ျမန္မာတစ္ႏိုင္ငံလံုးမွာ Facility အမ်ားဆံုးပါတဲ့ ကမၻာ့အဆင့္မီ Diamond Inya Palace ကြန္ဒို အထူးအေရာင္းျပပြဲၾကီး
×

ကၽြန္မက သာမန္မိန္းမတစ္ေယာက္ပါ။ သာမန္မိဘနွစ္ပါးကေန ေမြးဖြားလာၿပီး ေသြးနဲ႔သားနဲ႔ လူျဖစ္လာတဲ့ လူသားတစ္ေယာက္ေပါ့။ လူငယ္ဘဝမွာ ခ်စ္ျခင္းေတြနဲ႔ နယ္ကၽြံမိၿပီး ကၽြန္မမွာ ကိုယ္ဝန္ရလာခဲ့တယ္ေလ။ လိင္ကိစၥနဲ႔ ပတ္သက္ၿပီး ဗဟုသုတ ေခါင္းပါးခဲ့တာလည္း ပါတာေပါ့.. ကၽြန္မပတ္ဝန္းက်င္မွာ ကၽြန္မကို သင္ေပးမယ့္သူလည္း မရွိခဲ့သလို စာဖတ္အားလည္းနည္းခဲ့တာေၾကာင့္ ဘယ္ကေန သင္ယူရမွန္းလည္း ကၽြန္မမသိခဲ့ဘူးေလ.. တစ္ခ်ိဳ႕ပညာေပးစာအုပ္ေတြ ဖတ္မယ္ဆိုျပန္ေတာ့လည္း “ဟဲ့.. နင္ ဒီစာအုုပ္ေတြဖတ္ေနရင္ နင့္ကို မေကာင္းတဲ့ မိန္းမလို႔ ေျပာၾကလိမ့္မယ္” ဆိုတဲ့ စကားေတြထဲ ႏွစ္ျမွဳပ္ခဲ့ရင္း ကၽြန္မမွာ ဘာဗဟုသုတမွ မရွိခဲ့တာေၾကာင့္ ဒီလိုေတြ ႀကံဳလာရတာေပါ့… ကၽြန္မကိုခ်စ္လွပါခ်ည္ရဲ႕ လက္ထပ္ပါ့မယ္ဆိုၿပီး ကတိေပးထားတဲ့ ရည္းစားဆိုတဲ့ေကာင္ကလည္း ကိုယ္ဝန္ဆိုတဲ့အသံလည္းၾကားေရာ ေျပးသြားလိုက္တာမွ အရိပ္ေတာင္မေတြ႔ရေတာ့ဘူး။

ဒါနဲ႔ေလ လူေတြက သိပ္ေၾကာက္စရာေကာင္းတယ္ေနာ္.. ဘာမွ မသိနားမလည္တဲ့ ဒီကေလးေလးကို ေခၚစရာအေဖမရွိေတာ့တာနဲ႔ ဖ်က္ခ်ပစ္တဲ့။ အို တာဝန္မယူတတ္တဲ့ အဲဒီသေကာင့္သားကို အျပစ္မဖို႔ၾကဘဲ လူ႔ေလာကထဲ ေရာက္ေတာင္ မေရာက္လာေသးတဲ့၊ ဘာအျပစ္မွမရွိရွာတဲ့ ကၽြန္မေသြးသားေလးကို ဖ်က္ခ်ခိုင္းတယ္။ ဒါေပမဲ့ အဲ့ဒီက်က္သေရယုတ္တဲ့ ပတ္ဝန္းက်င္ပါးစပ္ကိုလည္း ကၽြန္မမပိတ္နိုင္ခဲ့ပါဘူး။ ဘာလို႔လဲဆိုေတာ့ ကၽြန္မမိဘေတြကိုယ္တိုင္ကိုက ဖ်က္ခ်ခိုင္းေနလို႔ေလ။ အဲ့ေတာ့ ကၽြန္မဘာလုပ္ရမလဲ? ထြက္ေျပးရမယ္။ ဟုတ္တယ္။ အားလံုးနဲ႔ေဝးရာကို ထြက္ေျပးရမယ္။ ကၽြန္မဘယ္ကို ေျပးရမလဲ….

ရွင္တို႔က ကၽြန္မသတ္ေသသြားမယ္ ထင္တယ္ေပါ့? ဟင့္အင္း မေသနုိင္ပါဘူး။ ဒီကေလးကို လွလွပပေမြးၿပီး ကၽြန္မကိုယ္တိုင္လည္း လွလွပပကို အသက္ရွင္ဦးမွာ။ အဲ့ေတာ့ ကၽြန္မလူေတြရဲ႕ေဝးရာကိုမဟုတ္ဘဲ စိတ္ေတြရဲ႕အေဝးကို ေလွ်ာက္လႊင့္ပစ္လိုက္တယ္။ ကၽြန္မေဘးနားမွာ လူမဟုတ္တဲ့ ဇြန္ဘီးေတြပဲ ရွိတယ္လုိ႔သတ္မွတ္ပစ္လိုက္တယ္။ သူတို႔ကဇြန္ဘီးေတြဆိုမွေတာ့ ‘ဒီဟာမေပါ့။ လက္မထပ္ခင္ ဆတ္ေဆာ့ၿပီး ခုေတာ့ ဗိုက္တစ္လံုးနဲ႔က်န္ေနခဲ့တယ္’ ဆိုတာမ်ိဳး ေျပာမွာေပါ့။ ဒါေပမဲ့ ကၽြန္မ စဥ္းစားလို႔မရတာကေလ.. ကၽြန္မတစ္ေယာက္တည္း အျပစ္ရွိခဲ့တာလား? ကိုယ္လုပ္ထားတဲ့ ကိစၥ၊ ကိုယ္တာဝန္မယူဘဲ ယုတ္မာမိုက္ရိုင္းစြာ ကိုယ္လြတ္ရုန္းသြားတဲ့ ဒင္းမွာကေရာ ဘာအျပစ္မွ မရွိဘူးလား? သူ႕ကို အျပစ္တင္တဲ့စကား ကၽြန္မတကယ္ကို တစ္ခြန္းမွ မၾကားဖူးခဲ့ဘူးေလ…

အိုေခ.. ကၽြန္မကို ေျပာမယ္ဆိုေတာ့လည္း ေျပာပါေစ… ကၽြန္မကေတာ့ ကိုယ့္ေသြးကိုယ့္သားကို ဝမ္းနဲ႔လြယ္ၿပီး ေမြးထုတ္နိုင္တဲ့အထိ က်န္းမာသန္စြမ္းတဲ့ ခႏၶာကိုယ္ပိုင္ဆိုင္ထားတာရယ္၊ ကေလးတစ္ေယာက္အေမျဖစ္ေတာ့မွာမို႔ ဝင့္ၾကြားနိုင္တဲ့ သတၱိကို ပိုင္ဆိုင္ထားတာရယ္ေၾကာင့္ ကိုယ့္ကိုယ္ကိုယ္ ေက်နပ္တယ္။ ဒီလို ေလာကႀကီးကို မ်က္နွာေျပာင္တိုက္ ရြဲ႕ေစာင္းရင္း ကေလးေလးကို ေမြးဖို႔ဖြားဖို႔အခ်ိန္ နီးလာေရာ။

 အဲ.. နီးလာတဲ့အခ်ိန္မွာလည္း ဒုကၡကေတာ့ မေသးဘူးရယ္။ ကၽြန္မအေဖနဲ႔ အေမက ရွက္လြန္းလို႔ဆိုၿပီး ကၽြန္မကို အိမ္ေပၚမွာ မထားေတာ့ အေဆာင္တစ္ခုမွာ စုထားေဆာင္းထားတဲ့ ပိုက္ဆံေလးနဲ႔ သြားငွားေနရင္း မနည္းရုန္းကန္ရတယ္။ ကိုယ္ဝန္လမရင့္ခင္အထိ အလုပ္ေတြလုပ္၊ လရင့္လာေတာ့လည္း အိမ္မွာယူလုပ္လို႔ရတဲ့ အခ်ိန္ထိလုပ္ရင္း ပိုက္ဆံရွာရတာေပါ့။ ေန႔ေစ့လေစ့နဲ႔ ေမြးၿပီးတဲ့အခ်ိန္က်ေတာ့လည္း တစ္ေယာက္တည္းမို႔အားေတာ့ငယ္သား။ ဒါေပမဲ့ သမီးေလးမ်က္နွာၾကည့္ရင္း “ငါက တစ္ေကာင္တည္းလည္း ျခေသၤ့မဟဲ႔” ဆိုတဲ့စိတ္နဲ႔ အားအသစ္ေတြ ထပ္ျဖစ္လာျပန္ေရာ။

ကေလးေမြးၿပီးေတာ့ အဲဒီဇြန္ဘီးေတြ ပါးစပ္ပိတ္သြားမယ္ထင္တာ။ ေနာက္တစ္မ်ိဳးေျပာၾကတယ္ေလ။ ‘လင္မရွိတဲ့ မယား မတင့္တယ္ဘူး’ ဆိုပဲ။ ဒီဗိုက္ကိုေတာင္ ကိုယ့္အားနဲ႔ကိုယ္ ရုန္းကန္ၿပီး လူျဖစ္ေအာင္ေမြးနိုင္ေသးတာပဲ။ ပ်ိဳးေထာင္ဖို႔ေရာ ဘာလို႔မရုန္းကန္နိုင္ရမွာလဲ။ ကိုယ့္သမီးအေပၚ ေကာင္းမယ္၊ ကိုယ့္ကို ေမတၱာသက္ဝင္မယ္ ဆိုရင္လည္းအေကာင္း၊ မဟုတ္ရင္ တစ္ပူေပၚနွစ္ပူဆင့္ၿပီး ကၽြန္မက နာဦးမယ္။ ဘယ္သူမွ ႀကိဳမသိႏိုင္ဘူးေလ။ ကၽြန္မမိဘေတြ၊ အမ်ိဳးေတြဆိုသည္မွာလည္း တစ္ေလွ်ာက္လံုး အသံမထြက္ခဲ့သမွ် ပတ္ဝန္းက်င္က လင္လည္းထပ္ယူခိုင္းေရာ ခ်က္ခ်င္းသူတို႔မွန္တယ္ဆိုၿပီး အေဆာင္ထိလာ အားေပးတိုက္တြန္းၾကတာ။ (ကိုယ္တိုင္ေတာင္ ရွာေပးမယ္ဆိုပဲ။) ေခ်ာ့လိုက္ ေျခာက္လိုက္ေပါ့ေလ။

ခက္တာက ကၽြန္မကလည္း ငါးဖယ္မေလ။ ထုေလ ထုေလ မာေလ.. ေျခာက္ေလ။ ေျခာက္စမ္း သန္းေခါင္ထက္ဘယ္ညဥ့္ကမ်ား နက္ႏိုင္ဦးမွာလဲ? သူတို႔ခမ်ာလည္း သနားစရာ သိပ္ေကာင္းၾကပါတယ္ေလ။ သမီးေလးရဲ႕ဘဝေရွ႕ေရးကိုပါ ကၽြန္မကိုယ္စား ေျခာက္ျခားေနလိုုက္ၾကတာ။ ကၽြန္မကေတာ့ ရွင္းတယ္။ မိန္းမတစ္ေယာက္ရဲ႕အားနဲ႔ ဘယ္လမ္းအထိေလွ်ာက္နုိင္တယ္၊ ကိုယ့္သားသမီးကိုလည္း ဘယ္ဘဝအထိ တြန္းပို႔ႏိုင္လဲဆိုတာ ကၽြန္မျပမယ္။ အခ်ိန္တစ္ခုအထိေစာင့္။ ကၽြန္မေရာ၊ ဒီသမီးေလးေရာ ဘဝႏွစ္ခုလံုး လံုးဝမတိမ္းေစာင္းေစရဘူး လို႔ကၽြန္မအာမခံတယ္ လို႔ေျပာတဲ့အခါ ကၽြန္မဟာ လူ႔ေဘာင္ေလာကရဲ႕ အျပင္ဘက္က ဇြန္ဘီးမျဖစ္သြားေရာေလ။ (အမွန္ေတာ့ ဒီဇြန္ဘီးဆိုတဲ့နာမည္က ကၽြန္မသူတို႔ေတြကို တိတ္တိတ္ေလးေပးထားတာ သူတို႔မသိၾကဘူး။)

ဘယ္လိုပဲျဖစ္ေနပါေစ။ ကၽြန္မ ဒီကေလးေလးကို လူမဆန္တဲ့စိတ္ဓာတ္နဲ႔ သူ႔အေဖလက္ထဲက ဆြဲထုတ္နိုင္ခဲ့ၿပီ၊ ဦးေနွာက္မရွိၾကတဲ့ ပတ္ဝန္းက်င္လက္ထဲကလည္း ဆြဲထုတ္နိုင္ခဲ့ၿပီးၿပီ။ မတူညီတဲ့ ပတ္ဝန္းက်င္နဲ႔ ကမာၻတစ္ခုကို ကၽြန္မဦးဆံုးလက္ေဆာင္အျဖစ္ ေပးႏိုင္ခဲ့ၿပီ။ သမီးေရ..  ဒီလိုညစ္ပတ္စုတ္ပဲ့ေနတဲ့ ပတ္ဝန္းက်င္မွာ ေမေမက အနွစ္ ႏွစ္ဆယ္ေက်ာ္က်င္လည္ခဲ့ရေပမဲ့ သမီးေလးကေတာ့ ေမြးကင္းစကတည္းက အလိုလိုရုန္းထြက္ၿပီးသားျဖစ္ခဲ့ၿပီေနာ္..

သမီးအတြက္ ကမာၻေလးကို ဒီထက္နယ္ပယ္က်ယ္သြားေအာင္ ဒီထက္ပိုပိုေကာင္းေအာင္ ျပဳျပင္နိုင္တဲ့လူျဖစ္ေအာင္ ကၽြန္မသင္ေပးရဦးမယ္။ ေၾသာ္ ကၽြန္မေလွ်ာက္ရမယ့္ခရီးက အရွည္ႀကီး ရွိေနေသးပါလား။ ကၽြန္မ ဒီထက္သန္မာရဦးမွာပါလား။ ကၽြန္မ ျခေသၤ့အိုမႀကီးျဖစ္တဲ့အထိ အသက္ရွည္ရွည္နဲ႔ က်န္းက်န္းမာမာ ေနဖို႔ ႀကိဳးစားရဦးမွာပါလား…

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Hnin Ei Oo ( For Her Myanmar )
# Unicode Version ျဖင့္ ဖတ္ပါ #
ကျွန်မက သာမန်မိန်းမတစ်ယောက်ပါ။ သာမန်မိဘနှစ်ပါးကနေ မွေးဖွားလာပြီး သွေးနဲ့သားနဲ့ လူဖြစ်လာတဲ့ လူသားတစ်ယောက်ပေါ့။ လူငယ်ဘဝမှာ ချစ်ခြင်းတွေနဲ့ နယ်ကျွံမိပြီး ကျွန်မမှာ ကိုယ်ဝန်ရလာခဲ့တယ်လေ။ လိင်ကိစ္စနဲ့ ပတ်သက်ပြီး ဗဟုသုတ ခေါင်းပါးခဲ့တာလည်း ပါတာပေါ့.. ကျွန်မပတ်ဝန်းကျင်မှာ ကျွန်မကို သင်ပေးမယ့်သူလည်း မရှိခဲ့သလို စာဖတ်အားလည်းနည်းခဲ့တာကြောင့် ဘယ်ကနေ သင်ယူရမှန်းလည်း ကျွန်မမသိခဲ့ဘူးလေ.. တစ်ချို့ပညာပေးစာအုပ်တွေ ဖတ်မယ်ဆိုပြန်တော့လည်း “ဟဲ့.. နင် ဒီစာအုုပ်တွေဖတ်နေရင် နင့်ကို မကောင်းတဲ့ မိန်းမလို့ ပြောကြလိမ့်မယ်” ဆိုတဲ့ စကားတွေထဲ နှစ်မြှုပ်ခဲ့ရင်း ကျွန်မမှာ ဘာဗဟုသုတမှ မရှိခဲ့တာကြောင့် ဒီလိုတွေ ကြုံလာရတာပေါ့… ကျွန်မကိုချစ်လှပါချည်ရဲ့ လက်ထပ်ပါ့မယ်ဆိုပြီး ကတိပေးထားတဲ့ ရည်းစားဆိုတဲ့ကောင်ကလည်း ကိုယ်ဝန်ဆိုတဲ့အသံလည်းကြားရော ပြေးသွားလိုက်တာမှ အရိပ်တောင်မတွေ့ရတော့ဘူး။

ဒါနဲ့လေ လူတွေက သိပ်ကြောက်စရာကောင်းတယ်နော်.. ဘာမှ မသိနားမလည်တဲ့ ဒီကလေးလေးကို ခေါ်စရာအဖေမရှိတော့တာနဲ့ ဖျက်ချပစ်တဲ့။ အို တာဝန်မယူတတ်တဲ့ အဲဒီသကောင့်သားကို အပြစ်မဖို့ကြဘဲ လူ့လောကထဲ ရောက်တောင် မရောက်လာသေးတဲ့၊ ဘာအပြစ်မှမရှိရှာတဲ့ ကျွန်မသွေးသားလေးကို ဖျက်ချခိုင်းတယ်။ ဒါပေမဲ့ အဲ့ဒီကျက်သရေယုတ်တဲ့ ပတ်ဝန်းကျင်ပါးစပ်ကိုလည်း ကျွန်မမပိတ်နိုင်ခဲ့ပါဘူး။ ဘာလို့လဲဆိုတော့ ကျွန်မမိဘတွေကိုယ်တိုင်ကိုက ဖျက်ချခိုင်းနေလို့လေ။ အဲ့တော့ ကျွန်မဘာလုပ်ရမလဲ? ထွက်ပြေးရမယ်။ ဟုတ်တယ်။ အားလုံးနဲ့ဝေးရာကို ထွက်ပြေးရမယ်။ ကျွန်မဘယ်ကို ပြေးရမလဲ….

ရှင်တို့က ကျွန်မသတ်သေသွားမယ် ထင်တယ်ပေါ့? ဟင့်အင်း မသေနိုင်ပါဘူး။ ဒီကလေးကို လှလှပပမွေးပြီး ကျွန်မကိုယ်တိုင်လည်း လှလှပပကို အသက်ရှင်ဦးမှာ။ အဲ့တော့ ကျွန်မလူတွေရဲ့ဝေးရာကိုမဟုတ်ဘဲ စိတ်တွေရဲ့အဝေးကို လျှောက်လွှင့်ပစ်လိုက်တယ်။ ကျွန်မဘေးနားမှာ လူမဟုတ်တဲ့ ဇွန်ဘီးတွေပဲ ရှိတယ်လို့သတ်မှတ်ပစ်လိုက်တယ်။ သူတို့ကဇွန်ဘီးတွေဆိုမှတော့ ‘ဒီဟာမပေါ့။ လက်မထပ်ခင် ဆတ်ဆော့ပြီး ခုတော့ ဗိုက်တစ်လုံးနဲ့ကျန်နေခဲ့တယ်’ ဆိုတာမျိုး ပြောမှာပေါ့။ ဒါပေမဲ့ ကျွန်မ စဉ်းစားလို့မရတာကလေ.. ကျွန်မတစ်ယောက်တည်း အပြစ်ရှိခဲ့တာလား? ကိုယ်လုပ်ထားတဲ့ ကိစ္စ၊ ကိုယ်တာဝန်မယူဘဲ ယုတ်မာမိုက်ရိုင်းစွာ ကိုယ်လွတ်ရုန်းသွားတဲ့ ဒင်းမှာကရော ဘာအပြစ်မှ မရှိဘူးလား? သူ့ကို အပြစ်တင်တဲ့စကား ကျွန်မတကယ်ကို တစ်ခွန်းမှ မကြားဖူးခဲ့ဘူးလေ…

အိုခေ.. ကျွန်မကို ပြောမယ်ဆိုတော့လည်း ပြောပါစေ… ကျွန်မကတော့ ကိုယ့်သွေးကိုယ့်သားကို ဝမ်းနဲ့လွယ်ပြီး မွေးထုတ်နိုင်တဲ့အထိ ကျန်းမာသန်စွမ်းတဲ့ ခန္ဓာကိုယ်ပိုင်ဆိုင်ထားတာရယ်၊ ကလေးတစ်ယောက်အမေဖြစ်တော့မှာမို့ ဝင့်ကြွားနိုင်တဲ့ သတ္တိကို ပိုင်ဆိုင်ထားတာရယ်ကြောင့် ကိုယ့်ကိုယ်ကိုယ် ကျေနပ်တယ်။ ဒီလို လောကကြီးကို မျက်နှာပြောင်တိုက် ရွဲ့စောင်းရင်း ကလေးလေးကို မွေးဖို့ဖွားဖို့အချိန် နီးလာရော။

 အဲ.. နီးလာတဲ့အချိန်မှာလည်း ဒုက္ခကတော့ မသေးဘူးရယ်။ ကျွန်မအဖေနဲ့ အမေက ရှက်လွန်းလို့ဆိုပြီး ကျွန်မကို အိမ်ပေါ်မှာ မထားတော့ အဆောင်တစ်ခုမှာ စုထားဆောင်းထားတဲ့ ပိုက်ဆံလေးနဲ့ သွားငှားနေရင်း မနည်းရုန်းကန်ရတယ်။ ကိုယ်ဝန်လမရင့်ခင်အထိ အလုပ်တွေလုပ်၊ လရင့်လာတော့လည်း အိမ်မှာယူလုပ်လို့ရတဲ့ အချိန်ထိလုပ်ရင်း ပိုက်ဆံရှာရတာပေါ့။ နေ့စေ့လစေ့နဲ့ မွေးပြီးတဲ့အချိန်ကျတော့လည်း တစ်ယောက်တည်းမို့အားတော့ငယ်သား။ ဒါပေမဲ့ သမီးလေးမျက်နှာကြည့်ရင်း “ငါက တစ်ကောင်တည်းလည်း ခင်္သြေ့မဟဲ့” ဆိုတဲ့စိတ်နဲ့ အားအသစ်တွေ ထပ်ဖြစ်လာပြန်ရော။

ကလေးမွေးပြီးတော့ အဲဒီဇွန်ဘီးတွေ ပါးစပ်ပိတ်သွားမယ်ထင်တာ။ နောက်တစ်မျိုးပြောကြတယ်လေ။ ‘လင်မရှိတဲ့ မယား မတင့်တယ်ဘူး’ ဆိုပဲ။ ဒီဗိုက်ကိုတောင် ကိုယ့်အားနဲ့ကိုယ် ရုန်းကန်ပြီး လူဖြစ်အောင်မွေးနိုင်သေးတာပဲ။ ပျိုးထောင်ဖို့ရော ဘာလို့မရုန်းကန်နိုင်ရမှာလဲ။ ကိုယ့်သမီးအပေါ် ကောင်းမယ်၊ ကိုယ့်ကို မေတ္တာသက်ဝင်မယ် ဆိုရင်လည်းအကောင်း၊ မဟုတ်ရင် တစ်ပူပေါ်နှစ်ပူဆင့်ပြီး ကျွန်မက နာဦးမယ်။ ဘယ်သူမှ ကြိုမသိနိုင်ဘူးလေ။ ကျွန်မမိဘတွေ၊ အမျိုးတွေဆိုသည်မှာလည်း တစ်လျှောက်လုံး အသံမထွက်ခဲ့သမျှ ပတ်ဝန်းကျင်က လင်လည်းထပ်ယူခိုင်းရော ချက်ချင်းသူတို့မှန်တယ်ဆိုပြီး အဆောင်ထိလာ အားပေးတိုက်တွန်းကြတာ။ (ကိုယ်တိုင်တောင် ရှာပေးမယ်ဆိုပဲ။) ချော့လိုက် ခြောက်လိုက်ပေါ့လေ။

ခက်တာက ကျွန်မကလည်း ငါးဖယ်မလေ။ ထုလေ ထုလေ မာလေ.. ခြောက်လေ။ ခြောက်စမ်း သန်းခေါင်ထက်ဘယ်ညဉ့်ကများ နက်နိုင်ဦးမှာလဲ? သူတို့ခမျာလည်း သနားစရာ သိပ်ကောင်းကြပါတယ်လေ။ သမီးလေးရဲ့ဘဝရှေ့ရေးကိုပါ ကျွန်မကိုယ်စား ခြောက်ခြားနေလိုုက်ကြတာ။ ကျွန်မကတော့ ရှင်းတယ်။ မိန်းမတစ်ယောက်ရဲ့အားနဲ့ ဘယ်လမ်းအထိလျှောက်နိုင်တယ်၊ ကိုယ့်သားသမီးကိုလည်း ဘယ်ဘဝအထိ တွန်းပို့နိုင်လဲဆိုတာ ကျွန်မပြမယ်။ အချိန်တစ်ခုအထိစောင့်။ ကျွန်မရော၊ ဒီသမီးလေးရော ဘဝနှစ်ခုလုံး လုံးဝမတိမ်းစောင်းစေရဘူး လို့ကျွန်မအာမခံတယ် လို့ပြောတဲ့အခါ ကျွန်မဟာ လူ့ဘောင်လောကရဲ့ အပြင်ဘက်က ဇွန်ဘီးမဖြစ်သွားရောလေ။ (အမှန်တော့ ဒီဇွန်ဘီးဆိုတဲ့နာမည်က ကျွန်မသူတို့တွေကို တိတ်တိတ်လေးပေးထားတာ သူတို့မသိကြဘူး။)

ဘယ်လိုပဲဖြစ်နေပါစေ။ ကျွန်မ ဒီကလေးလေးကို လူမဆန်တဲ့စိတ်ဓာတ်နဲ့ သူ့အဖေလက်ထဲက ဆွဲထုတ်နိုင်ခဲ့ပြီ၊ ဦးနှောက်မရှိကြတဲ့ ပတ်ဝန်းကျင်လက်ထဲကလည်း ဆွဲထုတ်နိုင်ခဲ့ပြီးပြီ။ မတူညီတဲ့ ပတ်ဝန်းကျင်နဲ့ ကမ္ဘာတစ်ခုကို ကျွန်မဦးဆုံးလက်ဆောင်အဖြစ် ပေးနိုင်ခဲ့ပြီ။ သမီးရေ..  ဒီလိုညစ်ပတ်စုတ်ပဲ့နေတဲ့ ပတ်ဝန်းကျင်မှာ မေမေက အနှစ် နှစ်ဆယ်ကျော်ကျင်လည်ခဲ့ရပေမဲ့ သမီးလေးကတော့ မွေးကင်းစကတည်းက အလိုလိုရုန်းထွက်ပြီးသားဖြစ်ခဲ့ပြီနော်..

သမီးအတွက် ကမ္ဘာလေးကို ဒီထက်နယ်ပယ်ကျယ်သွားအောင် ဒီထက်ပိုပိုကောင်းအောင် ပြုပြင်နိုင်တဲ့လူဖြစ်အောင် ကျွန်မသင်ပေးရဦးမယ်။ သြော် ကျွန်မလျှောက်ရမယ့်ခရီးက အရှည်ကြီး ရှိနေသေးပါလား။ ကျွန်မ ဒီထက်သန်မာရဦးမှာပါလား။ ကျွန်မ ခင်္သြေ့အိုမကြီးဖြစ်တဲ့အထိ အသက်ရှည်ရှည်နဲ့ ကျန်းကျန်းမာမာ နေဖို့ ကြိုးစားရဦးမှာပါလား…

ဖိုးသူတော် (www.phothutaw.com)
Credit: Hnin Ei Oo ( For Her Myanmar )
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top