iMyanmarHouse.com - Best Property Website for Myanmar
×






Credit: POPOLAY

#Unicode Version#
  အသက် ၂၆ နှစ်အရွယ် အိန္ဒိယအမျိုးသားတစ်ဦး ရေချိုးခန်းထဲတွင် ချော်လဲရာမှ ၆ လက္မခန့်ရှိသော ရေပန်းလက်ကိုင် စအိုထဲဝင်ခဲ့သဖြင့် အရေးပေါ်အခြေအနေဖြင့် ဆေးရုံရောက်ရခဲ့ရသည်။

အမျိုးသားက ရေပန်းကို ကိုင်လျှက် ရေချိုးနေစဉ်တွင် ရုတ်တရက်ချော်လဲပြီးနောက် ယခုကဲ့သို့ ရေပန်းလက်ကိုင် ဖင်(စအို)ထဲ ဝင်ခဲ့သည်ဟု ပြောဆိုခဲ့သည်။ သို့သော် ဆရာဝန်များအနေနဲ့ ထိန်ချန်ထားသော အကြောင်းတစ်စုံတစ်ရာရှိလိမ့်မည်ဟု သံသယဖြစ်ခဲ့ကြသည်။

နယူးဒေလီရှိ ဆေးသိပ္ပံသုတေသနမှ ဆရာဝန်တစ်ဦးကတော့ သွေးရိုးသားရိုး မဖြစ်နိုင်ကြောင်း သံသယရှိခဲ့ပြီး ပုံမှန်အားဖြင့် အခုလိုအခြေအနေမျိုးတွင် သွေးထွက်တာတွေ ဖြစ်တတ်သော်လည်း အဆိုပါအမျိုးသားမှာ သွေးထွက်ခြင်းမရှိကြောင်း ပြောဆိုခဲ့သည်။
အမျိုးသားကတော့ သူအရင်ကလည်း ဒီလိုမျိုးတွေ မလုပ်ဖူးကြောင်း ငြင်းဆိုလျှက်ရှိသည်။

ဓာတ်မှန်ရိုက်ကြည့်လိုက်သည့်အခါတွင် ရေပန်းလက်ကိုင်ရိုးမှာ ၆ လက္မခန့် စအိုထဲဝင်နေပြီး စုတ်ပြဲဒဏ်ရာမရှိကြောင်း တွေ့ရှိခဲ့သည်။ အဲဒီနောက်မှာတော့ ခွဲစိပ်ခန်းတွင် ရေပန်းလက်ကိုင်ကို ပြန်လည်နှုတ်ယူပေးနိုင်ခဲ့သည်။


ဖိုးသူတော် (www.phothutaw.com)
Credit: POPOLAY
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top