ျမန္မာျပည္၏ပထမဆံုး ရဟတ္ယာဥ္ကြင္းပါဝင္ျပီး ရာသက္ပန္ေျမပိုင္မည့္ Kabaraye Executive Residence ကြန္ဒိုအေရာင္းျပပြဲ
×

“မိန္းမေရ…ဧည့္ခန္းထဲကတိုင္မွာခ်ိတ္ထားတ့ဲ၊နာရီမရွိေတာ့ပါလားကြ”

“ရွင့္သားျဖဳတ္ယူသြားတယ္ေလ…သူ႔အိမ္မွာနာရီမရွိလို႔တ့ဲ…။”

“မိန္းမေရ…ေၾကာင္အိမ္ထဲကဓါတ္ဗူးအသစ္တစ္လုံးမေတြ႕ျပန္ဘူး။မင္းဘယ္သူ႔ေပးလိုက္ေသးလဲ…။”

“ရွင့္သားလာယူသြားတာပဲေလ။သူ႔အိမ္မွာဓါတ္ဗူးလိုေနလို႔တ့ဲ…။”

“ေတာက္…ဒီေကာင္ဒို႔ကိုဒုကၡေပးေပါင္းမ်ားလွျပီ။ဘြဲ႕ရပညာတတ္ျဖစ္ေအာင္၊ေငြအကုန္ခံ၊ဒုကၡေတြခံျပီးသင္ေပးခ့ဲျပီးျပီ။အခုအိမ္ေထာင္က်ျပီးေတာ့လည္း၊အိမ္ကပစၥည္းေတြတစ္ခုျပီးတစ္ခုလာယူေနတယ္။ေက်ာင္းဆရာလုပ္ေနျပီး၊ဘာမွမိဘအေပၚမသိတတ္တ့ဲေကာင္၊သိေအာင္ေတာ့သြားေျပာဦးမွပဲ”။

ကိုတင္ေမာင္တစ္ေယာက္တိုက္ပုံအက်ၤႋေကာက္စြပ္ျပီး၊ရပ္ကြက္ရံုးကိုသြားမလို႔လုပ္တုန္း၊ေဒါသျဖစ္ျပီးသူ႔သားအိမ္ဘက္ထြက္လာခ့ဲတယ္။
သားအိမ္ေရွ႕ေရာက္တယ္ဆိုရင္ပဲ၊သားလုပ္သူကအက်ႋအျဖဴလည္ကတုံးဝတ္ျပီး၊အိမ္ေပၚကဆင္းလာတာေတြ႕ရတယ္။

“ေဟ့ေကာင္…မင္းကိုငါေျပာစရာရွိလို႔လာခ့ဲတာကြ၊အခုမင္းက…ဘယ္သြားဦးမလို႔လဲ”။

“ရပ္ကြက္ဓမၼာရံုမွာေဟာေျပာပြဲရွိလို႔အေဖ။ေျပာစရာရွိရင္ေနာက္မွေျပာပါလား။အေရးၾကီးေနလို႔ပါ။”

သားျဖစ္သူရဲ႕စကားအဆုံး၊ကိုတင္ေမာင္သူ႔သားကိုေသေသခ်ာခ်ာၾကည့္လိုက္တ့ဲအခါ…

ေၾသာ္…ဒီေကာင့္မွာတိုက္ပုံအက်ႋမွမရွိပဲကိုး”ဟုေရရြတ္ျပီး……

“ေဟ့ေကာင္…ေဟာေျပာပြဲသြားမွာဆိုရင္တိုက္ပုံပါမွေကာင္းတာကြ…ေရာ့၊ငါ့တိုက္ပုံအက်ႋဝတ္သြား။ေက်ာင္းဆရာဆိုတာတိုက္ပုံအက်ႋနဲ႔မွ၊ၾကည့္ေကာင္းတာကြ”ဟုဆိုကာသူဝတ္လာေသာတိုက္ပုံအား၊ခြ်တ္ေပးလိုက္ပါသည္။

“ကိုတင္ေမာင္…ရွင္သြားတုန္းကတိုက္ပုံအက်ႋနဲ႔ပါ။အခုျပန္လာတာတိုက္ပုံလည္းမေတြ႕ေတာ့ပါလား။ဘယ္မွာမ်ားေမ့က်န္ရစ္ခ့ဲပါလိမ့္။”
“မင္းသားကြာ…ဓမၼာရံုမွာေဟာေျပာပြဲရွိတယ္ဆိုလို႔…”

“အလိုေတာ္…ရွင့္သားက၊ခႏၶာကိုယ္ေပၚကတိုက္ပုံေတာင္ခြ်တ္ယူသလား။ဒင္းဆီေရာက္သြားရင္ျပန္မရေတာ့ဘူးဆိုတာ၊ရွင္လည္းသိသိၾကီးနဲ႔။”

“မင္းေျပာလည္းခံရမွာပဲမိန္းမရယ္…ဒါေပမယ့္အခုဟာက၊သားကခြ်တ္ယူတာမဟုတ္ပါဘူး။ငါ…ကိုယ္တိုင္ကေက်ေက်နပ္နပ္နဲ႔ခြ်တ္ေပးလိုက္တာပါ။” ။
ဖိုးသူေတာ္ (www.phothutaw.com)
Credit: Original

#Unicode Version#
“မိန်းမရေ…ဧည့်ခန်းထဲကတိုင်မှာချိတ်ထားတဲ့၊နာရီမရှိတော့ပါလားကွ”

“ရှင့်သားဖြုတ်ယူသွားတယ်လေ…သူ့အိမ်မှာနာရီမရှိလို့တဲ့…။”

“မိန်းမရေ…ကြောင်အိမ်ထဲကဓါတ်ဗူးအသစ်တစ်လုံးမတွေ့ပြန်ဘူး။မင်းဘယ်သူ့ပေးလိုက်သေးလဲ…။”

“ရှင့်သားလာယူသွားတာပဲလေ။သူ့အိမ်မှာဓါတ်ဗူးလိုနေလို့တဲ့…။”

“တောက်…ဒီကောင်ဒို့ကိုဒုက္ခပေးပေါင်းများလှပြီ။ဘွဲ့ရပညာတတ်ဖြစ်အောင်၊ငွေအကုန်ခံ၊ဒုက္ခတွေခံပြီးသင်ပေးခဲ့ပြီးပြီ။အခုအိမ်ထောင်ကျပြီးတော့လည်း၊အိမ်ကပစ္စည်းတွေတစ်ခုပြီးတစ်ခုလာယူနေတယ်။ကျောင်းဆရာလုပ်နေပြီး၊ဘာမှမိဘအပေါ်မသိတတ်တဲ့ကောင်၊သိအောင်တော့သွားပြောဦးမှပဲ”။

ကိုတင်မောင်တစ်ယောက်တိုက်ပုံအင်္ကျႋကောက်စွပ်ပြီး၊ရပ်ကွက်ရုံးကိုသွားမလို့လုပ်တုန်း၊ဒေါသဖြစ်ပြီးသူ့သားအိမ်ဘက်ထွက်လာခဲ့တယ်။
သားအိမ်ရှေ့ရောက်တယ်ဆိုရင်ပဲ၊သားလုပ်သူကအကျႋအဖြူလည်ကတုံးဝတ်ပြီး၊အိမ်ပေါ်ကဆင်းလာတာတွေ့ရတယ်။

“ဟေ့ကောင်…မင်းကိုငါပြောစရာရှိလို့လာခဲ့တာကွ၊အခုမင်းက…ဘယ်သွားဦးမလို့လဲ”။

“ရပ်ကွက်ဓမ္မာရုံမှာဟောပြောပွဲရှိလို့အဖေ။ပြောစရာရှိရင်နောက်မှပြောပါလား။အရေးကြီးနေလို့ပါ။”

သားဖြစ်သူရဲ့စကားအဆုံး၊ကိုတင်မောင်သူ့သားကိုသေသေချာချာကြည့်လိုက်တဲ့အခါ…

သြော်…ဒီကောင့်မှာတိုက်ပုံအကျႋမှမရှိပဲကိုး”ဟုရေရွတ်ပြီး……

“ဟေ့ကောင်…ဟောပြောပွဲသွားမှာဆိုရင်တိုက်ပုံပါမှကောင်းတာကွ…ရော့၊ငါ့တိုက်ပုံအကျႋဝတ်သွား။ကျောင်းဆရာဆိုတာတိုက်ပုံအကျႋနဲ့မှ၊ကြည့်ကောင်းတာကွ”ဟုဆိုကာသူဝတ်လာသောတိုက်ပုံအား၊ချွတ်ပေးလိုက်ပါသည်။

“ကိုတင်မောင်…ရှင်သွားတုန်းကတိုက်ပုံအကျႋနဲ့ပါ။အခုပြန်လာတာတိုက်ပုံလည်းမတွေ့တော့ပါလား။ဘယ်မှာများမေ့ကျန်ရစ်ခဲ့ပါလိမ့်။”
“မင်းသားကွာ…ဓမ္မာရုံမှာဟောပြောပွဲရှိတယ်ဆိုလို့…”

“အလိုတော်…ရှင့်သားက၊ခန္ဓာကိုယ်ပေါ်ကတိုက်ပုံတောင်ချွတ်ယူသလား။ဒင်းဆီရောက်သွားရင်ပြန်မရတော့ဘူးဆိုတာ၊ရှင်လည်းသိသိကြီးနဲ့။”

“မင်းပြောလည်းခံရမှာပဲမိန်းမရယ်…ဒါပေမယ့်အခုဟာက၊သားကချွတ်ယူတာမဟုတ်ပါဘူး။ငါ…ကိုယ်တိုင်ကကျေကျေနပ်နပ်နဲ့ချွတ်ပေးလိုက်တာပါ။” ။
ဖိုးသူတော် (www.phothutaw.com)
Credit: Original
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top