န၀ေဒးရုပ္ရွင္ရံု ႏွင့္ ဗဟိုမီးသတ္အနီး Facility ျပည့္စံုသည့္ အသင့္ေန Real Home ကြန္ဒိုအေရာင္းျပပြဲ
×

ႏို႕လို႔ေျပာလိုက္တာနဲ႕ ပဲႏို႕၊ ႏြားႏို႕၊ ဆိတ္ႏို႕ စသျဖင့္ ေျပးျမင္ၾကမွာပါ။ အခုေတာ့ ထူးထူးဆန္းဆန္း ပိုးဟပ္ႏုိ႕ပါတဲ့။ ဒီႏို႕ကုိ စတင္တီထြင္လုိက္တာကေတာ့ အေမရိကန္ႏုိင္ငံမွာပါ။

ႏြားႏို႕ေတြဟာ စီးပြားေရးေစ်းကြက္မွာ အမ်ားအျပား ေရာင္းခ်ေနရၿပီး တစ္ႏွစ္ကို တန္ခ်ိန္ (၇၅၀) သန္း အထိ ထုတ္လုပ္ရတာေၾကာင့္ ထုတ္ကုန္က အၿမဲလိုေနအပ္ေနပါတယ္။တိုးျမင့္လာတဲ့ ကမာၻ႕လူဦးေရအတြက္ သဘာဝအရင္းအျမစ္ကေန အစားအစာကို ဘယ္လိုထုတ္လုပ္ၾကမလဲဆိုတာကို ရွာေဖြရင္း ပိုးဟပ္ႏြားႏို႕ကို ထုတ္လုပ္ႏုိင္ခဲ့တာျဖစ္ပါတယ္။ ႏြားေတြထပ္ေမြးဖို႔ လယ္ကြင္းေတြ၊ ေနရာေတြ အမ်ားအျပားလိုအပ္ေပမဲ့ ပိုးဟပ္ႏို႕အတြက္ကေတာ့ ဒီလိုအရာေတြ လံုးဝမလိုအပ္တာက သူ႔ရဲ႕ အားသာခ်က္ပါ။

ဒါ့အျပင္ ထုတ္ကုန္ထုတ္လုပ္ဖို႔ ကုန္က်တဲ့စားရိတ္က လည္း အလြန္သက္သာၿပီး ပိုးဟပ္ႏို႕ထဲမွာ ဆန္မွာပါတဲ့ ဓါတ္ေတြလည္း ပါဝင္တာေၾကာင့္ က်န္းမာေရးနဲ႕ညီညြတ္တယ္လို႔ ထုတ္လုပ္သူေတြက ေျပာပါတယ္။ အခ်ိဳ႕သူေတြကေတာ့ ပိုးဟပ္ႏုိ႕ကို ေန႕စဥ္အဟာရအေနနဲ႕လည္း ေသာက္သံုးၾကတယ္လို႔ သိရပါတယ္။

ပိုးဟပ္ႏို႕ကို ပိုးဟပ္မွာပါတဲ႕ အဆီခဲေလးေတြကေန ထုတ္ထားတာျဖစ္ပါတယ္။ အဆီခဲေလးေတြအမ်ားစုက ပိုးဟပ္ရဲ႕ ေျခေထာက္မွာရွိတတ္ၾကပါတယ္။သိပၸံပညာရွင္ေတြရဲ႕စမ္းသပ္ခ်က္အရ အဆိုပါအဆီခဲေလးေတြဟာ တစ္ေန႕တာအတြက္လိုအပ္္တဲ့ အဟာရဓါတ္ေတြပါေနတယ္လို႔ သိရပါတယ္။ အမီနိုအက္ဆစ္၊ ပရိုတင္းဓါတ္ (အသားဓါတ္)ေတြ အမ်ားဆံုးပါဝင္တာေၾကာင့္ ကေလးနဲ႕ အသက္ရြယ္ႀကီးလြန္းသူေတြအတြက္အထူးသင့္ေသာ္ပါတယ္။

အိႏၵိယႏုိင္ငံမွ ေဆးပညာနဲ႕ ကိုယ္တြင္းဆဲလ္မ်ားစမ္းသပ္တဲ့ ဌာန၊ ေဆးဝါးဌာနခ်ဳပ္ရဲ႕ ေလ့လာခ်က္အရ ပိုးဟပ္နုိ႕ဟာ အျခားႏုိ႕ေတြထက္ အဟာရဓါတ္အသာလြန္ဆံုးျဖစ္ေနတယ္လို႔ ဆိုပါတယ္။ အရသာကေတာ့ ႏြားနို႕အရသာနဲ႕ကြဲၿပီး ပဲႏို႕အရသာနဲ႕ ခပ္ဆင္ဆင္ရွိတယ္လို႔ သိရပါတယ္။

ပိုးဟပ္ႏို႕မွာ အမွ်င္ဓါတ္၊ အသားဓါတ္၊ အဆီဓါတ္၊ သၾကားဓါတ္ေတြ ပါတာေၾကာင့္ တစ္ေန႕သံုးၾကိမ္ ေသာက္သံုးေပးပါက အသက္ရွင္က်န္းမာႏုိင္ေခ်မ်ားမယ္လို႔ ေဆးဝါးေလ့လာသူေတြက ေျပာပါတယ္။
ႏို႕ထုတ္မဲ့ ပိုးဟပ္ေတြကို သီးသန္႕ေမြးျမဴရတာျဖစ္ၿပီး ၾကက္ဥခြံေတြေအာက္မွာ ထားရတယ္လို႔ သိရပါတယ္။ ဗီတာမင္ေတြ အျပည့္အဝေကၽြးထားတဲ့ ပိုးဟပ္ငယ္ေတြဆီကေန ႏို႕ထုတ္လုပ္တာျဖစ္လို႔ သန္႔ရွင္းလတ္ဆတ္မႈအတြက္ စိတ္ပူဖို႔ မလုိပါဘူး။

ဒီပိုးဟပ္ႏို႕ရဲ႕အမည္ကိုေတာ့ “Entomilk” ေပးထားပါတယ္။ သီးသန္႔ေမြးျမဴထားတဲ့ ပိုးဟပ္ေတြဆီကေန ႏို႕ထုတ္လုပ္ရတာ လြယ္ေတာ့မလြယ္ပါဘူး။ ပိုးဟပ္အေကာင္တစ္ေထာင္ကို ႏို႕ ၉၁၀၀) ဂရမ္ႏႈန္းထြက္တယ္လို႔ သိရပါတယ္။

အသက္ရွည္ က်န္းမာဖို႔အတြက္ကေတာ့ ပိုးဟပ္ႏုိ႕က အသင့္ေတာ္ဆံုးျဖစ္ေပမဲ့ အသည္းယားယားနဲ႕ ေသာက္ရမယ္ဆိုတဲ့ အခ်က္ကေတာ့ ေသာက္သံုးသူေတြအတြက္ အဓိက စိန္ေခၚမႈပါပဲ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: ေနာ္ဘတ္တီဟန္ (MyanmarNote)
# Unicode Version ျဖင့္ ဖတ္ပါ #
နို့လို့ပြောလိုက်တာနဲ့ ပဲနို့၊ နွားနို့၊ ဆိတ်နို့ စသဖြင့် ပြေးမြင်ကြမှာပါ။ အခုတော့ ထူးထူးဆန်းဆန်း ပိုးဟပ်နို့ပါတဲ့။ ဒီနို့ကို စတင်တီထွင်လိုက်တာကတော့ အမေရိကန်နိုင်ငံမှာပါ။

နွားနို့တွေဟာ စီးပွားရေးဈေးကွက်မှာ အများအပြား ရောင်းချနေရပြီး တစ်နှစ်ကို တန်ချိန် (၇၅၀) သန်း အထိ ထုတ်လုပ်ရတာကြောင့် ထုတ်ကုန်က အမြဲလိုနေအပ်နေပါတယ်။တိုးမြင့်လာတဲ့ ကမ္ဘာ့လူဦးရေအတွက် သဘာဝအရင်းအမြစ်ကနေ အစားအစာကို ဘယ်လိုထုတ်လုပ်ကြမလဲဆိုတာကို ရှာဖွေရင်း ပိုးဟပ်နွားနို့ကို ထုတ်လုပ်နိုင်ခဲ့တာဖြစ်ပါတယ်။ နွားတွေထပ်မွေးဖို့ လယ်ကွင်းတွေ၊ နေရာတွေ အများအပြားလိုအပ်ပေမဲ့ ပိုးဟပ်နို့အတွက်ကတော့ ဒီလိုအရာတွေ လုံးဝမလိုအပ်တာက သူ့ရဲ့ အားသာချက်ပါ။

ဒါ့အပြင် ထုတ်ကုန်ထုတ်လုပ်ဖို့ ကုန်ကျတဲ့စားရိတ်က လည်း အလွန်သက်သာပြီး ပိုးဟပ်နို့ထဲမှာ ဆန်မှာပါတဲ့ ဓါတ်တွေလည်း ပါဝင်တာကြောင့် ကျန်းမာရေးနဲ့ညီညွတ်တယ်လို့ ထုတ်လုပ်သူတွေက ပြောပါတယ်။ အချို့သူတွေကတော့ ပိုးဟပ်နို့ကို နေ့စဉ်အဟာရအနေနဲ့လည်း သောက်သုံးကြတယ်လို့ သိရပါတယ်။

ပိုးဟပ်နို့ကို ပိုးဟပ်မှာပါတဲ့ အဆီခဲလေးတွေကနေ ထုတ်ထားတာဖြစ်ပါတယ်။ အဆီခဲလေးတွေအများစုက ပိုးဟပ်ရဲ့ ခြေထောက်မှာရှိတတ်ကြပါတယ်။သိပ္ပံပညာရှင်တွေရဲ့စမ်းသပ်ချက်အရ အဆိုပါအဆီခဲလေးတွေဟာ တစ်နေ့တာအတွက်လိုအပ်တဲ့ အဟာရဓါတ်တွေပါနေတယ်လို့ သိရပါတယ်။ အမီနိုအက်ဆစ်၊ ပရိုတင်းဓါတ် (အသားဓါတ်)တွေ အများဆုံးပါဝင်တာကြောင့် ကလေးနဲ့ အသက်ရွယ်ကြီးလွန်းသူတွေအတွက်အထူးသင့်သော်ပါတယ်။

အိန္ဒိယနိုင်ငံမှ ဆေးပညာနဲ့ ကိုယ်တွင်းဆဲလ်များစမ်းသပ်တဲ့ ဌာန၊ ဆေးဝါးဌာနချုပ်ရဲ့ လေ့လာချက်အရ ပိုးဟပ်နို့ဟာ အခြားနို့တွေထက် အဟာရဓါတ်အသာလွန်ဆုံးဖြစ်နေတယ်လို့ ဆိုပါတယ်။ အရသာကတော့ နွားနို့အရသာနဲ့ကွဲပြီး ပဲနို့အရသာနဲ့ ခပ်ဆင်ဆင်ရှိတယ်လို့ သိရပါတယ်။

ပိုးဟပ်နို့မှာ အမျှင်ဓါတ်၊ အသားဓါတ်၊ အဆီဓါတ်၊ သကြားဓါတ်တွေ ပါတာကြောင့် တစ်နေ့သုံးကြိမ် သောက်သုံးပေးပါက အသက်ရှင်ကျန်းမာနိုင်ချေများမယ်လို့ ဆေးဝါးလေ့လာသူတွေက ပြောပါတယ်။
နို့ထုတ်မဲ့ ပိုးဟပ်တွေကို သီးသန့်မွေးမြူရတာဖြစ်ပြီး ကြက်ဥခွံတွေအောက်မှာ ထားရတယ်လို့ သိရပါတယ်။ ဗီတာမင်တွေ အပြည့်အဝကျွေးထားတဲ့ ပိုးဟပ်ငယ်တွေဆီကနေ နို့ထုတ်လုပ်တာဖြစ်လို့ သန့်ရှင်းလတ်ဆတ်မှုအတွက် စိတ်ပူဖို့ မလိုပါဘူး။

ဒီပိုးဟပ်နို့ရဲ့အမည်ကိုတော့ “Entomilk” ပေးထားပါတယ်။ သီးသန့်မွေးမြူထားတဲ့ ပိုးဟပ်တွေဆီကနေ နို့ထုတ်လုပ်ရတာ လွယ်တော့မလွယ်ပါဘူး။ ပိုးဟပ်အကောင်တစ်ထောင်ကို နို့ ၉၁၀၀) ဂရမ်နှုန်းထွက်တယ်လို့ သိရပါတယ်။

အသက်ရှည် ကျန်းမာဖို့အတွက်ကတော့ ပိုးဟပ်နို့က အသင့်တော်ဆုံးဖြစ်ပေမဲ့ အသည်းယားယားနဲ့ သောက်ရမယ်ဆိုတဲ့ အချက်ကတော့ သောက်သုံးသူတွေအတွက် အဓိက စိန်ခေါ်မှုပါပဲ။

ဖိုးသူတော် (www.phothutaw.com)
Credit: နော်ဘတ်တီဟန် (MyanmarNote)
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top