iGREEN မွ Investment Guarantee ျဖင့္ေရာင္းမည့္ အထူးအိမ္ရာအေရာင္းျပပြဲ
×

ၾသကာသ ၾသကာသ ၾသကာသ ကာယကံ ဝစီကံ မေနာကံ x သမၺေဒါသခပ္သိမ္းေသာ ××……×××…………×××…………×××………×××………×××………××……. နိဗၺာန္တရားေတာ္ျမတ္ကို ရပါလို၏အရွင္ဘုရား”

”ဟာ အေဖေရ မေန႔ညက က်ဳပ္တို႔ဖမ္းျပီး စဥ့္အိုးထဲထည့္ေလွာင္ထားတ့ဲငါးေတြ ခုေသအ့ံမူးမူးျဖစ္ျပီးအသက္ငင္ေနၾကျပီဗ် ခုမနက္စာထမင္းပူပူေလးနဲ႔ ငါးေၾကာ္လတ္လတ္ဆတ္ဆတ္ေလးနဲ႔ဆြဲရေအာင္ က်ဳပ္ဒီေကာင္ေတြကို ကိုင္လိုက္ေတာ့မယ္အေဖေရ ”

”ေအး လုပ္ကြာ လတ္လတ္ဆတ္ဆတ္ဆိုေတာ့ တအားကိုခ်ိဳမွာေဟ့ အရသာရွိလိုက္မယ့္ျဖစ္ခ်င္းကြာ ျမန္ျမန္သာ ေခါင္းေတြထုပစ္လိုက္ေတာ့ငါ့သားေရ ”

မနက္ခင္း၏က်က္သေရရွိလွစြာေသာ ဘုရားရွိခိုးသံႏွင့္ ဆန္႔က်င္ဘက္ျဖစ္လွစြာပင္ ထြက္ေပၚလာေသာသားႏွင့္ ေယာက်ာ္းျဖစ္သူတို႔၏ အသံမ်ားေၾကာင့္ ေဒၚျမလွတစ္ေယာက္ ဘုရားဝတ္ျပဳေနရာမွ စိတ္မသက္မသာျဖစ္စြာပင္ သက္ျပင္းခ်ကာ ေခါင္းကိုခါရမ္းလိုက္မိသည္။

”ကိုဘေမာင္ရယ္ ေစာေစာစီးစီးရွင္ ကြ်န္မ ျမင္ရ ၾကားရတာ စိတ္မသက္သာလိုက္တာ ဒီ အကုသိုလ္အလုပ္ေတြကိုမလုပ္ပါနဲ႔လား ”

”အာ မိန္းမကလည္းကြာ လာျပန္ျပီ တစ္ခါလာလည္းဒီအကုသ္ိုလ္ ေနာက္တစ္ခါလာလည္း ဒီအကုသိုလ္နဲ႔ မင္းေျပာတ့ဲ အကုသိုလ္ေတြ ဘာေတြေတာ့ ငါမသိဘူးေဟ့ ငါသိတာေတာ့ ဒီငါးေတြလတ္လတ္ဆတ္ဆတ္သတ္စားရတာ အေတာ္ေလးကိုအရသာရွိတယ္ဆိုတာပဲသိတယ္ဟ”

”ဟုတ္တယ္အေမရ ငါးေတြကဒီလိုလတ္လတ္ဆတ္ဆတ္စားမွ ပိုအရသာရွိတာဗ် မယုံရင္က်ဳပ္တို႔ေၾကာ္ျပီးတ့ဲအခါ အေမပါစားၾကည့္ဗ်ာ လ်ွာလည္သြားမယ္ေနာ့ ”

”ေတာ္စမ္း ဖိုးေထာင္ နင္တို႔ဟာေတြငါစားလည္းမစားခ်င္ဘူး ျမင္လည္းမျမင္ခ်င္ဘူး နင့္ကိုလည္း ငါဒီအကုသိုလ္အလုပ္ေတြလုပ္ေနတာကို တစ္စက္ကေလးမွၾကည့္လို႔ရတာမဟုတ္ဘူး နင္တို႔သားအဖကို ငါေျပာမရလြန္းလို႔သာ လက္ပိုက္ၾကည့္ေနရတယ္ နင္တို႔လုပ္ေနတ့ဲဒီလို အကုသိုလ္အလုပ္ေတြေၾကာင့္ ငါတစ္ရက္ကေလးမွကို စိတ္မခ်မ္းသာရဘူးဟ့ဲ သိရဲ႕လား ”

”ဟာဗ်ာ အေမကလည္းေစာေစာစီးစၤီး နားျငီးေအာင ္ဒီဓာတ္ျပားေဟာင္းၾကီးပဲ ခဏတိုင္းဖြင့္မေနစမ္းပါနဲ႔ အေမမစားလည္းေနဗ်ာ က်ဳပ္ကေတာ့မနက္စာအမွီဒီေကာင္ေတြကို ဝဋ္ခ်ြတ္ေပးလိုက္ဦးမယ္ဗ်ိဳ႕ ”

ေျပာေျပာဆိုဆိုႏွင့္ပင္ စဥ့္အိုးထဲမွမေသမရွင္ျဖစ္ေနေသာငါးမ်ားကို တစ္ေကာင္ခ်င္းယူျပီး ေခါင္းေတြကို တုတ္တစ္ေခ်ာင္းျဖင့္ရိုက္သတ္ေနေသာ သားျဖစ္သူကိုၾကည့္ျပီး ေဒၚျမလွ စိတ္မသက္သာျဖစ္စြာပင္ေနရာမွ ထထြက္လာခ့ဲလိုက္သည္။

ေဒၚျမလွက ဘုရားတရားျမဲကာ သတၱဝါေလးေတြအေပၚေမတၱာတရားထားတတ္သေလာက္ ခင္ပြန္းျဖစ္သူကိုဘေမာင္ကေတာ့ လက္ရဲလက္ဇဲႏိုင္လြန္းလွသည္။ ခု တစ္ဦးထဲေသာ သားေလးဖိုးေထာင္ကေရာ ဘာထူးသတုန္း ငယ္ကတည္းက ဘာသာေရးအေၾကာင္းမ်ားသင္ျပေပးလည္း စိတ္မဝင္စား သူ႔အေဖနဲ႔အတူ ငါးရွာ ဖားရိုက္ ဌက္ပစ္ အလုပ္မ်ားမွာသာေပ်ာ္ေမြ႔ေနသူ။ ဘယ္အခ်ိန္မ်ားမွာမွ သူတို႔သားအဖ ဒီအလုပ္ေတြကို စြန္႔ပစ္ႏိုင္ၾကမွာပါလိမ့္။

”အေဖေရ ဒီေန႔ညက်ဳပ္တို႔ဖားရိုက္ထြက္ၾကရေအာင္ဗ်ာ မိုးဦးက်ျပီဆိုေတာ့ ဖားေတြကအေတာ့္ကို ျမဴးေနတာဗ် ဟိုးအစြန္ကလယ္ကြက္ေတြဘက္မွာဆို ဆူျဖိဳးေနတ့ဲအေကာင္ၾကီးေတြရတတ္တယ္ အေဖရ ”

”ေအး သြားၾကတာေပါ့ကြာ လိုအပ္တ့ဲပစၥည္းေတြေသခ်ာျပင္ဆင္ထားလိုက္ကြာ မိုးေအးေအးမွာ ဆူဆူျဖိဳးျဖိဳးဖားသားဟင္းနဲ႔ မီးေတာက္အရက္ေလးနဲ႔ျမည္းလိုက္ရရင္ေတာ့လားကြာ ေျပာရင္းေတာင္သားေရယိုတယ္ေဟ့ ဟားးဟားး ”

ယခုလည္းၾကည့္ သားအဖႏွစ္ေယာက္ အတိုင္အေဖာက္ ညီစြာပင္ဖားရိုက္ထြက္သြားၾကျပန္ေလသည္။ေဒၚျမလွတစ္ေယာက္ကေတာ့ ေမတၱသုတ္ေတာ္ကိုရြတ္ဖတ္ပူေဇာ္ျပီး သတၱဝါေတြက်န္းမာခ်မ္းသာေစဖို႔ ေမတၱာပို႔အမ်ွေဝေပးေနယုံမွတစ္ပါး……။

ဖိုးေထာင္ေလးငယ္ငယ္တုန္းကေတာ့ ခုလိုပဲ သားအဖႏွစ္ေယာက္ ဌက္ပစ္ ငါးရွာ ဖားရိုက္အလုပ္ေလာက္သာလုပ္ၾကေသာ္လည္း တျဖည္းျဖည္း ဖိုးေထာင္လူပ်ိဳေပါက္ အရြယ္ေရာက္လာသည္ႏွင့္အမ်ွ သူတို႔သားအဖႏွစ္ေယာက္က ပိုျပီးလက္ရဲဇက္ရဲႏိုင္လာၾကတာ ယခုဆို ရြာထဲက ဝက္ေပၚ အမဲေပၚသည့္ အလုပ္မ်ားကိုပင္ တစ္ခါတရံအခေၾကးေငြယူကာ လုပ္ကိုင္ေပးတတ္ေနေလျပီ။

ငါးရွာ ဖားရိုက္ အလုပ္မ်ားကိုေတာင္ဘဝင္မက်ေသာ ေဒၚျမလွတစ္ေယာက္ကေတာ့ ယခုလိုသားၾကီးငါးၾကီးမ်ားကိုပါ သတ္ျဖတ္လာေသာ သားႏွင့္လင္သားကို စိတ္မေကာင္းျခင္းၾကီးစြာျဖင့္သာ ၾကည့္ေနရေလေတာ့သည္။ တစ္ခါတစ္ရံသူတို႔ အမဲေပၚသည့္အခ်ိန္ယူလာတတ္သည့္ ေသြးသံရဲရဲႏွင့္ ဝမ္းတြင္းသားမ်ားကိုေတြ႔လိုက္ရသည့္ေန႔မ်ိဳးဆိုလ်ွင္ ေဒၚျမလွတစ္ေယာက္ တစ္ေန႔လုံး ေခါင္းေတြေတာင္မူးမိသည္။

တစ္ရက္ကဆိုလ်ွင္ …

ေဒၚျမလွေခါင္းထဲမူးေနာက္ေနာက္ျဖစ္တာနဲ႔ အခန္းထဲမွာဝင္လွဲေနတုန္း

”အေဖေရ က်ဳပ္တို႔စားဖို႔ ဝမ္းတြင္းသားေလးေတြကို ၾကက္သြန္ျဖဴ ဂ်င္းေလးဆီသတ္ျပီး က်ဳပ္ေၾကာ္ထားတယ္ဗ်ိဳ႕ မီးေတာက္ကေလးနဲ႔ျမည္းလိုက္ၾကရေအာင္ အေဖေရ ”

”ေအး လာျပီေဟ့ စားပြဲေပၚတင္ထားခ့ဲကြာ အေဖဒီမွိန္းေတြမွာေပေနတ့ဲ ေသြးေတြ ေရေဆးျပီးလာခ့ဲမယ္ေဟ့ ”

”ေဆး ေဆး အေဖ က်ဳပ္လည္း ခုနကရလာတ့ဲ ဌက္ေတြအေမႊးႏႈတ္ဖို႔ ေရေႏြးတည္ျပီးလာခ့ဲမယ္ ”

ဦးဘေမာင္ မနက္ကအမဲေပၚထားသည့္မွိန္းမွာ ေပက်ံေနသည့္ေသြးမ်ားကို ေရေဆးျပီး အိမ္ေပၚအတက္ ျမင္လိုက္ရေသာျမင္ကြင္းေၾကာင့္ ေထာင္းခနဲေဒါသထြက္သြားရသည္။ သူျမင္လိုက္ရသည္က ေရႊဝါ ။ ဟုတ္ပါသည္ ေဒၚျမလွ စားၾကြင္းစားက်န္ေလးမ်ားအျမဲ ေကြ်းေနတတ္သျဖင့္ ရံဖန္ရံခါသူတို႔အိမ္ကို ေရာက္ေရာက္လာတတ္သည့္ ေဘးအိမ္မွေၾကာင္မေလး ။ ခုထိုေရႊဝါက သူတို႔ျမည္းရန္အတြက္ စားပြဲေပၚတင္ထားခ့ဲသည့္ ဝမ္းတြင္းသားေၾကာ္မ်ားကို စားေနပါေကာလား။

”ေတာက္ $×€$.# ေၾကာင္ ရာရာစစ ငါတို႔ျမည္းဖို႔ဟင္းမွ ႏႈိက္စားရတယ္လို႔ ေသစမ္းကြာ ”

ေျပာေျပာဆိုဆို ဦးဘေမာင္ေဘးမွာရွိသည့္ သုံးေတာင့္ထိုးဓာတ္မီးႏွင့္ ေရႊဝါေခါင္းတည့္တည့္ကိုခ်ိန္ျပီး ပစ္ေပါက္လိုက္သည္။အျမဲဌက္ပစ္သြားေနတတ္ေသာေၾကာင့္ လက္မွန္းတည့္လွေသာ ကိုဘေမာင္ပစ္ခ်က္က ေရႊဝါေခါင္းတည့္တည့္သို႔ ထိမွန္သြားကာ ေၾကာင္ေလးေရႊဝါ စားပြဲေပၚမွေအာက္သို႔ျပဳတ္က်သြားရေလသည္။

”ေညာင္ ေညာင္ ”

အေတာ္ပင္မူးေဝသြားပုံရေသာ ေရႊဝါမွာ ေသေဘးကိုသိေနသည့္အလား ေခါင္းမွာေသြးစက္လက္ႏွင့္ပင္ ဒယီးဒယိုင္ထကာ ယိုင္တိုင္တိုင္ႏွင့္ပင္ ေနာက္ေဖးဘက္သို႔ဝင္ေျပးေလေတာ့သည္။ ဦးဘေမာင္မွာ ထိုမ်ွႏွင့္အားမရေသး ပါးစပ္မွလည္းသားျဖစ္သူကိုေအာ္ဟစ္ အသိေပးလိုက္ေသးသည္။

”ေဟ့ ငါ့သားေရ အ့ဲေၾကာင္ကိုပညာေပးလိုက္စမ္းကြာ ငါတို႔အျမည္းေတြဝင္စားသြားတ့ဲေၾကာင္ ေျပးလာျပီေဟ့ ေျပးလာျပီမင္းဘက္ကို ”

ဦးဘေမာင္စကားအဆုံး ဖိုးေထာင္တစ္ေယာက္သူ႔အနားေရာက္လာေသာ ေၾကာင္ေလးေရႊဝါကို ေလာေလာလတ္လတ္ မီးဖိုေပၚမွခ်ထားေသာ ေရေႏြးပူပူမ်ားျဖင့္လွမ္းပက္လိုက္ေလေတာ့သည္။

”ကဲ ေသစမ္းကြာ အ့ဲေလာက္ငတ္ၾကီးက်တ့ဲေၾကာင္ ေသ ေသ ေသစမ္း ”

”ေညာင္ ေဝါင္ ေဝါင္ ေညာင္ ”

ေၾကာင္ေလးေရႊဝါမွာေတာ့ ေခါင္းမွဒဏ္ရာ ေရေႏြးပူေလာင္သည့္ ဒဏ္ရာမ်ားေၾကာင့္ေနရာမွာတင္လဲက်သြားကာ မထႏိုင္ရွာေတာ့ ။ဆူညံ ဆူညံအသံမ်ားေၾကာင့္ အိပ္ရာမွႏိုးလာေသာ ေဒၚျမလွတစ္ေယာက္ ေၾကာင္ေလးေရႊဝါ၏သနားစဖြယ္အျဖစ္ဆိုးကိုျမင္လိုက္ရသည္မွာေတာ့

”အမေလးး အမေလး ရက္စက္လိုက္ၾကတာ လုပ္ရက္လိုက္ၾကတာရွင္ အစားေလးတစ္လုပ္အတြက္ ဒီေလာက္လုပ္ရသလား အမေလးးး ရွင္တို႔အၾကင္နာတရား ေတာ္ေတာ္ေခါင္းပါးၾကတ့ဲသူေတြပါလား အီးးဟီးးဟီးးး ”

လဲက်ေနေသာ ေၾကာင္ေလးေရႊဝါကို တယုတယေကာက္ေပြ႕ရင္း ေဒၚျမလွတစ္ေယာက္စိတ္မေကာင္းျခင္းၾကီးစြာျဖင့္ ခ်ံဳးပြဲခ်၍ငိုခ်ပစ္လိုက္ေလေတာ့သည္။

ထိုေန႔…

ဦးဘေမာင္ႏွင့္ဖိုးေထာင္တို႔သားအဖအတြက္ ကံၾကမၼာဆိုးမ်ားသယ္ေဆာင္လာခ့ဲသည့္ေန႔။ ထိုေန႔က ဦးဘေမာင္တို႔သားအဖကို တစ္ဖက္ရြာမွအမဲေပၚရန္လာေခၚထားသျဖင့္ သူတို႔သားအဖႏွစ္ေယာက္ထြက္လာၾကသည္။ ဒီတစ္ခါသူတို႔သတ္ေပးရမည္က ခိုင္းကြ်ဲၾကီးတစ္ေကာင္။ ထိုကြ်ဲၾကီးမွာ နကိုယ္ကလိမ္မာေပမယ့္ အခုတစ္ေလာမွဘာထျဖစ္သည္မသိ ရုတ္တရက္ထေဖာက္ျပီး မဲမဲျမင္သမ်ွလိုက္ခတ္ေနတတ္သျဖင့္ ရြာမွလူအမ်ားဝိုင္းဝန္းဖမ္းဆိီးကာ ခ်ည္ေႏွာင္ထားရသည့္ အေကာင္ၾကီး။

ယခုထိုကြ်ဲဆိုးၾကီးအားသတ္ရန္ သူတို႔သားအဖအားအခေၾကးေငြႏွစ္ဆေပး၍ ဌားရမ္းလာေလေသာေၾကာင့္ ဦးဘိုးေမာင္တို႕သားအဖ ေရာက္လာရသည္ေလ။ ထိုရြာေရာက္ေတာ့ ရဲေဆးအေနႏွင့္ သားအဖႏွစ္ေယာက္ အရက္ထိုင္ေသာက္ျပီးေနာက္ လက္ဆြဲေတာ္ မွိန္းၾကီးကိုကိုင္ကာ ကြ်ဲၾကီးခ်ည္ေႏွာင္ထားသည့္ေနရာသို႔ထြက္လာၾကသည္။

ဦးဘေမာင္တို႔သားအဖကိုေတြ႔လိုက္သည့္ ကြ်ဲၾကီးမွာလည္း ေသေဘးကိုသိေနသည့္အလား ႏွာမႈတ္သံတရႈးရႈးႏွင့္ ခြာေတြယက္ကာ ဂ်ိဳၾကီးတယမ္းယမ္းႏွင့္ ခ်ည္ေႏွာင္ထားေသာ ၾကိဳးကိုအတင္းရုန္းေနေလေတာ့သည္။

”ဟာ ဒီက်ြဲေတာ့ကြာ ေတာ္ေတာ္စမာန္တက္ေနတယ္ ဟုတ္လား ဒီေလာက္ေတာင္ျဖစ္ေနတာ မင္းကိုျမန္ျမန္ေသရြာပို႔ေပးမယ္ေဟ့ ဟားးဟားးး ဟားး ”

”ဟ ငါ့သား သတိထား အနားအရမ္းမကပ္နဲ႔ဦးဟ အႏၱရာယ္မ်ားတယ္ ”

”ဟာ အေဖရာဒီေကာင္ေလာက္ကေတာ့ က်ဳပ္အတြက္ေအးေဆးပါဗ် အေဖေတာင္ဝင္ပါစရာမလိုဘူး အေဖေဘးဖယ္ေန က်ဳပ္ရွင္းလိုက္မယ္ ဒီေကာင္ကို ”

အရက္ကလည္းေသာက္ထားသည့္အရွိန္ႏွင့္ နကိုယ္ကပင္လက္ရဲဇက္ရဲရွိလွေသာဖိုးေထာင္တစ္ေယာက္ ေျပာေျပာဆိုဆိုႏွင့္ပင္ မွိန္းတစ္လက္ဆြဲကာ ဒယိီးဒယိုင္ျဖင့္ အတင္းရုန္းကန္ေနေသာ ကြ်ဲၾကီးအနားသို႔သြားရန္အထမွာေတာ့

”ေျဖာင္း ” ”ဖရူးး ရႈးးး ”

နကိုယ္ကပင္ေဗြေဖာက္ေနေသာ အားသန္လွသည့္ကြ်ဲဆိုးၾကီးမွာ ႏွာမႈတ္သံျပင္းျပင္းျဖင့္ အားကုန္အရုန္း ခ်ည္ေႏွာင္ထားေသာၾကိဳးမ်ားျပတ္ထြက္ကုန္ျပီးဖိုးေထာင္ရွိရာသို႔ ဂ်ိဳၾကီးတကားကားႏွင့္ေျပးဝင္လာေတာ့သည္။

ရုတ္တရက္ခ်က္ျခင္းေျပာင္းလဲသြားေသာ အေျခအေနမ်ားေၾကာင့္ ဖိုးေထာင္တစ္ေယာက္ မွင္သက္စြာျဖင့္ ေနရာမွမေရြ႕ ေၾကာင္ျပီးရပ္ၾကည့္ေနမိသည္။

ထိုစဥ္……

”ဟာ သား သတိထား ”

ေအာ္ဟစ္သတိေပးသံႏွင္႔တစ္ျပိဳင္ထဲ ဝဲဘက္နံေစာင္းဆီမွပူခနဲျဖစ္သြားသည့္ အသိႏွင့္အတူ တစ္စုံတစ္ဦးက ေဆာင့္တြန္းလိုက္သည့္အရွိန္ျဖင့္ ဖိုးေထာင္တစ္ေယာက္ခပ္လွမ္းလွမ္းသို႔ လြင့္စင္လဲက်သြားသည္။ ထိုအခါမွသူသတိျပန္ဝင္လာျပီးၾကည့္မိေတာ့

”အားး ” ”ဟာ လုပ္ၾကပါဦး ဦးဘေမာင္ထိသြားျပီေဟ့ ”

”ေဟးးသတ္ကြာ အ့ဲကြ်ဲ မလြတ္ေစနဲ႔ ”

”ထုကြာ ေတြ႔တာနဲ႔သာေကာက္ထုပစ္”

”ဟာ အေဖ အေဖ ” ”ေတာက္ ဒီကြ်ဲစုတ္ ေသစမ္းကြာ ေသစမ္း ”

” ဖရူးးးဖူးးး ငြဲ႕ ငြဲ႕ ”

အခ်ိန္ခဏအတြင္းမွာပဲ ကမၻာပ်က္သလိုအသံမ်ားက ဆူညံသြားရေလသည္။

ဇာတ္ခ်ဳပ္လိုက္ေတာ့ ကြ်ဲဆိုးၾကီးဖိုးေထာင္ကိုခတ္ရန္ ေျပးအလာ ဦးဘေမာင္ ဝင္ေရာက္တြန္းပစ္လိုက္သည့္ အရွိန္ႏွင့္ ဖိုးေထာင္မွာ ဝဲဘက္နံေစာင္းတြင္ ခ်ိဳဖ်ားျဖင့္အနည္းငယ္သာခတ္မိလိုက္ျပီး အသက္ေဘးမွလြတ္ခ့ဲေသာ္လည္း သားေဇာျဖင့္ ေျပးဝင္လာခ့ဲသည့္ဦးဘေမာင္မွာေတာ့ ကြ်ဲဆိုးၾကီး၏ ဂ်ိဳခတ္ခ်က္ကိုမေရွာင္လိုက္ႏိုင္ပဲ ေနရာတြင္ပင္ ဗိုက္ပြင့္ကာေသဆုံးခ့ဲရေလသည္။

ကြ်ဲၾကီးမွာလည္း လူအမ်ားျဖင့္ဝ္ိုင္းဝန္းပစ္ခတ္ထိုးႏွက္မႈဒဏ္ေၾကာင့္ ေသဆုံးသြားခ့ဲေလသည္။ ဖိုးေထာင္တစ္ေယာက္ကေတာ့ က်ြဲဂ်ိဳဖ်ားျဖင့္ခတ္မိလိုက္သည့္အရွိန္ႏွင့္ေရာ ဖခင္ျဖစ္သူ သူ႔ေရွ႕မွာတင္ အေသဆိုးႏွင့္ေသသြားခ့ဲရသည့္အျဖစ္ကိုျမင္လိုက္ရသည့္အတြက္ပါ အနာရွိန္တက္ျပီး အျပင္းဖ်ားေလေတာ့သည္။ ေဒၚျမလွ ဂရုတစိုက္ႏွင့္ ျပဳစုကုသေပးေနသည့္ၾကားမွပင္ မသက္သာသည့္အျပင္ တစ္ေန႔တျခားအေျခအေနကပိုပိုဆိုးလာကာ တစ္ခ်က္တစ္ခ်က္ကေယာင္ကတန္းႏွင့္ ထထေအာ္ေနတတ္သည္။

အျပင္းဖ်ားေနေသာဖိုးေထာင္မွာေတာ့ သူ႔မ်က္စိထဲမွာသူသတ္ခ့ဲေသာ ဌက္ေတြ ဖားေတြက သူ႔အျဖစ္ကိုၾကည့္ျပီးေလွာင္ေျပာင္ေနသံေတြ အဆက္မျပတ္ၾကားေနရသည္။ ငါးမိစၦာၾကီးေတြကလည္း တင္းပုတ္ၾကီးေတြကိုင္ကာ သူ႔ေခါင္းကို ထုမည့္ဟန္ျပင္ေနေသာေၾကာင့္ သူ႔အလြန္အမင္းထိတ္လန္႔ေနရသည္။ ထိုမ်ွမကေသး ႏြားေတြ ဝက္ေတြကလည္း လက္နက္မ်ိဳးစုံျဖင့္ သူ႔ကိုသတ္ဖို႔လာေနၾကေလျပီ။

”ဝ္ိုင္းေဟ့ ဝုိင္းထား ဒီေကာင္ကို လိုက္ၾကပါဟ ငါတို႔ကို ရက္ရက္စက္စက္ သတ္ခ့ဲတ့ဲေကာင္ အခုငါတို႔အလွည့္ေရာက္ျပီ လိုက္ၾကေဟ့ ထိုးၾက ခုတ္ၾကပါဟ ”

”အားး အမေလးး အေမေရ အေမကယ္ပါဦး ဒီမွာက်ဳပ္ကိုလာသတ္ေနၾကျပီဗ် အမေလးးေၾကာက္ပါျပီဗ် ေနာက္တစ္ခါမလုပ္ေတာ့ပါဘူး ကယ္ၾကပါဦး ကယ္ၾကပါဦး ”

”သား သားေလးဖိုးေထာင္ သတိထားေလသားရဲ႕ အေမရွိတယ္ေလ သားေလး သတိထားပါကြယ္ အီးးဟီးးဟီးး ”

ဖိုးေထာင္အေျခအေနမွာတစ္ေန႔တစ္ျခားဆိုးသည္ထက္ ဆိုးဝါးလာသည္မွာ ယခုဆိုလ်ွင္ တိရစၧာန္တစ္ေကာင္ပမာ ေလးဘက္ၾကီးေထာက္ျပီး ပတ္ေျပးေနေသာေၾကာင့္အခန္းထဲတြင္ ထည့္ပိတ္ထားရသည္အထိပင္။ ပါးစပ္ကလည္း တိရိစၧာန္ေပါင္းစုံ၏ေအာ္သံမ်ိဳးျဖင့္ေအာ္လိုက္ တစ္ခါတရံ ကယ္ပါယူပါ ေအာ္ဟစ္လိုက္ႏွင့္ မေသခင္ကပင္သူျပဳခ့ဲေသာ အကုသိုလ္အက်ိဳးတရားမ်ားကို အရွင္လတ္လတ္ျပန္လည္ခံစားေနရေလျပီ။ ကိုယ္ျပဳသည့္ကံ ကိုယ့္ထံပ့ဲတင္ျပန္လာတတ္သည္ပင္မဟုတ္ပါေလာ။ အကုသိုလ္၏ ေနာက္ဆက္တြဲ အက်ိဳးဆက္ကားဆိုးဝါးလြန္းလွသည္တကား။

ဦးဘေမာင္တစ္ေယာက္လည္း သူျပဳခ့ဲသည့္အကုသိုလ္၏ အက်ိဳးဆက္ကို ဘဝမကူးပဲ ခႏၶာႏွင့္ရင္းကာ မရႈ႕မလွျပန္ဆပ္သြားရေလသည္။ ယခုဖိုးေထာင္သည္လည္း မေသခင္ေလာကငရဲကို ဝဋ္ဒုကၡၾကီးစြာျဖင့္ တစ္လခန္႔အသက္ရွင္လ်က္ႏွင့္ ေပးဆပ္ျပီးသည့္ေနာက္မွာေတာ့ တစ္ခုေသာမနက္ခင္းမွာ အိပ္ရာေပၚမွာအိပ္ေနရင္းျဖင့္ပင္ ကယ္ပါယူပါတစာစာႏွင့္ေအာ္ရင္း ဟစ္ရင္းျဖင့္ ပါးစပ္မွအျမဳပ္မ်ားထြက္ျပီး မ်က္ျဖဴလန္က်ကာ သူ႔ဖခင္သြားရာ မရဏလမ္းသို႔လွမ္းသြားခ့ဲေလေတာ့သည္။

ထိုအျဖစ္အပ်က္မ်ားျဖစ္ပြားျပီး တစ္လခန္႔အၾကာမွာေတာ့ ရြာဦးေက်ာင္းဆရာေတာ္ထံတြင္ သူပိုင္ဆိုင္သမ်ွပစၥည္းအားလုံးကို ေရာင္းခ်ထားသည့္ ပိုက္ဆံမ်ားကို နဝကမၼဝတၳဳေငြအျဖစ္ လာေရာက္လွဴဒါန္းေနေသာ တည္ျငိမ္ေအးခ်မ္းသည့္ မ်က္ႏွာထားႏွင့္ သီလရွင္ဆရာေလးတစ္ဦးကို ေတြ႔ျမင္ၾကရေပသည္။

ထိုသီလရွင္ဆရာေလးကား အကုသိုလ္၏အက်ိဳးတရားကို မ်က္ဝါးထင္ထင္ျမင္ေတြ႔ခ့ဲရျပီးေနာက္ သံသရာမွလြတ္ျငိမ္းရာအမွန္ျဖစ္သည့္ ျမတ္နိဗၺာန္ကိုရည္မွန္းကာ က်န္ရွိသည့္သက္တမ္းတစ္ေလ်ာက္ ေအးျမသည့္တရားရိပ္တြင္သာ ခိုလွံဴေတာ့မည္ဟု ဆုံးျဖတ္လိုက္သည့္ ဆရာေလးေဒၚပညာစာရီ တစ္ျဖစ္လဲ ေဒၚျမလွျဖစ္ေၾကာင္း အထူးေျပာစရာမလိုေတာ့ျပီတည္း …………။

(အကုသိုလ္အက်ိဳးတရားမ်ားကို ဆင္ျခင္ႏိုင္ၾကပါေစ )
ဖိုးသူေတာ္ (www.phothutaw.com)
Credit: အမ္ႏိုင္း (oasis)

#Unicode Version#
သြကာသ သြကာသ သြကာသ ကာယကံ ဝစီကံ မနောကံ x သမ္ဗဒေါသခပ်သိမ်းသော ××……×××…………×××…………×××………×××………×××………××……. နိဗ္ဗာန်တရားတော်မြတ်ကို ရပါလို၏အရှင်ဘုရား”

”ဟာ အဖေရေ မနေ့ညက ကျုပ်တို့ဖမ်းပြီး စဉ့်အိုးထဲထည့်လှောင်ထားတဲ့ငါးတွေ ခုသေအံ့မူးမူးဖြစ်ပြီးအသက်ငင်နေကြပြီဗျ ခုမနက်စာထမင်းပူပူလေးနဲ့ ငါးကြော်လတ်လတ်ဆတ်ဆတ်လေးနဲ့ဆွဲရအောင် ကျုပ်ဒီကောင်တွေကို ကိုင်လိုက်တော့မယ်အဖေရေ ”

”အေး လုပ်ကွာ လတ်လတ်ဆတ်ဆတ်ဆိုတော့ တအားကိုချိုမှာဟေ့ အရသာရှိလိုက်မယ့်ဖြစ်ချင်းကွာ မြန်မြန်သာ ခေါင်းတွေထုပစ်လိုက်တော့ငါ့သားရေ ”

မနက်ခင်း၏ကျက်သရေရှိလှစွာသော ဘုရားရှိခိုးသံနှင့် ဆန့်ကျင်ဘက်ဖြစ်လှစွာပင် ထွက်ပေါ်လာသောသားနှင့် ယောကျာ်းဖြစ်သူတို့၏ အသံများကြောင့် ဒေါ်မြလှတစ်ယောက် ဘုရားဝတ်ပြုနေရာမှ စိတ်မသက်မသာဖြစ်စွာပင် သက်ပြင်းချကာ ခေါင်းကိုခါရမ်းလိုက်မိသည်။

”ကိုဘမောင်ရယ် စောစောစီးစီးရှင် ကျွန်မ မြင်ရ ကြားရတာ စိတ်မသက်သာလိုက်တာ ဒီ အကုသိုလ်အလုပ်တွေကိုမလုပ်ပါနဲ့လား ”

”အာ မိန်းမကလည်းကွာ လာပြန်ပြီ တစ်ခါလာလည်းဒီအကုသိုလ် နောက်တစ်ခါလာလည်း ဒီအကုသိုလ်နဲ့ မင်းပြောတဲ့ အကုသိုလ်တွေ ဘာတွေတော့ ငါမသိဘူးဟေ့ ငါသိတာတော့ ဒီငါးတွေလတ်လတ်ဆတ်ဆတ်သတ်စားရတာ အတော်လေးကိုအရသာရှိတယ်ဆိုတာပဲသိတယ်ဟ”

”ဟုတ်တယ်အမေရ ငါးတွေကဒီလိုလတ်လတ်ဆတ်ဆတ်စားမှ ပိုအရသာရှိတာဗျ မယုံရင်ကျုပ်တို့ကြော်ပြီးတဲ့အခါ အမေပါစားကြည့်ဗျာ လျှာလည်သွားမယ်နော့ ”

”တော်စမ်း ဖိုးထောင် နင်တို့ဟာတွေငါစားလည်းမစားချင်ဘူး မြင်လည်းမမြင်ချင်ဘူး နင့်ကိုလည်း ငါဒီအကုသိုလ်အလုပ်တွေလုပ်နေတာကို တစ်စက်ကလေးမှကြည့်လို့ရတာမဟုတ်ဘူး နင်တို့သားအဖကို ငါပြောမရလွန်းလို့သာ လက်ပိုက်ကြည့်နေရတယ် နင်တို့လုပ်နေတဲ့ဒီလို အကုသိုလ်အလုပ်တွေကြောင့် ငါတစ်ရက်ကလေးမှကို စိတ်မချမ်းသာရဘူးဟဲ့ သိရဲ့လား ”

”ဟာဗျာ အမေကလည်းစောစောစီးင်္စီး နားငြီးအောင ်ဒီဓာတ်ပြားဟောင်းကြီးပဲ ခဏတိုင်းဖွင့်မနေစမ်းပါနဲ့ အမေမစားလည်းနေဗျာ ကျုပ်ကတော့မနက်စာအမှီဒီကောင်တွေကို ဝဋ်ချွတ်ပေးလိုက်ဦးမယ်ဗျို့ ”

ပြောပြောဆိုဆိုနှင့်ပင် စဉ့်အိုးထဲမှမသေမရှင်ဖြစ်နေသောငါးများကို တစ်ကောင်ချင်းယူပြီး ခေါင်းတွေကို တုတ်တစ်ချောင်းဖြင့်ရိုက်သတ်နေသော သားဖြစ်သူကိုကြည့်ပြီး ဒေါ်မြလှ စိတ်မသက်သာဖြစ်စွာပင်နေရာမှ ထထွက်လာခဲ့လိုက်သည်။

ဒေါ်မြလှက ဘုရားတရားမြဲကာ သတ္တဝါလေးတွေအပေါ်မေတ္တာတရားထားတတ်သလောက် ခင်ပွန်းဖြစ်သူကိုဘမောင်ကတော့ လက်ရဲလက်ဇဲနိုင်လွန်းလှသည်။ ခု တစ်ဦးထဲသော သားလေးဖိုးထောင်ကရော ဘာထူးသတုန်း ငယ်ကတည်းက ဘာသာရေးအကြောင်းများသင်ပြပေးလည်း စိတ်မဝင်စား သူ့အဖေနဲ့အတူ ငါးရှာ ဖားရိုက် ဌက်ပစ် အလုပ်များမှာသာပျော်မွေ့နေသူ။ ဘယ်အချိန်များမှာမှ သူတို့သားအဖ ဒီအလုပ်တွေကို စွန့်ပစ်နိုင်ကြမှာပါလိမ့်။

”အဖေရေ ဒီနေ့ညကျုပ်တို့ဖားရိုက်ထွက်ကြရအောင်ဗျာ မိုးဦးကျပြီဆိုတော့ ဖားတွေကအတော့်ကို မြူးနေတာဗျ ဟိုးအစွန်ကလယ်ကွက်တွေဘက်မှာဆို ဆူဖြိုးနေတဲ့အကောင်ကြီးတွေရတတ်တယ် အဖေရ ”

”အေး သွားကြတာပေါ့ကွာ လိုအပ်တဲ့ပစ္စည်းတွေသေချာပြင်ဆင်ထားလိုက်ကွာ မိုးအေးအေးမှာ ဆူဆူဖြိုးဖြိုးဖားသားဟင်းနဲ့ မီးတောက်အရက်လေးနဲ့မြည်းလိုက်ရရင်တော့လားကွာ ပြောရင်းတောင်သားရေယိုတယ်ဟေ့ ဟားးဟားး ”

ယခုလည်းကြည့် သားအဖနှစ်ယောက် အတိုင်အဖောက် ညီစွာပင်ဖားရိုက်ထွက်သွားကြပြန်လေသည်။ဒေါ်မြလှတစ်ယောက်ကတော့ မေတ္တသုတ်တော်ကိုရွတ်ဖတ်ပူဇော်ပြီး သတ္တဝါတွေကျန်းမာချမ်းသာစေဖို့ မေတ္တာပို့အမျှဝေပေးနေယုံမှတစ်ပါး……။

ဖိုးထောင်လေးငယ်ငယ်တုန်းကတော့ ခုလိုပဲ သားအဖနှစ်ယောက် ဌက်ပစ် ငါးရှာ ဖားရိုက်အလုပ်လောက်သာလုပ်ကြသော်လည်း တဖြည်းဖြည်း ဖိုးထောင်လူပျိုပေါက် အရွယ်ရောက်လာသည်နှင့်အမျှ သူတို့သားအဖနှစ်ယောက်က ပိုပြီးလက်ရဲဇက်ရဲနိုင်လာကြတာ ယခုဆို ရွာထဲက ဝက်ပေါ် အမဲပေါ်သည့် အလုပ်များကိုပင် တစ်ခါတရံအခကြေးငွေယူကာ လုပ်ကိုင်ပေးတတ်နေလေပြီ။

ငါးရှာ ဖားရိုက် အလုပ်များကိုတောင်ဘဝင်မကျသော ဒေါ်မြလှတစ်ယောက်ကတော့ ယခုလိုသားကြီးငါးကြီးများကိုပါ သတ်ဖြတ်လာသော သားနှင့်လင်သားကို စိတ်မကောင်းခြင်းကြီးစွာဖြင့်သာ ကြည့်နေရလေတော့သည်။ တစ်ခါတစ်ရံသူတို့ အမဲပေါ်သည့်အချိန်ယူလာတတ်သည့် သွေးသံရဲရဲနှင့် ဝမ်းတွင်းသားများကိုတွေ့လိုက်ရသည့်နေ့မျိုးဆိုလျှင် ဒေါ်မြလှတစ်ယောက် တစ်နေ့လုံး ခေါင်းတွေတောင်မူးမိသည်။

တစ်ရက်ကဆိုလျှင် …

ဒေါ်မြလှခေါင်းထဲမူးနောက်နောက်ဖြစ်တာနဲ့ အခန်းထဲမှာဝင်လှဲနေတုန်း

”အဖေရေ ကျုပ်တို့စားဖို့ ဝမ်းတွင်းသားလေးတွေကို ကြက်သွန်ဖြူ ဂျင်းလေးဆီသတ်ပြီး ကျုပ်ကြော်ထားတယ်ဗျို့ မီးတောက်ကလေးနဲ့မြည်းလိုက်ကြရအောင် အဖေရေ ”

”အေး လာပြီဟေ့ စားပွဲပေါ်တင်ထားခဲ့ကွာ အဖေဒီမှိန်းတွေမှာပေနေတဲ့ သွေးတွေ ရေဆေးပြီးလာခဲ့မယ်ဟေ့ ”

”ဆေး ဆေး အဖေ ကျုပ်လည်း ခုနကရလာတဲ့ ဌက်တွေအမွှေးနှုတ်ဖို့ ရေနွေးတည်ပြီးလာခဲ့မယ် ”

ဦးဘမောင် မနက်ကအမဲပေါ်ထားသည့်မှိန်းမှာ ပေကျံနေသည့်သွေးများကို ရေဆေးပြီး အိမ်ပေါ်အတက် မြင်လိုက်ရသောမြင်ကွင်းကြောင့် ထောင်းခနဲဒေါသထွက်သွားရသည်။ သူမြင်လိုက်ရသည်က ရွှေဝါ ။ ဟုတ်ပါသည် ဒေါ်မြလှ စားကြွင်းစားကျန်လေးများအမြဲ ကျွေးနေတတ်သဖြင့် ရံဖန်ရံခါသူတို့အိမ်ကို ရောက်ရောက်လာတတ်သည့် ဘေးအိမ်မှကြောင်မလေး ။ ခုထိုရွှေဝါက သူတို့မြည်းရန်အတွက် စားပွဲပေါ်တင်ထားခဲ့သည့် ဝမ်းတွင်းသားကြော်များကို စားနေပါကောလား။

”တောက် $×€$.# ကြောင် ရာရာစစ ငါတို့မြည်းဖို့ဟင်းမှ နှိုက်စားရတယ်လို့ သေစမ်းကွာ ”

ပြောပြောဆိုဆို ဦးဘမောင်ဘေးမှာရှိသည့် သုံးတောင့်ထိုးဓာတ်မီးနှင့် ရွှေဝါခေါင်းတည့်တည့်ကိုချိန်ပြီး ပစ်ပေါက်လိုက်သည်။အမြဲဌက်ပစ်သွားနေတတ်သောကြောင့် လက်မှန်းတည့်လှသော ကိုဘမောင်ပစ်ချက်က ရွှေဝါခေါင်းတည့်တည့်သို့ ထိမှန်သွားကာ ကြောင်လေးရွှေဝါ စားပွဲပေါ်မှအောက်သို့ပြုတ်ကျသွားရလေသည်။

”ညောင် ညောင် ”

အတော်ပင်မူးဝေသွားပုံရသော ရွှေဝါမှာ သေဘေးကိုသိနေသည့်အလား ခေါင်းမှာသွေးစက်လက်နှင့်ပင် ဒယီးဒယိုင်ထကာ ယိုင်တိုင်တိုင်နှင့်ပင် နောက်ဖေးဘက်သို့ဝင်ပြေးလေတော့သည်။ ဦးဘမောင်မှာ ထိုမျှနှင့်အားမရသေး ပါးစပ်မှလည်းသားဖြစ်သူကိုအော်ဟစ် အသိပေးလိုက်သေးသည်။

”ဟေ့ ငါ့သားရေ အဲ့ကြောင်ကိုပညာပေးလိုက်စမ်းကွာ ငါတို့အမြည်းတွေဝင်စားသွားတဲ့ကြောင် ပြေးလာပြီဟေ့ ပြေးလာပြီမင်းဘက်ကို ”

ဦးဘမောင်စကားအဆုံး ဖိုးထောင်တစ်ယောက်သူ့အနားရောက်လာသော ကြောင်လေးရွှေဝါကို လောလောလတ်လတ် မီးဖိုပေါ်မှချထားသော ရေနွေးပူပူများဖြင့်လှမ်းပက်လိုက်လေတော့သည်။

”ကဲ သေစမ်းကွာ အဲ့လောက်ငတ်ကြီးကျတဲ့ကြောင် သေ သေ သေစမ်း ”

”ညောင် ဝေါင် ဝေါင် ညောင် ”

ကြောင်လေးရွှေဝါမှာတော့ ခေါင်းမှဒဏ်ရာ ရေနွေးပူလောင်သည့် ဒဏ်ရာများကြောင့်နေရာမှာတင်လဲကျသွားကာ မထနိုင်ရှာတော့ ။ဆူညံ ဆူညံအသံများကြောင့် အိပ်ရာမှနိုးလာသော ဒေါ်မြလှတစ်ယောက် ကြောင်လေးရွှေဝါ၏သနားစဖွယ်အဖြစ်ဆိုးကိုမြင်လိုက်ရသည်မှာတော့

”အမလေးး အမလေး ရက်စက်လိုက်ကြတာ လုပ်ရက်လိုက်ကြတာရှင် အစားလေးတစ်လုပ်အတွက် ဒီလောက်လုပ်ရသလား အမလေးးး ရှင်တို့အကြင်နာတရား တော်တော်ခေါင်းပါးကြတဲ့သူတွေပါလား အီးးဟီးးဟီးးး ”

လဲကျနေသော ကြောင်လေးရွှေဝါကို တယုတယကောက်ပွေ့ရင်း ဒေါ်မြလှတစ်ယောက်စိတ်မကောင်းခြင်းကြီးစွာဖြင့် ချုံးပွဲချ၍ငိုချပစ်လိုက်လေတော့သည်။

ထိုနေ့…

ဦးဘမောင်နှင့်ဖိုးထောင်တို့သားအဖအတွက် ကံကြမ္မာဆိုးများသယ်ဆောင်လာခဲ့သည့်နေ့။ ထိုနေ့က ဦးဘမောင်တို့သားအဖကို တစ်ဖက်ရွာမှအမဲပေါ်ရန်လာခေါ်ထားသဖြင့် သူတို့သားအဖနှစ်ယောက်ထွက်လာကြသည်။ ဒီတစ်ခါသူတို့သတ်ပေးရမည်က ခိုင်းကျွဲကြီးတစ်ကောင်။ ထိုကျွဲကြီးမှာ နကိုယ်ကလိမ်မာပေမယ့် အခုတစ်လောမှဘာထဖြစ်သည်မသိ ရုတ်တရက်ထဖောက်ပြီး မဲမဲမြင်သမျှလိုက်ခတ်နေတတ်သဖြင့် ရွာမှလူအများဝိုင်းဝန်းဖမ်းဆီးကာ ချည်နှောင်ထားရသည့် အကောင်ကြီး။

ယခုထိုကျွဲဆိုးကြီးအားသတ်ရန် သူတို့သားအဖအားအခကြေးငွေနှစ်ဆပေး၍ ဌားရမ်းလာလေသောကြောင့် ဦးဘိုးမောင်တို့သားအဖ ရောက်လာရသည်လေ။ ထိုရွာရောက်တော့ ရဲဆေးအနေနှင့် သားအဖနှစ်ယောက် အရက်ထိုင်သောက်ပြီးနောက် လက်ဆွဲတော် မှိန်းကြီးကိုကိုင်ကာ ကျွဲကြီးချည်နှောင်ထားသည့်နေရာသို့ထွက်လာကြသည်။

ဦးဘမောင်တို့သားအဖကိုတွေ့လိုက်သည့် ကျွဲကြီးမှာလည်း သေဘေးကိုသိနေသည့်အလား နှာမှုတ်သံတရှုးရှုးနှင့် ခွာတွေယက်ကာ ဂျိုကြီးတယမ်းယမ်းနှင့် ချည်နှောင်ထားသော ကြိုးကိုအတင်းရုန်းနေလေတော့သည်။

”ဟာ ဒီကျွဲတော့ကွာ တော်တော်စမာန်တက်နေတယ် ဟုတ်လား ဒီလောက်တောင်ဖြစ်နေတာ မင်းကိုမြန်မြန်သေရွာပို့ပေးမယ်ဟေ့ ဟားးဟားးး ဟားး ”

”ဟ ငါ့သား သတိထား အနားအရမ်းမကပ်နဲ့ဦးဟ အန္တရာယ်များတယ် ”

”ဟာ အဖေရာဒီကောင်လောက်ကတော့ ကျုပ်အတွက်အေးဆေးပါဗျ အဖေတောင်ဝင်ပါစရာမလိုဘူး အဖေဘေးဖယ်နေ ကျုပ်ရှင်းလိုက်မယ် ဒီကောင်ကို ”

အရက်ကလည်းသောက်ထားသည့်အရှိန်နှင့် နကိုယ်ကပင်လက်ရဲဇက်ရဲရှိလှသောဖိုးထောင်တစ်ယောက် ပြောပြောဆိုဆိုနှင့်ပင် မှိန်းတစ်လက်ဆွဲကာ ဒယီးဒယိုင်ဖြင့် အတင်းရုန်းကန်နေသော ကျွဲကြီးအနားသို့သွားရန်အထမှာတော့

”ဖြောင်း ” ”ဖရူးး ရှုးးး ”

နကိုယ်ကပင်ဗွေဖောက်နေသော အားသန်လှသည့်ကျွဲဆိုးကြီးမှာ နှာမှုတ်သံပြင်းပြင်းဖြင့် အားကုန်အရုန်း ချည်နှောင်ထားသောကြိုးများပြတ်ထွက်ကုန်ပြီးဖိုးထောင်ရှိရာသို့ ဂျိုကြီးတကားကားနှင့်ပြေးဝင်လာတော့သည်။

ရုတ်တရက်ချက်ခြင်းပြောင်းလဲသွားသော အခြေအနေများကြောင့် ဖိုးထောင်တစ်ယောက် မှင်သက်စွာဖြင့် နေရာမှမရွေ့ ကြောင်ပြီးရပ်ကြည့်နေမိသည်။

ထိုစဉ်……

”ဟာ သား သတိထား ”

အော်ဟစ်သတိပေးသံနှင့်တစ်ပြိုင်ထဲ ဝဲဘက်နံစောင်းဆီမှပူခနဲဖြစ်သွားသည့် အသိနှင့်အတူ တစ်စုံတစ်ဦးက ဆောင့်တွန်းလိုက်သည့်အရှိန်ဖြင့် ဖိုးထောင်တစ်ယောက်ခပ်လှမ်းလှမ်းသို့ လွင့်စင်လဲကျသွားသည်။ ထိုအခါမှသူသတိပြန်ဝင်လာပြီးကြည့်မိတော့

”အားး ” ”ဟာ လုပ်ကြပါဦး ဦးဘမောင်ထိသွားပြီဟေ့ ”

”ဟေးးသတ်ကွာ အဲ့ကျွဲ မလွတ်စေနဲ့ ”

”ထုကွာ တွေ့တာနဲ့သာကောက်ထုပစ်”

”ဟာ အဖေ အဖေ ” ”တောက် ဒီကျွဲစုတ် သေစမ်းကွာ သေစမ်း ”

” ဖရူးးးဖူးးး ငွဲ့ ငွဲ့ ”

အချိန်ခဏအတွင်းမှာပဲ ကမ္ဘာပျက်သလိုအသံများက ဆူညံသွားရလေသည်။

ဇာတ်ချုပ်လိုက်တော့ ကျွဲဆိုးကြီးဖိုးထောင်ကိုခတ်ရန် ပြေးအလာ ဦးဘမောင် ဝင်ရောက်တွန်းပစ်လိုက်သည့် အရှိန်နှင့် ဖိုးထောင်မှာ ဝဲဘက်နံစောင်းတွင် ချိုဖျားဖြင့်အနည်းငယ်သာခတ်မိလိုက်ပြီး အသက်ဘေးမှလွတ်ခဲ့သော်လည်း သားဇောဖြင့် ပြေးဝင်လာခဲ့သည့်ဦးဘမောင်မှာတော့ ကျွဲဆိုးကြီး၏ ဂျိုခတ်ချက်ကိုမရှောင်လိုက်နိုင်ပဲ နေရာတွင်ပင် ဗိုက်ပွင့်ကာသေဆုံးခဲ့ရလေသည်။

ကျွဲကြီးမှာလည်း လူအများဖြင့်ဝိုင်းဝန်းပစ်ခတ်ထိုးနှက်မှုဒဏ်ကြောင့် သေဆုံးသွားခဲ့လေသည်။ ဖိုးထောင်တစ်ယောက်ကတော့ ကျွဲဂျိုဖျားဖြင့်ခတ်မိလိုက်သည့်အရှိန်နှင့်ရော ဖခင်ဖြစ်သူ သူ့ရှေ့မှာတင် အသေဆိုးနှင့်သေသွားခဲ့ရသည့်အဖြစ်ကိုမြင်လိုက်ရသည့်အတွက်ပါ အနာရှိန်တက်ပြီး အပြင်းဖျားလေတော့သည်။ ဒေါ်မြလှ ဂရုတစိုက်နှင့် ပြုစုကုသပေးနေသည့်ကြားမှပင် မသက်သာသည့်အပြင် တစ်နေ့တခြားအခြေအနေကပိုပိုဆိုးလာကာ တစ်ချက်တစ်ချက်ကယောင်ကတန်းနှင့် ထထအော်နေတတ်သည်။

အပြင်းဖျားနေသောဖိုးထောင်မှာတော့ သူ့မျက်စိထဲမှာသူသတ်ခဲ့သော ဌက်တွေ ဖားတွေက သူ့အဖြစ်ကိုကြည့်ပြီးလှောင်ပြောင်နေသံတွေ အဆက်မပြတ်ကြားနေရသည်။ ငါးမိစ္ဆာကြီးတွေကလည်း တင်းပုတ်ကြီးတွေကိုင်ကာ သူ့ခေါင်းကို ထုမည့်ဟန်ပြင်နေသောကြောင့် သူ့အလွန်အမင်းထိတ်လန့်နေရသည်။ ထိုမျှမကသေး နွားတွေ ဝက်တွေကလည်း လက်နက်မျိုးစုံဖြင့် သူ့ကိုသတ်ဖို့လာနေကြလေပြီ။

”ဝိုင်းဟေ့ ဝိုင်းထား ဒီကောင်ကို လိုက်ကြပါဟ ငါတို့ကို ရက်ရက်စက်စက် သတ်ခဲ့တဲ့ကောင် အခုငါတို့အလှည့်ရောက်ပြီ လိုက်ကြဟေ့ ထိုးကြ ခုတ်ကြပါဟ ”

”အားး အမလေးး အမေရေ အမေကယ်ပါဦး ဒီမှာကျုပ်ကိုလာသတ်နေကြပြီဗျ အမလေးးကြောက်ပါပြီဗျ နောက်တစ်ခါမလုပ်တော့ပါဘူး ကယ်ကြပါဦး ကယ်ကြပါဦး ”

”သား သားလေးဖိုးထောင် သတိထားလေသားရဲ့ အမေရှိတယ်လေ သားလေး သတိထားပါကွယ် အီးးဟီးးဟီးး ”

ဖိုးထောင်အခြေအနေမှာတစ်နေ့တစ်ခြားဆိုးသည်ထက် ဆိုးဝါးလာသည်မှာ ယခုဆိုလျှင် တိရစ္ဆာန်တစ်ကောင်ပမာ လေးဘက်ကြီးထောက်ပြီး ပတ်ပြေးနေသောကြောင့်အခန်းထဲတွင် ထည့်ပိတ်ထားရသည်အထိပင်။ ပါးစပ်ကလည်း တိရိစ္ဆာန်ပေါင်းစုံ၏အော်သံမျိုးဖြင့်အော်လိုက် တစ်ခါတရံ ကယ်ပါယူပါ အော်ဟစ်လိုက်နှင့် မသေခင်ကပင်သူပြုခဲ့သော အကုသိုလ်အကျိုးတရားများကို အရှင်လတ်လတ်ပြန်လည်ခံစားနေရလေပြီ။ ကိုယ်ပြုသည့်ကံ ကိုယ့်ထံပဲ့တင်ပြန်လာတတ်သည်ပင်မဟုတ်ပါလော။ အကုသိုလ်၏ နောက်ဆက်တွဲ အကျိုးဆက်ကားဆိုးဝါးလွန်းလှသည်တကား။

ဦးဘမောင်တစ်ယောက်လည်း သူပြုခဲ့သည့်အကုသိုလ်၏ အကျိုးဆက်ကို ဘဝမကူးပဲ ခန္ဓာနှင့်ရင်းကာ မရှု့မလှပြန်ဆပ်သွားရလေသည်။ ယခုဖိုးထောင်သည်လည်း မသေခင်လောကငရဲကို ဝဋ်ဒုက္ခကြီးစွာဖြင့် တစ်လခန့်အသက်ရှင်လျက်နှင့် ပေးဆပ်ပြီးသည့်နောက်မှာတော့ တစ်ခုသောမနက်ခင်းမှာ အိပ်ရာပေါ်မှာအိပ်နေရင်းဖြင့်ပင် ကယ်ပါယူပါတစာစာနှင့်အော်ရင်း ဟစ်ရင်းဖြင့် ပါးစပ်မှအမြုပ်များထွက်ပြီး မျက်ဖြူလန်ကျကာ သူ့ဖခင်သွားရာ မရဏလမ်းသို့လှမ်းသွားခဲ့လေတော့သည်။

ထိုအဖြစ်အပျက်များဖြစ်ပွားပြီး တစ်လခန့်အကြာမှာတော့ ရွာဦးကျောင်းဆရာတော်ထံတွင် သူပိုင်ဆိုင်သမျှပစ္စည်းအားလုံးကို ရောင်းချထားသည့် ပိုက်ဆံများကို နဝကမ္မဝတ္ထုငွေအဖြစ် လာရောက်လှူဒါန်းနေသော တည်ငြိမ်အေးချမ်းသည့် မျက်နှာထားနှင့် သီလရှင်ဆရာလေးတစ်ဦးကို တွေ့မြင်ကြရပေသည်။

ထိုသီလရှင်ဆရာလေးကား အကုသိုလ်၏အကျိုးတရားကို မျက်ဝါးထင်ထင်မြင်တွေ့ခဲ့ရပြီးနောက် သံသရာမှလွတ်ငြိမ်းရာအမှန်ဖြစ်သည့် မြတ်နိဗ္ဗာန်ကိုရည်မှန်းကာ ကျန်ရှိသည့်သက်တမ်းတစ်လျောက် အေးမြသည့်တရားရိပ်တွင်သာ ခိုလှူံတော့မည်ဟု ဆုံးဖြတ်လိုက်သည့် ဆရာလေးဒေါ်ပညာစာရီ တစ်ဖြစ်လဲ ဒေါ်မြလှဖြစ်ကြောင်း အထူးပြောစရာမလိုတော့ပြီတည်း …………။

(အကုသိုလ်အကျိုးတရားများကို ဆင်ခြင်နိုင်ကြပါစေ )
ဖိုးသူတော် (www.phothutaw.com)
Credit: အမ်နိုင်း (oasis)
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top