ျမန္မာတစ္ႏိုင္ငံလံုးမွာ Facility အမ်ားဆံုးပါတဲ့ ကမၻာ့အဆင့္မီ Diamond Inya Palace ကြန္ဒို အထူးအေရာင္းျပပြဲၾကီး
×

အိမ္ေထာင္ရွိအမ်ဳိးသမီးတစ္ဦးကုိ အေၾကြးကိစၥျဖင့္ တပ္မေတာ္သားအရာရွိတစ္ဦးအပါအ၀င္ (၇) ဦးအဖြဲ ့က အဓမၼျပဳက်င့္သြားသည္ဆုိေသာ ေက်ာက္တန္းျမိဳ ့နယ္မွ ျဖစ္စဥ္မွာ ဟိႏၵဴအမ်ဳိးသမီးကုိယ္တုိင္က လိမ္လည္တုိင္ၾကားခဲ့ျခင္းသာျဖစ္ေၾကာင္း ၀န္ခံသြားျပီဟု ေက်ာက္တန္းျမိဳ ့နယ္ ရဲစခန္းမွ သတင္းရရွိသည္။

ကနဦးသတင္းတြင္ အသက္ ၂၇ ႏွစ္အရြယ္ ဟိႏၵဴအမ်ဳိးသမီး ဇနီးေမာင္ႏွံကုိ အေၾကြးကိစၥျဖင့္ လြန္ခဲ့သည့္ရက္ပုိင္းအတြင္းက အမ်ဳိးသား(၇) ဦးက လာေရာက္ေခၚေဆာင္သြားေၾကာင္း၊ ယင္းေနာက္တြင္ အမ်ဳိးသမီးကုိ အဓမၼျပဳက်င့္ၾကျခင္းျဖစ္ေၾကာင္း ရဲတပ္ဖြဲ ့ထံ တုိင္ၾကားခဲ့ျခင္းျဖစ္သည္ဟု သိရသည္။ ယင္းျဖစ္စဥ္ေၾကာင့္ အမ်ဳိးသမီးတုိင္တန္းျခင္းကုိ ခံရသည့္ အမ်ဳိးသား(၇) ဦးကုိ ရဲတပ္ဖြဲ ့က ေခၚယူစစ္ေဆးမႈမ်ားလုပ္ခဲ့သည့္အျပင္ တပ္မေတာ္အရာရွိကုိလည္း ကာကြယ္ေရးဦးစီးခ်ဳပ္ရုံးက စစ္ေဆးေမးျမန္းျခင္းမ်ားလုပ္ခဲ့ေၾကာင္း ေမလ ၁၃ ရက္အထိ သတင္းမ်ားအရ သိရသည္။ " အဲဒီအမ်ဳိးသမီးေျပာတဲ့ ေနရာကုိ သြားစစ္ၾကည့္တာမွာ မုဒိမ္းက်င့္တဲ့ပုံစံမ်ဳိး မေတြ ့ရသလုိ ၊ တကယ္ျဖစ္ခဲ့ရင္ မုဒိမ္းက်င့္သူေရာ က်င့္ခံရသူပါ ဒဏ္ရာဒဏ္ခ်က္္ရႏုိင္တဲ့ေနရာ ျဖစ္ေနေပမယ့္ သူတုိ ့မွာ ဘာဒဏ္ရာမွ မရွိဘူး။ ေသခ်ာစစ္ေမးေတာ့မွ အေၾကြးမေပးႏုိင္ရင္ ကၽြန္မေယာက္်ား ဒုကၡေရာက္မွာစုိးလုိ ့လိမ္လည္ျပီး တုိင္ၾကားခဲ့တာပါလုိ ့ဒီေန ့ပဲ ခုနကေလးကမွ ၀န္ခံထြက္ဆုိသြားပါတယ္ " ဟု ေက်ာက္တန္းျမိဳ ့နယ္ စခန္းမွဴးက အကုန္သိသတင္းဌာနသုိ ့ေမလ ၁၄ ရက္ညပုိင္းတြင္ အတည္ျပဳေျပာၾကားသည္။

အဆုိပါ ဟိႏၵဴအမ်ဳိးသမီးဇနီးေမာင္ႏွံသည္ အေၾကြးေပးရန္ က်ပ္သိန္း ၃၀၀ အထိ ရွိေနျပီး မေပးဘဲေရွာင္ေျပးေနခဲ့ေၾကာင္း၊ သက္ဆုိင္ရာ အုပ္ခ်ဳပ္ေရးအဖြဲ ့အစည္းမ်ားျဖင့္ သြားေခၚ၍ ေမးျမန္းေဆြးေႏြးခ်ိန္တြင္ ေနာက္ကေန လိုက္လာခဲ့မည္ဟုဆုိကာ တကၠစီျဖင့္ လုိက္လာခဲ့ၾကေၾကာင္း၊ ယင္းေနာက္တြင္ ေၾကြးရွင္ကလည္း ရစရာရွိေသာ ေၾကြးသိန္း ၃၀၀ ကုိ အျပည့္မေပးႏုိင္ပါက တစ္၀က္သာေပးရန္ေျပာခ်ိန္တြင္ အမ်ဳိးသမီးက အိမ္တြင္ ပုိက္ဆံက်န္ခဲ့သျဖင့္ သြားယူေပးမည္ဟုေျပာျပီး ခြင့္ေတာင္း၍ ျပန္သြားခဲ့ေၾကာင္း သိရသည္။ " ျပီးေတာ့ အဓမၼက်င့္ပါတယ္ဆုိျပီး အကုန္လုံးကုိ လက္ညိႈးထုိးျပီး တုိင္တာ။ အမ်ဳိးသမီးတုိင္ခဲ့တဲ့စာမွာပါတဲ့ အမည္မသိအမ်ဳိးသားဆုိတာေတြ အကုန္လုံးပါကုန္တာပဲ။ တပ္မေတာ္က ဗုိလ္ၾကီးလည္း အဲဒီျဖစ္စဥ္မွာ သူဘာမွမသိဘူး။ သူက အလည္လာရင္းနဲ ့ၾကားညပ္သြားတယ္။ အဲဒီအမ်ဳိးသမီးက လုိက္ပုိ ့တဲ့ တကၠစီသမားကုိပါ ဆြဲထည့္လုိ ့တကၠစီသမားလည္း အဓမၼက်င့္သူစာရင္းမွာ ပါသြားေရာ " ဟု ျမိဳ ့နယ္စခန္းမွဴးက ေျပာၾကားသည္။

လတ္တေလာတြင္ အမ်ဳိးသမီး၏ လိမ္လည္ထြက္ဆုိမႈေၾကာင့္ တပ္မေတာ္မွ ဗုိလ္ၾကီး ေကာင္းခန္ ့ေက်ာ္ ၊ ရာအိမ္မွဴး ဦးသန္း၀င္း အပါအ၀င္ အမ်ဳိးသား(၇) ဦးမွာ ဂုဏ္သိကၡာက်ဆင္းရမႈမ်ား ျဖစ္ေပၚခဲ့ေၾကာင္း၊ အထူးသျဖင့္ တပ္မေတာ္မွ အရာရွိမွာ ကကၾကည္း အခ်ဳပ္၌စစ္ေမးျခင္းခံေနရေၾကာင္းလည္း သိရသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: ShweMoeNyo
# Unicode Version ျဖင့္ ဖတ္ပါ #
အိမ်ထောင်ရှိအမျိုးသမီးတစ်ဦးကို အကြွေးကိစ္စဖြင့် တပ်မတော်သားအရာရှိတစ်ဦးအပါအဝင် (၇) ဦးအဖွဲ့က အဓမ္မပြုကျင့်သွားသည်ဆိုသော ကျောက်တန်းမြို့နယ်မှ ဖြစ်စဉ်မှာ ဟိန္ဒူအမျိုးသမီးကိုယ်တိုင်က လိမ်လည်တိုင်ကြားခဲ့ခြင်းသာဖြစ်ကြောင်း ဝန်ခံသွားပြီဟု ကျောက်တန်းမြို့နယ် ရဲစခန်းမှ သတင်းရရှိသည်။

ကနဦးသတင်းတွင် အသက် ၂၇ နှစ်အရွယ် ဟိန္ဒူအမျိုးသမီး ဇနီးမောင်နှံကို အကြွေးကိစ္စဖြင့် လွန်ခဲ့သည့်ရက်ပိုင်းအတွင်းက အမျိုးသား(၇) ဦးက လာရောက်ခေါ်ဆောင်သွားကြောင်း၊ ယင်းနောက်တွင် အမျိုးသမီးကို အဓမ္မပြုကျင့်ကြခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့ထံ တိုင်ကြားခဲ့ခြင်းဖြစ်သည်ဟု သိရသည်။ ယင်းဖြစ်စဉ်ကြောင့် အမျိုးသမီးတိုင်တန်းခြင်းကို ခံရသည့် အမျိုးသား(၇) ဦးကို ရဲတပ်ဖွဲ့က ခေါ်ယူစစ်ဆေးမှုများလုပ်ခဲ့သည့်အပြင် တပ်မတော်အရာရှိကိုလည်း ကာကွယ်ရေးဦးစီးချုပ်ရုံးက စစ်ဆေးမေးမြန်းခြင်းများလုပ်ခဲ့ကြောင်း မေလ ၁၃ ရက်အထိ သတင်းများအရ သိရသည်။ " အဲဒီအမျိုးသမီးပြောတဲ့ နေရာကို သွားစစ်ကြည့်တာမှာ မုဒိမ်းကျင့်တဲ့ပုံစံမျိုး မတွေ့ရသလို ၊ တကယ်ဖြစ်ခဲ့ရင် မုဒိမ်းကျင့်သူရော ကျင့်ခံရသူပါ ဒဏ်ရာဒဏ်ချက်ရနိုင်တဲ့နေရာ ဖြစ်နေပေမယ့် သူတို့မှာ ဘာဒဏ်ရာမှ မရှိဘူး။ သေချာစစ်မေးတော့မှ အကြွေးမပေးနိုင်ရင် ကျွန်မယောက်ျား ဒုက္ခရောက်မှာစိုးလို့လိမ်လည်ပြီး တိုင်ကြားခဲ့တာပါလို့ဒီနေ့ပဲ ခုနကလေးကမှ ဝန်ခံထွက်ဆိုသွားပါတယ် " ဟု ကျောက်တန်းမြို့နယ် စခန်းမှူးက အကုန်သိသတင်းဌာနသို့မေလ ၁၄ ရက်ညပိုင်းတွင် အတည်ပြုပြောကြားသည်။

အဆိုပါ ဟိန္ဒူအမျိုးသမီးဇနီးမောင်နှံသည် အကြွေးပေးရန် ကျပ်သိန်း ၃၀၀ အထိ ရှိနေပြီး မပေးဘဲရှောင်ပြေးနေခဲ့ကြောင်း၊ သက်ဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့အစည်းများဖြင့် သွားခေါ်၍ မေးမြန်းဆွေးနွေးချိန်တွင် နောက်ကနေ လိုက်လာခဲ့မည်ဟုဆိုကာ တက္ကစီဖြင့် လိုက်လာခဲ့ကြကြောင်း၊ ယင်းနောက်တွင် ကြွေးရှင်ကလည်း ရစရာရှိသော ကြွေးသိန်း ၃၀၀ ကို အပြည့်မပေးနိုင်ပါက တစ်ဝက်သာပေးရန်ပြောချိန်တွင် အမျိုးသမီးက အိမ်တွင် ပိုက်ဆံကျန်ခဲ့သဖြင့် သွားယူပေးမည်ဟုပြောပြီး ခွင့်တောင်း၍ ပြန်သွားခဲ့ကြောင်း သိရသည်။ " ပြီးတော့ အဓမ္မကျင့်ပါတယ်ဆိုပြီး အကုန်လုံးကို လက်ညှိုးထိုးပြီး တိုင်တာ။ အမျိုးသမီးတိုင်ခဲ့တဲ့စာမှာပါတဲ့ အမည်မသိအမျိုးသားဆိုတာတွေ အကုန်လုံးပါကုန်တာပဲ။ တပ်မတော်က ဗိုလ်ကြီးလည်း အဲဒီဖြစ်စဉ်မှာ သူဘာမှမသိဘူး။ သူက အလည်လာရင်းနဲ့ကြားညပ်သွားတယ်။ အဲဒီအမျိုးသမီးက လိုက်ပို့တဲ့ တက္ကစီသမားကိုပါ ဆွဲထည့်လို့တက္ကစီသမားလည်း အဓမ္မကျင့်သူစာရင်းမှာ ပါသွားရော " ဟု မြို့နယ်စခန်းမှူးက ပြောကြားသည်။

လတ်တလောတွင် အမျိုးသမီး၏ လိမ်လည်ထွက်ဆိုမှုကြောင့် တပ်မတော်မှ ဗိုလ်ကြီး ကောင်းခန့်ကျော် ၊ ရာအိမ်မှူး ဦးသန်းဝင်း အပါအဝင် အမျိုးသား(၇) ဦးမှာ ဂုဏ်သိက္ခာကျဆင်းရမှုများ ဖြစ်ပေါ်ခဲ့ကြောင်း၊ အထူးသဖြင့် တပ်မတော်မှ အရာရှိမှာ ကကကြည်း အချုပ်၌စစ်မေးခြင်းခံနေရကြောင်းလည်း သိရသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: ShweMoeNyo
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top