iMyanmarHouse.com - Best Property Website for Myanmar
×

မအူပင္ၿမိဳ႕ အိုင္းဝိုင္းေက်းရြာအုပ္စု အိုင္ဝိုင္းတပင္ေရႊထီးဘုန္းႀကီးေက်ာင္းအနီးတြင္ ေနထိုင္ေသာ ယာဥ္ထိန္းရဲတပ္ဖြဲ႕မွ ဒုတပ္ၾကပ္တစ္ဦးႏွင့္ ဖခင္ျဖစ္သူတို႔ ယေန႔ ေမလ ၃၀ရက္ေန႔ တြင္ ေနအိမ္အတြင္း၌ ေသဆံုးလွ်က္ရိွေၾကာင္းသိရသည္။

“ကြၽန္ေတာ္ဆီကို သူ႕ရည္းစားဆိုသူကဖုန္းဆက္တယ္။ သူဖုန္းမကိုင္လို႔ဆိုၿပီးယာဥ္ထိန္း႐ံုးမွာရိွလာဆိုၿပီး ေတာ့ေမးတယ္။ ယာဥ္ထိန္း႐ံုးမွာမရိွေၾကာင္းေျပာၿပီး သူဆီကိုဖုန္းေတြေခၚတာမကိုင္ဘူး။ ကြၽန္ေတာ္လည္းမအားလို႔ မသြားျဖစ္ဘူး။ညေနအားမွသူအိမ္သြားေတာ့ ေခၚလို႔လည္းမရဘူး အိမ္တံခါးကိုအထဲကဂ်က္ထိုးထားတယ္။ ဒါနဲ႔ကြၽန္ေတာ္လည္း ကြၽန္ေတာ္နဲ႔ အေဖာ္ပါလာတဲ့ဆိုင္ကယ္ကယ္ရီသမားရယ္ အနီးနားမွာရိွတဲ့ တပင္ေရႊထီးဘုန္းႀကီးေက်ာင္းက ဘုန္းႀကီး(၂)ပါးရယ္အကူအညီေတာင္းျပီး အိမ္ထဲဖြင့္ဝင္ၾကည့္ေတာ့ အိမ္ထဲမွာ ကြၽန္ေတာ့္သူငယ္ခ်င္းသာဖႏွစ္ေယာက္လံုးေသေနတာ ေတြ႕ရတယ္” ေသဆံုးသူ၏သူငယ္ခ်င္းျဖစ္သူ တပ္ၾကပ္ခိုင္ထူးမွ MHTသို႔ေျပာသည္။

အဆိုပါေသဆံုးသူ ယာဥ္ထိန္းရဲတပ္ဖြဲ႕ ဒုတပ္ၾကပ္ ႏွင့္ ဖခင္ျဖစ္သူတို႔အား က႐ုဏာလူမႈေရးအသင္းကားျဖင့္မအူပင္ျပည္သူ႕ေဆး႐ံုသို႔ ေခၚေဆာင္ကာ ေမလ ၃၁ရက္ေန႔ မနက္၌ စစ္ေဆးသြားမည္ျဖစ္ေၾကာင္းႏွင့္ ယင္းေသဆံုးမႈႏွင့္ပတ္သတ္၍ မအူပင္ၿမိဳ႕မရဲစခန္းမွ ေသမႈေသခင္းအျဖစ္အမႈဖြင့္ထားေၾကာင္းလည္းသိရသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:  Lwinpyin
#Unicode Version#
မအူပင်မြို့ အိုင်းဝိုင်းကျေးရွာအုပ်စု အိုင်ဝိုင်းတပင်ရွှေထီးဘုန်းကြီးကျောင်းအနီးတွင် နေထိုင်သော ယာဉ်ထိန်းရဲတပ်ဖွဲ့မှ ဒုတပ်ကြပ်တစ်ဦးနှင့် ဖခင်ဖြစ်သူတို့ ယနေ့ မေလ ၃၀ရက်နေ့ တွင် နေအိမ်အတွင်း၌ သေဆုံးလျှက်ရှိကြောင်းသိရသည်။

“ကျွန်တော်ဆီကို သူ့ရည်းစားဆိုသူကဖုန်းဆက်တယ်။ သူဖုန်းမကိုင်လို့ဆိုပြီးယာဉ်ထိန်းရုံးမှာရှိလာဆိုပြီး တော့မေးတယ်။ ယာဉ်ထိန်းရုံးမှာမရှိကြောင်းပြောပြီး သူဆီကိုဖုန်းတွေခေါ်တာမကိုင်ဘူး။ ကျွန်တော်လည်းမအားလို့ မသွားဖြစ်ဘူး။ညနေအားမှသူအိမ်သွားတော့ ခေါ်လို့လည်းမရဘူး အိမ်တံခါးကိုအထဲကဂျက်ထိုးထားတယ်။ ဒါနဲ့ကျွန်တော်လည်း ကျွန်တော်နဲ့ အဖော်ပါလာတဲ့ဆိုင်ကယ်ကယ်ရီသမားရယ် အနီးနားမှာရှိတဲ့ တပင်ရွှေထီးဘုန်းကြီးကျောင်းက ဘုန်းကြီး(၂)ပါးရယ်အကူအညီတောင်းပြီး အိမ်ထဲဖွင့်ဝင်ကြည့်တော့ အိမ်ထဲမှာ ကျွန်တော့်သူငယ်ချင်းသာဖနှစ်ယောက်လုံးသေနေတာ တွေ့ရတယ်” သေဆုံးသူ၏သူငယ်ချင်းဖြစ်သူ တပ်ကြပ်ခိုင်ထူးမှ MHTသို့ပြောသည်။

အဆိုပါသေဆုံးသူ ယာဉ်ထိန်းရဲတပ်ဖွဲ့ ဒုတပ်ကြပ် နှင့် ဖခင်ဖြစ်သူတို့အား ကရုဏာလူမှုရေးအသင်းကားဖြင့်မအူပင်ပြည်သူ့ဆေးရုံသို့ ခေါ်ဆောင်ကာ မေလ ၃၁ရက်နေ့ မနက်၌ စစ်ဆေးသွားမည်ဖြစ်ကြောင်းနှင့် ယင်းသေဆုံးမှုနှင့်ပတ်သတ်၍ မအူပင်မြို့မရဲစခန်းမှ သေမှုသေခင်းအဖြစ်အမှုဖွင့်ထားကြောင်းလည်းသိရသည်။



ဖိုးသူတော် (www.phothutaw.com)
Credit:  Lwinpyin

 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top