ရန္ကင္းျမိဳ ႔နယ္ Sedona Hotel အနီး အသင့္ေဆာက္ျပီး စိမ္းလဲ့ေအာင္ကြန္ဒိုအေရာင္းျပပြဲ
×

ဟဲ႕ …အေကာင္ ငါ့ဆီလာေလ၊

ဘာၾကည့္ေနတာလဲ ။ မင္း ေရႊမလိုဘူးလား ။ မင္း မခ်မ္းသာ ခ်င္ဘူးလား ။ ဟီး … ဟီး.. ဟီး ဟားးး….ဟားးး.. ဟားးးး” ညေရာက္မွာကို ကၽြန္ေတာ္ေၾကာက္လန္႔ေနမိတာ အမွန္ပါ။ မ်က္လံုးထဲမွာ ဆံပင္ဖားလ်ားခ်ျပီး ကၽြန္ေတာ္႔မ်က္ႏွာကို စူးစူးစိုက္စိုက္ စိုက္ၾကည့္ေနတဲ႕သူ ၊ ထိုသူ၏ အၾကည့္စူးစူး ေၾကာင့္ ကၽြန္ေတာ္႔ခႏၱာကိုယ္မွာ ၾကက္သီးေမြးညင္းမ်ား ဖ်န္းကနဲ ၊ ဖ်န္းကနဲ ။ေဟာ….ကၽြန္ေတာ္႔ေရွ႕ နားကို သူတျဖည္းျဖည္းတိုးကပ္လာျပီ ၊ ကၽြန္ေတာ္ ေနာက္ဆုတ္လိုက္တယ္ ။ ဆုတ္လို႔ မရပါလား ။ ေဟာ … သူ႕ရဲ႕လက္ႏွစ္ဖက္က ကၽြန္ေတာ္႔ လည္ပင္းကို ဦးတည္လာတယ္။ ကၽြန္ေတာ္ မ်က္လံုးေတြ ျပဴ းက်ယ္သြားရျပီး ၊ ကၽြန္ေတာ္ ေရွာင္တိမ္းလို႔ မရ။ သူ၏ မ်က္လံုးေတြက ေျမြတစ္ေကာင္ ကဲ႕သို႕ ညိႈ႕ယူဖမ္းစားထားသည္။ ” လႊတ္ … လႊတ္ အစ္ … အစ္ …အစ္ အားးး….အားးးး..အားးး”

ကၽြန္ေတာ္ အားျဖင့္ ရုန္းကန္လိုက္သည္ ။ မေကာင္းဆိုးရြားၾကီးကလည္း ဇြဲမေလ်ာ႕ပဲ ညွစ္ေနဆဲ ။ ” နင္ ငါ့ေနာက္ လိုက္ခဲ႕ …..၊ နင္ေနရမယ့္ ေနရာ ငါလိုက္ျပမယ္ ” မေကာင္းဆိုးရြားၾကီး၏ ၾသဇာသံပါေသာ အသံမာမာၾကီးျဖင့္ ေျပာဆိုမႈ ေၾကာင့္ ကၽြန္ေတာ္႔ရင္ေတြ တသိမ္႔သိမ္႔တုန္ရ၏။ ခြန္အားရွိသမွွ် ရုန္းကန္ေနရင္း တစ္ခ်ီတြင္ မေကာင္းဆိုးရြားၾကီး၏ လက္အတြင္းမွ လြတ္ထြက္သြားရ၏။ ” မလာနဲ႕ .. မလာနဲ႕ ” ကၽြန္ေတာ္႕၏ ေၾကာက္လန္႔တၾကား ဟစ္ေအာ္မႈသည္ ဘယ္ေလာက္ေတာင္ က်ယ္ေလာင္သြား မလဲ မခန္႔မွန္းနိုင္ ။ ” ဟဲ႕ …သား၊ သား ၊ ဘာျဖစ္တာလဲ “ဟု အေမးစကားကိုပင္ ကၽြန္ေတာ္ ေတာ္ေတာ္ႏွင့္ မေျဖနိုင္ပဲ ေမာပန္းေနမိသည္။

အတန္ၾကာမွ … ” အိမ္မက္ မက္ေနတာ ..အေမ ” ဟု ျပန္ေျဖလိုက္ရသည္။ ေဇာေခၽြးမ်ားက အက်ီီီတစ္ခု လံုးစို ရႊဲလ်က္ရွိသည္။ ေၾကာက္စိတ္ေၾကာင့္ လြင့္ပါးေနေသာ စိတ္ကို မနည္းထိန္းျပီးေတာ့မွ အေမေပးေသာ အက်ီီပါးေလးကို ၀တ္လိုက္ရသည္။

ထို႕ေနာက္ အနီးမွာ ရွိသည့္ေရကို အနည္းငယ္ေသာက္သည္။ ေၾကာက္လန္႔စိတ္ကေတာ့ ရင္ထဲမွ ရွိေနဆဲ ။ တစ္ခါမွ ဒီလိုအျဖစ္မ်ိဳး မၾကံဳဘူးခဲ႔ ။ ယခုမက္ခဲ႔ေသာ အိမ္မက္ထဲက မေကာင္းဆိုးရြားၾကီးသည္ လြန္စြာ အရုပ္ဆိုးလွေသာ မိန္းမၾကီးတစ္ေယာက္ျဖစ္ျပီး သူ၏ မ်က္လံုးစိမ္းစိမ္းမ်ားက နိႈးလာသည့္တိုင္ေအာင္ မ်က္လံုးထဲမွာ ျမင္ေယာင္ေနမိဆဲပင္ ။ ကၽြန္ေတာ္႔အျဖစ္က အင္မတန္ပင္ ဆန္းၾကယ္လြန္းလွပါသည္။ ကၽြန္ေတာ္ကိုယ္တိုင္လည္း သည္ အျဖစ္အပ်က္ေတြကို အမွန္တကယ္ပင္ ျပန္မေျပာခ်င္ပါ။ သို႕ေသာ္ ေနာင္လာ ေနာက္သားမ်ား သိရွိေစရန္ ယခု အျဖစ္ အပ်က္မ်ားကို ၀တၳဳသ႑ာန္ျဖင့္ ေရးသားတင္ျပလိုက္ရျခင္း ျဖစ္ပါေတာ့သည္။

ကၽြန္ေတာ္သည္ ႏွစ္ေပါင္းမ်ားစြာ က်ဴ ရွင္ဆရာ အျဖစ္ ဘ၀ကို ရပ္တည္ခဲ႔သူျဖစ္သည္။ ကၽြန္ေတာ္႔၏ ၾကိဳးစားမႈ ၊ တပည့္မ်ား အေပၚမွာ ေစတနာ အျပည့္ထားကာ သင္ၾကားမႈတို႔ေၾကာင့္ ကၽြန္ေတာ္မွာ ထိုအလုပ္ႏွင့္ အဆင္ေျပခဲ႔သည္။ ေအာင္ျမင္ခဲ႔သည္။ ” ပန္းသတင္း ေလညွင္းေဆာင္ ၊ လူသတင္း လူခ်င္းေဆာင္ ” ဆိုသည့္စကားအတိုင္း တဆင့္စကား ၊ တဆင့္နားျဖင့္ ကၽြန္ေတာ္႔၏ က်ဳ ရွင္မွာ ေအာင္ျမင္သထက္ ၊ ေအာင္ျမင္လာခဲ႕သည္။ ေက်ာင္းသားမ်ားျဖင့္ အျမဲတမ္း စည္ကားေနေလ႔ရွိသည္။ ဒါေတြကို အားက်ေနခဲ႔သူက ခင္ႏွင္းေ၀ ဆိုသူ ၊ သူမသည္ ေဗဒင္ ဆရာအစံု ၊ ေလာကီဆရာအစံုႏွင့္ သိကၽြမ္းရင္းႏွီးေသာ ေဒၚခင္ခင္စန္း၏ ေခၽြးမျဖစ္သည္။ ေခၽြးမျဖစ္သူက က်ဴရွင္ျပခ်င္လြန္းေသာေၾကာင့္ ေယာကၡမျဖစ္သူ ေဒၚခင္ခင္စန္းလည္း မေနသာေတာ့။ ” ညည္းစာသင္ခ်င္ရင္ သင္ေပါ့ေအ ၊ ငါလူကူေပးမယ္ ” ဟု ေယာကၡမထံမွ ခြင့္ျပဳခ်က္ရသျဖင့္ ခင္ႏွင္းေ၀လည္း အခ်ိန္ဆိုင္းျခင္းမရွိဘဲ ခပ္ျမန္ျမန္ျပင္ဆင္ျပီး သူ႔အိမ္ေရွ႕ တည့္တည့္တြင္ က်ဴရွင္ ဆိုင္းဘုတ္တင္လုိက္ေလေတာ့သည္။

သို႕ေသာ္ ေနာက္မွ ေပါက္သည့္ ေရႊၾကာပင္သည္ နာမည္ မၾကီးဆိုသကဲ႕သို႕ပင္ ျဖစ္ေခ်ေတာ့သည္။ အေၾကာင္းမွာ ေယာကၡျဖစ္သူ၏ ေငြေၾကးအေထာက္ အပံ႕မ်ားစြာျဖင့္ ခင္ႏွင္းေ၀သည္ သူ႔က်ဴရွင္ကို ဘယ္လိုပင္ ခမ္းနားေအာင္ ျပင္ဆင္ထားပါေစ ၊ တကယ္တမ္းတြင္ ကၽြန္ေတာ္႔က်ဴရွင္မွာသာ လူမ်ားသည္။ သူ႔ဆီမွာ ေက်ာင္းသား ၊ ေက်ာင္းသူက မရွိသေလာက္ပင္ျဖစ္၏။ တစ္လျပီး တစ္လ စာသင္သားက နည္းလာ သျဖင့္ ခင္ႏွင္းေ၀ မေက်နပ္ေတာ့ ။ ” အေမ … သမီးဆီကို စာသင္သူေတြ မလာၾကဘူး ။

ဘယ္လိုလုပ္ရင္ ေကာင္းမလဲ . အေမ ” ေခၽြးမျဖစ္သူက ေယာကၡမျဖစ္သူထံ အၾကံဥာဏ္ေတာင္းခံေတာ႔သည္။ ဆရာအဆူဆူထံ ေရာက္ခဲ႔ဖူးေသာ ဂမီၻရၾကမ္းေက်သူ ေဒၚခင္ခင္စန္းလည္း ေခၽြးမျဖစ္သူ၏ မေအာင္ျမင္မႈ ၊ ပြဲဦးထြက္မလွပမႈမ်ားကို ျမင္ထားေလေတာ့ ယခုလိုေျပာ၏။ ” အိုေအ ….လြယ္လြယ္ေလးပါ ။ ညည္းဒီေကာင္ကို နိုင္ခ်င္တယ္ဆိုရင္ ေဆးနဲ႕သာလုပ္လိုက္ ။

သူစာမသင္နိုင္ေတာ့မွ ညည္းဆီကို လူေတြေရာက္မွာေပါ့ေအ ။ လုပ္ခ်င္သလား” ခင္ႏွင္းေ၀သည္ အေၾကာင္းမေကာင္းလွသည္မို႕ မဆိုင္းမတြပင္ အေျဖေပး၏။ ” လုပ္မယ္ …အေမ ၊ သမီးက ခုခ်က္ခ်င္းကို လုပ္ခ်င္ေနတာ ၊ အေမ႔ကို မေျပာရဲလို႔ ၊၊ အေမေပးတဲ႕ အၾကံအရမ္းေကာင္းတယ္ ” သို႕ျဖင့္ ေနာက္တစ္ေန႔တြင္ ခင္ႏွင္းေ၀ ႏွင့္ေယာကၡျဖစ္သူတို႔သည္ နာမည္ၾကီး ဆရာၾကီး တစ္ဦးထံသြားခဲ႔ ၾကေတာ့သည္။ ” ဆရာၾကီး ” ဟုအမ်ားက ေခၚၾကသူမွ ခင္ႏွင္းေ၀တို႔ အလွည့္ေရာက္ေသာအခါ .. ” ကဲ ဘာကူညီရမလဲ ” ဟုေမးရာ ခင္ႏွင္းေ၀သည္ သူ၏ က်ဴရွင္ေက်ာင္းႏွင့္ ပက္သက္၍ မဟုတ္တာမ်ားကို ပိုပိုသာသာ ၊ နာနာ က်ည္းက်ည္းေျပာဆိုကာ အကူအညီ ေတာင္းေတာ့သည္။

ထိုခါ ဆရာၾကီးျဖစ္သူမွ ” သမီး က်ဴ ရွင္မွာ စာသင္သား မရွိဘူးဆိုေတာ့ ဆရာၾကီးက ရွိေအာင္လုပ္ေပးပါ့မယ္ ။ အတိုက္အခံကေတာ့ ရွိမွာပဲ ။ ဘာမွ မပူနဲ႕ …ဆရာၾကီးျဖစ္ေအာင္လုပ္ေပးမယ္ ။ သမီးနဲ႕ အတိုက္အခံျဖစ္ေနသူကိုသာ တစ္ခုခုရေအာင္ ေကၽြးလိုက္ပါ။

ေကၽြးတဲ႔အခါ ဘယ္လိုေကၽြးရမယ္ဆိုတာ ဆရာၾကီးေျပာျပမယ္ ။ ျပီးရင္ ေျမၾကီးေပၚမွာ ဆရာေပးလိုက္တဲ႕ ဖေယာင္းတိုင္ ကိုးတိုင္၊ အေမႊးတိုင္ ကိုးတိုင္ ထြန္းညွိေပးရမယ္ ။ အင္းခ်ပ္လည္း ေပးလိုက္မယ္ ။ အဲဒီအင္းခ်ပ္ကုိကုန္ေအာင္ မီးရိႈ႕ျပီး အဲဒီကထြက္တဲ႕ ျပာေတြကို သမီးနဲ႔ ျပိဳင္ဘက္ က်ဴရွင္ဆရာရဲ႕ ျခံထဲကိုသြန္ပစ္ရမယ္ ။ ဘယ္လိုလုပ္ရမလဲ ဆိုတာကို ဆရာၾကီး အေသးစိတ္ေျပာမယ္ …” စသည္ျဖင့္ ဆရာၾကီးဆိုသူမွ ခင္ႏွင္းေ၀ကို လုပ္ပံုလုပ္နည္း မ်ားအား အေသးစိတ္ေျပာျပ သင္ၾကားေပးလိုက္ပါသည္။ သူသည္လည္း တစ္ဖက္က လုပ္ေပးထားမည္ဟု ေျပာသည္။

မျပန္ခင္တြင္ ခင္ႏွင္းေ၀မွ ” ဘယ္အခ်ိန္ စလုပ္ရမွာလဲ ဆရာၾကီး ” ” နံနက္ ကိုးနာရီ စထြန္း ၊ သံုးရက္ ဆက္တိုက္ထြန္း ၊ ထူးျခားလာလိမ္႔မယ္ ” ” ေက်းဇူးတင္လိုက္တာ …ဆရာၾကီးရယ္ ” ခင္ႏွင္းေ၀သည္ လိုခ်င္တာ ရလိုက္သည့္ ကေလးတစ္ေယာက္ႏွယ္ ၊ ေပွ်ာ္ရႊင္၀မ္းေျမာက္စြာျဖင့္ ေယာကၡမ ျဖစ္သူႏွင့္ အတူျပန္သြားခဲ႔ေလေတာ့သည္။

ေနာက္တစ္ေန႔ နံနက္တြင္ ခင္ႏွင္းေ၀သည္ သူ႔ေမြးေန႔ဟုဆိုကာ အိမ္တြင္ မုန္႔ဟင္းခါးခ်က္သည္ ။ အသိအိမ္မ်ားကို ခ်ိဳင့္ျဖင့္ တစ္အိမ္တက္ဆင္း လိုက္ပို႔သည္ကို ေတြ႕ရသည္။ ကၽြန္ေတာ္႕ အိမ္သို႕လည္း လာပို႔သည္။ ကၽြန္ေတာ္ကေတာ့ မည္သည့္အခါကမွ ျပိဳင္ဘက္ဟု သေဘာမထားသျဖင့္ ခင္ႏွင္းေ၀ကို ၾကည္ျဖဴစြာ ဆက္ဆံျပီး လက္ခံခဲ႔သည္။ ေမြးေန႔လက္ေဆာင္ ေပးမည္ဟုေတာင္ ေျပာလိုက္သည္။ ထို႔ေနာက္ နံနက္ခ်ိန္ခါတြင္ ဘာမွ မစားထားရေသးသျဖင့္ ခင္ႏွင္းေ၀လာပို႔ေသာ မုန္႔ဟင္းခါးကို ကုန္စင္ေအာင္ စားခဲ႔ မိသည္။ စားစားျခင္း ဘာမွ မျဖစ္ ။

သံုးေလးရက္ ၾကာျပီး ညအိပ္ခ်ိန္ေရာက္ေသာအခါ .. ” ဒုန္း .. ဒုန္း… ဒုန္းး” တံခါးမၾကီးကို အဆက္မျပတ္ျပင္းထန္သြာ ေခါက္ေနမႈေၾကာင့္ ကၽြန္ေတာ္ သြားဖြင့္ၾကည့္မိသည္။ ျမင္လုိက္ရသည့္ ျမင္ကြင္းကား အလြန္ ေသြးပ်က္ေျခာက္ျခားဖြယ္ရာပင္တည္း ။ အမ်ိဳးသမီးၾကီးတစ္ေယာက္ ၊ ဆံပင္ဖားလ်ားခ်ျပီး ေတာက္ပတဲ႕ မ်က္လံုးနီနီၾကီးေတြနဲ႕ ကၽြန္ေတာ့္ကို စူးစူးစိုက္စိုက္ ၾကည့္ေနသည္ကို ျမင္ရသည္ ။ သူ႕ပံုစံမွာ လူဟုဆိုေသာ္လည္း လူပံုစံႏွင့္မတူ ။ မေကာင္းဆိုးရြား နာနာဘာ၀ႏွင့္တစ္ေထရာတည္း တူလွေတာ့သည္ ။

သူမက ” ဟဲ႕ အေကာင္ .. ငါ့ဆီလာေလ ဘာၾကည့္ေနတာလဲ ။ မင္းေရႊ မလိုခ်င္ဘူးလား ၊ မခ်မ္းသာခ်င္ဘူးလား ဟီး ..ဟီးးးးး .. ဟီးး… ဟား…….ဟားးးဟားးးးးးးးးးး” အသံက ေၾကာက္လန္႔စရာ အသံၾကီး ။ ရယ္သံက နက္ေၾကာေၾကာ္ျဖင့္ လိႈဏ္သံေပါက္ကာ ရယ္ေမာလိုက္ေသာေၾကာင့္ ကၽြန္ေတာ္လည္း ေၾကာက္လန္႔သြားျပီး ” မလိုက္ဘူး … လံုး၀ မလိုက္ဘူး ” အေၾကာက္ အကန္ ျငင္းဆန္မိသည္ ။

ထိုအခါ ေၾကာက္လန္႔စရာ အမ်ိဴးသမီးၾကီးထံမွ .. ” ဟဲ႕အေကာင္ .. နင္မလိုက္လို႔ မရဘူး ။ နင့္ကို ေခၚရမယ္လို႔ ဆရာကေျပာထားတယ္ ။ နင္လိုက္ခဲ႕ ရမယ္ . နင္မလိုက္ရင္ လိုက္တဲ႕နည္းနဲ႕ ရေအာင္ေခၚမယ္ ” ဟု မေကာင္းဆိုးရြားမၾကီးထံမွ ၾကိမ္း၀ါးသံၾကီးကို ေက်ာခ်မ္းဖြယ္ရာ ၾကားလိုက္ရသည္။ ကၽြန္ေတာ္လည္း ထိတ္လန္႔တၾကားျဖင့္ . ” မလိုက္ဘူး …မလိုက္ဘူး .. သြားးး..သြားးးး . အား ” ထိုေန႔မွ စ၍ ညအိပ္ရာ၀င္တိုင္း ကၽြန္ေတာ္႔ကို လာေခၚေနေသာ သူမကို ညစဥ္ျမင္မက္ေနရေတာ့သည္။ အစကေတာ့ စိတ္ေျခာက္ျခားလို႔ မက္တာပဲဟု ထင္မိသည္ ။ မၾကာမွီျပန္ေကာင္း သြားလိမ္႔မည္ဟု ယူဆမိသည္ ။

သို႔ေသာ္ အိမ္မက္စမက္သည့္ အခ်ိန္မွ စ၍ ကၽြန္ေတာ္႔လည္ပင္း မွာတစ္ဆို႔ဆို႔ၾကီး ျဖစ္လာရသည္။ တစ္ေန႔ တစ္ျခား ပိုပိုဆိုးရြားလာခဲ႔သည္။ ေဆးခန္းသြားျပလည္း ခဏတာ သက္သာရံုပဲ ၊ မၾကာခင္ ျပန္ျဖစ္လာ၏ ။ လည္ေခ်ာင္းကင္ဆာလားဟု ဆရာ၀န္မ်ားက စစ္ေဆးခိုင္းေသာ္လည္း စစ္ၾကည့္ေတာ့ ပံုမွန္သာျဖစ္သည္။ အားလံုးေကာင္းသည္။ ဘာမွ မျဖစ္ ၊ ကၽြန္ေတာ္႔ စိတ္က ျဖစ္ေနတာဟု ဆရာ၀န္မ်ားကိုယ္တိုင္ ယူဆလာၾကသည္။ ၾကာလာေတာ့ ကၽြန္ေတာ့အေျခအေနမွာ ဆိုးသထက္ဆိုးလာခဲ႕သည္။ စာလည္း မသင္နိုင္ေတာ့ေပ ။ ဆရာစာမသင္နိုင္ပဲ ပ်က္ရက္မ်ားလာေသာ အခါ စာသင္သားမ်ားလည္း ကၽြန္ေတာ့္က်ဴ ရွင္က ထြက္ၾကေတာ့သည္။

ခင္ႏွင္းေ၀၏ က်ဴရွင္တြင္ ကၽြန္ေတာ္႔ဆီမွ ေက်ာင္းသား ၊ ေက်ာင္းသူ အားလံုးနီးပါး ေရာက္ရွိကုန္ေတာ့သည္။ ဒါေတြကို လူမ်ား က ေျပာၾကေသာ္လည္း ကၽြန္ေတာ္႔ အေနျဖင့္ အာရံုမထားနိုင္ပါ။ ကၽြန္ေတာ္သည္ ေ၀ဒနာမ်ားကို ခံစားေနရသည္ ။ ညေရာက္မွာကို ကၽြန္ေတာ္ အလြန္ေၾကာက္လန္႔ေနမိသည္။

တစ္ညေရာက္ေတာ့ ကၽြန္ေတာ္ ရုန္းကန္ေအာ္ဟစ္ကာ မလိုက္ဘူးဟု အတန္တန္ျငင္းဆန္ေနသည္႕ၾကားမွ မေကာင္းဆိုးရြားၾကီးသည္ ကၽြန္ေတာ္႔ကို လည္ကုတ္မွ ဖမ္းကိုင္ကာ ေခၚေဆာင္သြားေတာ့သည္။ ကၽြန္ေတာ္သူ႔ကို ဘာမွ ျပန္မလုပ္နိုင္။ လူမမာသည္ တစ္ဦးလို သူေခၚေဆာင္ရာေနာက္သို႔ လိုက္ပါခဲ႕ရေတာ့သည္။ မေကာင္းဆိုးရြား အမ်ိဳးသမီးၾကီးသည္ ကၽြန္ေတာ္႔ကို လူသူကင္းရွင္းျပီး ေမွာင္ရိပ္က်ေနေသာ ေညာင္ပင္ၾကီးတစ္ပင္ေအာက္သို႕ ေခၚေဆာင္သြားခဲ႕႔သည္။ ေညာင္ပင္ၾကီးဆီသို႕ ေရာက္ေသာ အခါ …. ” မင္းေနခဲ႕ … ငါ့ကို တာ၀န္ေပးတဲ႕သူ လာလိမ္႔မယ္ ” ဟု ဆိုကာ ကၽြန္ေတာ္႕ေရွ႕က ေပ်ာက္ကြယ္သြားသည္။

မၾကာမွီတြင္ ကၽြန္ေတာ္႔ဆီကို လူမ်ိဳးျခားျဖစ္ဟန္တူေသာ လူၾကီးတစ္ေယာက္ ေရာက္လာ၏။ သူကကၽြန္ေတာ္႔ကို စူးစူးရဲရဲၾကည့္ေနသည္ဟု ထင္မိသည္။ သို႔ေသာ္ သူ႔မ်က္ႏွာကို ေတာ့ ေသခ်ာေအာင္ ပံုဖမ္းျပီး ၾကည့္လို႔ မရျဖစ္ေနသည္။ ကၽြန္ေတာ္႔ အျမင္ေတြ ေ၀၀ါးေန၏။ ထိုလူၾကီးမွ ကၽြန္ေတာ္႔အား …. ” မင္း ..မၾကာခင္ေသရေတာ့မယ္ ။ မင္းအတြက္ လက္ေဆာင္ ေပးလိုက္မယ္ …ေရာ႔ ” ဟုဆိုကာ ကၽြန္ေတာ္႔လည္ကုတ္ကို ဖမ္းကိုင္လိုက္ျပီး ကၽြန္ေတာ္႔ မ်က္ႏွာကို သံုးၾကိမ္တိုင္တိုင္ သူ႔ပါးစပ္က ေလနဲ႔ မႈတ္ခဲ႕သည္။ ထို႕ေနာက္ ထိုလူၾကီး ေပ်ာက္ကြယ္သြားခဲ႔သည္။

မနက္မိုးလင္းေသာအခါ … ” သား .. မင္းမ်က္ႏွာ ဘာျဖစ္တာလဲ ။ ေရာ႕ …မွန္ထဲၾကည့္လိုက္စမ္းကြယ္ ” အေမက မွန္ကို ကၽြန္ေတာ္႔လက္ထဲ ထည့္ေပးသည္။ ကၽြန္ေတာ္ မွန္ထဲ ၾကည့္လိုက္ေသာ အခါမွ … ဟင္…..” ကၽြန္ေတာ္႔မ်က္ႏွာမွာ အမွန္တကယ္ပင္ ေၾကာက္စရာေကာင္းသည့္ ရုပ္သြင္ေျပာင္းလဲေနသည္ကို အံ႕အားသင့္ဖြယ္ ေတြ႔လိုက္ရသည္။ မ်က္တြင္းမ်ား ေခ်ာင္က်ေနျပီး မ်က္ႏွာတစ္ျပင္လံုး အိုစာေန၏။ ဘုလံုးၾကီးမ်ားလည္း ေပါက္ေန၏။ ” အမေလးး… ငါ့မ်က္ႏွာမွာ ဖုထစ္ၾကီးပါလား ။ ဘယ္လိုျဖစ္ရတာလဲ ” ဟု ေအာ္ဟစ္မိေတာ့သည္။

ထိုအခ်ိန္မွ စ၍ အျပင္လည္း မထြက္ရဲေတာ့ ။ က်ဴရွင္ေက်ာင္းကိုလည္း အျပီးအပိုင္ ပိတ္လိုက္ရသည္။ ခင္ႏွင္းေ၀၏ က်ဴ ရွင္သာ ရွိေတာ့သည္။ ကၽြန္ေတာ္သည္ ရုပ္ဆိုးဆိုး မ်က္ႏွာၾကီးနွင့္ အျမဲတမ္းမိႈင္ေတြ ေငးေမာေန၏။ သားျဖစ္သူ၏ အလိုဆႏၵကို အျမဲတမ္းျဖည့္ဆည္းေပးတတ္သူ ကၽြန္ေတာ္႔၏ အေမၾကီးမွဒီတစ္ခါေတာ့ကၽြန္ေတာ္႔၏အျဖစ္အပ်က္မ်ားကို ေသခ်ာစြာ ေမးျမန္းေတာ့သည္။ ထို႔ေနာက္ အေမႏွင့္ ကၽြန္ေတာ္ ၊ Taxi ကားတစ္စီးျဖင့္ အေမ႔ညီမျဖစ္သူ လမ္းညႊန္ေသာ ေဗဒင္ဆရာၾကီး တစ္ဦးထံေရာက္သြားေတာ့သည္ ။ ထို ဆရာၾကီးမွ ကၽြန္ေတာ္႕ကို စစ္ေဆးၾကည့္ျပီး .. ” က်ဴ ရွင္ဆရာေလး ၊ မေသေကာင္း ၊ မေပ်ာက္ေကာင္းကြာ ။ ငါ့ဆီကို မင္းအခ်ိန္မွီေရာက္လာလို႔သာေပါ့ ။ မင္းကို အစိမ္းတိုက္ထားတာကြ ။

အေကာင္ၾကီးၾကီးနဲ႕ကို မင္းကို မေက်နပ္တဲ႕လူက လုပ္ထားတာ ။ ” မဖယ္နိုင္ဘူး ၊ ဒီဆရာေလးကို ငါသိတယ္ ။ နင္မဟုတ္တာ ..မလုပ္နဲ႕ ” . ဟုဆိုကာ မေကာင္းဆိုးရြားအမ်ိဳးသမီးၾကီးကို အတင္း၀င္လံုးေတာ့သည္ ။ သူတို႔ ႏွစ္ေယာက္သည္ တစ္ေယာက္ႏွင့္တစ္ေယာက္ လံုးေထြးသတ္ပုတ္ ၾကရင္း ေနာက္ဆံုးတြင္ အဘညိုမနိုင္ပဲ ေျပးထြက္ေပ်ာက္ကြယ္ သြားေတာ့သည္။ ကၽြန္ေတာ္စိတ္ဓာတ္ အၾကီးအက်ယ္ က်ဆင္းရေတာ့သည္။ ကၽြန္ေတာ္႔ကို ကယ္တင္နိုင္မည့္သူ မရွိေတာ့။

မေကာင္းဆိုးရြား အမ်ိဳးသမီးၾကီး ျပဳသမွ် ၊ ခံရေတာ့မည့္ အေျခအေနျဖစ္ေနျပီး သူေျပာသည့္အတိုင္း သူ႔ေနရာကို အစား၀င္ရေတာ့မွာပါလားဟု ေတြးေနစဥ္ ၊ ရုပ္အလြန္ဆိုးလွေသာ အမ်ိဳးသမီးၾကီးမွာ ကၽြန္ေတာ္႕အနားကို တေရြ႕ေရြ႕ကပ္လာသည္။ ” ကဲနင့္ကို ကယ္မယ့္လူ မရွိေတာ့ဘူး ။ ငါခိုင္းတဲ႔ အတိုင္းလုပ္စမ္းပါ ။ နင့္ကို ငါမၾကမ္းခ်င္ဘူးေနာ္ ။ ” ဟု ျခမ္းေျခာက္ေျပာဆိုပါသည္။ ကၽြန္တာ္ညလး္ ဘယ္လိုမွ မတတ္နိုင္ေတာ့သည္မို႕ ေရအိုင္နားဆီသို႔ တျဖည္းျဖည္းခ်င္း ေလွ်ာက္လာခဲ႕ရေတာ့သည္။

ထိုစဥ္ ကၽြန္ေတာ္႔ ခႏၶာကိုယ္သည္ ေလထဲေျမွာက္တက္သြားသလို ျဖစ္သြားျပီး ေရကန္ႏွင့္ေ၀းရာ လြင့္သြားေတာ့သည္။ ကၽြန္ေတာ္ေရာက္သြားရာ ေနရာသို႕ မေကာင္းဆိုးရြားမိန္းမၾကီးကလည္း ထပ္ခ်ပ္မကြာအေျပးလိုက္လာခဲ႕သည္။

သူေျပးလာစဥ္ – ” ဟိတ္ … ” ဆိုသည္ အသံၾသဇာပါလွေသာ အသံက်ယ္ၾကီးတစ္ခုကို ၾကားလိုက္ရသည္။ ကၽြန္ေတာ္ႏွင့္ မေကာင္းဆိုးရြားမိန္းမၾကီးၾကားမွာ မီးေတာက္ၾကီးၾကီး တစ္ခု ျဖစ္ေပၚလာခဲ႔သည္။ ထိုမီးေတာက္ၾကီးသည္ စူးရွစြာေတာက္ေလာင္ေနရာမွ တျဖည္းျဖည္း ျငိမ္းသြားေသာကာ ထိုမီးေတာက္ေနရာမွာ လူရိပ္ပံု႑ာန္ ေပၚလာေတာ့သည္။

ထိုလူရိပ္ပံုသ႑ာန္ မွသည္ ေနာက္ဆံုးတြင္ လူတစ္ေယာက္ကို ထင္ထင္ရွားရွား ေတြ႔ရေတာ့သည္။ ထိုလူကို ေသေသခ်ာခ်ာ ျမင္ရေတာ့မွ အျဖဴေရာင္ မုတ္ဆိတ္ေမြးမ်ားႏွင့္ ၀တ္ျဖဴ စင္ၾကယ္ကို ၀တ္ဆင္ကာ လက္က ေတာင္ေ၀ွး တစ္ေခ်ာင္းကို ကိုင္ေဆာင္ထားသည္႕ အဖိုးအို တစ္ဦးမွန္းသိရေတာ့သည္။

အဖိုးအိုသည္ ကၽြန္ေတာ္႕ဘက္သို႔ တစ္ခ်က္လွည့္ၾကည့္ကာ ျပံဳးျပျပီး စိတ္မပူေစရန္ လက္ကာျပသည္။ ထို႕ေနာက္ မေကာင္းဆိုးရြားမၾကီး ဘက္ဖို႔ လွည့္ကာ . ” ဟဲ႕ ..မိနိုင္ ၊ ငါသစ္ပင္ေပၚက ေစာင့္ၾကည့္ေနတာ ၾကာျပီ ။ ငါ့ကိစၥမဟုတ္လို႔ ၀င္မပါခဲ႔ဘူး ။ ဒါေပမယ့္ ဒီေကာင္ေလးမွာ ေသဖို႔ ကံ မပါလာမွန္းေတြ႔ရတာေၾကာင့္ အခုေတာ့ ငါ၀င္ပါရျပီ ။ ဒီေနရာက ငါ့ေနရာပဲ ။ နင္ေနတဲ႕ ေရကန္ကို နင္ျပန္သြားေတာ့။

ဒီလိုမွ မသြားဘူးဆိုရင္ ငါ့ကို အဆိုး မဆိုနဲ႕ေနာ္။ နင္တို႔ထက္ ငါက တန္ခိုး အမ်ားၾကီးရွိတယ္ဆိုတာ နင္သိမွာပါ ။ ျပီးေတာ့ နင့္ဆရာကိုလည္း ေျပာလုိက္ပါ။ ေနာက္ထပ္ ဒီေကာင္ေလးကို ဒုကၡမေပးပါနဲ႕ လို႔ ၊ တကယ္လို႔ ဒီေကာင္ေလး ထပ္ဒုကၡေရာက္ရင္ နင့္နဲ႕ငါ အေတြ႕ပဲ ..” ဟု အဖိုးအိုမွ မေကာင္းဆိုးရြားမၾကီးၾကားေအာင္ ပီပီသသ ေျပာဆိုလိုက္ေတာ့သည္။ အမ်ိဳးသမီးၾကီးသည္ အဖိုးအိုကို ျမင္ခ်ိန္မွ စ၍ ေၾကာက္ရြံဟန္ေပါက္ေနျပီး ပိတ္ျဖဴ ၀တ္အဖိုးထံမွ သတိေပးစကားၾကားျပီးသည္ႏွင့္ ကၽြန္ေတာ္႔ကို မေက်မနပ္ၾကည့္ကာ ေရကန္ထဲသို႕ ငုပ္လွ််ဳိဳ း ဆင္းသက္ကာ ေပ်ာက္ကြယ္သြားေတာ့သည္။

ကၽြန္ေတာ္လည္း တစ္သက္နွင့္ တစ္ကိုယ္ ၊ တစ္ခါမွ မၾကံဳ ခဲ႔ဖူးေလေသာ အျဖစ္အပ်က္ဆန္းမ်ားကို ရင္သပ္ရႈ႕ေမာဖြယ္ ၾကံဳရသျဖင့္ စိတ္လႈပ္ရွားမ်ားလည္း မေျပေပ်ာက္နိုင္ပဲ ရွိေတာ့၏။ ထိုအဖိုးအိုသည္ ကၽြန္ေတာ္႕ဘက္သို႔ လွည့္လာ၍ ဂရုဏာသက္ေသာ မ်က္၀န္းမ်ားျဖင့္ ၾကည့္သည္။ ဘာစကားမွ ေတာ့ မေျပာဆိုေပ။ ထိုးေနာက္ ကၽြန္ေတာ္႔ကို မ်က္စိမွိတ္ထားရန္ စိတ္ခ်င္း ဆက္သြယ္ ေျပာဆိုသလို ခံစားရသျဖင့္ ကၽြန္ေတာ္လည္း မ်က္စိကို မွိတ္ထားလိုက္ေတာ့သည္။

ထိုစဥ္ ကၽြန္ေတာ္သည္ ေလထဲေျမွာက္တက္သြားသလို ခံစားလိုက္ရျပီး တျဖည္းျဖည္းႏွင့္ သစ္ရြက္တစ္ရြက္လို ေလအဟုတ္မွာ စီးေမ်ာေနသကဲ႕သို႔ ခံစားရသည္။ ထို႔ေနာက္ ကၽြန္ေတာ္႔ အသိအာရံုမ်ားသည္ အျဖဴေရာင္ အလင္းတန္းႏွင့္ေတြ႔ကာ လံုး၀ ခ်ဳပ္ျငိမ္းသြားေတာ့သည္။ သတိျပန္လည္လာခ်ိန္မွာေတာ့ ေကာင္းမြန္စြာအိပ္စက္ျပီး ျပန္ထလာသူတစ္ဦးကဲ႕သုိ႕ လန္းတန္းလ်က္ရွိေနသည္ကို ေတြ႔ရသည္။ ပိုထူးဆန္းသည္မွာ တံေတြးေတာင္ ျမိဳမရျဖစ္ေနေသာ လည္ပင္းမွာလည္း ပံုမွန္အတိုင္း ျပန္ေကာင္းေနသည္ကို ေတြ႔ရသည္။ ေျပာရလွ်င္ ကၽြႏ္ေတာ္ ပကတိ လူေကာင္း ျပန္ျဖစ္ေနပါျပီ။ ေသရြာမွ ျပန္လာသူဟု ကၽြန္ေတာ္႔ကိုယ္ ကၽြန္ေတာ္ ထင္ျမင္မိပါသည္။

ေသရြာသို႔ ေရာက္ရွိသြားေတာ့ ေဗဒင္ဆရာၾကီး၏ ေျပာစကားအရ ကၽြန္ေတာ္သည္ ” အစိမ္းတိုက္ျခင္း ” ေဘးမွ ကင္လြတ္လာခဲ႔ျပီ၊ ရန္ကို ရန္ျခင္း မတုန္႔ႏွင့္ခ်င္သလို ၊ ကိုယ္တိုင္လည္း ထူးဆန္းေသာ အျဖစ္မ်ားေၾကာင့္ တစ္ေယာက္ကို တစ္ေယာက္မနာလို ၊ ရန္လို ေနၾကေသာ ေလာကီ ေလာကၾကီးကို စိတ္ကုန္သြားျပီ ျဖစ္၍ ေအးခ်မ္းေသာ တရားေဘာင္သို႔ ၀င္ေရာက္ရန္ စိတ္ဆံုးျဖတ္လိုက္ေတာ့သည္။

ထို႔ေၾကာင့္ ရင္းႏွီးေသာ ဆရာေတာ္တစ္ပါးထံတြင္ ကၽြန္ေတာ္႔အျဖစ္အပ်က္မ်ားကို ေျပာျပျပီး သာသနာ႔ေဘာင္ထဲသို႔ အျပီး ၀င္ေရာက္ခဲ႔ပါေတာ့သည္။ ဆရာေတာ္ၾကီးမွ ကၽြန္ေတာ္႔ အျဖစ္ပ်က္မ်ားကို နားေထာင္ျပီး ရွင္းျပခဲ႔သည္မွာ . ” ကဲ .. တကာၾကီး ၊ ဘုရား ရိပ္ တရားရိပ္မွာ တစ္သက္လံုးေနနိုင္ေအာင္ ၾကိဳးစားပါ ။ လူ႕ဘ၀ၾကီးမွာ ျဖစ္ခဲ႕တဲ႕ အရာေတြကိုလည္း ေမ႔ေဖ်ာက္လိုက္ပါ။ ျပီးေတာ့ တကာၾကီးကို ကယ္တင္ခဲ႔သူဟာ ရုကၡစိုးလို႔ ဘုန္းၾကီးေတာ့ ထင္တယ္” ဟု ေျပာဆိုခဲ႔ပါေၾကာင္း ….. ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: ဆ႒မအာရံု မဂၢဇင္း

#Unicode Version#
ဟဲ့ …အကောင် ငါ့ဆီလာလေ၊

ဘာကြည့်နေတာလဲ ။ မင်း ရွှေမလိုဘူးလား ။ မင်း မချမ်းသာ ချင်ဘူးလား ။ ဟီး … ဟီး.. ဟီး ဟားးး….ဟားးး.. ဟားးးး” ညရောက်မှာကို ကျွန်တော်ကြောက်လန့်နေမိတာ အမှန်ပါ။ မျက်လုံးထဲမှာ ဆံပင်ဖားလျားချပြီး ကျွန်တော့်မျက်နှာကို စူးစူးစိုက်စိုက် စိုက်ကြည့်နေတဲ့သူ ၊ ထိုသူ၏ အကြည့်စူးစူး ကြောင့် ကျွန်တော့်ခန္တာကိုယ်မှာ ကြက်သီးမွေးညင်းများ ဖျန်းကနဲ ၊ ဖျန်းကနဲ ။ဟော….ကျွန်တော့်ရှေ့ နားကို သူတဖြည်းဖြည်းတိုးကပ်လာပြီ ၊ ကျွန်တော် နောက်ဆုတ်လိုက်တယ် ။ ဆုတ်လို့ မရပါလား ။ ဟော … သူ့ရဲ့လက်နှစ်ဖက်က ကျွန်တော့် လည်ပင်းကို ဦးတည်လာတယ်။ ကျွန်တော် မျက်လုံးတွေ ပြူ းကျယ်သွားရပြီး ၊ ကျွန်တော် ရှောင်တိမ်းလို့ မရ။ သူ၏ မျက်လုံးတွေက မြွေတစ်ကောင် ကဲ့သို့ ညှို့ယူဖမ်းစားထားသည်။ ” လွှတ် … လွှတ် အစ် … အစ် …အစ် အားးး….အားးးး..အားးး”

ကျွန်တော် အားဖြင့် ရုန်းကန်လိုက်သည် ။ မကောင်းဆိုးရွားကြီးကလည်း ဇွဲမလျော့ပဲ ညှစ်နေဆဲ ။ ” နင် ငါ့နောက် လိုက်ခဲ့ …..၊ နင်နေရမယ့် နေရာ ငါလိုက်ပြမယ် ” မကောင်းဆိုးရွားကြီး၏ သြဇာသံပါသော အသံမာမာကြီးဖြင့် ပြောဆိုမှု ကြောင့် ကျွန်တော့်ရင်တွေ တသိမ့်သိမ့်တုန်ရ၏။ ခွန်အားရှိသမှျှ ရုန်းကန်နေရင်း တစ်ချီတွင် မကောင်းဆိုးရွားကြီး၏ လက်အတွင်းမှ လွတ်ထွက်သွားရ၏။ ” မလာနဲ့ .. မလာနဲ့ ” ကျွန်တော့်၏ ကြောက်လန့်တကြား ဟစ်အော်မှုသည် ဘယ်လောက်တောင် ကျယ်လောင်သွား မလဲ မခန့်မှန်းနိုင် ။ ” ဟဲ့ …သား၊ သား ၊ ဘာဖြစ်တာလဲ “ဟု အမေးစကားကိုပင် ကျွန်တော် တော်တော်နှင့် မဖြေနိုင်ပဲ မောပန်းနေမိသည်။

အတန်ကြာမှ … ” အိမ်မက် မက်နေတာ ..အမေ ” ဟု ပြန်ဖြေလိုက်ရသည်။ ဇောချွေးများက အကျီတစ်ခု လုံးစို ရွှဲလျက်ရှိသည်။ ကြောက်စိတ်ကြောင့် လွင့်ပါးနေသော စိတ်ကို မနည်းထိန်းပြီးတော့မှ အမေပေးသော အကျီပါးလေးကို ဝတ်လိုက်ရသည်။

ထို့နောက် အနီးမှာ ရှိသည့်ရေကို အနည်းငယ်သောက်သည်။ ကြောက်လန့်စိတ်ကတော့ ရင်ထဲမှ ရှိနေဆဲ ။ တစ်ခါမှ ဒီလိုအဖြစ်မျိုး မကြုံဘူးခဲ့ ။ ယခုမက်ခဲ့သော အိမ်မက်ထဲက မကောင်းဆိုးရွားကြီးသည် လွန်စွာ အရုပ်ဆိုးလှသော မိန်းမကြီးတစ်ယောက်ဖြစ်ပြီး သူ၏ မျက်လုံးစိမ်းစိမ်းများက နှိုးလာသည့်တိုင်အောင် မျက်လုံးထဲမှာ မြင်ယောင်နေမိဆဲပင် ။ ကျွန်တော့်အဖြစ်က အင်မတန်ပင် ဆန်းကြယ်လွန်းလှပါသည်။ ကျွန်တော်ကိုယ်တိုင်လည်း သည် အဖြစ်အပျက်တွေကို အမှန်တကယ်ပင် ပြန်မပြောချင်ပါ။ သို့သော် နောင်လာ နောက်သားများ သိရှိစေရန် ယခု အဖြစ် အပျက်များကို ဝတ္ထုသဏ္ဍာန်ဖြင့် ရေးသားတင်ပြလိုက်ရခြင်း ဖြစ်ပါတော့သည်။

ကျွန်တော်သည် နှစ်ပေါင်းများစွာ ကျူ ရှင်ဆရာ အဖြစ် ဘဝကို ရပ်တည်ခဲ့သူဖြစ်သည်။ ကျွန်တော့်၏ ကြိုးစားမှု ၊ တပည့်များ အပေါ်မှာ စေတနာ အပြည့်ထားကာ သင်ကြားမှုတို့ကြောင့် ကျွန်တော်မှာ ထိုအလုပ်နှင့် အဆင်ပြေခဲ့သည်။ အောင်မြင်ခဲ့သည်။ ” ပန်းသတင်း လေညှင်းဆောင် ၊ လူသတင်း လူချင်းဆောင် ” ဆိုသည့်စကားအတိုင်း တဆင့်စကား ၊ တဆင့်နားဖြင့် ကျွန်တော့်၏ ကျု ရှင်မှာ အောင်မြင်သထက် ၊ အောင်မြင်လာခဲ့သည်။ ကျောင်းသားများဖြင့် အမြဲတမ်း စည်ကားနေလေ့ရှိသည်။ ဒါတွေကို အားကျနေခဲ့သူက ခင်နှင်းေ၀ ဆိုသူ ၊ သူမသည် ဗေဒင် ဆရာအစုံ ၊ လောကီဆရာအစုံနှင့် သိကျွမ်းရင်းနှီးသော ဒေါ်ခင်ခင်စန်း၏ ချွေးမဖြစ်သည်။ ချွေးမဖြစ်သူက ကျူရှင်ပြချင်လွန်းသောကြောင့် ယောက္ခမဖြစ်သူ ဒေါ်ခင်ခင်စန်းလည်း မနေသာတော့။ ” ညည်းစာသင်ချင်ရင် သင်ပေါ့အေ ၊ ငါလူကူပေးမယ် ” ဟု ယောက္ခမထံမှ ခွင့်ပြုချက်ရသဖြင့် ခင်နှင်းဝေလည်း အချိန်ဆိုင်းခြင်းမရှိဘဲ ခပ်မြန်မြန်ပြင်ဆင်ပြီး သူ့အိမ်ရှေ့ တည့်တည့်တွင် ကျူရှင် ဆိုင်းဘုတ်တင်လိုက်လေတော့သည်။

သို့သော် နောက်မှ ပေါက်သည့် ရွှေကြာပင်သည် နာမည် မကြီးဆိုသကဲ့သို့ပင် ဖြစ်ချေတော့သည်။ အကြောင်းမှာ ယောက္ခဖြစ်သူ၏ ငွေကြေးအထောက် အပံ့များစွာဖြင့် ခင်နှင်းဝေသည် သူ့ကျူရှင်ကို ဘယ်လိုပင် ခမ်းနားအောင် ပြင်ဆင်ထားပါစေ ၊ တကယ်တမ်းတွင် ကျွန်တော့်ကျူရှင်မှာသာ လူများသည်။ သူ့ဆီမှာ ကျောင်းသား ၊ ကျောင်းသူက မရှိသလောက်ပင်ဖြစ်၏။ တစ်လပြီး တစ်လ စာသင်သားက နည်းလာ သဖြင့် ခင်နှင်းေ၀ မကျေနပ်တော့ ။ ” အမေ … သမီးဆီကို စာသင်သူတွေ မလာကြဘူး ။

ဘယ်လိုလုပ်ရင် ကောင်းမလဲ . အမေ ” ချွေးမဖြစ်သူက ယောက္ခမဖြစ်သူထံ အကြံဉာဏ်တောင်းခံတော့သည်။ ဆရာအဆူဆူထံ ရောက်ခဲ့ဖူးသော ဂမ္ဘီရကြမ်းကျေသူ ဒေါ်ခင်ခင်စန်းလည်း ချွေးမဖြစ်သူ၏ မအောင်မြင်မှု ၊ ပွဲဦးထွက်မလှပမှုများကို မြင်ထားလေတော့ ယခုလိုပြော၏။ ” အိုအေ ….လွယ်လွယ်လေးပါ ။ ညည်းဒီကောင်ကို နိုင်ချင်တယ်ဆိုရင် ဆေးနဲ့သာလုပ်လိုက် ။

သူစာမသင်နိုင်တော့မှ ညည်းဆီကို လူတွေရောက်မှာပေါ့အေ ။ လုပ်ချင်သလား” ခင်နှင်းဝေသည် အကြောင်းမကောင်းလှသည်မို့ မဆိုင်းမတွပင် အဖြေပေး၏။ ” လုပ်မယ် …အမေ ၊ သမီးက ခုချက်ချင်းကို လုပ်ချင်နေတာ ၊ အမေ့ကို မပြောရဲလို့ ၊၊ အမေပေးတဲ့ အကြံအရမ်းကောင်းတယ် ” သို့ဖြင့် နောက်တစ်နေ့တွင် ခင်နှင်းေ၀ နှင့်ယောက္ခဖြစ်သူတို့သည် နာမည်ကြီး ဆရာကြီး တစ်ဦးထံသွားခဲ့ ကြတော့သည်။ ” ဆရာကြီး ” ဟုအများက ခေါ်ကြသူမှ ခင်နှင်းဝေတို့ အလှည့်ရောက်သောအခါ .. ” ကဲ ဘာကူညီရမလဲ ” ဟုမေးရာ ခင်နှင်းဝေသည် သူ၏ ကျူရှင်ကျောင်းနှင့် ပက်သက်၍ မဟုတ်တာများကို ပိုပိုသာသာ ၊ နာနာ ကျည်းကျည်းပြောဆိုကာ အကူအညီ တောင်းတော့သည်။

ထိုခါ ဆရာကြီးဖြစ်သူမှ ” သမီး ကျူ ရှင်မှာ စာသင်သား မရှိဘူးဆိုတော့ ဆရာကြီးက ရှိအောင်လုပ်ပေးပါ့မယ် ။ အတိုက်အခံကတော့ ရှိမှာပဲ ။ ဘာမှ မပူနဲ့ …ဆရာကြီးဖြစ်အောင်လုပ်ပေးမယ် ။ သမီးနဲ့ အတိုက်အခံဖြစ်နေသူကိုသာ တစ်ခုခုရအောင် ကျွေးလိုက်ပါ။

ကျွေးတဲ့အခါ ဘယ်လိုကျွေးရမယ်ဆိုတာ ဆရာကြီးပြောပြမယ် ။ ပြီးရင် မြေကြီးပေါ်မှာ ဆရာပေးလိုက်တဲ့ ဖယောင်းတိုင် ကိုးတိုင်၊ အမွှေးတိုင် ကိုးတိုင် ထွန်းညှိပေးရမယ် ။ အင်းချပ်လည်း ပေးလိုက်မယ် ။ အဲဒီအင်းချပ်ကိုကုန်အောင် မီးရှို့ပြီး အဲဒီကထွက်တဲ့ ပြာတွေကို သမီးနဲ့ ပြိုင်ဘက် ကျူရှင်ဆရာရဲ့ ခြံထဲကိုသွန်ပစ်ရမယ် ။ ဘယ်လိုလုပ်ရမလဲ ဆိုတာကို ဆရာကြီး အသေးစိတ်ပြောမယ် …” စသည်ဖြင့် ဆရာကြီးဆိုသူမှ ခင်နှင်းဝေကို လုပ်ပုံလုပ်နည်း များအား အသေးစိတ်ပြောပြ သင်ကြားပေးလိုက်ပါသည်။ သူသည်လည်း တစ်ဖက်က လုပ်ပေးထားမည်ဟု ပြောသည်။

မပြန်ခင်တွင် ခင်နှင်းဝေမှ ” ဘယ်အချိန် စလုပ်ရမှာလဲ ဆရာကြီး ” ” နံနက် ကိုးနာရီ စထွန်း ၊ သုံးရက် ဆက်တိုက်ထွန်း ၊ ထူးခြားလာလိမ့်မယ် ” ” ကျေးဇူးတင်လိုက်တာ …ဆရာကြီးရယ် ” ခင်နှင်းဝေသည် လိုချင်တာ ရလိုက်သည့် ကလေးတစ်ယောက်နှယ် ၊ ပျှော်ရွှင်ဝမ်းမြောက်စွာဖြင့် ယောက္ခမ ဖြစ်သူနှင့် အတူပြန်သွားခဲ့လေတော့သည်။

နောက်တစ်နေ့ နံနက်တွင် ခင်နှင်းဝေသည် သူ့မွေးနေ့ဟုဆိုကာ အိမ်တွင် မုန့်ဟင်းခါးချက်သည် ။ အသိအိမ်များကို ချိုင့်ဖြင့် တစ်အိမ်တက်ဆင်း လိုက်ပို့သည်ကို တွေ့ရသည်။ ကျွန်တော့် အိမ်သို့လည်း လာပို့သည်။ ကျွန်တော်ကတော့ မည်သည့်အခါကမှ ပြိုင်ဘက်ဟု သဘောမထားသဖြင့် ခင်နှင်းဝေကို ကြည်ဖြူစွာ ဆက်ဆံပြီး လက်ခံခဲ့သည်။ မွေးနေ့လက်ဆောင် ပေးမည်ဟုတောင် ပြောလိုက်သည်။ ထို့နောက် နံနက်ချိန်ခါတွင် ဘာမှ မစားထားရသေးသဖြင့် ခင်နှင်းဝေလာပို့သော မုန့်ဟင်းခါးကို ကုန်စင်အောင် စားခဲ့ မိသည်။ စားစားခြင်း ဘာမှ မဖြစ် ။

သုံးလေးရက် ကြာပြီး ညအိပ်ချိန်ရောက်သောအခါ .. ” ဒုန်း .. ဒုန်း… ဒုန်းး” တံခါးမကြီးကို အဆက်မပြတ်ပြင်းထန်သွာ ခေါက်နေမှုကြောင့် ကျွန်တော် သွားဖွင့်ကြည့်မိသည်။ မြင်လိုက်ရသည့် မြင်ကွင်းကား အလွန် သွေးပျက်ခြောက်ခြားဖွယ်ရာပင်တည်း ။ အမျိုးသမီးကြီးတစ်ယောက် ၊ ဆံပင်ဖားလျားချပြီး တောက်ပတဲ့ မျက်လုံးနီနီကြီးတွေနဲ့ ကျွန်တော့်ကို စူးစူးစိုက်စိုက် ကြည့်နေသည်ကို မြင်ရသည် ။ သူ့ပုံစံမှာ လူဟုဆိုသော်လည်း လူပုံစံနှင့်မတူ ။ မကောင်းဆိုးရွား နာနာဘာဝနှင့်တစ်ထေရာတည်း တူလှတော့သည် ။

သူမက ” ဟဲ့ အကောင် .. ငါ့ဆီလာလေ ဘာကြည့်နေတာလဲ ။ မင်းရွှေ မလိုချင်ဘူးလား ၊ မချမ်းသာချင်ဘူးလား ဟီး ..ဟီးးးးး .. ဟီးး… ဟား…….ဟားးးဟားးးးးးးးးးး” အသံက ကြောက်လန့်စရာ အသံကြီး ။ ရယ်သံက နက်ကြောကြော်ဖြင့် လှိုဏ်သံပေါက်ကာ ရယ်မောလိုက်သောကြောင့် ကျွန်တော်လည်း ကြောက်လန့်သွားပြီး ” မလိုက်ဘူး … လုံး၀ မလိုက်ဘူး ” အကြောက် အကန် ငြင်းဆန်မိသည် ။

ထိုအခါ ကြောက်လန့်စရာ အမျိူးသမီးကြီးထံမှ .. ” ဟဲ့အကောင် .. နင်မလိုက်လို့ မရဘူး ။ နင့်ကို ခေါ်ရမယ်လို့ ဆရာကပြောထားတယ် ။ နင်လိုက်ခဲ့ ရမယ် . နင်မလိုက်ရင် လိုက်တဲ့နည်းနဲ့ ရအောင်ခေါ်မယ် ” ဟု မကောင်းဆိုးရွားမကြီးထံမှ ကြိမ်းဝါးသံကြီးကို ကျောချမ်းဖွယ်ရာ ကြားလိုက်ရသည်။ ကျွန်တော်လည်း ထိတ်လန့်တကြားဖြင့် . ” မလိုက်ဘူး …မလိုက်ဘူး .. သွားးး..သွားးးး . အား ” ထိုနေ့မှ စ၍ ညအိပ်ရာဝင်တိုင်း ကျွန်တော့်ကို လာခေါ်နေသော သူမကို ညစဉ်မြင်မက်နေရတော့သည်။ အစကတော့ စိတ်ခြောက်ခြားလို့ မက်တာပဲဟု ထင်မိသည် ။ မကြာမှီပြန်ကောင်း သွားလိမ့်မည်ဟု ယူဆမိသည် ။

သို့သော် အိမ်မက်စမက်သည့် အချိန်မှ စ၍ ကျွန်တော့်လည်ပင်း မှာတစ်ဆို့ဆို့ကြီး ဖြစ်လာရသည်။ တစ်နေ့ တစ်ခြား ပိုပိုဆိုးရွားလာခဲ့သည်။ ဆေးခန်းသွားပြလည်း ခဏတာ သက်သာရုံပဲ ၊ မကြာခင် ပြန်ဖြစ်လာ၏ ။ လည်ချောင်းကင်ဆာလားဟု ဆရာဝန်များက စစ်ဆေးခိုင်းသော်လည်း စစ်ကြည့်တော့ ပုံမှန်သာဖြစ်သည်။ အားလုံးကောင်းသည်။ ဘာမှ မဖြစ် ၊ ကျွန်တော့် စိတ်က ဖြစ်နေတာဟု ဆရာဝန်များကိုယ်တိုင် ယူဆလာကြသည်။ ကြာလာတော့ ကျွန်တော့အခြေအနေမှာ ဆိုးသထက်ဆိုးလာခဲ့သည်။ စာလည်း မသင်နိုင်တော့ပေ ။ ဆရာစာမသင်နိုင်ပဲ ပျက်ရက်များလာသော အခါ စာသင်သားများလည်း ကျွန်တော့်ကျူ ရှင်က ထွက်ကြတော့သည်။

ခင်နှင်းဝေ၏ ကျူရှင်တွင် ကျွန်တော့်ဆီမှ ကျောင်းသား ၊ ကျောင်းသူ အားလုံးနီးပါး ရောက်ရှိကုန်တော့သည်။ ဒါတွေကို လူများ က ပြောကြသော်လည်း ကျွန်တော့် အနေဖြင့် အာရုံမထားနိုင်ပါ။ ကျွန်တော်သည် ဝေဒနာများကို ခံစားနေရသည် ။ ညရောက်မှာကို ကျွန်တော် အလွန်ကြောက်လန့်နေမိသည်။

တစ်ညရောက်တော့ ကျွန်တော် ရုန်းကန်အော်ဟစ်ကာ မလိုက်ဘူးဟု အတန်တန်ငြင်းဆန်နေသည့်ကြားမှ မကောင်းဆိုးရွားကြီးသည် ကျွန်တော့်ကို လည်ကုတ်မှ ဖမ်းကိုင်ကာ ခေါ်ဆောင်သွားတော့သည်။ ကျွန်တော်သူ့ကို ဘာမှ ပြန်မလုပ်နိုင်။ လူမမာသည် တစ်ဦးလို သူခေါ်ဆောင်ရာနောက်သို့ လိုက်ပါခဲ့ရတော့သည်။ မကောင်းဆိုးရွား အမျိုးသမီးကြီးသည် ကျွန်တော့်ကို လူသူကင်းရှင်းပြီး မှောင်ရိပ်ကျနေသော ညောင်ပင်ကြီးတစ်ပင်အောက်သို့ ခေါ်ဆောင်သွားခဲ့သည်။ ညောင်ပင်ကြီးဆီသို့ ရောက်သော အခါ …. ” မင်းနေခဲ့ … ငါ့ကို တာဝန်ပေးတဲ့သူ လာလိမ့်မယ် ” ဟု ဆိုကာ ကျွန်တော့်ရှေ့က ပျောက်ကွယ်သွားသည်။

မကြာမှီတွင် ကျွန်တော့်ဆီကို လူမျိုးခြားဖြစ်ဟန်တူသော လူကြီးတစ်ယောက် ရောက်လာ၏။ သူကကျွန်တော့်ကို စူးစူးရဲရဲကြည့်နေသည်ဟု ထင်မိသည်။ သို့သော် သူ့မျက်နှာကို တော့ သေချာအောင် ပုံဖမ်းပြီး ကြည့်လို့ မရဖြစ်နေသည်။ ကျွန်တော့် အမြင်တွေ ေ၀ဝါးနေ၏။ ထိုလူကြီးမှ ကျွန်တော့်အား …. ” မင်း ..မကြာခင်သေရတော့မယ် ။ မင်းအတွက် လက်ဆောင် ပေးလိုက်မယ် …ရော့ ” ဟုဆိုကာ ကျွန်တော့်လည်ကုတ်ကို ဖမ်းကိုင်လိုက်ပြီး ကျွန်တော့် မျက်နှာကို သုံးကြိမ်တိုင်တိုင် သူ့ပါးစပ်က လေနဲ့ မှုတ်ခဲ့သည်။ ထို့နောက် ထိုလူကြီး ပျောက်ကွယ်သွားခဲ့သည်။

မနက်မိုးလင်းသောအခါ … ” သား .. မင်းမျက်နှာ ဘာဖြစ်တာလဲ ။ ရော့ …မှန်ထဲကြည့်လိုက်စမ်းကွယ် ” အမေက မှန်ကို ကျွန်တော့်လက်ထဲ ထည့်ပေးသည်။ ကျွန်တော် မှန်ထဲ ကြည့်လိုက်သော အခါမှ … ဟင်…..” ကျွန်တော့်မျက်နှာမှာ အမှန်တကယ်ပင် ကြောက်စရာကောင်းသည့် ရုပ်သွင်ပြောင်းလဲနေသည်ကို အံ့အားသင့်ဖွယ် တွေ့လိုက်ရသည်။ မျက်တွင်းများ ချောင်ကျနေပြီး မျက်နှာတစ်ပြင်လုံး အိုစာနေ၏။ ဘုလုံးကြီးများလည်း ပေါက်နေ၏။ ” အမလေးး… ငါ့မျက်နှာမှာ ဖုထစ်ကြီးပါလား ။ ဘယ်လိုဖြစ်ရတာလဲ ” ဟု အော်ဟစ်မိတော့သည်။

ထိုအချိန်မှ စ၍ အပြင်လည်း မထွက်ရဲတော့ ။ ကျူရှင်ကျောင်းကိုလည်း အပြီးအပိုင် ပိတ်လိုက်ရသည်။ ခင်နှင်းဝေ၏ ကျူ ရှင်သာ ရှိတော့သည်။ ကျွန်တော်သည် ရုပ်ဆိုးဆိုး မျက်နှာကြီးနှင့် အမြဲတမ်းမှိုင်တွေ ငေးမောနေ၏။ သားဖြစ်သူ၏ အလိုဆန္ဒကို အမြဲတမ်းဖြည့်ဆည်းပေးတတ်သူ ကျွန်တော့်၏ အမေကြီးမှဒီတစ်ခါတော့ကျွန်တော့်၏အဖြစ်အပျက်များကို သေချာစွာ မေးမြန်းတော့သည်။ ထို့နောက် အမေနှင့် ကျွန်တော် ၊ Taxi ကားတစ်စီးဖြင့် အမေ့ညီမဖြစ်သူ လမ်းညွှန်သော ဗေဒင်ဆရာကြီး တစ်ဦးထံရောက်သွားတော့သည် ။ ထို ဆရာကြီးမှ ကျွန်တော့်ကို စစ်ဆေးကြည့်ပြီး .. ” ကျူ ရှင်ဆရာလေး ၊ မသေကောင်း ၊ မပျောက်ကောင်းကွာ ။ ငါ့ဆီကို မင်းအချိန်မှီရောက်လာလို့သာပေါ့ ။ မင်းကို အစိမ်းတိုက်ထားတာကွ ။

အကောင်ကြီးကြီးနဲ့ကို မင်းကို မကျေနပ်တဲ့လူက လုပ်ထားတာ ။ ” မဖယ်နိုင်ဘူး ၊ ဒီဆရာလေးကို ငါသိတယ် ။ နင်မဟုတ်တာ ..မလုပ်နဲ့ ” . ဟုဆိုကာ မကောင်းဆိုးရွားအမျိုးသမီးကြီးကို အတင်းဝင်လုံးတော့သည် ။ သူတို့ နှစ်ယောက်သည် တစ်ယောက်နှင့်တစ်ယောက် လုံးထွေးသတ်ပုတ် ကြရင်း နောက်ဆုံးတွင် အဘညိုမနိုင်ပဲ ပြေးထွက်ပျောက်ကွယ် သွားတော့သည်။ ကျွန်တော်စိတ်ဓာတ် အကြီးအကျယ် ကျဆင်းရတော့သည်။ ကျွန်တော့်ကို ကယ်တင်နိုင်မည့်သူ မရှိတော့။

မကောင်းဆိုးရွား အမျိုးသမီးကြီး ပြုသမျှ ၊ ခံရတော့မည့် အခြေအနေဖြစ်နေပြီး သူပြောသည့်အတိုင်း သူ့နေရာကို အစားဝင်ရတော့မှာပါလားဟု တွေးနေစဉ် ၊ ရုပ်အလွန်ဆိုးလှသော အမျိုးသမီးကြီးမှာ ကျွန်တော့်အနားကို တရွေ့ရွေ့ကပ်လာသည်။ ” ကဲနင့်ကို ကယ်မယ့်လူ မရှိတော့ဘူး ။ ငါခိုင်းတဲ့ အတိုင်းလုပ်စမ်းပါ ။ နင့်ကို ငါမကြမ်းချင်ဘူးနော် ။ ” ဟု ခြမ်းခြောက်ပြောဆိုပါသည်။ ကျွန်တာ်ညလ်း ဘယ်လိုမှ မတတ်နိုင်တော့သည်မို့ ရေအိုင်နားဆီသို့ တဖြည်းဖြည်းချင်း လျှောက်လာခဲ့ရတော့သည်။

ထိုစဉ် ကျွန်တော့် ခန္ဓာကိုယ်သည် လေထဲမြှောက်တက်သွားသလို ဖြစ်သွားပြီး ရေကန်နှင့်ဝေးရာ လွင့်သွားတော့သည်။ ကျွန်တော်ရောက်သွားရာ နေရာသို့ မကောင်းဆိုးရွားမိန်းမကြီးကလည်း ထပ်ချပ်မကွာအပြေးလိုက်လာခဲ့သည်။

သူပြေးလာစဉ် – ” ဟိတ် … ” ဆိုသည် အသံသြဇာပါလှသော အသံကျယ်ကြီးတစ်ခုကို ကြားလိုက်ရသည်။ ကျွန်တော်နှင့် မကောင်းဆိုးရွားမိန်းမကြီးကြားမှာ မီးတောက်ကြီးကြီး တစ်ခု ဖြစ်ပေါ်လာခဲ့သည်။ ထိုမီးတောက်ကြီးသည် စူးရှစွာတောက်လောင်နေရာမှ တဖြည်းဖြည်း ငြိမ်းသွားသောကာ ထိုမီးတောက်နေရာမှာ လူရိပ်ပုံဏ္ဍာန် ပေါ်လာတော့သည်။

ထိုလူရိပ်ပုံသဏ္ဍာန် မှသည် နောက်ဆုံးတွင် လူတစ်ယောက်ကို ထင်ထင်ရှားရှား တွေ့ရတော့သည်။ ထိုလူကို သေသေချာချာ မြင်ရတော့မှ အဖြူရောင် မုတ်ဆိတ်မွေးများနှင့် ဝတ်ဖြူ စင်ကြယ်ကို ဝတ်ဆင်ကာ လက်က တောင်ဝှေး တစ်ချောင်းကို ကိုင်ဆောင်ထားသည့် အဖိုးအို တစ်ဦးမှန်းသိရတော့သည်။

အဖိုးအိုသည် ကျွန်တော့်ဘက်သို့ တစ်ချက်လှည့်ကြည့်ကာ ပြုံးပြပြီး စိတ်မပူစေရန် လက်ကာပြသည်။ ထို့နောက် မကောင်းဆိုးရွားမကြီး ဘက်ဖို့ လှည့်ကာ . ” ဟဲ့ ..မိနိုင် ၊ ငါသစ်ပင်ပေါ်က စောင့်ကြည့်နေတာ ကြာပြီ ။ ငါ့ကိစ္စမဟုတ်လို့ ဝင်မပါခဲ့ဘူး ။ ဒါပေမယ့် ဒီကောင်လေးမှာ သေဖို့ ကံ မပါလာမှန်းတွေ့ရတာကြောင့် အခုတော့ ငါဝင်ပါရပြီ ။ ဒီနေရာက ငါ့နေရာပဲ ။ နင်နေတဲ့ ရေကန်ကို နင်ပြန်သွားတော့။

ဒီလိုမှ မသွားဘူးဆိုရင် ငါ့ကို အဆိုး မဆိုနဲ့နော်။ နင်တို့ထက် ငါက တန်ခိုး အများကြီးရှိတယ်ဆိုတာ နင်သိမှာပါ ။ ပြီးတော့ နင့်ဆရာကိုလည်း ပြောလိုက်ပါ။ နောက်ထပ် ဒီကောင်လေးကို ဒုက္ခမပေးပါနဲ့ လို့ ၊ တကယ်လို့ ဒီကောင်လေး ထပ်ဒုက္ခရောက်ရင် နင့်နဲ့ငါ အတွေ့ပဲ ..” ဟု အဖိုးအိုမှ မကောင်းဆိုးရွားမကြီးကြားအောင် ပီပီသသ ပြောဆိုလိုက်တော့သည်။ အမျိုးသမီးကြီးသည် အဖိုးအိုကို မြင်ချိန်မှ စ၍ ကြောက်ရွံဟန်ပေါက်နေပြီး ပိတ်ဖြူ ဝတ်အဖိုးထံမှ သတိပေးစကားကြားပြီးသည်နှင့် ကျွန်တော့်ကို မကျေမနပ်ကြည့်ကာ ရေကန်ထဲသို့ ငုပ်လျှျို း ဆင်းသက်ကာ ပျောက်ကွယ်သွားတော့သည်။

ကျွန်တော်လည်း တစ်သက်နှင့် တစ်ကိုယ် ၊ တစ်ခါမှ မကြုံ ခဲ့ဖူးလေသော အဖြစ်အပျက်ဆန်းများကို ရင်သပ်ရှု့မောဖွယ် ကြုံရသဖြင့် စိတ်လှုပ်ရှားများလည်း မပြေပျောက်နိုင်ပဲ ရှိတော့၏။ ထိုအဖိုးအိုသည် ကျွန်တော့်ဘက်သို့ လှည့်လာ၍ ဂရုဏာသက်သော မျက်ဝန်းများဖြင့် ကြည့်သည်။ ဘာစကားမှ တော့ မပြောဆိုပေ။ ထိုးနောက် ကျွန်တော့်ကို မျက်စိမှိတ်ထားရန် စိတ်ချင်း ဆက်သွယ် ပြောဆိုသလို ခံစားရသဖြင့် ကျွန်တော်လည်း မျက်စိကို မှိတ်ထားလိုက်တော့သည်။

ထိုစဉ် ကျွန်တော်သည် လေထဲမြှောက်တက်သွားသလို ခံစားလိုက်ရပြီး တဖြည်းဖြည်းနှင့် သစ်ရွက်တစ်ရွက်လို လေအဟုတ်မှာ စီးမျောနေသကဲ့သို့ ခံစားရသည်။ ထို့နောက် ကျွန်တော့် အသိအာရုံများသည် အဖြူရောင် အလင်းတန်းနှင့်တွေ့ကာ လုံး၀ ချုပ်ငြိမ်းသွားတော့သည်။ သတိပြန်လည်လာချိန်မှာတော့ ကောင်းမွန်စွာအိပ်စက်ပြီး ပြန်ထလာသူတစ်ဦးကဲ့သို့ လန်းတန်းလျက်ရှိနေသည်ကို တွေ့ရသည်။ ပိုထူးဆန်းသည်မှာ တံတွေးတောင် မြိုမရဖြစ်နေသော လည်ပင်းမှာလည်း ပုံမှန်အတိုင်း ပြန်ကောင်းနေသည်ကို တွေ့ရသည်။ ပြောရလျှင် ကျွန်တော် ပကတိ လူကောင်း ပြန်ဖြစ်နေပါပြီ။ သေရွာမှ ပြန်လာသူဟု ကျွန်တော့်ကိုယ် ကျွန်တော် ထင်မြင်မိပါသည်။

သေရွာသို့ ရောက်ရှိသွားတော့ ဗေဒင်ဆရာကြီး၏ ပြောစကားအရ ကျွန်တော်သည် ” အစိမ်းတိုက်ခြင်း ” ဘေးမှ ကင်လွတ်လာခဲ့ပြီ၊ ရန်ကို ရန်ခြင်း မတုန့်နှင့်ချင်သလို ၊ ကိုယ်တိုင်လည်း ထူးဆန်းသော အဖြစ်များကြောင့် တစ်ယောက်ကို တစ်ယောက်မနာလို ၊ ရန်လို နေကြသော လောကီ လောကကြီးကို စိတ်ကုန်သွားပြီ ဖြစ်၍ အေးချမ်းသော တရားဘောင်သို့ ဝင်ရောက်ရန် စိတ်ဆုံးဖြတ်လိုက်တော့သည်။

ထို့ကြောင့် ရင်းနှီးသော ဆရာတော်တစ်ပါးထံတွင် ကျွန်တော့်အဖြစ်အပျက်များကို ပြောပြပြီး သာသနာ့ဘောင်ထဲသို့ အပြီး ဝင်ရောက်ခဲ့ပါတော့သည်။ ဆရာတော်ကြီးမှ ကျွန်တော့် အဖြစ်ပျက်များကို နားထောင်ပြီး ရှင်းပြခဲ့သည်မှာ . ” ကဲ .. တကာကြီး ၊ ဘုရား ရိပ် တရားရိပ်မှာ တစ်သက်လုံးနေနိုင်အောင် ကြိုးစားပါ ။ လူ့ဘဝကြီးမှာ ဖြစ်ခဲ့တဲ့ အရာတွေကိုလည်း မေ့ဖျောက်လိုက်ပါ။ ပြီးတော့ တကာကြီးကို ကယ်တင်ခဲ့သူဟာ ရုက္ခစိုးလို့ ဘုန်းကြီးတော့ ထင်တယ်” ဟု ပြောဆိုခဲ့ပါကြောင်း ….. ။


ဖိုးသူတော် (www.phothutaw.com)
Credit: ဆဋ္ဌမအာရုံ မဂ္ဂဇင်း
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top