iMyanmarHouse.com - Best Property Website for Myanmar
×

အမ်ဳိးသားတစ္ဦးအား က်ပ္သိန္းေလးဆယ္ခန္႔အေႂကြး ေပးရမည့္ အမ်ဳိးသမီးက ေငြအစား အသက္ (၁၂)ႏွစ္အရြယ္ သမီး အရင္းကိုေပးရန္ စီစဥ္ေနသည္ဆို၍ လူမႈဝန္ထမ္းဦးစီးဌာနက အဆိုပါအမ်ဳိးသမီးအား အမႈဖြင့္ၿပီး ကေလးငယ္ကို ေခၚယူေစာင့္ ေရွာက္ထားသည္။

မႏၲေလးၿမိဳ႕ ကန္သာယာရပ္ကြက္ေန အသက္ (၃၀) ေက်ာ္ အရြယ္ အမ်ဳိးသမီးတစ္ဦးကို မႏၲေလးတိုင္းေဒသႀကီး လူမႈဝန္ထမ္းဦးစီးဌာနက တရား လိုလုပ္၍ ေဖေဖာ္ဝါရီ ၁၅ ရက္ တြင္ အမႈဖြင့္ခဲ့သည္။ ကန္သာ ယာရပ္ကြက္ အထက္တန္း ေက်ာင္းတစ္ေက်ာင္းတြင္ ဆ႒မတန္း တက္ေရာက္ေနေသာ အသက္ (၁၂)ႏွစ္ႏွင့္ ႏွစ္လအရြယ္ ေက်ာင္းသူတစ္ဦးသည္ အိမ္မျပန္ခ်င္ေၾကာင္းေျပာကာ ငိုယုိေန၍ ေက်ာင္းအုပ္ႀကီးက ေခၚယူေမးရာမွ အထက္ပါျဖစ္ရပ္ ေပၚ ေပါက္ခဲ့သည္။

လူကုန္ကူးမႈ တားဆီးႏွိမ္ နင္းေရးရဲတပ္ဖြဲ႕ ဒုတိယရဲမွဴးႀကီး တစ္ဦးက‘‘ကေလးသူငယ္တပ္ဖြဲ႕ စုက ေခၚေမးေတာ့ အမ်ဳိးသမီးက ေယာက္်ားဆံုးတာ မၾကာေသး ဘူး။ က်န္းမာေရးကလည္း မ ေကာင္း၊ ေႂကြးေတြပူၿပီး သိန္း ေလးဆယ္ေလာက္ ေႂကြးတင္ေန တယ္။ ဟိုဘက္လူက အမ်ဳိးသမီးရဲ႕ ေငြေၾကးလိုအပ္ခ်က္ေတြကို ျဖည့္ဆည္းေပးေနတဲ့ သေဘာလို႔ အၾကမ္းဖ်င္းသိရတယ္။

လူကုန္ ကူးဖို႔ဆိုတာမ်ဳိးေတာ့ မျဖစ္ဘူး။ ဒါေပမဲ့ အသက္(၁၃)ႏွစ္ပဲရွိေသးတဲ့ ကေလးကို ဟိုဘက္ကို ပိုက္ဆံေပးစရာရွိတဲ့အခါမ်ဳိးက် ထိုးအပ္မယ့္သေဘာေပါ့။ ေနာက္ၿပီး (တစ္ဖက္လူက ကေလးကိုေခၚ ၍) ကာရာအိုေကေတြသြား၊ ေသာက္စား။ ကေလးကိုစည္း႐ံုး။ ကေလးကျငင္းေတာ့ ႐ိုက္ႏွက္ တာေတြရွိေတာ့ ျဖစ္တဲ့ေန႔မွာပဲ လူမႈဝန္ထမ္းကိုပို႔ၿပီး၊ လူမႈဝန္ ထမ္းက တရားလိုလုပ္ၿပီး ကေလးသူငယ္ဥပေဒနဲ႔ အမႈဖြင့္ထားတယ္’’ဟု လတ္တေလာ စံုစမ္းသိရွိခ်က္ကို ထုတ္ေဖာ္ေျပာၾကားသည္။

ကေလးသူငယ္ ဥပေဒပုဒ္မ ၆၆(ဃ)ျဖင့္ အမႈဖြင့္ခံရေသာ အမ်ဳိးသမီးသည္ ကန္သာယာရပ္ ကြက္အနီး က်ဴးေက်ာ္တြင္ ေန ထုိင္ၿပီး ၎က အေႂကြးေပးရန္ရွိ ေနသည့္ အမ်ဳိးသားသည္ အ သက္ (၄၀)အရြယ္ ခ်ဲေလာင္း ကစားျပဳလုပ္ေသာ ကိုရဲဟူသည့္ အမ်ဳိးသားျဖစ္ေၾကာင္း ရဲတပ္ဖြဲ႕ ကဆိုသည္။

မႏၲေလးတိုင္းေဒသႀကီး လူမႈဝန္ထမ္းဦးစီးဌာန ၫႊန္ၾကားေရးမွဴး ဦးေက်ာ္ဝင္းက ကေလးငယ္ကို အမ်ဳိးသမီးသင္တန္းေက်ာင္း တစ္ခုတြင္ ေခၚယူေစာင့္ေရွာက္ ထားေၾကာင္း ေဖေဖာ္ဝါရီ ၁၉ ရက္ကေျပာသည္။

ကေလးသူငယ္ဥပေဒတြင္ မိဘအုပ္ထိန္းသူေအာက္၌ အ ေၾကာင္းအမ်ဳိးမ်ဳိးေၾကာင့္ထားရန္ မသင့္ေတာ္ေသာ ကေလးငယ္ မ်ားကို အထူးကာကြယ္ေစာင့္ ေရွာက္ရန္ လိုအပ္ေသာ ကေလး သူငယ္မ်ားအျဖစ္ သတ္မွတ္ကာ လူမႈဝန္ထမ္းက ေခၚယူေစာင့္ ေရွာက္ရန္ ျပ႒ာန္းထားသည္။

အမႈဖြင့္ခံရသည့္ အမ်ဳိးသမီး၏ ခင္ပြန္းသည္ လြန္ခဲ့ေသာ သံုးလ ခန္႔က ကြယ္လြန္ၿပီး လက္ရွိတြင္ အဆိုပါအမ်ဳိးသမီး၏ အုပ္ထိန္းမႈ ေအာက္၌ စတုတၳတန္းေက်ာင္း သားတစ္ဦးႏွင့္ အသက္ (၃)ႏွစ္ အရြယ္ ကေလးလည္း က်န္ရွိေန ေၾကာင္း ကန္သာယာရပ္ကြက္ အုပ္ခ်ဳပ္ေရးအဖြဲ႕ဝင္ ဦးသန္းထြန္း ေလးကေျပာသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7Day News Journal

#Unicode Version#
အမျိုးသားတစ်ဦးအား ကျပ်သိန်းလေးဆယ်ခန့်အကြွေး ပေးရမည့် အမျိုးသမီးက ငွေအစား အသက် (၁၂)နှစ်အရွယ် သမီး အရင်းကိုပေးရန် စီစဉ်နေသည်ဆို၍ လူမှုဝန်ထမ်းဦးစီးဌာနက အဆိုပါအမျိုးသမီးအား အမှုဖွင့်ပြီး ကလေးငယ်ကို ခေါ်ယူစောင့် ရှောက်ထားသည်။

မန္တလေးမြို့ ကန်သာယာရပ်ကွက်နေ အသက် (၃၀) ကျော် အရွယ် အမျိုးသမီးတစ်ဦးကို မန္တလေးတိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာနက တရား လိုလုပ်၍ ဖေဖော်ဝါရီ ၁၅ ရက် တွင် အမှုဖွင့်ခဲ့သည်။ ကန်သာ ယာရပ်ကွက် အထက်တန်း ကျောင်းတစ်ကျောင်းတွင် ဆဋ္ဌမတန်း တက်ရောက်နေသော အသက် (၁၂)နှစ်နှင့် နှစ်လအရွယ် ကျောင်းသူတစ်ဦးသည် အိမ်မပြန်ချင်ကြောင်းပြောကာ ငိုယိုနေ၍ ကျောင်းအုပ်ကြီးက ခေါ်ယူမေးရာမှ အထက်ပါဖြစ်ရပ် ပေါ် ပေါက်ခဲ့သည်။

လူကုန်ကူးမှု တားဆီးနှိမ် နင်းရေးရဲတပ်ဖွဲ့ ဒုတိယရဲမှူးကြီး တစ်ဦးက‘‘ကလေးသူငယ်တပ်ဖွဲ့ စုက ခေါ်မေးတော့ အမျိုးသမီးက ယောက်ျားဆုံးတာ မကြာသေး ဘူး။ ကျန်းမာရေးကလည်း မ ကောင်း၊ ကြွေးတွေပူပြီး သိန်း လေးဆယ်လောက် ကြွေးတင်နေ တယ်။ ဟိုဘက်လူက အမျိုးသမီးရဲ့ ငွေကြေးလိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနေတဲ့ သဘောလို့ အကြမ်းဖျင်းသိရတယ်။

လူကုန် ကူးဖို့ဆိုတာမျိုးတော့ မဖြစ်ဘူး။ ဒါပေမဲ့ အသက်(၁၃)နှစ်ပဲရှိသေးတဲ့ ကလေးကို ဟိုဘက်ကို ပိုက်ဆံပေးစရာရှိတဲ့အခါမျိုးကျ ထိုးအပ်မယ့်သဘောပေါ့။ နောက်ပြီး (တစ်ဖက်လူက ကလေးကိုခေါ် ၍) ကာရာအိုကေတွေသွား၊ သောက်စား။ ကလေးကိုစည်းရုံး။ ကလေးကငြင်းတော့ ရိုက်နှက် တာတွေရှိတော့ ဖြစ်တဲ့နေ့မှာပဲ လူမှုဝန်ထမ်းကိုပို့ပြီး၊ လူမှုဝန် ထမ်းက တရားလိုလုပ်ပြီး ကလေးသူငယ်ဥပဒေနဲ့ အမှုဖွင့်ထားတယ်’’ဟု လတ်တလော စုံစမ်းသိရှိချက်ကို ထုတ်ဖော်ပြောကြားသည်။

ကလေးသူငယ် ဥပဒေပုဒ်မ ၆၆(ဃ)ဖြင့် အမှုဖွင့်ခံရသော အမျိုးသမီးသည် ကန်သာယာရပ် ကွက်အနီး ကျူးကျော်တွင် နေ ထိုင်ပြီး ၎င်းက အကြွေးပေးရန်ရှိ နေသည့် အမျိုးသားသည် အ သက် (၄၀)အရွယ် ချဲလောင်း ကစားပြုလုပ်သော ကိုရဲဟူသည့် အမျိုးသားဖြစ်ကြောင်း ရဲတပ်ဖွဲ့ ကဆိုသည်။

မန္တလေးတိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်ဝင်းက ကလေးငယ်ကို အမျိုးသမီးသင်တန်းကျောင်း တစ်ခုတွင် ခေါ်ယူစောင့်ရှောက် ထားကြောင်း ဖေဖော်ဝါရီ ၁၉ ရက်ကပြောသည်။

ကလေးသူငယ်ဥပဒေတွင် မိဘအုပ်ထိန်းသူအောက်၌ အ ကြောင်းအမျိုးမျိုးကြောင့်ထားရန် မသင့်တော်သော ကလေးငယ် များကို အထူးကာကွယ်စောင့် ရှောက်ရန် လိုအပ်သော ကလေး သူငယ်များအဖြစ် သတ်မှတ်ကာ လူမှုဝန်ထမ်းက ခေါ်ယူစောင့် ရှောက်ရန် ပြဋ္ဌာန်းထားသည်။

အမှုဖွင့်ခံရသည့် အမျိုးသမီး၏ ခင်ပွန်းသည် လွန်ခဲ့သော သုံးလ ခန့်က ကွယ်လွန်ပြီး လက်ရှိတွင် အဆိုပါအမျိုးသမီး၏ အုပ်ထိန်းမှု အောက်၌ စတုတ္ထတန်းကျောင်း သားတစ်ဦးနှင့် အသက် (၃)နှစ် အရွယ် ကလေးလည်း ကျန်ရှိနေ ကြောင်း ကန်သာယာရပ်ကွက် အုပ်ချုပ်ရေးအဖွဲ့ဝင် ဦးသန်းထွန်း လေးကပြောသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: 7Day News Journal
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top