ျမန္မာျပည္၏ အေကာင္းဆံုးကြန္ဒိုတစ္ခုျဖစ္တဲ့ Skysuites ကြန္ဒိုအေရာင္းျပပြဲ
×

ဘြဲ ့ယူစာတမ္းတင္သြင္းခ်ိန္မွာ ၀တ္လာတဲ့အ၀တ္အစားက မေလ်ာ္မကန္ျဖစ္ေနတယ္ဆုိတဲ့ ပါေမာကၡရဲ ့ မွတ္ခ်က္စကားကုိ မေက်နပ္တာေၾကာင့္ စာတမ္းရွင္ေက်ာင္းသူဟာ သူ႔အ၀တ္ေတြကို ေအာက္ခံသာခ်န္ၿပီး အကုန္ခၽြတ္ပစ္ခဲ့တယ္လုိ ့ သိရပါတယ္။

နယူးေယာက္ျပည္နယ္ Ithaca ၿမိဳ ့က Cornell တကၠသုိလ္ စီနီယာေက်ာင္းသူ လတ္တီတာခ်ဳိင္ဟာ ေဖ့စ္ဘုတ္ကေန Live လႊင့္ေနတဲ့ စာတမ္းတင္သြင္းမႈ စစ္ေဆးျခင္းအခမ္းအနားမွာ မိမိယုံၾကည္ခ်က္ကုိ ဖိႏွိပ္ခ်ဳပ္ခ်ယ္ျခင္းနဲ ့မတရားသျဖင့္ ဆက္ဆံျခင္းတုိ ့ကုိ ဆန္ ့က်င္တဲ့အေနနဲ ့အ၀တ္အစားေတြကုိ ခၽြတ္ပစ္ကာ ကန္ ့ကြက္မႈ လုပ္ခဲ့တာပါ။ မစၥခ်ဳိင္ရဲ ့ဆရာမျဖစ္သူဟာ စာတမ္းတင္သြင္းမႈအတြင္း ၀တ္စားလာမႈအေပၚ ေမးခြန္းထုတ္ခဲ့သလုိ “ မင္းရဲ႕အတုိအျပတ္ေတြက အရမ္းတုိလြန္းေနတယ္” လုိ ့ ေျပာခဲ့ေၾကာင္း သိရပါတယ္။

ဆရာမဟာ တစ္တန္းလုံးရဲ ့ေရွ ့မွာ သူ႔ကုိ ဒီလုိေျပာခဲ့တဲ့အတြက္ ေယာက္်ားသားေတြဟာ စာတမ္းတင္သြင္းမႈ အဓိကအေၾကာင္းအရာကုိ အာရုံမေရာက္ေတာ့ဘဲ သူ႔ခႏၶာကုိယ္ကုိ ၀ုိင္းၾကည့္သလုိျဖစ္ခဲ့ရတယ္လုိ ့ ေဖ့စ္ဘုတ္ post တစ္ခုမွာ ခ်ဳိင္က ေျပာဆုိခဲ့ပါတယ္။ “ ကၽြန္မ ေၾကာင္သြားခဲ့တယ္ထင္တယ္၊ ဒါကုိ ဘယ္လုိတံု႔ျပန္ရမလဲဆုိတာ ကၽြန္မလုံးလုံးစဥ္းစားမရပါဘူး” လုိ ့ ယင္းက ေျပာခဲ့ပါတယ္။

စကတ္တုိသည္ဆုိ၍ ခၽြတ္ပစ္သူ

ဆရာမျဖစ္သူက အ၀တ္အစားနဲ ့ပတ္သက္ၿပီး မွတ္ခ်က္ျပဳခဲ့ခ်ိန္မွာ အတန္းထဲက အခ်ဳိ႕အတန္းေဖာ္ေတြလည္း အံ့အားသင့္ခဲ့ၾကေၾကာင္း ဒါေပမဲ့ ႏုိင္ငံတကာေက်ာင္းသူတစ္ဦး ကေတာ့ ဆရာမနဲ ့တသေဘာတည္းျဖစ္ခဲ့ေၾကာင္း မစၥခ်ဳိင္က ေျပာပါတယ္။ အတန္းေဖာ္ေတြကုိ ေလးစားသမႈအေနနဲ ့ က်င့္၀တ္သိသိ ယဥ္ေက်းမႈရွိရွိ ၀တ္စားခဲ့ရမွာျဖစ္တယ္လုိ ့ ယင္းေက်ာင္းသူက ေျပာခဲ့တယ္လုိ ့ဆုိပါတယ္။ ဒီလုိေျပာလုိ ့မရေၾကာင္းနဲ ့သူ အံ့ၾသခဲ့ရေၾကာင္း ခ်ဳိင္က ေဖ့စ္ဘုတ္မွာ ေရးခဲ့ပါတယ္။

သူ အခန္းထဲက ထြက္သြားခ်ိန္မွာ ဆရာမျဖစ္သူက လုိက္လာခဲ့ေၾကာင္းနဲ ့ မင္း၀တ္ပုံစားပုံကုိ မင္းအေမက ဘယ္လိုထင္မလဲလုိ ့ေမးခဲ့ေၾကာင္း ခ်ဳိင္က ေျပာပါတယ္။ “ကၽြန္မအေမက ဘယ္လုိထင္သလဲ ဟုတ္လား၊ ကၽြန္မအေမက အမ်ဳိးသမီး၀ါဒီတစ္ဦး၊ လိင္ပုိင္းဆုိင္ရာသင္ခန္းစာေတြကုိ သင္ၾကားေပးေနတဲ့ ပါေမာကၡတစ္ဦးပါ။ အားလုံးေသာ ဖုိ မ သတ္မွတ္ထားမႈနဲ ့အတူ ေမြးဖြားလာသူေတြရဲ ့လုပ္ပုိင္ခြင့္ရပုိင္ခြင့္ေတြအတြက္ သူ႔တစ္ဘ၀လုံးကုိ ျမွဳပ္ႏွံထားသူပါ။ ဒါေၾကာင့္ ကၽြန္မအတုိအျပတ္၀တ္တာေတြကုိ အေမသေဘာတူလိမ့္မယ္လုိ ့ ထင္ပါတယ္” ဟု မစၥခ်ဳိင္က ေဖ့စ္ဘုတ္မွာ ဆက္လက္ေရးသားေဖာ္ျပခဲ့ပါတယ္။

Ref: Yahoo

ဖိုးသူေတာ္ (www.phothutaw.com)
Credit: ShweMoeNyo
# Unicode Version ျဖင့္ ဖတ္ပါ #
ဘွဲ့ယူစာတမ်းတင်သွင်းချိန်မှာ ဝတ်လာတဲ့အဝတ်အစားက မလျော်မကန်ဖြစ်နေတယ်ဆိုတဲ့ ပါမောက္ခရဲ့ မှတ်ချက်စကားကို မကျေနပ်တာကြောင့် စာတမ်းရှင်ကျောင်းသူဟာ သူ့အဝတ်တွေကို အောက်ခံသာချန်ပြီး အကုန်ချွတ်ပစ်ခဲ့တယ်လို့ သိရပါတယ်။

နယူးယောက်ပြည်နယ် Ithaca မြို့က Cornell တက္ကသိုလ် စီနီယာကျောင်းသူ လတ်တီတာချိုင်ဟာ ဖေ့စ်ဘုတ်ကနေ Live လွှင့်နေတဲ့ စာတမ်းတင်သွင်းမှု စစ်ဆေးခြင်းအခမ်းအနားမှာ မိမိယုံကြည်ချက်ကို ဖိနှိပ်ချုပ်ချယ်ခြင်းနဲ့မတရားသဖြင့် ဆက်ဆံခြင်းတို့ကို ဆန့်ကျင်တဲ့အနေနဲ့အဝတ်အစားတွေကို ချွတ်ပစ်ကာ ကန့်ကွက်မှု လုပ်ခဲ့တာပါ။ မစ္စချိုင်ရဲ့ဆရာမဖြစ်သူဟာ စာတမ်းတင်သွင်းမှုအတွင်း ဝတ်စားလာမှုအပေါ် မေးခွန်းထုတ်ခဲ့သလို “ မင်းရဲ့အတိုအပြတ်တွေက အရမ်းတိုလွန်းနေတယ်” လို့ ပြောခဲ့ကြောင်း သိရပါတယ်။

ဆရာမဟာ တစ်တန်းလုံးရဲ့ရှေ့မှာ သူ့ကို ဒီလိုပြောခဲ့တဲ့အတွက် ယောက်ျားသားတွေဟာ စာတမ်းတင်သွင်းမှု အဓိကအကြောင်းအရာကို အာရုံမရောက်တော့ဘဲ သူ့ခန္ဓာကိုယ်ကို ဝိုင်းကြည့်သလိုဖြစ်ခဲ့ရတယ်လို့ ဖေ့စ်ဘုတ် post တစ်ခုမှာ ချိုင်က ပြောဆိုခဲ့ပါတယ်။ “ ကျွန်မ ကြောင်သွားခဲ့တယ်ထင်တယ်၊ ဒါကို ဘယ်လိုတုံ့ပြန်ရမလဲဆိုတာ ကျွန်မလုံးလုံးစဉ်းစားမရပါဘူး” လို့ ယင်းက ပြောခဲ့ပါတယ်။

စကတ်တိုသည်ဆို၍ ချွတ်ပစ်သူ

ဆရာမဖြစ်သူက အဝတ်အစားနဲ့ပတ်သက်ပြီး မှတ်ချက်ပြုခဲ့ချိန်မှာ အတန်းထဲက အချို့အတန်းဖော်တွေလည်း အံ့အားသင့်ခဲ့ကြကြောင်း ဒါပေမဲ့ နိုင်ငံတကာကျောင်းသူတစ်ဦး ကတော့ ဆရာမနဲ့တသဘောတည်းဖြစ်ခဲ့ကြောင်း မစ္စချိုင်က ပြောပါတယ်။ အတန်းဖော်တွေကို လေးစားသမှုအနေနဲ့ ကျင့်ဝတ်သိသိ ယဉ်ကျေးမှုရှိရှိ ဝတ်စားခဲ့ရမှာဖြစ်တယ်လို့ ယင်းကျောင်းသူက ပြောခဲ့တယ်လို့ဆိုပါတယ်။ ဒီလိုပြောလို့မရကြောင်းနဲ့သူ အံ့သြခဲ့ရကြောင်း ချိုင်က ဖေ့စ်ဘုတ်မှာ ရေးခဲ့ပါတယ်။

သူ အခန်းထဲက ထွက်သွားချိန်မှာ ဆရာမဖြစ်သူက လိုက်လာခဲ့ကြောင်းနဲ့ မင်းဝတ်ပုံစားပုံကို မင်းအမေက ဘယ်လိုထင်မလဲလို့မေးခဲ့ကြောင်း ချိုင်က ပြောပါတယ်။ “ကျွန်မအမေက ဘယ်လိုထင်သလဲ ဟုတ်လား၊ ကျွန်မအမေက အမျိုးသမီးဝါဒီတစ်ဦး၊ လိင်ပိုင်းဆိုင်ရာသင်ခန်းစာတွေကို သင်ကြားပေးနေတဲ့ ပါမောက္ခတစ်ဦးပါ။ အားလုံးသော ဖို မ သတ်မှတ်ထားမှုနဲ့အတူ မွေးဖွားလာသူတွေရဲ့လုပ်ပိုင်ခွင့်ရပိုင်ခွင့်တွေအတွက် သူ့တစ်ဘဝလုံးကို မြှုပ်နှံထားသူပါ။ ဒါကြောင့် ကျွန်မအတိုအပြတ်ဝတ်တာတွေကို အမေသဘောတူလိမ့်မယ်လို့ ထင်ပါတယ်” ဟု မစ္စချိုင်က ဖေ့စ်ဘုတ်မှာ ဆက်လက်ရေးသားဖော်ပြခဲ့ပါတယ်။

Ref: Yahoo

ဖိုးသူတော် (www.phothutaw.com)
Credit: ShweMoeNyo
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top