ျမန္မာတစ္ႏိုင္ငံလံုးမွာ Facility အမ်ားဆံုးပါတဲ့ ကမၻာ့အဆင့္မီ Diamond Inya Palace ကြန္ဒို အထူးအေရာင္းျပပြဲၾကီး
×

မိခင္ေတြဟာ သားသမီးေတြကုိ အလြန္ခ်စ္ၾကပါတယ္။ သားသမီးေတြအတြက္ဆုိရင္ သူတုိ႔ရဲ႕ဘ၀ကို အဆုံးရႈံးခံႏုိင္တဲ့အထိခ်စ္ၾကပါတယ္။ ဒါေပမယ့္ အခုလုိ တုိက္တုိက္ဆုိင္ဆုိင္ျဖစ္ရပ္ကေတာ့ မိခင္တစ္ေယာက္အတြက္ အလြန္စိတ္ထိခုိက္ဖုိ႔ေကာင္းတဲ့ ျဖစ္ရပ္ျဖစ္ပါတယ္။ သားႏွစ္ေယာက္လုံးကုိ ခ်စ္တဲ့မိခင္တစ္ေယာက္ဟာ တစ္ေယာက္ကိုသာ အသက္ရွင္ဖုိ႔ေရြးရတာ ျဖစ္တဲ့အတြက္ သူ႔အတြက္ဘယ္ေလာက္ခက္ခဲမယ္ဆုိတာ စဥ္းစားၾကည့္ႏုိင္ပါတယ္။ ႏွစ္ေယာက္စလုံးကို ေရြးခ်ယ္ခ်င္ေပမယ့္ ဒီအေျခအေနမွာေတာ့ တစ္ေယာက္ကုိသာ မျဖစ္မေန ေရြးခ်ယ္ခဲ့ရပါတယ္။

ဒီျဖစ္ရပ္ကေတာ့ တရုတ္ႏုိင္ငံ Quanzhou ၿမဳိ႕မွာျဖစ္ခဲ့တဲ့ျဖစ္ရပ္ပါ။ သားႀကီးျဖစ္သူ Haiqing နဲ႔ သားငယ္ျဖစ္သူ Li Haisong တုိ႔ႏွစ္ဦးစလုံးဟာ ေက်ာက္ကပ္ပ်က္စီးတဲ့ေရာဂါကို ႏွစ္ဦးစလုံးခံစားေနရတာျဖစ္ၿပီး အသက္ရွင္ဖုိ႔အတြက္ ေက်ာက္ကပ္အစားထုိးရမယ့္ အေျခအေနျဖစ္ပါတယ္။ လွဴဒါန္းမယ့္ မိဘႏွစ္ပါးကုိ စစ္ၾကည့္ရမွာေတာ့ ဖခင္ျဖစ္သူဟာ ေသြးဖိအားျမင့္မားတဲ့အတြက္ လွဴဒါန္းလုိ႔မရပဲ မိခင္ျဖစ္သူရဲ႕ေက်ာက္ကပ္ကသာ သားေတြအတြက္ သင့္ေတာ္တဲ့အတြက္ လွဴဒါန္းလုိ႔ရတာပဲျဖစ္ပါတယ္။ ဒါေပမယ့္ သားႏွစ္ဦးစလုံးကို ခ်စ္တဲ့မိခင္တစ္ေယာက္အတြက္ သူမဘယ္လုိမွ ဆုံးျဖတ္လုိ႔မရခဲ့ပါဘူး။

“ျဖစ္ႏုိင္ရင္ ရွိတဲ့ေက်ာက္ကပ္ႏွစ္ခုစလုံးကို သားေတြဆီေပးၿပီး ကြ်န္မပဲေသပစ္လုိက္ခ်င္ပါတယ္။ ဒါေပမယ့္ အခုေတာ့ ကြ်န္မမွာ လွဴဒါန္းႏုိင္တဲ့ ေက်ာက္ကပ္တစ္ခုပဲ ရွိတာေၾကာင့္ သားတစ္ေယာက္ကုိပဲ ကယ္လုိ႔ရမွာပါ။ တစ္ေယာက္ကုိ ေရြးလုိက္တာနဲ႔ က်န္တဲ့သားတစ္ေယာက္အတြက္ မမွ်တဘူး ၊ ကြ်န္မ တစ္ဘ၀လုံးေျဖဆည္ႏုိင္မွာမဟုတ္ပါဘူး။ ကြ်န္မဘယ္လုိမွ မေရြးခ်ယ္တတ္ပါဘူး” လုိ႔ မိခင္ျဖစ္သူ Ronghua က ငိုေၾကြးေနရင္း ဆုိပါတယ္။

ေနာက္ဆုံးမွာေတာ့ မိခင္ျဖစ္သူကို မၾကည့္ရက္တဲ့သားႀကီးျဖစ္သူ Haiqing ဟာ သူအသက္ရွင္မယ့္အခြင့္အေရးကို ဆုံးရႈံးခံၿပီး သူ႔ညီျဖစ္သူကိုသာ ေပးလွဴဖုိ႔တုိက္တြန္းခဲ့ပါတယ္။ Haiqing ဟာ ေဆးေက်ာင္းတက္ေနသူျဖစ္ၿပီး လက္ရွိမွာေတာ့ ေရာဂါေၾကာင့္ေက်ာင္းနားလုိက္ရၿပီျဖစ္ပါတယ္။ သူ႔ရဲ႕ေရြးခ်ယ္မႈေၾကာင့္ မိခင္ျဖစ္သူရဲ႕ေက်ာက္ကပ္ကို ညီျဖစ္သူ Li Haisong ထံ အစားထုိးခဲ့ပါတယ္။ ဒီလုိေက်ာက္ကပ္အစားထုိးခ်ိန္ဟာ ၈နာရီၾကာျမင့္ခဲ့ၿပီးေနာက္ေအာင္ျမင္ခဲ့ပါတယ္။

မိခင္ျဖစ္သူေၾကာင့္ သားငယ္ Li Haisong ဟာ ဆက္ၿပီးအသက္ရွင္လုိ႔ရသြားၿပီျဖစ္ေပမယ့္ သားႀကီးအတြက္ေတာ့ ေၾကကြဲစရာပါ။ သားႀကီး Li Haisong ကေတာ့ “ညီေလးက လုိအပ္တာေၾကာင့္ အရင္ဦးစားေပးလုိက္တာပါ၊ ကြ်န္ေတာ့အတြက္ေတာ့ ေနာက္ထပ္အလွဴရွင္ကုိ ေစာင့္ရုံပဲရွိပါတယ္” လုိ႔ ဆုိပါတယ္။ တစ္မိသားစုလုံး သင့္ေတာ္တဲ့ ေက်ာက္ကပ္အလွဴရွင္ကုိ ေမွ်ာ္လင့္ေနၾကၿပီး လအနည္းငယ္အတြင္းမွာ မရခဲ့ရင္ေတာ့ သားႀကီးျဖစ္သူဟာ ေသဆုံးရေတာ့မွာပါ။ သားငယ္ျဖစ္သူ ေက်ာက္ကပ္အစားထုိးစရိတ္အတြက္ ရွိသမွ်ကိုေရာင္းခ်ခဲ့ရတာေၾကာင့္ ေနာက္ထပ္ ေက်ာက္ကပ္ အလွဴရွင္ေပၚလာခဲ့ရင္ေတာင္ ခြဲစိတ္ခအတြက္ မတတ္ႏုိင္ေတာ့ဘူးလုိ႔ ဖခင္ျဖစ္သူက ဆုိပါတယ္။ မိခင္တစ္ေယာက္အတြက္ေတာ့ ဒီလိုေရြးခ်ယ္မႈဟာ အလြန္႔အလြန္ခက္ခဲတဲ့ ေရြးခ်ယ္မႈျဖစ္ခဲ့မွာ အမွန္ပါပဲ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: thutazone
# Unicode Version ျဖင့္ ဖတ္ပါ #
မိခင်တွေဟာ သားသမီးတွေကို အလွန်ချစ်ကြပါတယ်။ သားသမီးတွေအတွက်ဆိုရင် သူတို့ရဲ့ဘဝကို အဆုံးရှုံးခံနိုင်တဲ့အထိချစ်ကြပါတယ်။ ဒါပေမယ့် အခုလို တိုက်တိုက်ဆိုင်ဆိုင်ဖြစ်ရပ်ကတော့ မိခင်တစ်ယောက်အတွက် အလွန်စိတ်ထိခိုက်ဖို့ကောင်းတဲ့ ဖြစ်ရပ်ဖြစ်ပါတယ်။ သားနှစ်ယောက်လုံးကို ချစ်တဲ့မိခင်တစ်ယောက်ဟာ တစ်ယောက်ကိုသာ အသက်ရှင်ဖို့ရွေးရတာ ဖြစ်တဲ့အတွက် သူ့အတွက်ဘယ်လောက်ခက်ခဲမယ်ဆိုတာ စဉ်းစားကြည့်နိုင်ပါတယ်။ နှစ်ယောက်စလုံးကို ရွေးချယ်ချင်ပေမယ့် ဒီအခြေအနေမှာတော့ တစ်ယောက်ကိုသာ မဖြစ်မနေ ရွေးချယ်ခဲ့ရပါတယ်။

ဒီဖြစ်ရပ်ကတော့ တရုတ်နိုင်ငံ Quanzhou မြို့မှာဖြစ်ခဲ့တဲ့ဖြစ်ရပ်ပါ။ သားကြီးဖြစ်သူ Haiqing နဲ့ သားငယ်ဖြစ်သူ Li Haisong တို့နှစ်ဦးစလုံးဟာ ကျောက်ကပ်ပျက်စီးတဲ့ရောဂါကို နှစ်ဦးစလုံးခံစားနေရတာဖြစ်ပြီး အသက်ရှင်ဖို့အတွက် ကျောက်ကပ်အစားထိုးရမယ့် အခြေအနေဖြစ်ပါတယ်။ လှူဒါန်းမယ့် မိဘနှစ်ပါးကို စစ်ကြည့်ရမှာတော့ ဖခင်ဖြစ်သူဟာ သွေးဖိအားမြင့်မားတဲ့အတွက် လှူဒါန်းလို့မရပဲ မိခင်ဖြစ်သူရဲ့ကျောက်ကပ်ကသာ သားတွေအတွက် သင့်တော်တဲ့အတွက် လှူဒါန်းလို့ရတာပဲဖြစ်ပါတယ်။ ဒါပေမယ့် သားနှစ်ဦးစလုံးကို ချစ်တဲ့မိခင်တစ်ယောက်အတွက် သူမဘယ်လိုမှ ဆုံးဖြတ်လို့မရခဲ့ပါဘူး။

“ဖြစ်နိုင်ရင် ရှိတဲ့ကျောက်ကပ်နှစ်ခုစလုံးကို သားတွေဆီပေးပြီး ကျွန်မပဲသေပစ်လိုက်ချင်ပါတယ်။ ဒါပေမယ့် အခုတော့ ကျွန်မမှာ လှူဒါန်းနိုင်တဲ့ ကျောက်ကပ်တစ်ခုပဲ ရှိတာကြောင့် သားတစ်ယောက်ကိုပဲ ကယ်လို့ရမှာပါ။ တစ်ယောက်ကို ရွေးလိုက်တာနဲ့ ကျန်တဲ့သားတစ်ယောက်အတွက် မမျှတဘူး ၊ ကျွန်မ တစ်ဘဝလုံးဖြေဆည်နိုင်မှာမဟုတ်ပါဘူး။ ကျွန်မဘယ်လိုမှ မရွေးချယ်တတ်ပါဘူး” လို့ မိခင်ဖြစ်သူ Ronghua က ငိုကြွေးနေရင်း ဆိုပါတယ်။

နောက်ဆုံးမှာတော့ မိခင်ဖြစ်သူကို မကြည့်ရက်တဲ့သားကြီးဖြစ်သူ Haiqing ဟာ သူအသက်ရှင်မယ့်အခွင့်အရေးကို ဆုံးရှုံးခံပြီး သူ့ညီဖြစ်သူကိုသာ ပေးလှူဖို့တိုက်တွန်းခဲ့ပါတယ်။ Haiqing ဟာ ဆေးကျောင်းတက်နေသူဖြစ်ပြီး လက်ရှိမှာတော့ ရောဂါကြောင့်ကျောင်းနားလိုက်ရပြီဖြစ်ပါတယ်။ သူ့ရဲ့ရွေးချယ်မှုကြောင့် မိခင်ဖြစ်သူရဲ့ကျောက်ကပ်ကို ညီဖြစ်သူ Li Haisong ထံ အစားထိုးခဲ့ပါတယ်။ ဒီလိုကျောက်ကပ်အစားထိုးချိန်ဟာ ၈နာရီကြာမြင့်ခဲ့ပြီးနောက်အောင်မြင်ခဲ့ပါတယ်။

မိခင်ဖြစ်သူကြောင့် သားငယ် Li Haisong ဟာ ဆက်ပြီးအသက်ရှင်လို့ရသွားပြီဖြစ်ပေမယ့် သားကြီးအတွက်တော့ ကြေကွဲစရာပါ။ သားကြီး Li Haisong ကတော့ “ညီလေးက လိုအပ်တာကြောင့် အရင်ဦးစားပေးလိုက်တာပါ၊ ကျွန်တော့အတွက်တော့ နောက်ထပ်အလှူရှင်ကို စောင့်ရုံပဲရှိပါတယ်” လို့ ဆိုပါတယ်။ တစ်မိသားစုလုံး သင့်တော်တဲ့ ကျောက်ကပ်အလှူရှင်ကို မျှော်လင့်နေကြပြီး လအနည်းငယ်အတွင်းမှာ မရခဲ့ရင်တော့ သားကြီးဖြစ်သူဟာ သေဆုံးရတော့မှာပါ။ သားငယ်ဖြစ်သူ ကျောက်ကပ်အစားထိုးစရိတ်အတွက် ရှိသမျှကိုရောင်းချခဲ့ရတာကြောင့် နောက်ထပ် ကျောက်ကပ် အလှူရှင်ပေါ်လာခဲ့ရင်တောင် ခွဲစိတ်ခအတွက် မတတ်နိုင်တော့ဘူးလို့ ဖခင်ဖြစ်သူက ဆိုပါတယ်။ မိခင်တစ်ယောက်အတွက်တော့ ဒီလိုရွေးချယ်မှုဟာ အလွန့်အလွန်ခက်ခဲတဲ့ ရွေးချယ်မှုဖြစ်ခဲ့မှာ အမှန်ပါပဲ။

ဖိုးသူတော် (www.phothutaw.com)
Credit: thutazone
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top