ကို သူမလက်ထဲ သူစွပ်ပေးလိုက်တယ်။

သူမက ထုံးစံအတိုင်း သူ့ကိုကြည့်ပြီး ရယ်နေတယ်။ အဲဒီညက သူမ အားရပါးရ ရယ်ဖြစ်တယ်။ တိတ်ဆိတ်တဲ့ညမှာ သူမရယ်သံကို အတိုင်းသား ကြားနေရတယ်။ ရယ်သံတွေရဲ့ နောက်မှာ ငိုသံတွေပါနေခဲ့တယ်။

ပထမဆုံးအကြိမ် သူမငိုမိတယ်။ သူ့ကိုဖက်ပြီး ဘာမှန်းညာမှန်း မသိ သူမ ငိုနေမိတယ်။ သူက မတုန်လှုပ်တဲ့ အပြင် မျက်နှာမှာလည်း ဘာအမူအရာမှ မပြခဲ့ဘူး။သူမ ဖျားနေတယ်။ တစ်ခါမှ မဖျားဖူးတဲ့သူမ အပြင်းဖျား နေခဲ့တယ်။

သူနဲ့အတူ မနက်စာ ထွက်မကောက်ခဲ့ဘူး။ သူ့ကို ရယ်ပြ မနေခဲ့တော့ဘူး။ သူ့တစ်ယောက်တည်း အစာတွေ သွားကောက်ခဲ့ပြီး နေ့ခင်းမှာ ပြန်လာခဲ့တယ်။ လက်ထဲမှာ ရေအသစ်တစ်ဗူးနဲ့ ပေါင်မုန့်အသစ်တစ်ထုပ် ယူပြီး သူပြန်လာခဲ့တယ်။

သူ့မျက်နှာတွေ ဖုယောင်နေတယ်။ လက်ညိုးတွေလည်း ညိုမည်းနေတယ်၊ နှာခေါင်းမှာလည်း သွေးတွေပေနေတယ်။ ဆိုင်ထဲက ရေနဲ့ ပေါင်မုန့်ကို သူဝင်လုတဲ့အချိန် ဆိုင်ပိုင်ရှင် ရိုက်ထားလို့ဖြစ်တယ်။

မျက်လုံးတွေကို သူမမှိတ်ထားလည်း သူ့ကို အရင်လိုပဲ ရယ်ပြနေခဲ့တယ်။ ပေါင်မုန့်ကိုယူပြီး သူမပါးစပ်ထဲ သူထည့်ပေးလိုက်တယ်။ သူမ မစားနိုင်ဘူး။ ကြည့်ရတာ သူမ သိပ်မဟန်တော့ဘူး။ အဖျားတွေတက်ပြီး သူမမေ့မျောသွားခဲ့တယ်။

သူ့မျက်နှာပေါ်မှာ ပထမဆုံးအကြိမ် အမူအရာတွေကို မြင်ရတယ်။ စိုးရိမ်တဲ့ အမူအရာ၊ အကူအညီမဲ့တဲ့ အမူအရာ… အိမ်အိုထဲကနေ သူထွက်ပြေးလာခဲ့တယ်။ အစိမ်းရောင်ဝတ် ရဲသားတစ်ဦးကိုတွေ့တော့ သူငိုတယ်။ ပထမဆုံးအကြိမ် သူငိုခဲ့တယ်။

“ကျွန်တော့် အမျိုးသမီးကို ကယ်ပါ” လို့ ပါးစပ်ကအော်ပြီး သူငိုတယ်။ “သွားစမ်း.. အရူး.. တောက်.. အိမ်ကထွက်တာနဲ့ ဘယ်ကအရူးနဲ့ လာတိုးနေမှန်း မသိဘူး”

ရဲသားက ပြောပြောဆိုဆို သူ့ကို ကန်ထည့်လိုက်တယ်။ မြေကြီးပေါ် သူပက်လက် လှန်ကျသွားတယ်။ ရဲသားက သူ့ဗိုက်တည့်တည့် အားနဲ့ သုံးလေးချက် ဆင့်ပြီး ကန်ချလိုက်တယ်။ ပြီးတော့ သူ့မျက်နှာပေါ် တံထွေးတစ်ချက် ထွေးထည့်ပြီး နေရာက ထွက်သွားတယ်။

မြေပေါ်မှာ သူအကြာကြီး လဲနေခဲ့တယ်။ သူထနိုင်တဲ့အချိန် မျက်နှာပေါ်က တံထွေးတောင် ခြောက်နေခဲ့ပြီ။သူမကိုကျောပိုးပြီး လမ်းမကြီးပေါ် သူရောက်လာခဲ့တယ်။ လမ်းပေါ်မှာ လူတွေအများကြီး ဒါပေမယ့် သူတို့ကို တစ်ယောက်မှ ဂရုစိုက်မကြည့်ကြဘူး။

ကြည့်ကြတဲ့ လူတွေကလည်း ရွံ့ရှာတဲ့ အေးတိအေးစက် အကြည့်နဲ့ တစ်ချက်ကြည့်ပြီး ကိုယ်လမ်းကိုယ်သွားလိုက်ကြတယ်။ သူမကို လမ်းဘေးတစ်နေရာမှာ သူချလိုက်ပြီး အကူအညီမဲ့ မျက်လုံးနဲ့ လူတွေကို သူလိုက်ကြည့်နေခဲ့တယ်။ သူမ အသက်မျှင်းမျှင်းလေးပဲ ရှူနေတယ်။

ရုတ်တရက် လမ်းဘေးက ဖန်ကွဲစတစ်စကို သူကောက်ယူပြီး သူမရဲ့ ညစ်ပတ် ပိန်လှီနေတဲ့ လက်ပေါ် ခုတ်ချလိုက်တယ်။ သူမလက်ထဲက သွေးတွေ ဖြာခနဲ သူ့မျက်နှာပေါ် ပန်းတက်လာတယ်။

“ဟား.. ဟား… ကျွန်တော် လူသတ်လိုက်ပြီ… ခင်ဗျားတို့ကြည့် ကျွန်တော် လူသတ်လိုက်ပြီ”

အဲဒီနောက် အရေးပေါ် လူနာတင်ကား ရောက်လာပြီး သူမကို သယ်ထုတ် သွားကြတယ်။ ဝိုင်းကြည့်နေတဲ့ လူတွေက သူ့ကို ကန်ကျောက်ပြီး ဆဲဆို ထွက်သွားကြတယ်။ ကယ်တင် ခံရပေမယ့် နောက်ဆုံးမှာ သူမ သေဆုံး သွားခဲ့ရတယ်။

အရေးပေါ်ခန်းမှာ တစ်နာရီလောက်တောင် သူမ မနေခဲ့ရဘဲ ရင်ခွဲရုံထဲ ပို့ခံခဲ့ရတယ်။ သေဆုံးသွားပေမယ့် သူမမျက်နှာက ပြုံးနေခဲ့တယ်။ သေဆုံးချိန်ထိ သူမ လက်သူကြွယ်မှာ သံချေးတက်နေတဲ့ လက်စွပ်ကို စွပ်ထားဆဲဖြစ်တယ်။

သူမပြန်အလာကို သူအကြာကြီး စောင့်နေခဲ့တယ်။ ဒါပေမယ့် သူမ လုံးဝ ပြန်မလာခဲ့တော့ပါဘူး။ သူ့ကို ရယ်ပြဖို့ ပြန်မလာခဲ့တော့ပါဘူး။ သူငိုမိတယ်။ အားပါတရ သူအော်ငိုမိတယ်။ ညတစ်ညလုံး သူ့ငိုသံတွေ လွှမ်းနေခဲ့တယ်။ ဒါပေမယ့် ဘယ်သူ့မှ သူ့ငိုသံကို သတိမထားခဲ့မိကြဘူး။

သူတို့ စတွေ့ခဲ့တဲ့ အမှိုက်ပုံးဘေးမှာပဲ သူ့ရဲ့အေးစက်နေတဲ့ အလောင်းကို လူတွေ တွေ့ခဲ့ကြတယ်။ သူ့မျက်နှာပေါ်က အပြုံးတောင် အေးစက် နေခဲ့ပါပြီ။ မှိုတက်နေတဲ့ ပေါင်မုန့် တစ်ချပ်နဲ့ မဖောက်ရသေးတဲ့ ရေတစ်ပုလင်းက သူ့ရင်ခွင်ထက်မှာ တင်းတင်းကျပ်ကျပ် ပွေ့ဖက်လို့…..


ဖိုးသူတော် (www.phothutaw.com)
Credit:  နိုင်းနိုင်းစနေ
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top