ရာသက်ပန်မြေပိုင်ဆိုင်ခြင်းရရှိမည့် ဂရန်းမြကန်သာကွန်ဒို အထူးပရိုမိုးရှင်း အရောင်းပြပွဲ
×








Credit: Dr. Khin Mg Lwin

#Unicode Version#
အရက်ဆိုရာမှာ ဘီယာ၊ ဝိုင်၊ ဝီစကီ၊ ရမ် အားလုံးမှာ အယ်လ်ကိုဟော (Alcohol) ပါဝင်ပါတယ်
အယ်လ်ကိုဟောဟာ ခန္ဓာကိုယ်ထဲရောက်တာနဲ့ အူနဲ့အစာလမ်းကြောင်းကနေစုပ်ယူပြီး အသည်းကိုရောက်ပါတယ်..

အယ်လ်ကိုဟောဟာ ခန္ဓာကိုယ်အတွက် အဆိပ်အတောက်ဖြစ်စေတဲ့အတွက် အသည်းကနေ အင်ဇိုင်းတစ်မျိုးအသုံးပြုပြီး အဆိပ်အတောက်မရှိတဲ့ဓာတ်ပစ္စည်း အဖြစ် ပြောင်းပေးရပါတယ်..

အဲ့ဒီအင်ဇိုင်းကို အယ်လ်ကိုဟော ဒီဟိုက်ဒရိုဂျင်နေ့စ် (Alcohol dehydrogenase) လို့ ခေါ်ပါတယ်..
၂၀ဝ၉ ခုနှစ်တုန်းက ဂျပန်နိုင်ငံမှာပြုလုပ်တဲ့ သုတေသနစာတမ်းတစ်ခုမှာ ဖော်ပြချက်အရ ဒူးရင်းသီးမှာပါဝင်တဲ့ ဓာတ်ပစ္စည်းတွေဟာ အယ်လ်ကိုဟော ဒီဟိုက်ဒရိုဂျင်နေ့စ်အင်ဇိုင်းရဲ့ လုပ်ဆောင်ချက်တွေကို ဟန့်တားပိတ်ပင်တဲ့ အာနိသင်ရှိပါတယ်..

ဒါကြောင့် ဒူးရင်းသီးစားပြီး အရက်သောက်လို့ပဲဖြစ်ဖြစ်၊ အရက်သောက်ပြီးမှ ဒူးရင်းသီးစားလို့ပဲဖြစ်ဖြစ်
အရက်မှာပါဝင်တဲ့အယ်လ်ကိုဟောတွေဟာဓာတ်ပြယ်ခြင်းမရှိဘဲသွေးထဲမှာအများကြီးဖြစ်လာပြီးသေဆုံးနိုင်ပါတယ်

ဒါ့ကြောင့်ဒူးရင်းသီးနဲ့အရက်ဟာတွဲမစားသင့်တဲ့အစားအစာဖြစ်ပါတယ်..

တကယ်လို့ အမှတ်တမဲ့နဲ့ ၂ မျိုးကို ၁၂ နာရီအတွင်းမှာစားခဲ့ရင် ခန္ဓာကိုယ်မှာ ပူလောင်မှုကို ခံစားရပါတယ်
အရက်ရော ဒူးရင်းသီးဟာ အပူစာတွေ (Heat generating foods) ဖြစ်လို့ပါ.

ပြီးရင်ပါးစပ်ကအမြှုပ်တွေထွက်ပြီး သတိလစ်သလို ဖြစ်လာတတ်ပါတယ်.
ပိုဆိုးတဲ့သူတွေမှာ သွေးစတွေပါ တံတွေးထဲမှာ ပါလာတတ်ပါတယ်.
ဒါဆိုရင် ဆေးရုံကို အရေးပေါ်ပို့ဖို့လိုပါမယ်..
နဂိုကတည်းက ဆီးချိုသွေးချို၊ သွေးတိုး၊ နှလုံးသွေးကြောကျဉ်း၊ အဝလွန်ရောဂါရှိသူတွေမှာဖြစ်ရင်
ပိုဆိုးလေ့ရှိတော့ အဲ့လိုလူမျိုးတွေက ပိုဂရုပြုရပါမယ်..

ဖိုးသူတော် (www.phothutaw.com)
Credit: Dr. Khin Mg Lwin
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top