×

ယေန႔ေခတ္မွာ သက္တမ္းေစ့ (သို႔) သက္တမ္းေက်ာ္လြန္ၿပီး သက္ရွည္က်န္းမာစြာေနထိုင္ႏိုင္သူမ်ားရွားပါးလာပါတယ္။ သို႔ေသာ္ရွမ္းျပည္နယ္ေတာင္ႀကီးၿမိဳ႕နယ္မွာေမြးဖြားခဲ့တဲ့ ေမာင္ႏွမ (၇) ဦးကေတာ့ ဒီထူးျခားတဲ့ဆုလဒ္နဲ႔ျပည့္စုံၿပီး ယေန႔အခ်ိန္အထိ ေမာင္ႏွမအားလုံးက်န္းက်န္းမာမာနဲ႔ သက္ရွိထင္ရွားရွိေနၾကပါတယ္။ ေလးဦးကေတာ့ ေမြးရပ္ဇာတိျဖစ္တဲ့ ေတာင္ႀကီးၿမိဳ႕မွာေနထိုင္ၿပီး က်န္သုံးဦးကေတာ့ ရန္ကုန္ၿမိဳ႕မွာေနထိုင္ၾကပါတယ္

သူတို႔ထဲမွာ အႀကီးဆုံးအဖြားခင္ကအသက္ (၁၀၂)ႏွစ္ရွိၿပီး အငယ္ဆုံးျဖစ္တဲ့အဖြားေထြးကေတာ့ အသက္ (၈၃) ႏွစ္ရွိၿပီ လို႔ဆိုပါတယ္။ ေမြးခ်င္းခုႏွစ္ဦးမွာ အလတ္ကသားေယာက်ၤားေလးျဖစ္ၿပီး
သူကေတာ့ အသက္ (၉၁)ႏွစ္ရွိၿပီျဖစ္တဲ့ အဖိုးသိန္းျဖစ္ပါတယ္။

သူတို႔အားလုံးရဲ႕ သက္ရွည္က်န္းမာျခင္းရဲ႕လွ်ိဳ႕ဝွက္ခ်က္ေတြကဘာေတြျဖစ္မလဲ။

ေမာင္ႏွမအားလုံး မာန္မာနကင္းၿပီးေအးေဆးစြာေနထိုင္တတ္ၾကပါတယ္။ ႀကီးသူကို ငယ္သူက႐ိုေသ ေလးစားစြာ ဆက္ဆံၿပီး အသားထက္အသီးအႏွံကိုပိုႀကိဳက္ႏွစ္သက္ၾကပါတယ္။
 
 ေမာင္ႏွမ အားလုံး ေန႔စဥ္ဝိပႆနာတရား ေလးႀကိမ္ထိုင္ျခင္း၊ ဥပုသ္ေန႔တိုင္း သီလေဆာက္တည္ျခင္း၊ ညစဥ္ ၇ နာရီမွာပုံမွန္ အိမ္ယာဝင္ၿပီး မနက္ေစာေစာ ၄ နာရီမွာထၿပီး ဘုရားရွိခိုးျခင္းတို႔ကိုျပဳလုပ္ၾကတယ္လို႔ဆိုပါတယ္။

 
 
ဖိုးသူေတာ္ (www.phothutaw.com)
Credit: Thutazone

#Unicode Version#
ယနေ့ခေတ်မှာ သက်တမ်းစေ့ (သို့) သက်တမ်းကျော်လွန်ပြီး သက်ရှည်ကျန်းမာစွာနေထိုင်နိုင်သူများရှားပါးလာပါတယ်။ သို့သော်ရှမ်းပြည်နယ်တောင်ကြီးမြို့နယ်မှာမွေးဖွားခဲ့တဲ့ မောင်နှမ (၇) ဦးကတော့ ဒီထူးခြားတဲ့ဆုလဒ်နဲ့ပြည့်စုံပြီး ယနေ့အချိန်အထိ မောင်နှမအားလုံးကျန်းကျန်းမာမာနဲ့ သက်ရှိထင်ရှားရှိနေကြပါတယ်။ လေးဦးကတော့ မွေးရပ်ဇာတိဖြစ်တဲ့ တောင်ကြီးမြို့မှာနေထိုင်ပြီး ကျန်သုံးဦးကတော့ ရန်ကုန်မြို့မှာနေထိုင်ကြပါတယ်

သူတို့ထဲမှာ အကြီးဆုံးအဖွားခင်ကအသက် (၁၀၂)နှစ်ရှိပြီး အငယ်ဆုံးဖြစ်တဲ့အဖွားထွေးကတော့ အသက် (၈၃) နှစ်ရှိပြီ လို့ဆိုပါတယ်။ မွေးချင်းခုနှစ်ဦးမှာ အလတ်ကသားယောင်္ကျားလေးဖြစ်ပြီး သူကတော့ အသက် (၉၁)နှစ်ရှိပြီဖြစ်တဲ့ အဖိုးသိန်းဖြစ်ပါတယ်။

သူတို့အားလုံးရဲ့ သက်ရှည်ကျန်းမာခြင်းရဲ့လျှို့ဝှက်ချက်တွေကဘာတွေဖြစ်မလဲ။

မောင်နှမအားလုံး မာန်မာနကင်းပြီးအေးဆေးစွာနေထိုင်တတ်ကြပါတယ်။ ကြီးသူကို ငယ်သူကရိုသေ လေးစားစွာ ဆက်ဆံပြီး အသားထက်အသီးအနှံကိုပိုကြိုက်နှစ်သက်ကြပါတယ်။ မောင်နှမ အားလုံး နေ့စဉ်ဝိပဿနာတရား လေးကြိမ်ထိုင်ခြင်း၊ ဥပုသ်နေ့တိုင်း သီလဆောက်တည်ခြင်း၊ ညစဉ် ၇ နာရီမှာပုံမှန် အိမ်ယာဝင်ပြီး မနက်စောစော ၄ နာရီမှာထပြီး ဘုရားရှိခိုးခြင်းတို့ကိုပြုလုပ်ကြတယ်လို့ဆိုပါတယ်။


ဖိုးသူတော် (www.phothutaw.com)
Credit: Thutazone
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top