ျမန္မာတစ္ႏိုင္ငံလံုးမွာ Facility အမ်ားဆံုးပါတဲ့ ကမၻာ့အဆင့္မီ Diamond Inya Palace ကြန္ဒို အထူးအေရာင္းျပပြဲၾကီး
×

 ခႏၶာကိုယ္ေပၚမွာ ျခင္ကိုက္ဖုလို ေသးေသးေလးေတြကစၿပီး ထူထူပိန္းပိန္း အနီေရာင္ျပင္လိုက္ႀကီးေတြ ေနရာအႏွံ့မွာ ေပၚလာတာကို “အင္ျပင္” လို႔ လူသိမ်ားၿပီး ေဆးပညာအရ ““Urticaria” လို႔လည္း ေခၚပါတယ္။

အင္ျပင္ဟာ ကေလးလူႀကီး အခ်ိန္ခါမေရြး ျဖစ္တတ္ပါတယ္။

အင္ျပင္ျဖစ္လာတဲ့အခါ အဖုအပိန႔္ေတြေနရာက မေနနိုင္မထိုင္နိုင္ေအာင္ ယားေတာ့တာပါပဲ။ ယားေတာ့ ကုတ္တယ္၊ ကုတ္ေလ ယားေလနဲ႔ သံသရာလည္ေနပါတယ္။ အင္ျပင္ဟာ ေရာဂါတစ္ခုမဟုတ္ပဲ ခႏၶာကိုယ္ထဲက ေသြးနဲ႔ဓါတ္မတည့္တဲ့အခါ ျဖစ္တတ္တဲ့ အလာဂ်ီ(Allergy) တစ္မ်ိဳးျဖစ္ပါတယ္။ အစားအေသာက္ေၾကာင့္ ျဖစ္နိုင္သလို ရာသီဥတုနဲ႔ အျခားအေၾကာင္းေတြေၾကာင့္လည္း ျဖစ္တတ္ပါတယ္။

“အေရာင္ေၾကာင့္လည္း ျဖစ္တတ္တယ္”လို႔ အဝါေရာင္ အဝတ္အစား(ဘယ္လိုအမ်ိဳးစာျဖစ္ပါေစ) ဝတ္တိုင္း အင္ျပင္ဖု ထလာတတ္တဲ့ သူတစ္ဦးက ေျပာျပတာ ထူးထူးဆန္းဆန္း ၾကားဖူးပါတယ္။
ဒါေၾကာင့္ အင္ျပင္နဲ႔ မတည့္တဲ့ အစားအေသာက္ ပုံစံဟာ တစ္ဦးနဲ႔တစ္ဦး မတူတဲ့အတြက္ ဘယ္အစားအေသာက္ အေနအထိုင္ကိုေတာ့ ေရွာင္ပါဆိုတာ ေျပာရခက္ပါတယ္။

အင္ျပင္ျဖစ္သူ အမ်ားစုနဲ႔ မတဲ့တတ္တဲ့ အစားအစာေတြကေတာ့ အခြံမာတဲ့ေရသတၱဝါေတြနဲ႔ အေစ့အဆံေတြ ျဖစ္ပါတယ္။ ဒါ့အျပင္ အေမႊးပြတဲ့ အေႏြးထည္၊ ဂြမ္းေစာင္ တို႔ေၾကာင့္လည္ ျဖစ္တတ္ပါတယ္။
ရာသီဥတု၊ အနံ႔၊ အေရာင္၊ ေရ၊ ေနေရာင္ျခည္ အစရွိသည္တို႔ေၾကာင့္လည္း ျဖစ္တတ္တဲ့အတြက္ တစ္ဦးခ်င္းစီအလိုက္ သတိျပဳေရွာင္ရွားရမယ့္ အေရာေတြက ကြဲလြဲပါလိမ့္မယ္။ (ကိုယ္တိုင္က သတိထားဆန္းစစ္ဖို႔ လိုပါတယ္)

အင္ျပင္ဟာ ႏွလုံးခုန္ျမန္ အသက္ရွုက်ပ္ၿပီး ေဆး႐ုံတက္ရတဲ့အေျခေနထိ အဆိုးရြားဆုံး ျဖစ္တတ္တာေၾကာင့္ ခႏၶာကိုယ္မွာ အင္ျပင္ ထလာၿပီဆိုတာ သိတာနဲ႔ တစ္ၿပိဳင္နက္ နီးစပ္ရာ ဆရာဝန္နဲ႔ အျမန္ဆုံးျပသင့္ပါတယ္။

အင္ျပင္ကို သက္သာေပ်ာက္ကင္းေစတဲ့ေဆးမ်ား

ေသာက္ေဆး

အင္ျပင္အတြက္ အမ်ားဆုံး သုံးေလ့ရွိတဲ့ ေသာက္ေဆးကေတာ့ Cetirizine (စီထရက္ဇင္း) ျဖစ္ၿပီး နာမည္အမ်ိဳးကြဲမ်ားစြာနဲ႔ ေတြ႕ရပါလိမ့္မယ္။ ေဆးအာနိသင္အရ အိပ္ခ်င္တဲ့စိတ္ကို ျဖစ္ေပၚတာေၾကာင့္ ဂရမ္နည္းတဲ့ 5mg, 10mg ေလာက္ကို တစ္ျပားေလာက္ ေသာက္လိုက္မယ္ဆိုရင္ သက္သာနိုင္ပါတယ္။

Burmeton (ဘာမီတြန္) နဲ႔လဲ သက္သာေစပါတယ္။ ဒါေပမယ့္ ဘာမီတြန္က အိပ္ခ်င္စိတ္ကို ျဖစ္ေစလို႔ ကားေမာင္းတဲ့အခါ၊ အလုပ္လုပ္ေနခ်ိန္ေတြမွာ မသင့္ေတာ္ပါဘူး။ ညဘက္မွာ ေသာက္မယ္ဆိုရင္ေတာ့ အင္ျပင္ရဲ့ အေျခအေနလိုက္ၿပီး တစ္စိတ္၊ တစ္ျခမ္း စသည္ျဖင့္ ခ်ိန္ဆ ေသာက္ပါ။
ေဆးအားလုံးကို ဆရာဝန္ညႊန္ၾကားခ်က္နဲ႔ ေသာက္တာက ပိုၿပီးမွန္ကန္သလို အစာနဲ႔ တြဲၿပီးေသာက္ဖို႔လဲ မေမ့သင့္ပါဘူး။

လူးေဆး

အင္ျပင္ကို သက္သာေအာင္ လူေဆးအေနနဲ႔ “CADRYL” ဆိုတဲ့ လိမ္းေဆးကို ေဆးဆိုင္ေတြမွာ အလြယ္တစ္ကူ ဝယ္ယူနိုင္ပါတယ္။ ေဆးကို အင္ျပင္ေပါက္တဲ့ေနရာေတြမွာ လိမ္းေပးလိုက္ပါ သိသိသာသာ ခ်ပ္သြားၿပီး အယားလည္း သက္သာသြားပါလိမ့္မယ္။
“Calamine lotion” ကိုလည္း လိမ္းနိုင္ပါတယ္။

ဆရာဝန္အနီးနားမွာ မရွိရင္ဘယ္လို သက္သာေအာင္လုပ္ရမလဲ..?

အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ ဆရာဝန္ထံ ခ်က္ျခင္းမသြားနိုင္တဲ့အခါ ေရွးတုန္းက လူႀကီးေတြ လုပ္တဲ့ နည္းလမ္းေလးေတြကလည္း သက္သာေစနိုင္ပါတယ္။ ေအာက္ပါနည္းေတြကိုမသုံးမီ အင္ျပင္ေပါက္တဲ့ေနရာေတြကို သန႔္စင္စြာ (ေရၾကက္သီးေႏြးနဲ႔ျဖစ္ေစ) ဦးစြာေဆးေၾကာပါ။

(၁) ဆားနဲ႔ ဂ်င္းကို ေရာလိမ္းပါ။
ေက်ာက္ပ်ဥ္ေပၚမွာ ဆားအနည္းငယ္ျဖဴး၊ ေရအနည္းငယ္နဲ႔ ဂ်င္းတုံး ေရာကာ ေသြးၿပီး ရလာတဲ့ အႏွစ္ကို အင္ျပင္ဖုေတြေပၚမွာ လိမ္းေပးနိုင္ပါတယ္။ (စပ္ဖ်ဥ္းဖ်ဥ္းနဲ႔ ယားတာကို သက္သာေစၿပီး အဖုေတြ ခ်ပ္သြားေစနိုင္ပါတယ္)

(၂) ဘာမီတြန္နဲ႔ သနပ္ခါး ေရာလိမ္းပါ။
ေက်ာက္ပ်ဥ္ေပၚမွာ သနားခါးနဲ႔ ဘာမီတြန္ တစ္ျပားေလာက္ ေရာၿပီးေသြးပါ၊ ရလာတဲ့ အႏွစ္ကို အင္ျပင္ဖုမ်ားေပၚ လိမ္းေပးပါ။

ေလစိမ္းတိုက္မခံပါနဲ႔။ အခ်ိန္အခါသင့္ရင္ေတာ့ ဆရာဝန္နဲ႔ သြားေရာက္ျပသၿပီး နည္းလမ္းမွန္ကန္စြာ ေဆးကုသမွုခံယူပါ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: popolay

#Unicode Version#
 ခန္ဓာကိုယ်ပေါ်မှာ ခြင်ကိုက်ဖုလို သေးသေးလေးတွေကစပြီး ထူထူပိန်းပိန်း အနီရောင်ပြင်လိုက်ကြီးတွေ နေရာအနှံ့မှာ ပေါ်လာတာကို “အင်ပြင်” လို့ လူသိများပြီး ဆေးပညာအရ ““Urticaria” လို့လည်း ခေါ်ပါတယ်။

အင်ပြင်ဟာ ကလေးလူကြီး အချိန်ခါမရွေး ဖြစ်တတ်ပါတယ်။

အင်ပြင်ဖြစ်လာတဲ့အခါ အဖုအပိန့်တွေနေရာက မနေနိုင်မထိုင်နိုင်အောင် ယားတော့တာပါပဲ။ ယားတော့ ကုတ်တယ်၊ ကုတ်လေ ယားလေနဲ့ သံသရာလည်နေပါတယ်။ အင်ပြင်ဟာ ရောဂါတစ်ခုမဟုတ်ပဲ ခန္ဓာကိုယ်ထဲက သွေးနဲ့ဓါတ်မတည့်တဲ့အခါ ဖြစ်တတ်တဲ့ အလာဂျီ(Allergy) တစ်မျိုးဖြစ်ပါတယ်။ အစားအသောက်ကြောင့် ဖြစ်နိုင်သလို ရာသီဥတုနဲ့ အခြားအကြောင်းတွေကြောင့်လည်း ဖြစ်တတ်ပါတယ်။

“အရောင်ကြောင့်လည်း ဖြစ်တတ်တယ်”လို့ အဝါရောင် အဝတ်အစား(ဘယ်လိုအမျိုးစာဖြစ်ပါစေ) ဝတ်တိုင်း အင်ပြင်ဖု ထလာတတ်တဲ့ သူတစ်ဦးက ပြောပြတာ ထူးထူးဆန်းဆန်း ကြားဖူးပါတယ်။
ဒါကြောင့် အင်ပြင်နဲ့ မတည့်တဲ့ အစားအသောက် ပုံစံဟာ တစ်ဦးနဲ့တစ်ဦး မတူတဲ့အတွက် ဘယ်အစားအသောက် အနေအထိုင်ကိုတော့ ရှောင်ပါဆိုတာ ပြောရခက်ပါတယ်။

အင်ပြင်ဖြစ်သူ အများစုနဲ့ မတဲ့တတ်တဲ့ အစားအစာတွေကတော့ အခွံမာတဲ့ရေသတ္တဝါတွေနဲ့ အစေ့အဆံတွေ ဖြစ်ပါတယ်။ ဒါ့အပြင် အမွှေးပွတဲ့ အနွေးထည်၊ ဂွမ်းစောင် တို့ကြောင့်လည် ဖြစ်တတ်ပါတယ်။
ရာသီဥတု၊ အနံ့၊ အရောင်၊ ရေ၊ နေရောင်ခြည် အစရှိသည်တို့ကြောင့်လည်း ဖြစ်တတ်တဲ့အတွက် တစ်ဦးချင်းစီအလိုက် သတိပြုရှောင်ရှားရမယ့် အရောတွေက ကွဲလွဲပါလိမ့်မယ်။ (ကိုယ်တိုင်က သတိထားဆန်းစစ်ဖို့ လိုပါတယ်)

အင်ပြင်ဟာ နှလုံးခုန်မြန် အသက်ရှုကျပ်ပြီး ဆေးရုံတက်ရတဲ့အခြေနေထိ အဆိုးရွားဆုံး ဖြစ်တတ်တာကြောင့် ခန္ဓာကိုယ်မှာ အင်ပြင် ထလာပြီဆိုတာ သိတာနဲ့ တစ်ပြိုင်နက် နီးစပ်ရာ ဆရာဝန်နဲ့ အမြန်ဆုံးပြသင့်ပါတယ်။

အင်ပြင်ကို သက်သာပျောက်ကင်းစေတဲ့ဆေးများ

သောက်ဆေး

အင်ပြင်အတွက် အများဆုံး သုံးလေ့ရှိတဲ့ သောက်ဆေးကတော့ Cetirizine (စီထရက်ဇင်း) ဖြစ်ပြီး နာမည်အမျိုးကွဲများစွာနဲ့ တွေ့ရပါလိမ့်မယ်။ ဆေးအာနိသင်အရ အိပ်ချင်တဲ့စိတ်ကို ဖြစ်ပေါ်တာကြောင့် ဂရမ်နည်းတဲ့ 5mg, 10mg လောက်ကို တစ်ပြားလောက် သောက်လိုက်မယ်ဆိုရင် သက်သာနိုင်ပါတယ်။

Burmeton (ဘာမီတွန်) နဲ့လဲ သက်သာစေပါတယ်။ ဒါပေမယ့် ဘာမီတွန်က အိပ်ချင်စိတ်ကို ဖြစ်စေလို့ ကားမောင်းတဲ့အခါ၊ အလုပ်လုပ်နေချိန်တွေမှာ မသင့်တော်ပါဘူး။ ညဘက်မှာ သောက်မယ်ဆိုရင်တော့ အင်ပြင်ရဲ့ အခြေအနေလိုက်ပြီး တစ်စိတ်၊ တစ်ခြမ်း စသည်ဖြင့် ချိန်ဆ သောက်ပါ။
ဆေးအားလုံးကို ဆရာဝန်ညွှန်ကြားချက်နဲ့ သောက်တာက ပိုပြီးမှန်ကန်သလို အစာနဲ့ တွဲပြီးသောက်ဖို့လဲ မမေ့သင့်ပါဘူး။

လူးဆေး

အင်ပြင်ကို သက်သာအောင် လူဆေးအနေနဲ့ “CADRYL” ဆိုတဲ့ လိမ်းဆေးကို ဆေးဆိုင်တွေမှာ အလွယ်တစ်ကူ ဝယ်ယူနိုင်ပါတယ်။ ဆေးကို အင်ပြင်ပေါက်တဲ့နေရာတွေမှာ လိမ်းပေးလိုက်ပါ သိသိသာသာ ချပ်သွားပြီး အယားလည်း သက်သာသွားပါလိမ့်မယ်။
“Calamine lotion” ကိုလည်း လိမ်းနိုင်ပါတယ်။

ဆရာဝန်အနီးနားမှာ မရှိရင်ဘယ်လို သက်သာအောင်လုပ်ရမလဲ..?

အကြောင်းအမျိုးမျိုးကြောင့် ဆရာဝန်ထံ ချက်ခြင်းမသွားနိုင်တဲ့အခါ ရှေးတုန်းက လူကြီးတွေ လုပ်တဲ့ နည်းလမ်းလေးတွေကလည်း သက်သာစေနိုင်ပါတယ်။ အောက်ပါနည်းတွေကိုမသုံးမီ အင်ပြင်ပေါက်တဲ့နေရာတွေကို သန့်စင်စွာ (ရေကြက်သီးနွေးနဲ့ဖြစ်စေ) ဦးစွာဆေးကြောပါ။

(၁) ဆားနဲ့ ဂျင်းကို ရောလိမ်းပါ။
ကျောက်ပျဉ်ပေါ်မှာ ဆားအနည်းငယ်ဖြူး၊ ရေအနည်းငယ်နဲ့ ဂျင်းတုံး ရောကာ သွေးပြီး ရလာတဲ့ အနှစ်ကို အင်ပြင်ဖုတွေပေါ်မှာ လိမ်းပေးနိုင်ပါတယ်။ (စပ်ဖျဉ်းဖျဉ်းနဲ့ ယားတာကို သက်သာစေပြီး အဖုတွေ ချပ်သွားစေနိုင်ပါတယ်)

(၂) ဘာမီတွန်နဲ့ သနပ်ခါး ရောလိမ်းပါ။
ကျောက်ပျဉ်ပေါ်မှာ သနားခါးနဲ့ ဘာမီတွန် တစ်ပြားလောက် ရောပြီးသွေးပါ၊ ရလာတဲ့ အနှစ်ကို အင်ပြင်ဖုများပေါ် လိမ်းပေးပါ။

လေစိမ်းတိုက်မခံပါနဲ့။ အချိန်အခါသင့်ရင်တော့ ဆရာဝန်နဲ့ သွားရောက်ပြသပြီး နည်းလမ်းမှန်ကန်စွာ ဆေးကုသမှုခံယူပါ။

ဖိုးသူတော် (www.phothutaw.com)
Credit: popolay
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top