ရခိုင္ျပည္နယ္ ေက်ာက္ျဖဴၿမိဳ႕တြင္ ေမလ ၂၆ ရက္ေန႔ ညအခ်ိန္တြင္ အေနာက္ကေန အရိုက္ခံရၿပီး ေက်ာင္းဆရာတစ္ဦး ေသဆုံးခဲ့မွုတြင္ သံသယရွိသူတရားခံအား ဖမ္းဆီးရမိထားေၾကာင္း သိရွိရသည္။

ျဖစ္စဥ္မွာ ေမလ ၂၆ ရက္ေန႔ည အခ်ိန္တြင္ မင္းျပားၿမိဳ႕နယ္ ဇီးကိုင္းသစ္ေက်ရြာမွ မူလြန္ေက်ာင္းဆရာ ဦးေဇာ္သန္းေအာင္ (၂၄) ႏွစ္သည္ ေက်ာက္ျဖဴၿမိဳ႕ ေက်ာက္ျဖဴ ေဂါက္ကြင္း၌ ရပ္ကြက္ထဲမွ ရည္းစားျဖစ္သူႏွင့္ ခ်ိန္းေတြ႕ေနစဥ္ ေနာက္ကေန မာေက်ာသည့္ အရာတစ္ခုျဖင့္ အရိုက္ခံရၿပီး ေသဆုံးခဲ့ရသည္။

အဆိုပါျဖစ္စဥ္ကို စုံစမ္းၿပီးေနာက္ ေက်ာက္ျဖဴ ရဲတပ္ဖြဲ႕ဝင္မ်ားက တရားခံဟု သံသယရွိေသာ ေက်ာ္ေဇယ် (၃၄) ႏွစ္အား လူသတ္မွုျဖစ္ၿပီး ၅ နာရီအတြင္း ဖမ္းဆီးရမိခဲ့သည္။
ေက်ာ္ေဇယ် မွာ ရန္ကုန္ၿမိဳ႕၊ အင္းစိန္- ေဖ့ါကန္မွ ေလွေနာက္လိုက္တစ္ဦးျဖစ္ၿပီး ယခင္ကလည္း ဓါးထိုးမွုျဖင့္ ေထာင္ဒဏ္ (၂၀)ႏွစ္ က်ခံေနရာမွ လြတ္ၿငိမ္းခ်မ္းသာခြင့္နဲ႔ ျပန္လည္ လြတ္ေျမာက္လာသူျဖစ္ေၾကာင္း အမွုစစ္တာဝန္က်ရဲအရာရွိ တစ္ဦးက ေျပာၾကားခဲ့သည္။

“ေဒသခံေတြရဲ့ ဝိုင္းဝန္း သတင္းေပးခ်က္အရ ေက်ာက္ျဖဴၿမိဳ႕မ ရဲစခန္းမွူးနဲ႔ နယ္ထိန္း အဖြဲ႕ဝင္ေတြ က (၅)နာရီအတြင္း ဖမ္းဆီးရမိခဲ့ပါတယ္။ အခု အမွုကေတာ့ ေပၚလာပါၿပီ” ဟု ရဲအရာရွိကေျပာၾကားခဲ့သည္။


ဖိုးသူေတာ္ (www.phothutaw.com)
Credit: Narinjara

#Unicode Version#

 ရခိုင်ပြည်နယ် ကျောက်ဖြူမြို့တွင် မေလ ၂၆ ရက်နေ့ ညအချိန်တွင် အနောက်ကနေ အရိုက်ခံရပြီး ကျောင်းဆရာတစ်ဦး သေဆုံးခဲ့မှုတွင် သံသယရှိသူတရားခံအား ဖမ်းဆီးရမိထားကြောင်း သိရှိရသည်။

ဖြစ်စဉ်မှာ မေလ ၂၆ ရက်နေ့ည အချိန်တွင် မင်းပြားမြို့နယ် ဇီးကိုင်းသစ်ကျေရွာမှ မူလွန်ကျောင်းဆရာ ဦးဇော်သန်းအောင် (၂၄) နှစ်သည် ကျောက်ဖြူမြို့ ကျောက်ဖြူ ဂေါက်ကွင်း၌ ရပ်ကွက်ထဲမှ ရည်းစားဖြစ်သူနှင့် ချိန်းတွေ့နေစဉ် နောက်ကနေ မာကျောသည့် အရာတစ်ခုဖြင့် အရိုက်ခံရပြီး သေဆုံးခဲ့ရသည်။

အဆိုပါဖြစ်စဉ်ကို စုံစမ်းပြီးနောက် ကျောက်ဖြူ ရဲတပ်ဖွဲ့ဝင်များက တရားခံဟု သံသယရှိသော ကျော်ဇေယျ (၃၄) နှစ်အား လူသတ်မှုဖြစ်ပြီး ၅ နာရီအတွင်း ဖမ်းဆီးရမိခဲ့သည်။
ကျော်ဇေယျ မှာ ရန်ကုန်မြို့၊ အင်းစိန်- ဖေ့ါကန်မှ လှေနောက်လိုက်တစ်ဦးဖြစ်ပြီး ယခင်ကလည်း ဓါးထိုးမှုဖြင့် ထောင်ဒဏ် (၂၀)နှစ် ကျခံနေရာမှ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လည် လွတ်မြောက်လာသူဖြစ်ကြောင်း အမှုစစ်တာဝန်ကျရဲအရာရှိ တစ်ဦးက ပြောကြားခဲ့သည်။

“ဒေသခံတွေရဲ့ ဝိုင်းဝန်း သတင်းပေးချက်အရ ကျောက်ဖြူမြို့မ ရဲစခန်းမှူးနဲ့ နယ်ထိန်း အဖွဲ့ဝင်တွေ က (၅)နာရီအတွင်း ဖမ်းဆီးရမိခဲ့ပါတယ်။ အခု အမှုကတော့ ပေါ်လာပါပြီ” ဟု ရဲအရာရှိကပြောကြားခဲ့သည်။


ဖိုးသူတော် (www.phothutaw.com)
Credit: Narinjara
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top