ရန်ကင်းမြို့ နယ် Sedona Hotel အနီး အသင့်ဆောက်ပြီး စိမ်းလဲ့အောင်ကွန်ဒိုအရောင်းပြပွဲ
×
# Unicode Version ဖြင့် ဖတ်ပါ #
အဆိုတော်ရွှေထူးတစ်ယောက် ချစ်သူနဲ့လမ်းခွဲလိုက်ပြီးနောက်ပိုင်းမှာ ရသ တစ်ခုမြောက်တဲ့အချစ်သီချင်း ကောင်းလေးတစ်ပုဒ်ထွက်မယ်လို့သိရပါတယ်။ အဲဒါနဲ့ပတ်သက်ပြီးတော့ရွှေထူးက
“ဒီကြားထဲမှာ အချစ်သီချင်းကောင်းတစ်ပုဒ်ထွက်ဖို့ရှိပါတယ်။ ဒီတိုင်းရိုးရိုးလေး ပါပဲ။အသည်းကွဲသီချင်းပေါ့။ ကျွန်တော်ဆိုနေကျပုံစံလေးထဲကပဲ ဒါပေမယ့် ရသတစ်ခုတော့ပေးမှာပါ။ ကျွန်တော်ကိုယ်တိုင်တောင်တော် တော်ကြိုက်တယ်။ ဒါပေမယ့်အဲဒီ့သီချင်းက အခုလက်ရှိခံစားချက်နဲ့တော့မတိုက်ဆိုင်ပါဘူး။ ဒီသီချင်းကရေးထားတာတော့ကြာပါပြီ။ သီချင်းနားထောင်တုန်းတော့ခံစားမိနေ တာပေါ့နော်။ ဒီသီချင်းကအစောကြီးကတည်းက သူ့အကြောင်းအရာနဲ့သူပါ” လို့ဆိုပါတယ်။
လမ်းခွဲပြီးနောက်ပြောဆိုဝေဖန်ချက်တွေအပေါ်စိတ်မကောင်းပါဘူး။ဝမ်းနည်းရတယ်ဆိုတာကို
“ပြောတဲ့သူတွေကလည်းသူတို့မှာပြောပိုင်ခွင့်ရှိတယ်။ သူတို့အတွေးအမြင်နဲ့ ဆုံးဖြတ်တာဖြစ်လို့ဆုံးဖြတ်ပိုင်ခွင့်ရှိပါတယ်။ ကျွန်တော်လည်းလူထဲက လူတစ်ယောက်ပဲဆိုတော့ ကျွန်တော်ဆုံးဖြတ်ချက်ချမယ်။ ကျွန်တော့်ဆုံးဖြတ် ချက်မှားရင်လည်းမှားမယ်။ မှန်ရင်လည်းမှန်မယ်။ ဘာပဲဖြစ်ဖြစ်ကျွန်တော်က ခံယူဖို့အသင့်ပဲ။ သူတို့ပြောတာတွေလည်းစိတ်မဆိုးဘူး။ တစ်ချို့လွန်လွန် ကျူးကျူးပြောတာလေးတွေတော့တွေ့တာပေါ့။ ဒါပေမယ့် နားလည်ပါတယ်။ စိတ်တော့မကောင်းဖြစ်တာပေါ့ဗျာ။ သူတို့အကုန်လုံးပြောတာကိုလည်း နားလည်ပါတယ်” လို့ဆိုပါတယ်။
တစ်ရွာလုံးနဲ့တစ်ယောက်ဖြစ်နေလို့ ဝမ်းနည်းမိတယ် ဆိုတာကိုလည်း
“စိတ်မကောင်းတော့ဖြစ်တယ်။  ကိုယ်အသုံးမကျတဲ့အရာက ကိုယ့်အမေရော၊ ကိုယ့်ညီမရော တစ်ခါတစ်လေအပြောခံရတာကြုံလာရင် သူတို့ကိုတော့ပြော ထားတယ်။ကိုယ့်လုပ်ရပ်အတွက်အမေနဲ့ ညီမလေးကိုပြောလာကြတဲ့သူရှိလာရင် အမေဆိုလည်းအမေရဲ့သားဖြစ်နေလို့၊ ညီမလေးဆိုလည်းနင့်ရဲ့အစ်ကို ဖြစ်နေ လို့နားလည်ပေးပါပေါ့။ ကျွန်တော်ရှေ့လျှောက်လည်း အမှားတွေလုပ်မိရင်လုပ် မိနေဦးမှာပါပဲ။ မှန်လား၊မှားလားသူတို့ကိုမမေးပါဘူး။ ကျွန်တော်လုပ်ချင်တာကို ကျွန်တော်လုပ်လိုက်တယ်။ အဲဒီ့အတွက်ကျွန်တော့်အိမ်က စကားမပြော တာလေးတွေတောင်ရှိတယ်။ တစ်ရွာလုံးနဲ့တစ်ယောက်ဖြစ်နေတာပေါ့။ ဝမ်းနည်းတာပေါ့ဗျာ။ သီချင်းသွားဆိုရတာအားမရှိဘူးပေါ့။ တစ်ခါမှမဖြစ်ခဲ့ ဘူးတော့စင်ပေါ်တက်ခါနီးအထိ အားပေးမယ့်သူရှိပါ့မလားလို့ တွေးမိတယ်။ ဒီRelationship တစ်ခုကြောင့် အားမပေးတော့ရင်လည်း ကျွန်တော်လုပ်တဲ့ ကျွန်တော့်အနုပညာကို ကျွန်တော်ကြိုးစားမှာပါ” လို့ပြောပြခဲ့ပါတယ်။
ရွှေထူးအနေနဲ့ လတ်တလောမှာတော့နယ်ရှိုးတွေဖျော်ဖြေပေး ဖို့နဲ့ရုပ်ရှင်ကားကြီး ရိုက်ဖို့ရှိတယ်လို့သိရပါတယ်။
ဖိုးသူတော် (www.phothutaw.com)
Credit: myanmaplatform
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top