×

အခုေခတ္မွာ မိန္းကေလးေတြဟာ ဘယ္အရြယ္ပဲျဖစ္ျဖစ္ စိတ္မခ်ရေတာ့ပါဘူး၊ ဒီလိုေျပာလိုက္ေတာ့ ေယာက်္ားေတြ အလိုလိုေနရင္း သိကၡာက်ရပါတယ္။ ဒါေပမယ့္ အခုလို လက္သရမ္းတဲ့ ေယာက်္ားေတြ ရွိေနေတာ့လည္း ငါးခုံးမတစ္ေကာင္ေၾကာင့္ တစ္ေလွလုံးပုတ္ေနဦးမွာပါ။

ၿပီးခဲ့တဲ့ တနဂၤေႏြေန႔က တ႐ုတ္နိုင္ငံ စူက်ိဳးမွာရွိတဲ့ အထပ္ျမင့္ေနအိမ္တိုက္ခန္း ဓါတ္ေလွကားထဲမွာ ကေလးမ ငယ္ငယ္ေလးတစ္ေယာက္ကို အသက္ ၈၀ ေက်ာ္ အဖိုးႀကီးတစ္ေယာက္က လူေတြအလစ္မွာ မဖြယ္မရာအတင္းအၾကပ္ ျပဳလုပ္ခဲ့တာေၾကာင့္ အဖမ္းခံခဲ့ရပါတယ္။

အဖိုးႀကီးဟာ ဓါတ္ေလွကားထဲမွာ စီစီတီဗီကင္မရာ တပ္ဆင္ထားတာကို သိပုံမရပါဘူး။ ဓါတ္ေလွကားတံခါးပိတ္တာနဲ႔ ကေလးမေလးကို စကားေရာေဖာေရာ လုပ္ၿပီး ေနာက္ကေနသိုင္းဖက္ကာ ကေလးမေလးရဲ့ ရင္သားကို ကိုယ္တြယ္ခဲ့ၿပီး ခႏၶာကိုယ္ခ်င္းပူးကာ မဖြယ္မရာ လုပ္ခဲ့တာကို ဗီဒီယိုမွာ ေတြ႕ျမင္ခဲ့ရပါတယ္။

ကေလးမေလးက ကမန္းကတန္း ႐ုန္းထြက္ၿပီး ဓါတ္ေလွကားရပ္တဲ့အထပ္မွာပဲ ဆင္းသြားခဲ့ပါတယ္။ အဖိုးႀကီးကေတာ့ ဘာမွမျဖစ္ခဲ့သလို တာ့တာျပႏွုတ္ဆက္ေနပါေသးတယ္။

ကေလးမေလးရဲ့မိခင္က ျဖစ္စဥ္နဲ႔ပက္သက္ၿပီး တနဂၤေႏြေန႔ ညေန ၃ နာရီေလာက္က အေအးသြားဝယ္ဦးမယ္ဆိုၿပီး တစ္ေယာက္ထဲဆင္းသြားခဲ့တာျဖစ္ေၾကာင္း၊ ဒါေပမယ့္ျပန္လာတဲ့အခါ ဘာအေအးမွ မပါလာတဲ့အတြက္ သမီးျဖစ္သူကို အက်ိဳးအေၾကာင္းေမးရာမွ အေၾကာင္းစုံသိသြားပါတယ္။

မိခင္ျဖစ္သူက ဓါတ္ေလွကားရဲ့ စီစီတီဗီကို ခ်က္ျခင္းသြားၿပီးစစ္ေဆးတဲ့အခါ ထိတ္လန႔္သြားခဲ့ၿပီးေနာက္ ခ်က္ျခင္းရဲတိုင္ခဲ့တဲ့အတြက္ အဖိုးႀကီးကို ဖမ္းဆီးနိုင္ခဲ့ပါတယ္။ ဒီဗီဒီယိုကိုလည္း အားလုံးအတြက္ သင္ခန္းစာရေအာင္ အြန္လိုင္းေပၚမွာ သူမကိုယ္တိုင္ ျပန္တင္ခဲ့ပါတယ္။

အဖိုးႀကီးရဲ့ မိသားစုေတြက ဒီျဖစ္စဥ္အေပၚ ေတာင္းပန္ျခင္း လုံးဝမရွိခဲ့ဘူးလို႔ ဆိုပါတယ္။
ဒါေၾကာင့္ အမ်ိဳးသမီးေတြဟာ ဘယ္အရြယ္ပဲျဖစ္ျဖစ္ ဘယ္ေနရာမွ စိတ္ခ်စရာမေကာင္းေတာ့တာ ယေန႔ေခတ္ရဲ့ ကပ္ေရာဂါလို ျဖစ္ေနပါၿပီ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: popolay

#Unicode Version#
အခုခေတ်မှာ မိန်းကလေးတွေဟာ ဘယ်အရွယ်ပဲဖြစ်ဖြစ် စိတ်မချရတော့ပါဘူး၊ ဒီလိုပြောလိုက်တော့ ယောကျ်ားတွေ အလိုလိုနေရင်း သိက္ခာကျရပါတယ်။ ဒါပေမယ့် အခုလို လက်သရမ်းတဲ့ ယောကျ်ားတွေ ရှိနေတော့လည်း ငါးခုံးမတစ်ကောင်ကြောင့် တစ်လှေလုံးပုတ်နေဦးမှာပါ။

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က တရုပ်နိုင်ငံ စူကျိုးမှာရှိတဲ့ အထပ်မြင့်နေအိမ်တိုက်ခန်း ဓါတ်လှေကားထဲမှာ ကလေးမ ငယ်ငယ်လေးတစ်ယောက်ကို အသက် ၈၀ ကျော် အဖိုးကြီးတစ်ယောက်က လူတွေအလစ်မှာ မဖွယ်မရာအတင်းအကြပ် ပြုလုပ်ခဲ့တာကြောင့် အဖမ်းခံခဲ့ရပါတယ်။

အဖိုးကြီးဟာ ဓါတ်လှေကားထဲမှာ စီစီတီဗီကင်မရာ တပ်ဆင်ထားတာကို သိပုံမရပါဘူး။ ဓါတ်လှေကားတံခါးပိတ်တာနဲ့ ကလေးမလေးကို စကားရောဖောရော လုပ်ပြီး နောက်ကနေသိုင်းဖက်ကာ ကလေးမလေးရဲ့ ရင်သားကို ကိုယ်တွယ်ခဲ့ပြီး ခန္ဓာကိုယ်ချင်းပူးကာ မဖွယ်မရာ လုပ်ခဲ့တာကို ဗီဒီယိုမှာ တွေ့မြင်ခဲ့ရပါတယ်။

ကလေးမလေးက ကမန်းကတန်း ရုန်းထွက်ပြီး ဓါတ်လှေကားရပ်တဲ့အထပ်မှာပဲ ဆင်းသွားခဲ့ပါတယ်။ အဖိုးကြီးကတော့ ဘာမှမဖြစ်ခဲ့သလို တာ့တာပြနှုတ်ဆက်နေပါသေးတယ်။

ကလေးမလေးရဲ့မိခင်က ဖြစ်စဉ်နဲ့ပက်သက်ပြီး တနင်္ဂနွေနေ့ ညနေ ၃ နာရီလောက်က အအေးသွားဝယ်ဦးမယ်ဆိုပြီး တစ်ယောက်ထဲဆင်းသွားခဲ့တာဖြစ်ကြောင်း၊ ဒါပေမယ့်ပြန်လာတဲ့အခါ ဘာအအေးမှ မပါလာတဲ့အတွက် သမီးဖြစ်သူကို အကျိုးအကြောင်းမေးရာမှ အကြောင်းစုံသိသွားပါတယ်။

မိခင်ဖြစ်သူက ဓါတ်လှေကားရဲ့ စီစီတီဗီကို ချက်ခြင်းသွားပြီးစစ်ဆေးတဲ့အခါ ထိတ်လန့်သွားခဲ့ပြီးနောက် ချက်ခြင်းရဲတိုင်ခဲ့တဲ့အတွက် အဖိုးကြီးကို ဖမ်းဆီးနိုင်ခဲ့ပါတယ်။ ဒီဗီဒီယိုကိုလည်း အားလုံးအတွက် သင်ခန်းစာရအောင် အွန်လိုင်းပေါ်မှာ သူမကိုယ်တိုင် ပြန်တင်ခဲ့ပါတယ်။

အဖိုးကြီးရဲ့ မိသားစုတွေက ဒီဖြစ်စဉ်အပေါ် တောင်းပန်ခြင်း လုံးဝမရှိခဲ့ဘူးလို့ ဆိုပါတယ်။
ဒါကြောင့် အမျိုးသမီးတွေဟာ ဘယ်အရွယ်ပဲဖြစ်ဖြစ် ဘယ်နေရာမှ စိတ်ချစရာမကောင်းတော့တာ ယနေ့ခေတ်ရဲ့ ကပ်ရောဂါလို ဖြစ်နေပါပြီ။


ဖိုးသူတော် (www.phothutaw.com)
Credit: popolay
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top