iMyanmarHouse.com - Best Property Website for Myanmar
×

ေမလ ၁၇ ရက္ေန့ ည ၉ နာရီအခ်ိန္ခန့္တြင္ တရားခံကို ေျမၾကီးေအာက္ျမဳပ္ႏွံထားေသာ ခိုးရာပါေရႊေငြမ်ားႏွင့္အတူ သိမ္းဆည္းရမိခဲ့ေၾကာင္း သိရသည္ ။

ျဖစ္စဥ္မွာ ေမလ ၁၅ ရက္ေန့ နံနက္ ၁၀ နာရီအခ်ိန္ခန့္တြင္ မအိမာေဆြ ၃၂ ႏွစ္ တံတားျမိဳ ့ေနသူသည္ ေဆးကုသရန္ခင္ပြန္းႏွင့္ အကယ္ဒမီေဆးရုံသို့ အတူသြားေရာက္ခဲ့သည္ ။ ေမလ ၁၆ ရက္ေန့နံနက္ ၁ နာရီအခ်ိန္ခန့္တြင္ ေဆးရုံမွ ေနအိမ္သို့ျပန္လည္ေရာက္ရွိေသာအခါ ေနအိမ္တံခါးမၾကီးမွာ ဖြင့္ေနျပီး အိမ္အတြင္းရွိ ပစၥည္းမ်ားအားစစ္ေဆးၾကည့္ရာ ေရြေငြမ်ားေပ်ာက္ဆုံးခဲ့ေၾကာင္းသိရသည္ ။
 
ဘီဒို အေသးတံခါးမွာဖြင့္ေနျပီး၎ဘီဒိုအတြင္းတြင္ ထားရွိသည့္ေငြစကၠဴ ေရာရာ(ႏွစ္ဆယ့္သံုးသိန္း ခန္႔)ႏွင့္ေရႊထည္ပစၥည္းအေလးခ်ိန္(၂၀)က်ပ္သားခန္႔၊တန္းဖိုး/သိန္း(၁၆၀)က်ပ္ခန္႔၊စုစုေပါင္းသိန္း(၁၈၃)သိန္းခန္႔ ေပ်ာက္ဆံုးသြားခဲ႕သျဖင့္ တရားလိုျဖစ္သူက ရဲစခန္းသို့သြားေရာက္တိုင္ၾကားခဲ့သည္ ။

ထိုရာတြင္ ရဲစခန္းမွ တိုင္ၾကားခ်က္မ်ားအရ စစ္ေဆးခဲ့ရာ ခိုးသူ၏ေနအိမ္ေနာက္ေဖးမီးဖိုေခ်ာင္အတြင္းမွ ေျမၾကီးေအာက္အနက္ ၁ ေပခန့္တြင္ျမွဳပ္ႏွံထားျပီး ခိုးယူထားေသာ ေရြွေငြမ်ားအားလုံးကိုသိမ္းဆည္းရမိခဲ့သည္ ။ တရားခံကို တံတားနယ္ေျမရဲစခန္းမွ (ပ)၁၉/၂၀၁၈၊ပုဒ္မ-၃၈၁၊အရအမႈဖြင့္အေရး ယူေဆာင္ရြက္လ်က္ရွိေႀကာင္းသတင္းရရွိပါသည္။
ဖိုးသူေတာ္ (www.phothutaw.com)
Credit: popolay
#Unicode Version#
မေလ ၁၇ ရက်နေ့ ည ၉ နာရီအချိန်ခန့်တွင် တရားခံကို မြေကြီးအောက်မြုပ်နှံထားသော ခိုးရာပါရွှေငွေများနှင့်အတူ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည် ။

ဖြစ်စဉ်မှာ မေလ ၁၅ ရက်နေ့ နံနက် ၁၀ နာရီအချိန်ခန့်တွင် မအိမာဆွေ ၃၂ နှစ် တံတားမြို့နေသူသည် ဆေးကုသရန်ခင်ပွန်းနှင့် အကယ်ဒမီဆေးရုံသို့ အတူသွားရောက်ခဲ့သည် ။ မေလ ၁၆ ရက်နေ့နံနက် ၁ နာရီအချိန်ခန့်တွင် ဆေးရုံမှ နေအိမ်သို့ပြန်လည်ရောက်ရှိသောအခါ နေအိမ်တံခါးမကြီးမှာ ဖွင့်နေပြီး အိမ်အတွင်းရှိ ပစ္စည်းများအားစစ်ဆေးကြည့်ရာ ရွေငွေများပျောက်ဆုံးခဲ့ကြောင်းသိရသည် ။

ဘီဒို အသေးတံခါးမှာဖွင့်နေပြီး၎င်းဘီဒိုအတွင်းတွင် ထားရှိသည့်ငွေစက္ကူ ရောရာ(နှစ်ဆယ့်သုံးသိန်း ခန့်)နှင့်ရွှေထည်ပစ္စည်းအလေးချိန်(၂၀)ကျပ်သားခန့်၊တန်းဖိုး/သိန်း(၁၆၀)ကျပ်ခန့်၊စုစုပေါင်းသိန်း(၁၈၃)သိန်းခန့် ပျောက်ဆုံးသွားခဲ့သဖြင့် တရားလိုဖြစ်သူက ရဲစခန်းသို့သွားရောက်တိုင်ကြားခဲ့သည် ။

ထိုရာတွင် ရဲစခန်းမှ တိုင်ကြားချက်များအရ စစ်ဆေးခဲ့ရာ ခိုးသူ၏နေအိမ်နောက်ဖေးမီးဖိုချောင်အတွင်းမှ မြေကြီးအောက်အနက် ၁ ပေခန့်တွင်မြှုပ်နှံထားပြီး ခိုးယူထားသော ရွှေငွေများအားလုံးကိုသိမ်းဆည်းရမိခဲ့သည် ။ တရားခံကို တံတားနယ်မြေရဲစခန်းမှ (ပ)၁၉/၂၀၁၈၊ပုဒ်မ-၃၈၁၊အရအမှုဖွင့်အရေး ယူဆောင်ရွက်လျက်ရှိကြောင်းသတင်းရရှိပါသည်။
ဖိုးသူတော် (www.phothutaw.com)
Credit: popolay
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top