iMyanmarHouse.com - Best Property Website for Myanmar
×

ေဒါက္…ေဒါက္…. ေဒါက္….
တံခါးေခါက္သံၾကားလိုက္သည္….
ၿပီး … အျပင္မွ အေဖ့ ေခၚသံကိုပါၾကားလိုက္ရသည္ …

“ငါ့ သား အေဖမင္းကိုေျပာစရာ႐ွိလို႔”

အလုပ္မွအဆင္မေျပမႈမ်ား႐ွိေန၍ …. စိတ္မၾကည္လင္ေနသျဖင့္….
ကြၽန္ေတာ္ အသံက်ယ္က်ယ္ျဖင့္ ျပန္ေအာ္ေျပာမိသည္ ၊

❝ ေနာက္မွေျပာ အေဖ ကြၽန္ေတာ္ အလုပ္ကျပန္လာတာ စိတ္ပင္ပန္း၊ကိုယ္ပင္ပန္းနဲ႔ …❞

စိတ္တိုမိတာေတာ့ အမွန္ပင္…အျပင္မွ .အေဖ့အသံမၾကားရေတာ့ သူ႔အခန္းျပန္သြားၿပီးထင္
အေဖ့ အသက္က ၈၅ ႐ွိၿပီ ၊
တခါတခါ သူငယ္ျပန္တတ္သည္.၊ သူငယ္ျပန္ၿပီဆိုလွ်င္ ကြၽန္ေတာ္တို႔ စိတ္ညစ္ရသည္ ၊ သူ႔ကို မနည္းထိန္းရသည္ ၊ ခ်ီးပါ၊ေသးေပါက္ ၊ ထမင္းေကြၽးတာက အစ ကေလးတေယာက္လို ျပဳစုေနရသည္ ။
တခါတေလလည္း တေယာက္တည္း ဟိုေျပာဒီေျပာ ေျပာေနတတ္သည္
ျပန္ေကာင္းသည့္အခါဆိုလည္း သူဟာသူ ပံုမွန္ျဖစ္ေနသည္။

စိတ္ပူစရာေတာ့မလို ခုတေလာ သူငယ္ျပန္ေနသည္ကမ်ားသည္ ။
ျပန္ေကာင္းခ်ိန္ေတာင္သိပ္မေတြ႔ရေတာ့ ၊
တေအာင့္ၾကာေသာ္ ငါးႏွစ္သား ကြၽန္ေတာ့သား သူရ က စာရြက္ေခါက္ေလးတခုယူလာၿပီး… ❝ဖိုးဖိုး ကေပးခိုင္းလိုက္တယ္ အေဖ့အတြက္ …❞ ကြၽန္ေတာလည္း အမႈမဲ့အမွတ္မဲ့ မဖြင့္ၾကည့္ပဲ စားပြဲေပၚတြင္ ပစ္တင္ထားလိုက္သည္ ။

အဲဒီေနာက္ပိုင္း အေဖ လံုးဝ ျပန္မေကာင္းလာေတာ့ပါ
ဆိုးသထက္ဆိုး၍သာေနပါေတာ့သည္ ။

ကြၽန္ေတာ္ တို႔လည္း သူ႔အတြက္ေၾကာင့္ စိတ္ေသာကေရာက္ ကိုယ္ဒုကၡေရာက္ခဲ့ၾကရသည္။
ဒီလိုႏွင့္ ေျခာက္လေလာက္ၾကာၿပီးေသာ္…. အေဖလည္း … ကြယ္လြန္သြားေလသည္
သူကြယ္လြန္သြားေတာ့ မိသားစု အားလံုးဝမ္းနည္းၾကသည္ ငိုၾကယိုၾကသည္ ။ သူဆံုးသြားၿပီး ေနာက္ပိုင္း ကြၽန္ေတာ္တို႔လည္း
အပူကင္းသလိုခံစားရသည္ ၊ အရႈပ္ထုပ္ႀကီး႐ွင္းသြားသလိုလည္း
ခံစားရသည္။

အေဖဆံုးၿပီး တစ္ႏွစ္ေလာက္ၾကာေသာ္ ….
တေန႔
ကြၽန္ေတာ္ အိမ္ခန္း သန္႔႐ွင္းေရး လုပ္ရင္း စားပြဲခံု ေအာက္ ေခ်ာင္ႀကိဳေခ်ာင္ၾကား မွ ဖံုထူထူတက္ေနေသာ စာေခါက္ေလးတခုေတြ႔မိသည္ ။ ဘာစာမ်ားလဲ ဆိုေသာစူးစမ္းစိတ္ျဖင့္ဖြင့္ၾကည့္မိသည္။

သို႔
ငါ့သား အေဖမင္းကိုေျပာခ်င္တဲ့စကား..
အေဖ ျပန္ေကာင္းေနတုန္း
စာနဲ႔ေရးထားလိုက္တယ္ … ငါ့သားဖတ္မိၿပီးရင္ အေဖ့ အေပၚ စိတ္႐ွည္ နားလည္ေပးလာမယ္လို႔ အေဖ ေမွ်ာ္လင့္မိပါတယ္….

သားေရ
အေဖ အသက္ႀကီးၿပီ တခါတခါ ကိုယ့္ကိုယ္ကို ဘယ္သူမွန္းေတာင္မသိေတာ့ဘူး ….
မင္းတို႔ ေမြးကင္းစ အရြယ္တုန္းကလိုေပါ့

သားေရ
အေဖအသက္ႀကီးၿပီ သြားလာလႈပ္႐ွားရတာ ေႏွးဖင့္လာတယ္ ၊
အေျပာအဆိုေတြကလည္း ဝိုးတိုးဝါးတား ျဖစ္လာတယ္
စိတ္႐ွည္ေပးပါ
မင္းတို႔ ငယ္ငယ္တုန္းက လမ္းေလွ်ာက္တတ္ေအာင္၊ စကားေျပာ တတ္ေအာင္ အေဖတို႔ စိတ္႐ွည္လက္႐ွည္နဲ႔ သင္ေပးခဲ့သလိုေပါ့

သားေရ
အေဖအသက္ႀကီးၿပီ အေဖ့ရဲ႕ တည္႐ွိေနမႈဟာ မင္းတို႔အတြက္ ဝန္ထုပ္ဝန္ပိုး ျဖစ္ရင္ျဖစ္ေနမိမယ္….
ဒါေပမယ့္ အေဖကေတာ့ မင္းတို႔ေလးေတြ လူ႔ေလာကထဲကို အေမ့ဗိုက္က စထြက္လာကတည္းက ဝန္ထုပ္ဝန္ပိုး လို႔ တခါမွ မထင္မိခဲ့ဖူးပါဘူး

သားေရ
အေဖ ဒီလိုေျပာတယ္ဆိုတာ မင္းတို႔ရဲ႕ တန္ျပန္ေက်းဇူးကို လိုခ်င္လို႔မဟုတ္ပါဘူး ေသျခင္းတရား ဆိုတာ အေဖနဲ႔ မေဝးေတာ့ပါဘူး
မေသခင္ေလးမွာ ငါ့သား၊ငါ့သမီး ငါ့ေျမးေလးေတြနဲ႔ ေပ်ာ္ေပ်ာ္ပါးပါး
လူ႔ဘဝရဲ႕ ေနဝင္ခ်ိန္ေလးကို ခံစားစံစားခ်င္တာေပါ့

သားေရ
အေဖေသသြားတဲ့အခါ ဝမ္းမနည္းပါနဲ႔ ငိုေၾကြးမေနပါနဲ႔
မိဘေက်းဇူးကို သိနားလည္တတ္တဲ့ သား၊သမီး ေတြဟာ
မိဘ အသက္႐ွင္ေနတဲ့အခ်ိန္မွာ အတတ္ႏိူင္ဆံုးနဲ႔ အစြမ္းကုန္ ျပန္လည္ျပဳစုေစာင့္ေ႐ွာက္ခဲ့ၾကတဲ့အတြက္ သူတို႔မွာ ေနာင္တရစရာ ဆိုတာမ႐ွိပါဘူး

သားေရ
အေဖေသသြားတဲ့အခါ မင္းတို႔ရဲ႕ သိတတ္နားလည္မႈ၊ အမွ်ေပးေဝမႈနဲ႔အတူ ေကာင္းရာသုဂတိသို႔လားမွာပါ

သားေရ
မင္းတို႔ တစ္ေတြအားလံုး စိတ္၏ခ်မ္းသာ၊ကိုယ္၏က်န္းမာ ျခင္းႏွင့္ ျပည္႔စံုႏိူင္ၾကပါေစလို႔ပဲ …. အေဖဆုေတာင္းျပဳႏိူင္ပါေတာ့မယ္

အေဖ

စာကိုဖတ္မိၿပီး ကြၽန္ေတာ္ ထိန္းမႏိူင္သိမ္းမႏိူင္ ဟစ္ခ်ံဳးခ် ငိုေၾကြး မိသည္
ရက္စြဲ က သားေလးသူရ ကြၽန္ေတာ့္ကိုစာ လာေပးေသာရက္ပင္ …
ကြၽန္ေတာ္ အရမ္းေနာင္တရမိသည္ ၊
ကိုယ့္ကိုယ္ကို လည္း အျပစ္တင္လို႔မဆံုးေပ ၊ တကယ္လို႔ အဲဒီေန႔သာ စာကို ဖတ္ျဖစ္မယ္ဆိုရင္
ခုခ်ိန္မွာ ကြၽန္ေတာ္ ေနာင္တရစရာ မလိုေတာ့ပါ
အနည္းဆံုးေတာ့ သူအသက္႐ွင္ေနစဥ္အတြင္း
ကြၽန္ေတာ္ အရင္လို မၿငိဳျငင္ေတာ့ပဲ ဝမ္းပန္းတသာ သူ႔ကို ျပဳစုေစာင့္ေရွာက္ မွာေတာ့ ဧကန္မလႊဲပါ

❝မိဘ ဆိုတာ မေသခင္လုပ္ေကြၽးပါ ေသမွ မငိုျပပါႏွင့္ ❞
ဆိုတဲ့စကား ကြၽန္ေတာ္တို႔အားလံုး ၾကားဖူးၾကမွာပါ
ဆိုတဲ့စကားအတိုင္း မိဘကို
လုပ္ေကၽြးျပဳစု ၾကပါတယ္ ၊ ေက်းဇူးဆပ္ၾကပါတယ္
ေကာင္းတာေကြၽးတယ္ ၊ အားေဆးေကာင္းေတြ ဝယ္ေပးတယ္ ၊
သြားလာခ်င္တဲ့ ေနရာေတြ လိုက္ပို႔ေပးၾကတယ္ ၊ က်န္းမာေရး အစစအရာရာ လိုေလေသးမ႐ွိေအာင္ ဂ႐ုစိုက္ေပးၾကတယ္ ။
ဒါေတြနဲ႔တင္ျပည့္စံုၿပီလား …. ဟုတ္ကဲ့ မလံုေလာက္ေသးပါဘူး
အဓိက ကေတာ့
သူ႔တို႔အေပၚ စိတ္မ႐ွည္တာတို႔၊
သူတို႔ကို အေလးမထားတာတို႔ မလုပ္မိပါေစနဲ႔ …

အားတဲ့အခ်ိန္တိုင္း သူတို႔ကို အေဖာ္ျပဳေပးပါ
အေနေဝးတဲ့သူမ်ား အခ်ိန္ရတိုင္း သြားၾကည့္ေပးၾကပါ

သူတို႔မွာ ဂုဏ္ယူစရာဆိုလို႔ ………..

ငါ့သား ၊ငါ့သမီး ငါ့အေပၚ ဂ႐ုစိုက္တယ္ ေလးစားတယ္
ဆိုတာပဲ ႐ွိပါေတာ့တယ္။

လူအိုကို လူအိုလို သေဘာထားပါ

လူပို လို႔သေဘာမထားမိၾကပါေစနဲ႔ ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: original writer

#Unicode Version#
ဒေါက်…ဒေါက်…. ဒေါက်….
တံခါးခေါက်သံကြားလိုက်သည်….
ပြီး … အပြင်မှ အဖေ့ ခေါ်သံကိုပါကြားလိုက်ရသည် …

“ငါ့ သား အဖေမင်းကိုပြောစရာရှိလို့”

အလုပ်မှအဆင်မပြေမှုများရှိနေ၍ …. စိတ်မကြည်လင်နေသဖြင့်….
ကျွန်တော် အသံကျယ်ကျယ်ဖြင့် ပြန်အော်ပြောမိသည် ၊

❝ နောက်မှပြော အဖေ ကျွန်တော် အလုပ်ကပြန်လာတာ စိတ်ပင်ပန်း၊ကိုယ်ပင်ပန်းနဲ့ …❞

စိတ်တိုမိတာတော့ အမှန်ပင်…အပြင်မှ .အဖေ့အသံမကြားရတော့ သူ့အခန်းပြန်သွားပြီးထင်
အဖေ့ အသက်က ၈၅ ရှိပြီ ၊
တခါတခါ သူငယ်ပြန်တတ်သည်.၊ သူငယ်ပြန်ပြီဆိုလျှင် ကျွန်တော်တို့ စိတ်ညစ်ရသည် ၊ သူ့ကို မနည်းထိန်းရသည် ၊ ချီးပါ၊သေးပေါက် ၊ ထမင်းကျွေးတာက အစ ကလေးတယောက်လို ပြုစုနေရသည် ။
တခါတလေလည်း တယောက်တည်း ဟိုပြောဒီပြော ပြောနေတတ်သည်
ပြန်ကောင်းသည့်အခါဆိုလည်း သူဟာသူ ပုံမှန်ဖြစ်နေသည်။

စိတ်ပူစရာတော့မလို ခုတလော သူငယ်ပြန်နေသည်ကများသည် ။
ပြန်ကောင်းချိန်တောင်သိပ်မတွေ့ရတော့ ၊
တအောင့်ကြာသော် ငါးနှစ်သား ကျွန်တော့သား သူရ က စာရွက်ခေါက်လေးတခုယူလာပြီး… ❝ဖိုးဖိုး ကပေးခိုင်းလိုက်တယ် အဖေ့အတွက် …❞ ကျွန်တောလည်း အမှုမဲ့အမှတ်မဲ့ မဖွင့်ကြည့်ပဲ စားပွဲပေါ်တွင် ပစ်တင်ထားလိုက်သည် ။

အဲဒီနောက်ပိုင်း အဖေ လုံးဝ ပြန်မကောင်းလာတော့ပါ
ဆိုးသထက်ဆိုး၍သာနေပါတော့သည် ။

ကျွန်တော် တို့လည်း သူ့အတွက်ကြောင့် စိတ်သောကရောက် ကိုယ်ဒုက္ခရောက်ခဲ့ကြရသည်။
ဒီလိုနှင့် ခြောက်လလောက်ကြာပြီးသော်…. အဖေလည်း … ကွယ်လွန်သွားလေသည်
သူကွယ်လွန်သွားတော့ မိသားစု အားလုံးဝမ်းနည်းကြသည် ငိုကြယိုကြသည် ။ သူဆုံးသွားပြီး နောက်ပိုင်း ကျွန်တော်တို့လည်း
အပူကင်းသလိုခံစားရသည် ၊ အရှုပ်ထုပ်ကြီးရှင်းသွားသလိုလည်း
ခံစားရသည်။

အဖေဆုံးပြီး တစ်နှစ်လောက်ကြာသော် ….
တနေ့
ကျွန်တော် အိမ်ခန်း သန့်ရှင်းရေး လုပ်ရင်း စားပွဲခုံ အောက် ချောင်ကြိုချောင်ကြား မှ ဖုံထူထူတက်နေသော စာခေါက်လေးတခုတွေ့မိသည် ။ ဘာစာများလဲ ဆိုသောစူးစမ်းစိတ်ဖြင့်ဖွင့်ကြည့်မိသည်။

သို့
ငါ့သား အဖေမင်းကိုပြောချင်တဲ့စကား..
အဖေ ပြန်ကောင်းနေတုန်း
စာနဲ့ရေးထားလိုက်တယ် … ငါ့သားဖတ်မိပြီးရင် အဖေ့ အပေါ် စိတ်ရှည် နားလည်ပေးလာမယ်လို့ အဖေ မျှော်လင့်မိပါတယ်….

သားရေ
အဖေ အသက်ကြီးပြီ တခါတခါ ကိုယ့်ကိုယ်ကို ဘယ်သူမှန်းတောင်မသိတော့ဘူး ….
မင်းတို့ မွေးကင်းစ အရွယ်တုန်းကလိုပေါ့

သားရေ
အဖေအသက်ကြီးပြီ သွားလာလှုပ်ရှားရတာ နှေးဖင့်လာတယ် ၊
အပြောအဆိုတွေကလည်း ဝိုးတိုးဝါးတား ဖြစ်လာတယ်
စိတ်ရှည်ပေးပါ
မင်းတို့ ငယ်ငယ်တုန်းက လမ်းလျှောက်တတ်အောင်၊ စကားပြော တတ်အောင် အဖေတို့ စိတ်ရှည်လက်ရှည်နဲ့ သင်ပေးခဲ့သလိုပေါ့

သားရေ
အဖေအသက်ကြီးပြီ အဖေ့ရဲ့ တည်ရှိနေမှုဟာ မင်းတို့အတွက် ဝန်ထုပ်ဝန်ပိုး ဖြစ်ရင်ဖြစ်နေမိမယ်….
ဒါပေမယ့် အဖေကတော့ မင်းတို့လေးတွေ လူ့လောကထဲကို အမေ့ဗိုက်က စထွက်လာကတည်းက ဝန်ထုပ်ဝန်ပိုး လို့ တခါမှ မထင်မိခဲ့ဖူးပါဘူး

သားရေ
အဖေ ဒီလိုပြောတယ်ဆိုတာ မင်းတို့ရဲ့ တန်ပြန်ကျေးဇူးကို လိုချင်လို့မဟုတ်ပါဘူး သေခြင်းတရား ဆိုတာ အဖေနဲ့ မဝေးတော့ပါဘူး
မသေခင်လေးမှာ ငါ့သား၊ငါ့သမီး ငါ့မြေးလေးတွေနဲ့ ပျော်ပျော်ပါးပါး
လူ့ဘဝရဲ့ နေဝင်ချိန်လေးကို ခံစားစံစားချင်တာပေါ့

သားရေ
အဖေသေသွားတဲ့အခါ ဝမ်းမနည်းပါနဲ့ ငိုကြွေးမနေပါနဲ့
မိဘကျေးဇူးကို သိနားလည်တတ်တဲ့ သား၊သမီး တွေဟာ
မိဘ အသက်ရှင်နေတဲ့အချိန်မှာ အတတ်နိူင်ဆုံးနဲ့ အစွမ်းကုန် ပြန်လည်ပြုစုစောင့်ရှောက်ခဲ့ကြတဲ့အတွက် သူတို့မှာ နောင်တရစရာ ဆိုတာမရှိပါဘူး

သားရေ
အဖေသေသွားတဲ့အခါ မင်းတို့ရဲ့ သိတတ်နားလည်မှု၊ အမျှပေးဝေမှုနဲ့အတူ ကောင်းရာသုဂတိသို့လားမှာပါ

သားရေ
မင်းတို့ တစ်တွေအားလုံး စိတ်၏ချမ်းသာ၊ကိုယ်၏ကျန်းမာ ခြင်းနှင့် ပြည့်စုံနိူင်ကြပါစေလို့ပဲ …. အဖေဆုတောင်းပြုနိူင်ပါတော့မယ်

အဖေ

စာကိုဖတ်မိပြီး ကျွန်တော် ထိန်းမနိူင်သိမ်းမနိူင် ဟစ်ချုံးချ ငိုကြွေး မိသည်
ရက်စွဲ က သားလေးသူရ ကျွန်တော့်ကိုစာ လာပေးသောရက်ပင် …
ကျွန်တော် အရမ်းနောင်တရမိသည် ၊
ကိုယ့်ကိုယ်ကို လည်း အပြစ်တင်လို့မဆုံးပေ ၊ တကယ်လို့ အဲဒီနေ့သာ စာကို ဖတ်ဖြစ်မယ်ဆိုရင်
ခုချိန်မှာ ကျွန်တော် နောင်တရစရာ မလိုတော့ပါ
အနည်းဆုံးတော့ သူအသက်ရှင်နေစဉ်အတွင်း
ကျွန်တော် အရင်လို မငြိုငြင်တော့ပဲ ဝမ်းပန်းတသာ သူ့ကို ပြုစုစောင့်ရှောက် မှာတော့ ဧကန်မလွှဲပါ

❝မိဘ ဆိုတာ မသေခင်လုပ်ကျွေးပါ သေမှ မငိုပြပါနှင့် ❞
ဆိုတဲ့စကား ကျွန်တော်တို့အားလုံး ကြားဖူးကြမှာပါ
ဆိုတဲ့စကားအတိုင်း မိဘကို
လုပ်ကျွေးပြုစု ကြပါတယ် ၊ ကျေးဇူးဆပ်ကြပါတယ်
ကောင်းတာကျွေးတယ် ၊ အားဆေးကောင်းတွေ ဝယ်ပေးတယ် ၊
သွားလာချင်တဲ့ နေရာတွေ လိုက်ပို့ပေးကြတယ် ၊ ကျန်းမာရေး အစစအရာရာ လိုလေသေးမရှိအောင် ဂရုစိုက်ပေးကြတယ် ။
ဒါတွေနဲ့တင်ပြည့်စုံပြီလား …. ဟုတ်ကဲ့ မလုံလောက်သေးပါဘူး
အဓိက ကတော့
သူ့တို့အပေါ် စိတ်မရှည်တာတို့၊
သူတို့ကို အလေးမထားတာတို့ မလုပ်မိပါစေနဲ့ …

အားတဲ့အချိန်တိုင်း သူတို့ကို အဖော်ပြုပေးပါ
အနေဝေးတဲ့သူများ အချိန်ရတိုင်း သွားကြည့်ပေးကြပါ

သူတို့မှာ ဂုဏ်ယူစရာဆိုလို့ ………..

ငါ့သား ၊ငါ့သမီး ငါ့အပေါ် ဂရုစိုက်တယ် လေးစားတယ်
ဆိုတာပဲ ရှိပါတော့တယ်။

လူအိုကို လူအိုလို သဘောထားပါ

လူပို လို့သဘောမထားမိကြပါစေနဲ့ ။


ဖိုးသူတော် (www.phothutaw.com)
Credit: original writer
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top