ရန္ကင္းျမိဳ ႔နယ္ Sedona Hotel အနီး အသင့္ေဆာက္ျပီး စိမ္းလဲ့ေအာင္ကြန္ဒိုအေရာင္းျပပြဲ
×

ခိုင္ႏွင္းေဝ ဦးစီးတဲ့ ခိုင္ႏွင္းေဝပရဟိတအသင္းဟာ ဒီေန႕(ေမ၁၄ရက္)မွာ အမ်ိဳးသမီး ဦးေဆာင္တဲ့ အိမ္ေထာင္(၄)စုအတြက္ သြားေရာက္လွဴ ဒါန္းျဖစ္တယ္လိုက သိရပါတယ္။ အမ်ိဳးသမီး ဦးေဆာင္တဲ့ အိမ္ေထာင္စုေတြကို ခိုင္ႏွင္းေဝတို႕ ပရဟိတအသင္းက သြားေရာက္ လွဴဒါန္းခဲ့တာ ဟာ အခုဆိုရင္ တတိယအႀကိမ္ေျမာက္ ရွိလို႕ေနခဲ့ပါၿပီ။

တစ္လတစ္ခါ ပံုမွန္လွဴဒါန္းျဖစ္ေနတဲ့ သူတို႕အသင္းရဲ႕ အလွဴျဖစ္ၿပီး ပီတိမ်က္ရည္မ်ား က်ရတဲ့ေန႕ေလးဆိုလည္းမမွားပါဘူးလို႕ ခိုင္ႏွင္းေဝက သူ႕ရဲ႕ ေဖ့စ္ဘြတ္မွာ ေရးသားထားပါတယ္။အိမ္ေထာင္စုေတြကို ပထမဆံုး လွဴဒါန္းျဖစ္တုန္းကဆိုရင္ ေရွာ့ျဖစ္သြားေလာက္ေအာင္ကို ခံစားရတယ္လိို႕ Duwun media ကို ေျဖဆိုဖူးပါတယ္။

“အိမ္ေထာင္စုေတြကို တစ္လတစ္ခါေတာ့ ပံုမွန္လွဴမယ္လို႕ဆံုးျဖတ္ထားတယ္။ အမ ပထမစစလွဴဒါန္းကဆိုရင္ ေရွာ့ျဖစ္သြားမလားလို႕ေတာင္ ခံစားရတယ္။ အမက အရမ္းမ်က္ရည္ခိုင္တယ္။ ေဒါသအရမ္းျဖစ္တဲ့အခ်ိန္မွာသာ မ်က္ရည္က်တတ္တာ အမကသိပ္မငိုတတ္ဘူး။ ဒါေပမယ့္ အိမ္ေထာင္စုေတြကို စလွဴတုန္းက သူတို႕လည္း ဝမ္းသားၿပီး အမကို ဖတ္ငို လက္အုပ္ခ်ိီတဲ့အခ်ိန္အမ ေတ္ာေတ္ာကို စိတ္မေကာင္းလည္း ျဖစ္တယ္။ေရွာ့လည္းျဖစ္တယ္။ အဲ့လိုလွဴတဲ့အလွဴကိုလည္း အမလည္းဝမ္းသာပီတိျဖစ္တယ္။ ဘာနဲ႕မွလည္း မတူပါဘူး။ ” ဆိုၿပီး ေျဖဆိုခဲ့ပါတယ္။

ဒီေန႕ လွဴဒါန္းခဲ့တဲ့ အိမ္ေထာင္စုနဲ႕ ပတ္သက္လို႕လည္း ခိုင္ႏွင္းေဝရဲ႕ ေဖ့စ္ဘြတ္မွာ ယခုလို ေရးသားထားပါေသးတယ္။

“ကၽြန္မရဲ႕ ခိုင္ႏွင္းေဝပရဟိတအသင္းမွယေန႔အလွဴမွတ္တမ္းပါရွင္… ကၽြန္မအပါအဝင္ အဖြဲ႕သားေတြ, တစ္လတစ္ခါ ပီတိမ်က္ရည္မ်ားက်ရတဲ့ ေန႔ေလးပါ…

၁။ ေဒၚသန္းသန္းဝင္း (ေလျဖတ္ထားသည္)အသက္ ၇၂ႏွစ္ေတာင္ဒဂံုၿမိဳ႕နယ္. အလုပ္အကိုင္မရွိ ရပ္ကြက္မွေကၽြးထားရ.

၂။ မခင္စန္းလိႈင္ အသက္၄၄ႏွစ္ သား,သမီး ၇ေယာက္အလုပ္အကိုင္မရွိ , ေနစရာမရွိ , ေယာက္က်ားဆံုးတာ၁၀လရွိၿပီ…

၃။ မခင္စန္းဦး အသက္၃၉ႏွစ္ သား,သမီး ၈ေယာက္ေယာက္က်ားဆံုးတာ၃ႏွစ္ရွိ, ၂ရက္ေလာက္ေနမွအဝတ္ေလွ်ာ္ရသည္ တစ္ခါေလွ်ာ္ ၁၅၀၀ေလာက္ရ…

၄။ ေဒၚခင္ႀကိဳင္ အသက္၇၄ႏွစ္ သားသမီး၅ေယာက္, ၂ေယာက္ဆံုး. ေနစရာမရွိ လမ္းေဘးအမိုးထိုးေနရ.” ဆိုၿပီး ေျပာထားတာ အိမ္ေထာင္စု(၄)စုအတြက္ လွဴဒါန္းခဲ့တာပါ။

ခိုင္ႏွင္းေဝဟာ ကေလးသူငယ္ လူကုန္ကူးမႈ တားဆီးေရးဆိုင္ရာ အထူးသံတမန္ ခန္႕အပ္ျခင္း ခံရတဲ့ အႏုပညာရွင္တစ္ဦးျဖစ္ၿပီး သံတမန္ အျဖစ္ ခန္႕အပ္ျခင္း ခံရၿပီး ေနာက္ပိုင္းမွာလည္း အမ်ဳိးသမီးေတြနဲ႔ ကေလးေတြအတြက္ သူမတတ္စြမ္းသေလာက္ အားတက္သေရာ ပါဝင္ ကူညီေဆာင္ရြက္ ေပးသူ တစ္ဦးလည္းျဖစ္ပါတယ္။

ပရဟိတအလုပ္ေတြကို တစိုက္မက္မက္လုပ္ေဆာင္ေနတဲ့ သ႐ုပ္ေဆာင္ ခုိင္ႏွင္းေဝက သက္ငယ္မုဒိမ္းမႈေတြ ပေပ်ာက္ဖို႔ အစြမ္းကုန္ ေဆာင္ရြက္သြားမယ္လို႔ သံႏ႖ိ႒ာန္ခ်ထားသူတစ္ဦးလည္း ျဖစ္ပါတယ္။

Photo : ခိုင္ႏွင္းေဝ FB

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Hlataw
# Unicode Version ျဖင့္ ဖတ္ပါ #
ခိုင်နှင်းဝေ ဦးစီးတဲ့ ခိုင်နှင်းဝေပရဟိတအသင်းဟာ ဒီနေ့(မေ၁၄ရက်)မှာ အမျိုးသမီး ဦးဆောင်တဲ့ အိမ်ထောင်(၄)စုအတွက် သွားရောက်လှူ ဒါန်းဖြစ်တယ်လိုက သိရပါတယ်။ အမျိုးသမီး ဦးဆောင်တဲ့ အိမ်ထောင်စုတွေကို ခိုင်နှင်းဝေတို့ ပရဟိတအသင်းက သွားရောက် လှူဒါန်းခဲ့တာ ဟာ အခုဆိုရင် တတိယအကြိမ်မြောက် ရှိလို့နေခဲ့ပါပြီ။

တစ်လတစ်ခါ ပုံမှန်လှူဒါန်းဖြစ်နေတဲ့ သူတို့အသင်းရဲ့ အလှူဖြစ်ပြီး ပီတိမျက်ရည်များ ကျရတဲ့နေ့လေးဆိုလည်းမမှားပါဘူးလို့ ခိုင်နှင်းဝေက သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားထားပါတယ်။အိမ်ထောင်စုတွေကို ပထမဆုံး လှူဒါန်းဖြစ်တုန်းကဆိုရင် ရှော့ဖြစ်သွားလောက်အောင်ကို ခံစားရတယ်လို့ Duwun media ကို ဖြေဆိုဖူးပါတယ်။

“အိမ်ထောင်စုတွေကို တစ်လတစ်ခါတော့ ပုံမှန်လှူမယ်လို့ဆုံးဖြတ်ထားတယ်။ အမ ပထမစစလှူဒါန်းကဆိုရင် ရှော့ဖြစ်သွားမလားလို့တောင် ခံစားရတယ်။ အမက အရမ်းမျက်ရည်ခိုင်တယ်။ ဒေါသအရမ်းဖြစ်တဲ့အချိန်မှာသာ မျက်ရည်ကျတတ်တာ အမကသိပ်မငိုတတ်ဘူး။ ဒါပေမယ့် အိမ်ထောင်စုတွေကို စလှူတုန်းက သူတို့လည်း ဝမ်းသားပြီး အမကို ဖတ်ငို လက်အုပ်ချီတဲ့အချိန်အမ တေ်ာတေ်ာကို စိတ်မကောင်းလည်း ဖြစ်တယ်။ရှော့လည်းဖြစ်တယ်။ အဲ့လိုလှူတဲ့အလှူကိုလည်း အမလည်းဝမ်းသာပီတိဖြစ်တယ်။ ဘာနဲ့မှလည်း မတူပါဘူး။ ” ဆိုပြီး ဖြေဆိုခဲ့ပါတယ်။

ဒီနေ့ လှူဒါန်းခဲ့တဲ့ အိမ်ထောင်စုနဲ့ ပတ်သက်လို့လည်း ခိုင်နှင်းဝေရဲ့ ဖေ့စ်ဘွတ်မှာ ယခုလို ရေးသားထားပါသေးတယ်။

“ကျွန်မရဲ့ ခိုင်နှင်းဝေပရဟိတအသင်းမှယနေ့အလှူမှတ်တမ်းပါရှင်… ကျွန်မအပါအဝင် အဖွဲ့သားတွေ, တစ်လတစ်ခါ ပီတိမျက်ရည်များကျရတဲ့ နေ့လေးပါ…

၁။ ဒေါ်သန်းသန်းဝင်း (လေဖြတ်ထားသည်)အသက် ၇၂နှစ်တောင်ဒဂုံမြို့နယ်. အလုပ်အကိုင်မရှိ ရပ်ကွက်မှကျွေးထားရ.

၂။ မခင်စန်းလှိုင် အသက်၄၄နှစ် သား,သမီး ၇ယောက်အလုပ်အကိုင်မရှိ , နေစရာမရှိ , ယောက်ကျားဆုံးတာ၁၀လရှိပြီ…

၃။ မခင်စန်းဦး အသက်၃၉နှစ် သား,သမီး ၈ယောက်ယောက်ကျားဆုံးတာ၃နှစ်ရှိ, ၂ရက်လောက်နေမှအဝတ်လျှော်ရသည် တစ်ခါလျှော် ၁၅၀၀လောက်ရ…

၄။ ဒေါ်ခင်ကြိုင် အသက်၇၄နှစ် သားသမီး၅ယောက်, ၂ယောက်ဆုံး. နေစရာမရှိ လမ်းဘေးအမိုးထိုးနေရ.” ဆိုပြီး ပြောထားတာ အိမ်ထောင်စု(၄)စုအတွက် လှူဒါန်းခဲ့တာပါ။

ခိုင်နှင်းဝေဟာ ကလေးသူငယ် လူကုန်ကူးမှု တားဆီးရေးဆိုင်ရာ အထူးသံတမန် ခန့်အပ်ခြင်း ခံရတဲ့ အနုပညာရှင်တစ်ဦးဖြစ်ပြီး သံတမန် အဖြစ် ခန့်အပ်ခြင်း ခံရပြီး နောက်ပိုင်းမှာလည်း အမျိုးသမီးတွေနဲ့ ကလေးတွေအတွက် သူမတတ်စွမ်းသလောက် အားတက်သရော ပါဝင် ကူညီဆောင်ရွက် ပေးသူ တစ်ဦးလည်းဖြစ်ပါတယ်။

ပရဟိတအလုပ်တွေကို တစိုက်မက်မက်လုပ်ဆောင်နေတဲ့ သရုပ်ဆောင် ခိုင်နှင်းဝေက သက်ငယ်မုဒိမ်းမှုတွေ ပပျောက်ဖို့ အစွမ်းကုန် ဆောင်ရွက်သွားမယ်လို့ သံန္တွိဋ္ဌာန်ချထားသူတစ်ဦးလည်း ဖြစ်ပါတယ်။

Photo : ခိုင်နှင်းဝေ FB

ဖိုးသူတော် (www.phothutaw.com)
Credit: Hlataw
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top