သံလမ်းမှတ်တိုင်အနီး ဓမ္မသုခကျောင်းလမ်းရှိ မြေအချိုးကျ ပိုင်ဆိုင်မည့် The Leaf Residence အထူးအရောင်းပြပွဲ
×
# Unicode Version ဖြင့် ဖတ်ပါ #
အဆိုတော်မိစန္ဒီအနေနဲ့ 'ကလေးကင်ဆာဝေဒနာဈေးဝယ်ရင်းနဲ့ကူညီပါ' ဆိုတဲ့ဈေးရောင်းပွဲတော်မှာ ပရိသတ်တွေဆီကရရှိထားတဲ့ အရုပ်လေးတွေရော၊ သူချစ်လို့စုပြီးသိမ်းထားတဲ့ဝက်ရုပ်လေးတွေရောအားလုံးကို ရောင်းပြီးရသမျှေ ငွတွေအားလုံးကိုတော့ ကင်ဆာကလေးငယ်တွေအတွက်ပြန်လှူဒါန်းသွားမယ် လို့သိရပါတယ်။  ဒါနဲ့ပတ်သက်ပြီးမိစန္ဒီက
"မိစန္ဒီစုထားတဲ့ဝက်ရုပ်လေးတွေရော၊ ပရိသတ်တွေလက်ဆောင်ပေးထားတဲ့ အရုပ်လေးတွေရောအားလုံးကို ဈေးအသက်သာဆုံးနဲ့ “ချစ်သောမြန်မာ”ပရဟိတ အဖွဲ့ကပြုလုပ်တဲ့ဈေးရောင်းပွဲလေးမှာရောင်းချပြီး ရသမျှငွေတွေအားလုံးကို ကင်ဆာဖြစ်နေတဲ့ကလေးတွေအတွက် တကယ်ကိုလိုအပ်နေတဲ့ ဆေးသွင်း စက်များကိုဝယ်ပြီးလှူဒါန်းသွားမှာဖြစ်ပါတယ်။ လက်ဆောင်ပေးထားတဲ့ ပရိသတ်တွေရော၊ မိစန္ဒီရောကုသိုလ်ရ ပြီးအမှတ်တရအားပေးဝယ်ယူတဲ့ ပရိသတ်တွေလည်းကုသိုလ်ရအောင် လာအားပေးဖို့ဖိတ်ခေါ်ပါတယ်။ ပွဲမှာ မိစန္ဒီလည်းရှိနေမယ်နော်။ အရုပ်တွေေ တာ်တော်များများကလုံးဝအသစ်အတိုင်း အသန့်တွေပါနော်"ဆိုပြီး သူ့ရဲ့ဖေ့ဘွတ်မှာ ရေးသားထားတာဖြစ်ပါတယ်။
အဆိုပါဈေးရောင်းပွဲကို မေ၃၀ရက်နေ့မှဇွန်လ၃ရက်နေ့အထိ ညနေ၃နာရီကနေ ၉နာရီMyanmar Culture Valley (People!s Park)ပြည်သူ့ရင်ပြင်ရွှေတိဂုံ အနောက်ဖက်မျက်နှာချင်းဆိုင်၊ Basement မြေအောက်ထပ်မှာပြုလုပ်သွား မှာဖြစ်ပြီးအရုပ်တွေအပြင်၊ အခြားအသုံးအဆောင်ပစ္စည်းတွေကိုပါ မေလ၃၀ ရက်နေ့ထဲကစတင်ရောင်းချနေပြီလို့သိရပါတယ်။
ဖိုးသူတော် (www.phothutaw.com)
Credit: myanmaplatform
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top