iMyanmarHouse.com - Best Property Website for Myanmar
×

ေမလ ၁၀ရက္ေန႕ ည ေလျပင္းတိုက္ခတ္မွဳေၾကာင့္ ဇာတ္ရံု ျပိဳက်ျပီး ေငြက်ပ္သိန္း ၆၀၀ နီးပါး ဆံုးရွံဳးခဲ့ရတဲ့ တင္ေမာင္ဆန္းမင္း၀င္း

ေမလ ၁၀ ရက္ေန႕က တုိက္ခတ္ခဲ့တဲ့ ေလျပင္းမုန္တုိင္းေၾကာင့္ ဒလျမိဳ႕၊ေဘာလံုးကြင္းမွာ ကျပလ်က္ရွိတဲ့ တင္ေမာင္ဆန္းမင္း၀င္းတို႕ ဇာတ္အဖြဲ႕ရဲ႕ ဇာတ္ရံုျပိဳက်ပ်က္စီးခဲ့ရပါတယ္။လူထိခိုက္မွဳေတာ့မရွိဘဲ LED နဲ႕ မီးဆုိင္းမ်ား ပ်က္စီး ဆံုးရွံဳးခဲ့ရျပီး ေငြက်ပ္သိန္း၆၀၀ ခန္႕ တန္ဖိုးေလာက္ ပ်က္စီးဆံုးရွဳံးခဲ့ရေၾကာင္း သိရပါတယ္။

အဆုိပါညမွာပဲ ေရႊမန္းဇာတ္အဖြဲ႕သားမ်ားနဲ႕ အတူ ျမိဳ႕မန္းသားဖိုးခ်စ္ ၊ ဦးမိုး၀င္း၊ပတၱျမားေကခုိင္ ၊ဆုိင္းပညာရွင္ ဦး သီရိေမာင္ေမာင္၊ဦးေဌးလြင္ ၊ကိုေအာင္ေသာ္တုိ႕က ကူညီေဆာင္ရြက္ေပးခဲ့ၾကတယ္လုိ႕သိရပါတယ္။

မီးေဘးေရေဘး ရန္သူမ်ိဳး ၅ပါးေဘးကိုၾကံဳသြားတာ ေတာင္လူမွဳေရး ေကာင္းတာတစ္ခုအတြက္ က်ြန္ေတာ့္အတြက္က ေကာင္းက်ိဳးေပးေနလ်က္ပါပဲ။ေလျပင္းထန္စြာ တုိက္တယ္။ရံုမေကာင္းေတာ့ ျပိဳတယ္။

သဘင္သည္ကို ခ်စ္ေသာ သူတို႕ကူညီတယ္။လူေတြအႏၱရာယ္ မျဖစ္ဘဲ LED နဲ႕ မီးအနည္းငယ္သာျဖစ္ပါတယ္။သဘင္လူကူကိုလည္း ေက်းဇူးတင္ပါတယ္။ဇာတ္ရံုျပိဳက်လည္း နဖူးဆီးေမာက္မျပဳဘဲက်န္ေနတာ နမိတ္ပါပဲ။စိတ္ပူေနရတဲ့ ေက်းဇူးရွင္ေတြကိုအႏၱရာယ္ မျဖစ္ပါဘူးလုိ႕ေျပာေပးပါ။ေလတုိက္ၾကမ္းသြားတာပါ။ဇာတ္ရံုက အုတ္ရံုမွ မဟုတ္တာပဲေလ။က်ြန္ေတာ္သဘင္သည္ပါ။ကဦးမွာပါ။အားေပးပါဦးလုိ႕ တင္ေမာင္ဆန္းမင္း၀င္းကပရိသတ္ေတြမစိုးရိမ္ၾကေစဖုိ႕ေျပာျပခဲ့ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: popularmyanmar

#Unicode Version#
မေလ ၁၀ရက်နေ့ ည လေပြင်းတိုက်ခတ်မှုကြောင့် ဇာတ်ရုံ ပြိုကျပြီး ငွေကျပ်သိန်း ၆၀၀ နီးပါး ဆုံးရှုံးခဲ့ရတဲ့ တင်မောင်ဆန်းမင်းဝင်း

မေလ ၁၀ ရက်နေ့က တိုက်ခတ်ခဲ့တဲ့ လေပြင်းမုန်တိုင်းကြောင့် ဒလမြို့၊ဘောလုံးကွင်းမှာ ကပြလျက်ရှိတဲ့ တင်မောင်ဆန်းမင်းဝင်းတို့ ဇာတ်အဖွဲ့ရဲ့ ဇာတ်ရုံပြိုကျပျက်စီးခဲ့ရပါတယ်။လူထိခိုက်မှုတော့မရှိဘဲ LED နဲ့ မီးဆိုင်းများ ပျက်စီး ဆုံးရှုံးခဲ့ရပြီး ငွေကျပ်သိန်း၆၀၀ ခန့် တန်ဖိုးလောက် ပျက်စီးဆုံးရှုံးခဲ့ရကြောင်း သိရပါတယ်။

အဆိုပါညမှာပဲ ရွှေမန်းဇာတ်အဖွဲ့သားများနဲ့ အတူ မြို့မန်းသားဖိုးချစ် ၊ ဦးမိုးဝင်း၊ပတ္တမြားကေခိုင် ၊ဆိုင်းပညာရှင် ဦး သီရိမောင်မောင်၊ဦးဌေးလွင် ၊ကိုအောင်သော်တို့က ကူညီဆောင်ရွက်ပေးခဲ့ကြတယ်လို့သိရပါတယ်။

မီးဘေးရေဘေး ရန်သူမျိုး ၅ပါးဘေးကိုကြုံသွားတာ တောင်လူမှုရေး ကောင်းတာတစ်ခုအတွက် ကျွန်တော့်အတွက်က ကောင်းကျိုးပေးနေလျက်ပါပဲ။လေပြင်းထန်စွာ တိုက်တယ်။ရုံမကောင်းတော့ ပြိုတယ်။

သဘင်သည်ကို ချစ်သော သူတို့ကူညီတယ်။လူတွေအန္တရာယ် မဖြစ်ဘဲ LED နဲ့ မီးအနည်းငယ်သာဖြစ်ပါတယ်။သဘင်လူကူကိုလည်း ကျေးဇူးတင်ပါတယ်။ဇာတ်ရုံပြိုကျလည်း နဖူးဆီးမောက်မပြုဘဲကျန်နေတာ နမိတ်ပါပဲ။စိတ်ပူနေရတဲ့ ကျေးဇူးရှင်တွေကိုအန္တရာယ် မဖြစ်ပါဘူးလို့ပြောပေးပါ။လေတိုက်ကြမ်းသွားတာပါ။ဇာတ်ရုံက အုတ်ရုံမှ မဟုတ်တာပဲလေ။ကျွန်တော်သဘင်သည်ပါ။ကဦးမှာပါ။အားပေးပါဦးလို့ တင်မောင်ဆန်းမင်းဝင်းကပရိသတ်တွေမစိုးရိမ်ကြစေဖို့ပြောပြခဲ့ပါတယ်။


ဖိုးသူတော် (www.phothutaw.com)
Credit: popularmyanmar
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top