×

႐ိုးရာဓေလ့ ထိန္းသိမ္းထားဆဲ အဲန္

စိမ္းညိဳ႕ေနတဲ့ စပါးခင္းေတြ၊ ေတာင္တန္းေတြၿခံရံထားတဲ့ ရွမ္းျပည္နယ္အေရွ႕ပိုင္းက အဲန္ေက်း႐ြာဟာ ခိုင္မာလွတဲ့ ယုံၾကည္ကိုးကြယ္မႈေတြနဲ႔ ျပည့္ႏွက္ေနပါတယ္။ လယ္ကြင္းေတြေပၚက လွ်ပ္ေျပး တိုက္ခတ္ ေနတဲ့ ေလေတြေၾကာင့္ အဲန္ေက်း႐ြာကို သြားရာ လမ္းတေလွ်ာက္မွာ စပါးအနံ႔ေတြ သင္းပ်ံ႕လို႔ေနတယ္။

အဲန္ေက်း႐ြာဟာ သြားေရးလာေရး ခက္ခဲတဲ့ေက်း႐ြာတ႐ြာ ျဖစ္ေပမယ့္ ႏိုင္ငံျခားသား ခရီးသြားေတြကို ဆြဲေဆာင္ထားတဲ့ ႐ြာေလးတ႐ြာျဖစ္ပါတယ္။ အဲန္ဆိုတာကေတာ့ ရွမ္းလူမ်ိဳးစုေတြထဲက လူမ်ိဳးစုတခုလို႔ သိရပါတယ္။ သူတို႔ေတြကေတာ့ ရွမ္းစကားနဲ႔ အဲန္စကားကို အဓိက ေျပာဆိုႏိုင္ပါတယ္။ အဲန္ ဆိုတာ ရွမ္းဘာသာစကားအရ ေျပးလႊားတယ္လို႔ အဓိပၸာယ္ရပါတယ္။ သူတို႔ေတြက နတ္ကိုးကြယ္မႈကို ခိုင္ခိုင္မာမာယုံၾကည္ေနဆဲျဖစ္ၿပီး မိ႐ိုးဖလာ ႐ိုးရာနတ္ေတြက သူတို႔ရဲ႕ လူမႈေရး၊ စီးပြားေရးနဲ႔ စားဝတ္ေနေရး ကိစၥေတြကို ျဖည့္ဆည္းေပးေနတယ္လို႔ ႐ြာသားေတြက ဆိုပါတယ္။

အဲဒီေဒသကေတာ့ ရွမ္းျပည္နယ္အေရွ႕ပိုင္း က်ိဳင္းတုံၿမိဳ႕နယ္ထဲက ေက်း႐ြာတစ္႐ြာျဖစ္ပါတယ္။ က်ိဳင္းတုံၿမိဳ႕ကေန ၄၅ မိနစ္ေလာက္ (ကားနဲ႔) သြားမယ္ဆိုရင္ ပင္ေကာက္ ေက်း႐ြာအုပ္စု နမ့္လင္းမိုင္႐ြာဆိုတဲ့ အဲန္ ေက်း႐ြာကို ေရာက္ပါတယ္။ ႐ြာထဲကို အဝင္လမ္းတေနရာမွာေတာ့ အဲန္ေက်း႐ြာသားေတြရဲ႕ ႐ိုးရာနတ္စင္တခုဟာ အုတ္နဲ႔ခိုင္ခိုင္မာမာ တည္ေဆာက္ထားတာကို ေတြ႕ရပါမယ္။ ေရွး႐ိုးရာဆန္ဆန္ ဝတ္စုံအနက္ေရာင္ ဝတ္ဆင္ထားတဲ့ အဲန္႐ြာသားေတြဟာ သြားမည္းေတြ ေပၚေအာင္ရယ္လ်က္ လာလည္သူခရီးသြားေတြကို ပ်ဴငွာစြာ ႀကိဳဆိုေနၾကပါတယ္။ အဲန္ေက်း႐ြာဟာ ႏိုင္ငံျခားသား ခရီးသြားေတြကို ဆြဲေဆာင္ေနတဲ့ အဓိက အေၾကာင္း အရင္းကေတာ့ ႐ြာသားေတြရဲ႕ လူေနမႈ ပုံစံေၾကာင့္ပါ။

အဲန္လူမ်ိဳးေတြဆီကို စိတ္ဝင္တစား သြားေရာက္လည္ပတ္တဲ့ သူေတြကေတာ့ ႏိုင္ငံျခားသားေတြသာ ျဖစ္ၿပီး ေရွးက်တဲ့ လူမ်ိဳးစု တခုပုံစံအျဖစ္ ေလ့လာသူ ႏိုင္ငံျခားသားေတြရဲ႕ စိတ္အာ႐ုံကို ဖမ္းယူထားပါ တယ္။ အဲန္လူမ်ိဳးေတြကို ရွမ္းျပည္နယ္ အေရွ႕ပိုင္း က်ိဳင္းတုံၿမိဳ႕အနီးတဝိုက္နဲ႔ မိုင္းျဖတ္ေဒသေတြမွာ ေတြ႕ႏိုင္ပါတယ္။ မ်ားေသာအားျဖင့္ေတာ့ မိ႐ိုးဖလာ နတ္ကိုးကြယ္ၾကတဲ့ လူမ်ိဳးစုတခုပါ။ အဲန္႐ြာ စုစုေပါင္း ၄၀ ဝန္းက်င္သာရွိၿပီး အဲန္ လူဦးေရ ၅၀၀၀ ဝန္းက်င္ ရွိေၾကာင္းသိရပါတယ္။

အဲန္ေတြက ေဝလံေခါင္ဖ်ားတဲ့ ေနရာမွာပဲ ေနထိုင္ၾကပါတယ္။ ႐ြာတ႐ြာမွာ ႐ြာသူႀကီး ရွိၿပီး ခြန္ေဆာင္ လို႔ေခၚတဲ့ နတ္ဆရာလည္းရွိပါတယ္။ သူတို႔ေတြက အလွည့္က် စနစ္နဲ႔ တာဝန္ထမ္းေဆာင္ၾကပါတယ္။
အဲန္႐ြာေတြရဲ႕ ထူးျခားခ်က္ကေတာ့ ရပ္႐ြာအလႉပြဲနဲ႔ နတ္ပြဲဆိုရင္ နတ္ဆရာက ႐ြာသူႀကီးထက္ အာဏာရွိပါတယ္။ နတ္ဆရာေတြမွာလည္း လက္ေထာက္ ၂ ေယာက္၊ ဒါမွမဟုတ္ ၁ ေယာက္ ထားၾကတယ္။ ဘာေၾကာင့္လဲဆိုေတာ့ နတ္ဆရာ ကြယ္လြန္သြားခဲ့ရင္ လက္ေထာက္ တစ္ေယာက္က နတ္ဆရာ ေနရာကို ျပန္တာဝန္ ထမ္းေဆာင္ရမယ္လို႔ နတ္ဆရာ အိုက္ယီေမာက္က ေျပာပါတယ္။ အိုက္ယီေမာက္က နတ္ဆရာလုပ္တာ ၂၇ ႏွစ္ရွိပါၿပီ။ သူ႔လက္ေအာက္မွာေတာ့ လက္ေထာက္ တစ္ေယာက္ ရွိေၾကာင္း သိရပါတယ္။

“နတ္ဆရာ လက္ေထာက္ ျဖစ္ဖို႔ဆိုတာ မလြယ္ဘူး။ နတ္ပြဲ ျပင္ဆင္ၿပီးေတာ့ နတ္ပင့္ၿပီး ေ႐ြးခ်ယ္ရတယ္” လို႔လည္း အိုက္ယီေမာက္က ေျပာျပပါတယ္။ ႐ြာရဲ႕ နတ္ဆရာ အိမ္ထဲကို ဝင္ၾကည့္လိုက္ရင္လည္း သူတို႔ ပူေဇာ္တဲ့ နတ္ကို ေခၚဖို႔အတြက္ ဗုံအႀကီး တစ္လုံး၊ နတ္စင္ ၂ ခု ထားရွိတာကို ေတြ႕ျမင္ရပါတယ္။

“အဲဒီဗုံကို အေၾကာင္းမဲ့ မတီးရဘူး။ နတ္အလႉပြဲ ရွိမွ တီးရတာ။ ႐ြာမွာရွိတဲ့ အမ်ိဳးသားပဲ တီးရပါတယ္” လို႔ နတ္ဆရာ အိုက္ယီေမာက္က ရွင္းျပပါတယ္။ အေၾကာင္းမဲ့ ဗုံတီးမိခဲ့မယ္ဆိုရင္ နတ္ကို ျပန္ၿပီး ေတာင္းပန္ပူေဇာ္ ပသရေၾကာင္း လည္း သူက ဆိုပါတယ္။ နတ္ပူေဇာ္တဲ့ အခ်ိန္မွာ ဗုံတီးျခင္းအားျဖင့္ မိသားစုထဲမွာ လာဘ္ပြင့္တယ္၊ လူခ်စ္လူခင္ ေပါမ်ားတယ္၊ ႐ြာထဲမွာ မေကာင္းဆိုးဝါးေတြ မဝင္ေရာက္ ႏိုင္ဘူး၊ ႐ြာထဲမွာ ကေလး ေမြးဖြားတဲ့အခါ ေစာင့္ေရွာက္ ေပးတယ္၊ ရန္သူေတြက သူတို႔ကို မတြန္းလွန္ႏိုင္ဘူး၊ ဆန္ေရစပါးေတြ တႏွစ္စာ ဖူလုံမယ္ စသည္ျဖင့္ ယုံၾကည္ၾကပါတယ္။

သူတို႔ရဲ႕ ထင္ရွားတဲ့ ႐ိုးရာ နတ္ပြဲေတြကေတာ့ တန္ေဆာင္မုန္း လဆန္း ၁၂ ရက္ေန႔မွာ က်င္းပတဲ့ နတ္ပြဲနဲ႔ ေဆာင္း အကုန္ ေႏြအကူးမွာ အမဲလိုက္ၿပီး နတ္ပူေဇာ္တဲ့ပြဲ ရွိတယ္လို႔ နတ္ဆရာက ေျပာျပပါ တယ္။ သူတို႔ ယုံၾကည္ ကိုးကြယ္တဲ့ နတ္ေတြကေတာ့ ဖီမြန္လို႔ေခၚတဲ့ ေတာေတာင္ေစာင့္နတ္၊ ေသသြားတဲ့ ဘိုးေဘးနတ္ေတြပဲ ျဖစ္ပါတယ္။ အဲန္ လူမ်ိဳးေတြရဲ႕ ၈၀ ရာခိုင္ႏႈန္းက နတ္ကိုးကြယ္ၾကၿပီး က်န္တာေတာ့ ဗုဒၶဘာသာဝင္ အနည္းငယ္နဲ႔ ခရစ္ယာန္ ဘာသာဝင္ေတြပါပဲ။

အဲန္ေတြရဲ႕သြားဟာ ဘာေၾကာင့္ မည္းေနသလဲဆိုေတာ့ အဲန္ေတြက သြားမည္းေစဖို႔အတြက္ မိုက္ေကာ္ရဲ႕ အေခါက္က ထြက္လာတဲ့ မႈိင္းဆီကို ယူၿပီး သြားကို သုတ္လိမ္းေပးရတယ္လို႔ အဲန္လူမ်ိဳး အမ်ိဳးသမီး အီ က ေျပာပါတယ္။ “သြားမည္း လုပ္ခါစဆိုရင္ တေန႔ ၂ ႀကိမ္သုတ္လိမ္းရပါတယ္။ အမည္းေရာင္ သြားကို ကပ္ၿပီးသြားၿပီဆိုရင္ တပတ္ တႀကိမ္ပဲ ဆက္လုပ္ရပါတယ္” လို႔ အီ က ဆိုပါတယ္။
သြားမည္းေအာင္ လုပ္ရျခင္းရဲ႕ အေၾကာင္းရင္းကေတာ့ လူပ်ိဳအပ်ိဳေဖာ္ ဝင္ၿပီး အိမ္ေထာင္ျပဳဖို႔ အ႐ြယ္ေရာက္ လာတဲ့ အခ်ိန္မွာ ခံတြင္းနံ႔မနံေအာင္ရယ္၊ သြားကိုက္လာတဲ့အခါ မႈိင္းဆီ သုတ္လိမ္းလိုက္ရင္ သြားနာတာ သက္သာတာ ေၾကာင့္လို႔ သိရပါတယ္။ သူတို႔ေတြက သြားမည္းတာကို ဂုဏ္ယူသလို အရင္တုန္းကဆိုရင္ အဲန္လူမ်ိဳးေတြ သြားမည္း မလုပ္ထားရင္ အဲန္လူမ်ိဳးလို႔ မသတ္မွတ္ၾကဘူးလို႔လည္း သိရပါတယ္။ သြားမည္းကို အသက္ ၁၂၊ ၁၃ အ႐ြယ္ အပ်ိဳ၊ လူပ်ိဳေဖာ္ ဝင္ခါစမွာ လုပ္ၾကေၾကာင္း၊ အမ်ိဳးသား၊ အမ်ိဳးသမီး အားလုံး နားေဖာက္ၾကေၾကာင္းလည္း နမ့္လင္းမိုင္ ေက်း႐ြာမွာ ေနထိုင္သူေတြက ေျပာပါတယ္။

အဲန္႐ြာရဲ႕ ဓေလ့တခုကေတာ့ ေတာင္ယာစိုက္ပ်ိဳးမႈက ရလာတဲ့ ဆန္ကို ပြဲေတာ္က်င္းပဖို႔အတြက္ ႐ြာလယ္ေခါင္မွာ လာေရာက္ စုပုံၾကတယ္လို႔လည္း သိရပါတယ္။ “က်မတို႔ဆီမွာ ရလာတဲ့ဆန္ကို ဘုံသေဘာနဲ႔ စုရတယ္။ အဲဒီဆန္နဲ႔ ပြဲေတာ္က်င္းပရင္ သုံးတယ္။ ေနာက္ စားစရာ မရွိတဲ့သူဆိုရင္ လာယူသုံးလို႔ရတယ္” လို႔ အဲန္အမ်ိဳးသမီး အီက ဆိုပါတယ္။ အဲန္႐ြာမွာ ေနထိုင္တဲ့ သူေတြက ႐ြာထဲမွာ ေငြေၾကးသုံးစြဲမႈ မရွိၾကသလို၊ လိုအပ္တာကိုလည္း မွ်ေဝသုံးစြဲတာေတြ လက္ရွိ အခ်ိန္ထိ ရွိေနဆဲပါ။

နန္းဆိုင္ႏြမ္

Honest Information(HI)

ဖိုးသူေတာ္ (www.phothutaw.com)
Credit: The Irrawaddy
# Unicode Version ျဖင့္ ဖတ္ပါ #
ရိုးရာဓလေ့ ထိန်းသိမ်းထားဆဲ အဲန်

စိမ်းညို့နေတဲ့ စပါးခင်းတွေ၊ တောင်တန်းတွေခြံရံထားတဲ့ ရှမ်းပြည်နယ်အရှေ့ပိုင်းက အဲန်ကျေးရွာဟာ ခိုင်မာလှတဲ့ ယုံကြည်ကိုးကွယ်မှုတွေနဲ့ ပြည့်နှက်နေပါတယ်။ လယ်ကွင်းတွေပေါ်က လျှပ်ပြေး တိုက်ခတ် နေတဲ့ လေတွေကြောင့် အဲန်ကျေးရွာကို သွားရာ လမ်းတလျှောက်မှာ စပါးအနံ့တွေ သင်းပျံ့လို့နေတယ်။

အဲန်ကျေးရွာဟာ သွားရေးလာရေး ခက်ခဲတဲ့ကျေးရွာတရွာ ဖြစ်ပေမယ့် နိုင်ငံခြားသား ခရီးသွားတွေကို ဆွဲဆောင်ထားတဲ့ ရွာလေးတရွာဖြစ်ပါတယ်။ အဲန်ဆိုတာကတော့ ရှမ်းလူမျိုးစုတွေထဲက လူမျိုးစုတခုလို့ သိရပါတယ်။ သူတို့တွေကတော့ ရှမ်းစကားနဲ့ အဲန်စကားကို အဓိက ပြောဆိုနိုင်ပါတယ်။ အဲန် ဆိုတာ ရှမ်းဘာသာစကားအရ ပြေးလွှားတယ်လို့ အဓိပ္ပာယ်ရပါတယ်။ သူတို့တွေက နတ်ကိုးကွယ်မှုကို ခိုင်ခိုင်မာမာယုံကြည်နေဆဲဖြစ်ပြီး မိရိုးဖလာ ရိုးရာနတ်တွေက သူတို့ရဲ့ လူမှုရေး၊ စီးပွားရေးနဲ့ စားဝတ်နေရေး ကိစ္စတွေကို ဖြည့်ဆည်းပေးနေတယ်လို့ ရွာသားတွေက ဆိုပါတယ်။

အဲဒီဒေသကတော့ ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံမြို့နယ်ထဲက ကျေးရွာတစ်ရွာဖြစ်ပါတယ်။ ကျိုင်းတုံမြို့ကနေ ၄၅ မိနစ်လောက် (ကားနဲ့) သွားမယ်ဆိုရင် ပင်ကောက် ကျေးရွာအုပ်စု နမ့်လင်းမိုင်ရွာဆိုတဲ့ အဲန် ကျေးရွာကို ရောက်ပါတယ်။ ရွာထဲကို အဝင်လမ်းတနေရာမှာတော့ အဲန်ကျေးရွာသားတွေရဲ့ ရိုးရာနတ်စင်တခုဟာ အုတ်နဲ့ခိုင်ခိုင်မာမာ တည်ဆောက်ထားတာကို တွေ့ရပါမယ်။ ရှေးရိုးရာဆန်ဆန် ဝတ်စုံအနက်ရောင် ဝတ်ဆင်ထားတဲ့ အဲန်ရွာသားတွေဟာ သွားမည်းတွေ ပေါ်အောင်ရယ်လျက် လာလည်သူခရီးသွားတွေကို ပျူငှာစွာ ကြိုဆိုနေကြပါတယ်။ အဲန်ကျေးရွာဟာ နိုင်ငံခြားသား ခရီးသွားတွေကို ဆွဲဆောင်နေတဲ့ အဓိက အကြောင်း အရင်းကတော့ ရွာသားတွေရဲ့ လူနေမှု ပုံစံကြောင့်ပါ။





အဲန်လူမျိုးတွေဆီကို စိတ်ဝင်တစား သွားရောက်လည်ပတ်တဲ့ သူတွေကတော့ နိုင်ငံခြားသားတွေသာ ဖြစ်ပြီး ရှေးကျတဲ့ လူမျိုးစု တခုပုံစံအဖြစ် လေ့လာသူ နိုင်ငံခြားသားတွေရဲ့ စိတ်အာရုံကို ဖမ်းယူထားပါ တယ်။ အဲန်လူမျိုးတွေကို ရှမ်းပြည်နယ် အရှေ့ပိုင်း ကျိုင်းတုံမြို့အနီးတဝိုက်နဲ့ မိုင်းဖြတ်ဒေသတွေမှာ တွေ့နိုင်ပါတယ်။ များသောအားဖြင့်တော့ မိရိုးဖလာ နတ်ကိုးကွယ်ကြတဲ့ လူမျိုးစုတခုပါ။ အဲန်ရွာ စုစုပေါင်း ၄၀ ဝန်းကျင်သာရှိပြီး အဲန် လူဦးရေ ၅၀၀၀ ဝန်းကျင် ရှိကြောင်းသိရပါတယ်။

အဲန်တွေက ဝေလံခေါင်ဖျားတဲ့ နေရာမှာပဲ နေထိုင်ကြပါတယ်။ ရွာတရွာမှာ ရွာသူကြီး ရှိပြီး ခွန်ဆောင် လို့ခေါ်တဲ့ နတ်ဆရာလည်းရှိပါတယ်။ သူတို့တွေက အလှည့်ကျ စနစ်နဲ့ တာဝန်ထမ်းဆောင်ကြပါတယ်။
အဲန်ရွာတွေရဲ့ ထူးခြားချက်ကတော့ ရပ်ရွာအလှူပွဲနဲ့ နတ်ပွဲဆိုရင် နတ်ဆရာက ရွာသူကြီးထက် အာဏာရှိပါတယ်။ နတ်ဆရာတွေမှာလည်း လက်ထောက် ၂ ယောက်၊ ဒါမှမဟုတ် ၁ ယောက် ထားကြတယ်။ ဘာကြောင့်လဲဆိုတော့ နတ်ဆရာ ကွယ်လွန်သွားခဲ့ရင် လက်ထောက် တစ်ယောက်က နတ်ဆရာ နေရာကို ပြန်တာဝန် ထမ်းဆောင်ရမယ်လို့ နတ်ဆရာ အိုက်ယီမောက်က ပြောပါတယ်။ အိုက်ယီမောက်က နတ်ဆရာလုပ်တာ ၂၇ နှစ်ရှိပါပြီ။ သူ့လက်အောက်မှာတော့ လက်ထောက် တစ်ယောက် ရှိကြောင်း သိရပါတယ်။

“နတ်ဆရာ လက်ထောက် ဖြစ်ဖို့ဆိုတာ မလွယ်ဘူး။ နတ်ပွဲ ပြင်ဆင်ပြီးတော့ နတ်ပင့်ပြီး ရွေးချယ်ရတယ်” လို့လည်း အိုက်ယီမောက်က ပြောပြပါတယ်။ ရွာရဲ့ နတ်ဆရာ အိမ်ထဲကို ဝင်ကြည့်လိုက်ရင်လည်း သူတို့ ပူဇော်တဲ့ နတ်ကို ခေါ်ဖို့အတွက် ဗုံအကြီး တစ်လုံး၊ နတ်စင် ၂ ခု ထားရှိတာကို တွေ့မြင်ရပါတယ်။

“အဲဒီဗုံကို အကြောင်းမဲ့ မတီးရဘူး။ နတ်အလှူပွဲ ရှိမှ တီးရတာ။ ရွာမှာရှိတဲ့ အမျိုးသားပဲ တီးရပါတယ်” လို့ နတ်ဆရာ အိုက်ယီမောက်က ရှင်းပြပါတယ်။ အကြောင်းမဲ့ ဗုံတီးမိခဲ့မယ်ဆိုရင် နတ်ကို ပြန်ပြီး တောင်းပန်ပူဇော် ပသရကြောင်း လည်း သူက ဆိုပါတယ်။ နတ်ပူဇော်တဲ့ အချိန်မှာ ဗုံတီးခြင်းအားဖြင့် မိသားစုထဲမှာ လာဘ်ပွင့်တယ်၊ လူချစ်လူခင် ပေါများတယ်၊ ရွာထဲမှာ မကောင်းဆိုးဝါးတွေ မဝင်ရောက် နိုင်ဘူး၊ ရွာထဲမှာ ကလေး မွေးဖွားတဲ့အခါ စောင့်ရှောက် ပေးတယ်၊ ရန်သူတွေက သူတို့ကို မတွန်းလှန်နိုင်ဘူး၊ ဆန်ရေစပါးတွေ တနှစ်စာ ဖူလုံမယ် စသည်ဖြင့် ယုံကြည်ကြပါတယ်။

သူတို့ရဲ့ ထင်ရှားတဲ့ ရိုးရာ နတ်ပွဲတွေကတော့ တန်ဆောင်မုန်း လဆန်း ၁၂ ရက်နေ့မှာ ကျင်းပတဲ့ နတ်ပွဲနဲ့ ဆောင်း အကုန် နွေအကူးမှာ အမဲလိုက်ပြီး နတ်ပူဇော်တဲ့ပွဲ ရှိတယ်လို့ နတ်ဆရာက ပြောပြပါ တယ်။ သူတို့ ယုံကြည် ကိုးကွယ်တဲ့ နတ်တွေကတော့ ဖီမွန်လို့ခေါ်တဲ့ တောတောင်စောင့်နတ်၊ သေသွားတဲ့ ဘိုးဘေးနတ်တွေပဲ ဖြစ်ပါတယ်။ အဲန် လူမျိုးတွေရဲ့ ၈၀ ရာခိုင်နှုန်းက နတ်ကိုးကွယ်ကြပြီး ကျန်တာတော့ ဗုဒ္ဓဘာသာဝင် အနည်းငယ်နဲ့ ခရစ်ယာန် ဘာသာဝင်တွေပါပဲ။

အဲန်တွေရဲ့သွားဟာ ဘာကြောင့် မည်းနေသလဲဆိုတော့ အဲန်တွေက သွားမည်းစေဖို့အတွက် မိုက်ကော်ရဲ့ အခေါက်က ထွက်လာတဲ့ မှိုင်းဆီကို ယူပြီး သွားကို သုတ်လိမ်းပေးရတယ်လို့ အဲန်လူမျိုး အမျိုးသမီး အီ က ပြောပါတယ်။ “သွားမည်း လုပ်ခါစဆိုရင် တနေ့ ၂ ကြိမ်သုတ်လိမ်းရပါတယ်။ အမည်းရောင် သွားကို ကပ်ပြီးသွားပြီဆိုရင် တပတ် တကြိမ်ပဲ ဆက်လုပ်ရပါတယ်” လို့ အီ က ဆိုပါတယ်။
သွားမည်းအောင် လုပ်ရခြင်းရဲ့ အကြောင်းရင်းကတော့ လူပျိုအပျိုဖော် ဝင်ပြီး အိမ်ထောင်ပြုဖို့ အရွယ်ရောက် လာတဲ့ အချိန်မှာ ခံတွင်းနံ့မနံအောင်ရယ်၊ သွားကိုက်လာတဲ့အခါ မှိုင်းဆီ သုတ်လိမ်းလိုက်ရင် သွားနာတာ သက်သာတာ ကြောင့်လို့ သိရပါတယ်။ သူတို့တွေက သွားမည်းတာကို ဂုဏ်ယူသလို အရင်တုန်းကဆိုရင် အဲန်လူမျိုးတွေ သွားမည်း မလုပ်ထားရင် အဲန်လူမျိုးလို့ မသတ်မှတ်ကြဘူးလို့လည်း သိရပါတယ်။ သွားမည်းကို အသက် ၁၂၊ ၁၃ အရွယ် အပျို၊ လူပျိုဖော် ဝင်ခါစမှာ လုပ်ကြကြောင်း၊ အမျိုးသား၊ အမျိုးသမီး အားလုံး နားဖောက်ကြကြောင်းလည်း နမ့်လင်းမိုင် ကျေးရွာမှာ နေထိုင်သူတွေက ပြောပါတယ်။

အဲန်ရွာရဲ့ ဓလေ့တခုကတော့ တောင်ယာစိုက်ပျိုးမှုက ရလာတဲ့ ဆန်ကို ပွဲတော်ကျင်းပဖို့အတွက် ရွာလယ်ခေါင်မှာ လာရောက် စုပုံကြတယ်လို့လည်း သိရပါတယ်။ “ကျမတို့ဆီမှာ ရလာတဲ့ဆန်ကို ဘုံသဘောနဲ့ စုရတယ်။ အဲဒီဆန်နဲ့ ပွဲတော်ကျင်းပရင် သုံးတယ်။ နောက် စားစရာ မရှိတဲ့သူဆိုရင် လာယူသုံးလို့ရတယ်” လို့ အဲန်အမျိုးသမီး အီက ဆိုပါတယ်။ အဲန်ရွာမှာ နေထိုင်တဲ့ သူတွေက ရွာထဲမှာ ငွေကြေးသုံးစွဲမှု မရှိကြသလို၊ လိုအပ်တာကိုလည်း မျှဝေသုံးစွဲတာတွေ လက်ရှိ အချိန်ထိ ရှိနေဆဲပါ။

နန်းဆိုင်နွမ်

Honest Information(HI)

ဖိုးသူတော် (www.phothutaw.com)
Credit: The Irrawaddy
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top