iMyanmarHouse.com - Best Property Website for Myanmar
×

ျမတ္စြာဘုရား႐ွင္လက္ထက္ေတာ္က အ႐ွင္မဟာေမာဂၢလာန္ရဲ႕ ဆြမ္းခံအိမ္မွာ အမ်ိဳးသမီးေလးတစ္ေယာက္ ႐ွိပါတယ္။ သူ႔မွာ ကိုယ္ပိုင္အဓိ႒ာန္ေလးတစ္ခု ႐ွိပါတယ္။ ဘာလဲဆိုေတာ့ မိမိစားမယ့္အစာရဲ႕ တစ္ဝက္ကို အလွဴခံပုဂၢိဳလ္ကို ဦးဦးဖ်ားဖ်ားလွဴၿပီးမွ စားေလ့႐ွိတာပါပဲ။ တကယ္လို႔. အလွဴခံပုဂၢိဳလ္ အနားမွာ အလြယ္တကူ မ႐ွိရင္လည္း တစ္ဝက္ကိုဖယ္ထားၿပီးမွ စားေလ့႐ွိတာပါ။

အဲဒီအမ်ိဳးသမီးေလးရဲ႕ ေနာက္ထူးျခားခ်က္တစ္ခုကေတာ့ သူေတာင္းစားေတြကို ေပးကမ္းရတာလည္း သိပ္ဝါသနာပါတာပါ။

ဒါေၾကာင့္ အမ်ိဳးသမီးငယ္ေလးရဲ႕ အေမက သူ႔သမီးကို နာမည္ေလးတစ္ခု ထပ္ေပးထားပါတယ္။ ဘယ္လိုလဲဆိုေတာ့ `ဒါနဇၥ်ာသယေလး´တဲ့။ အဓိပၸါယ္ကေတာ့ လွဴဒါန္းေပးကမ္းလိုစိတ္႐ွိတဲ့သူေလးပါတဲ့။

ဒီလိုနဲ႔ အရြယ္ေရာက္လာေတာ့ ရာဇၿဂိဳဟ္ျပည္က အမ်ိဳးသားတစ္ေယာက္နဲ႔ အိမ္ေထာင္ျပဳျဖစ္ပါတယ္။

အိမ္ေထာင္က်ေတာ့လည္း ျပဳေနက် သူ႔ရဲ႕ဒါနဝတ္ကို ဆက္ျပဳပါတယ္။ ဒါတင္မကပါဘူး။ ေကာင္းတဲ့စိတ္ထားေလးေတြက အိမ္မွာကတည္းက ပါလာတာဆိုေတာ့ သူ႔မွာ ေကာင္းျမတ္တဲ့ ကံသံုးပါးအမူအရာေလးေတြလည္း ႐ွိေနပါတယ္။

လင္ေယာက်္ားအိပ္ၿပီးမွအိပ္တယ္၊ ထတဲ့အခါ လင္ေယာက်္ားအရင္ ထျဖစ္တယ္၊ ထိုင္စရာ႐ွိရင္လည္း လင္ေယာက်္ားေနာက္ကပဲထိုင္တယ္၊ လင္ေယာက်္ား ႏွစ္သက္ေစမယ့္ အမူအရာေလးေတြနဲ႔ပဲေနတယ္၊ လင္ေယာက်္ားကို စကားေျပာတဲ့အခါ နားပူနားဆာစကားကို မေျပာဘဲ ခ်စ္ခင္စရာစကားကိုပဲ ေရြးေျပာတယ္၊ လင္ေယာက်္ားကို ဘယ္လိုလုပ္ရမလဲလို႔ ေမးျမန္းတိုင္ပင္ၿပီးမွ လုပ္တယ္၊ လင္ေယာက်္ားရဲ႕မ်က္ႏွာကိုၾကည့္ၿပီး သူ႔အလိုက်ပဲေနတယ္၊ မွန္တဲ့စကားကိုပဲ ေျပာေလ့႐ွိတယ္။

ေနာက္တစ္ခုထူးျခားတာကေတာ့ ေယာကၡမလုပ္သူကို အေမမိဘလို သေဘာထားဆက္ဆံတာပါပဲ။ ေခၚတဲ့အခါမွာလည္း “အေမ အေမ´´လို႔ပဲ ေခၚေခၚၿပီး ဆက္ဆံပါတယ္။

ဒါေပမယ့္ ေယာကၡမနဲ႔ ေခြၽးမ၊ ေခြ်းမနဲ႔ ေယာကၡမဆိုတာ ကမ႓ာ့ရန္ဆိုေတာ့ ေခြၽးမျဖစ္သူအမ်ိဳးသမီးေလးက ဘယ္ေလာက္ပဲေကာင္းေအာင္ ေနျပေနျပ၊ ေယာကၡမလုပ္သူက လံုးဝမၾကည္ျဖဴပါဘူး၊ အေကာင္းလည္း မျမင္ပါဘူး။ ဘာလုပ္လုပ္ အျပစ္ပဲျမင္ျမင္ေနေလ့႐ွိပါတယ္။ ဒါကို သိထားတဲ့အတြက္ ေခြ်းမျဖစ္သူ အမ်ိဳးသမီးငယ္ေလးက ေယာကၡမလုပ္သူကို လိုအပ္တာထက္ ပိုဂ႐ုစိုက္ေပးပါတယ္။

ဒီလိုနဲ႔ တစ္ေန႔မွာေတာ့ အိမ္ေ႐ွ႕ကို အ႐ွင္မဟာေမာဂၢလာန္က ဆြမ္းခံလာရပ္ပါတယ္၊ အမ်ိဳးသမီးငယ္ေလးကလည္း အပ်ိဳစင္ဘဝကတည္းက အ႐ွင္မဟာေမာဂၢလာန္နဲ႔ သိေနတာဆိုေတာ့ ခ်က္ခ်င္းပဲ “အိမ္ထဲကို ဝင္ေတာ္မူပါဘုရား´´ လို႔ ေလွ်ာက္ထားလိုက္ပါတယ္။

ဒါေပမယ့္ အလြယ္တကူေလာင္းစရာမ႐ွိပါဘူး၊ ႐ွာၾကည့္လိုက္ေတာ့ ေယာကၡမရဲ႕ အိုးကင္းေၾကာ္မုန္႔ကိုပဲ ေတြ႕ရပါတယ္။ ေယာကၡမလုပ္သူကို ႐ွာၾကည့္ေတာ့လည္း မေတြ႕ျပန္ပါဘူး၊ ဒါေၾကာင့္ “ေနာက္မွပဲ ေျပာျပၿပီး ဝမ္းေျမာက္ေစေတာ့မယ္´´ဆိုၿပီး ေယာကၡမရဲ႕ မုန္႔ကို အ႐ွင္မဟာေမာဂၢလာန္ကို ေလာင္းလွဴလိုက္ပါတယ္။

အ႐ွင္မဟာေမာဂၢလာန္လည္း အႏုေမာဒနတရားေဟာၿပီး ျပန္ႂကြသြားပါတယ္၊ အ႐ွင္မဟာေမာဂၢလာန္ ျပန္ႂကြၿပီး မၾကာခင္မွာဘဲ ေယာကၡမလုပ္သူက ျပန္ေရာက္လာပါတယ္။ ဒီေတာ့ ေခြၽးမျဖစ္သူအမ်ိဳးသမီးေလးက ဝမ္းသာအားရနဲ႔ “အေမေရ အေမ့ဖို႔ထားတဲ့မုန္႔ကို အ႐ွင္မဟာေမာဂၢလာန္ကို ေလာင္းလွဴလိုက္ပါတယ္၊ အေမ ဝမ္းေျမာက္စြာ သာဓုေခၚပါ´´လို႔ ေျပာလိုက္ပါတယ္။

ဒီေတာ့ ေယာကၡမလုပ္သူက “ဘာ … ဘာ… ဘာေျပာလိုက္တယ္၊ ငါ့မုန္႔ကို ငါ့ကိုခြင့္မေတာင္းဘဲ ရဟန္းကို ေပးပစ္တယ္ … ဟုတ္လား´´ လို႔ ေဒါသေတြထြက္ၿပီး အနားမွာ႐ွိတဲ့ က်ည္ေပြ႕နဲ႔ ေခြၽးမလုပ္သူေလးရဲ႕ ပခံုးစြန္းကို ႐ုိက္ခ်လိုက္ပါတယ္၊ ေခြၽးမလုပ္သူကလည္း ထင္မွတ္မထားဘဲ ႐ုတ္တရက္ ႐ုိက္ခ်လိုက္တာဆိုေတာ့ ေ႐ွာင္ခ်ိန္လည္း မရလိုက္ပါဘူး။ ႐ုိက္ခ်က္က တကယ့္ခ်က္ေကာင္းကို ထိသြားပါတယ္။

ႏွစ္ရက္သံုးရက္အတြင္းမွာ ေခြၽးမလုပ္သူေလးဟာ ေဝဒနာကို ျပင္းထန္စြာ ခံစားေနရပါတယ္၊ ဒါေပမယ့္ အ့ံၾသဖို႔ေကာင္းတာက ေယာကၡမလုပ္သူရဲ႕ လုပ္ရပ္ဆိုးကို လံုးဝစိတ္ၫြတ္မထားဘဲ အ႐ွင္မဟာေမာဂၢလာန္ကို မုန္႔လွဴလိုက္ရတာေလးကိုပဲ စိတ္ၫြတ္ထားခဲ့ပါတယ္။

သံုးရက္ေျမာက္တဲ့ေန႔မွာေတာ့ ေယာကၡမလုပ္သူရဲ႕ ႐ုိက္ခ်က္ဒဏ္ရာေၾကာင့္ပဲ ကြယ္လြန္သြားပါတယ္။ ကြယ္လြန္တဲ့အခါမွာလည္း အ႐ွင္မဟာေမာဂၢလာန္ကို မုန္႔လွဴလိုက္တဲ့အတြက္ ဝမ္းေျမာက္တဲ့ ကုသိုလ္စိတ္ကေလးကိုပဲ အာ႐ုံျပဳၿပီးေတာ့ ကြယ္လြန္သြားပါတယ္။

ကြယ္လြန္ေတာ့ တာဝတႎသာနတ္ျပည္မွာ ဥဠာရာလို႔ အမည္ရတဲ့ အလြန္လွတဲ့ နတ္သမီးေလး သြားျဖစ္ပါတယ္။

တစ္ေန႔မွာေတာ့ အ႐ွင္မဟာေမာဂၢလာန္က တာဝတႎသာနတ္ျပည္ကို ႂကြလာပါတယ္။ ဥဠာရာ နတ္သမီးေလးကို ေတြ႕လိုက္ရေတာ့ “ဘယ္လို ကုသိုလ္ကံေၾကာင့္ နတ္သမီး လာျဖစ္ရတာလဲ´´လို႔ေမးပါတယ္။ ဥဠာရာ နတ္သမီးေလးကလည္း သူနဲ႔သူ႔ေယာကၡမရဲ႕ ျဖစ္စဥ္ေတြကို ျပန္ေျပာျပၿပီး “အ႐ွင္ျမတ္ကို လွဴဒါန္းခဲ့တဲ့ ကုသိုလ္ဒါနကို အာ႐ုံၫြတ္ၿပီး ေသလြန္ရတဲ့အတြက္ နတ္သမီးျဖစ္ရတာပါဘုရား´´လို႔ ျပန္ေလွ်ာက္လိုက္ပါတယ္။

ဒီဝတၱဳေလး ထုတ္ျပလိုက္ရတာကေတာ့ အမ်ိဳးသမီးငယ္ေလးရဲ႕ ေသခါနီးသံုးရက္အလိုေလာက္မွာ ထား႐ွိတဲ့စိတ္ထားေလးကို ႀကိဳက္လို႔ပါ။

အမ်ိဳးသမီးေလးအေနနဲ႔ ေသခါနီးသံုးရက္ေလာက္အလိုမွာ ထင္႐ွားတဲ့အာ႐ုံႀကီးႏွစ္ခုနဲ႔ ၾကံဳေနရပါတယ္။ တစ္ဖက္က ေယာကၡမက က်ည္ေပြ႕နဲ႔ ထုထည့္လိုက္တဲ့အာ႐ုံ၊ ေနာက္တစ္ဖက္က အ႐ွင္မဟာေမာဂၢလာန္ကို လွဴဒါန္းလိုက္တဲ့ အာ႐ုံပါ။

အာ႐ုံႏွစ္ခုက ထင္႐ွားတဲ့အာ႐ုံေတြပါ။ အာ႐ုံေတြက ထင္႐ွားေတာ့ စိတ္ၫြတ္ရတာလည္း သိပ္လြယ္ကူပါတယ္။

အမ်ိဳးသမီးငယ္ေလးက ထင္႐ွားတဲ့အာ႐ုံႀကီးႏွစ္ခုနဲ႔ ၾကံဳေနရေပမယ့္ သူ႔စိတ္ကို ဘယ္ကိုပို႔ထားရမယ္ဆိုတာ သိပံုရပါတယ္။ ဒါေၾကာင့္ စိတ္ကို ေယာကၡမဆီကို လံုးဝမၫြတ္ဘဲ အ႐ွင္မဟာေမာဂၢလာန္ဆီကိုပဲ စိတ္ၫြတ္ထားလိုက္ပါတယ္။

တကယ္ဆို အမ်ိဳးသမီးငယ္ေလးဟာ သာမန္ပုထုဇဥ္အဆင့္ပဲ႐ွိပါေသးတယ္။ ပုထုဇဥ္ပီပီ ေဒါသထြက္မယ္ဆိုရင္ ထြက္စရာပါ။ ေဒါသကိုအေျခခံၿပီး “ေနာက္ဘဝ ဒီေယာကၡမကို ႏိုင္ရပါလို၏´´ လို႔ ဆုေတာင္းၿပီး ေသမယ္ဆို ေသသြားႏိုင္စရာပါ။

အဲဒီလိုသာ စိတ္ကို ေယာကၡမဆီၫြတ္ထားၿပီး ေဒါသစိတ္ကို အာ႐ုံျပဳၿပီးေသသြားရင္ မေကာင္းတဲ့ဂတိ တစ္ခုခုကို ေရာက္သြားႏိုင္ပါတယ္။

ဒါေပမယ့္ အမ်ိဳးသမီးငယ္ေလးက ဆိုးက်ိဳးအားလံုးကို ႀကိဳတြက္မိပံု ရပါတယ္။ ဒါေၾကာင့္ ဘဝအတြက္ အေရးအႀကီးဆံုးအခ်ိန္မွာ စိတ္ကို ေယာကၡမဆီ မၫြတ္ေတာ့ဘဲ အ႐ွင္မဟာေမာဂၢလာန္ဆီကိုပဲ ၫြတ္ထားလိုက္ပါတယ္။ ကေလးဘဝမွာကတည္းက ကုသိုလ္ဘက္ကိုယိမ္းၿပီး ဆံုးျဖတ္တတ္တဲ့ အထံု႔အက်င့္ေလးက သူ႔သႏၲာန္မွာ ကိန္းေနတာလည္း ပါမွာပါ။

ဘာပဲေျပာေျပာ အမ်ိဳးသမီးငယ္ေလးရဲ႕ ဆံုးျဖတ္ခ်က္ဟာ မွန္ကန္တဲ့ ဆံုးျဖတ္ခ်က္ ျဖစ္သြားတာေတာ့ အမွန္ပါပဲ။

ဘဝမွာ ဆံုးျဖတ္ခ်က္မွန္ကန္ဖို႔ သိပ္အေရးႀကီးပါတယ္။ ဆံုးျဖတ္ခ်က္ မွားသြားရင္ တခ်ိဳ႕ဆံုးျဖတ္ခ်က္ေတြက်ေတာ့ သံသရာအထိပါသြားတတ္ပါတယ္။ ဒါကလည္း အေလ့အထံုနဲ႔ ဆိုင္မယ္ထင္ပါတယ္။

ဘယ္အာ႐ုံပဲၾကံဳၾကံဳ ကုသိုလ္ဘက္ကိုယိမ္းၿပီး ဆံုးျဖတ္တတ္တဲ့ အထံု႐ွိသူဟာ ကုသိုလ္ဘက္ကိုပဲယိမ္းၿပီး ဆံုးျဖတ္ေတာ့မွာပါ။ ဘယ္အာ႐ုံကိုပဲၾကံဳၾကံဳ အကုသိုလ္ဘက္ကိုယိမ္းၿပီး ဆံုးျဖတ္တတ္တဲ့ အထံု႐ွိသူဟာ အကုသိုလ္ဘက္ကိုပဲယိမ္းၿပီး ဆံုးျဖတ္ေတာ့မွာပါ။

ဒါေၾကာင့္ ကိုယ္က အထံုျဖစ္ေအာင္ က်င့္စဥ္တစ္ခုလိုကို သေဘာထားၿပီး က်င့္ယူရပါမယ္။ ေန႔စဥ္ အာ႐ုံမ်ိဳးစံုနဲ႔ ၾကံဳေနရတာဆိုေတာ့ အာ႐ုံေတြကိုအေျခခံၿပီး ဆံုးျဖတ္ခ်က္မ်ိဳးစံု ဆံုးျဖတ္ေနရမွာပါ။ ၾကံဳလာတဲ့အာ႐ုံေလးေတြကို ကိုယ္က သတိကပ္ၿပီး ဆံုးျဖတ္သြား႐ုံပါပဲ။

ဒီလိုအက်င့္ေလးလုပ္သြားရင္ ၾကာရင္ အထံုျဖစ္သြားမွာပါ။ တခ်ိဳ႕ဆံုးျဖတ္ခ်က္ေတြဟာ ဘဝအတြက္ အေရးမႀကီးေပမယ့္ တခ်ိဳ႕ဆံုးျဖတ္ခ်က္ေတြက်ေတာ့ ဘဝအတြက္ ေတာ္ေတာ္ေလး အေရးႀကီးပါတယ္။ ဆံုးျဖတ္ခ်က္မွားသြားရင္ သံသရာအထိ ပါသြားတတ္လို႔ပါ။

ကိစၥတစ္ခုၾကံဳလာရင္ ထူပူေနတုန္းမွာ မဆံုးျဖတ္ဘဲ အခ်ိန္ယူၿပီးမွ ဆံုးျဖတ္တာကေတာ့ အေကာင္းဆံုးပါပဲ။

အမ်ိဳးသမီးငယ္ေလးနဲ႔ ေယာကၡမၾကံဳရတဲ့ကိစၥမွာ တကယ့္အာ႐ုံဆိုးႀကီးေတြပါ။ အမ်ိဳးသမီးငယ္ေလးအေနနဲ႔ ဆံုးျဖတ္ခ်က္ မွားမယ္ဆိုရင္ မွားခ်င္စရာပါ။

ဒါေပမယ့္ အမ်ိဳးသမီးငယ္ေလးက ကိုယ့္ရဲ႕ ကိုယ္ ႏႈတ္ စိတ္ကို အထူးေစာင့္စည္းၿပီး မိမိကိုယ္ကိုပဲ အေကာင္းဆံုးျဖစ္ေအာင္ တည္ေဆာက္ေနသူဆိုေတာ့ ကိုယ့္ကိုယ္ကို အမွားမခံပါဘူး။

ကမ႓ာေပၚမွာ အိမ္ေထာင္ျပဳျခင္းဆိုတဲ့ အေလ့အထ ႐ွိေနသေရြ႕ ေယာကၡနဲ႔ ေခြၽးမ၊ ေခြၽးမနဲ႔ ေယာကၡမဆိုတဲ့ အေခၚအေဝၚ ေဝါဟာရတစ္ခုကေတာ့ အစဥ္သျဖင့္ ႐ွိေနဦးမွာပါ။

ေယာကၡမလုပ္သူကလည္း “ငါကအႀကီး၊ ငါက ေယာကၡမ´´ဆိုတဲ့ မာန္ေလးေတြ႐ွိသလို ေခြၽးမလုပ္သူကလည္း “ငါကအငယ္၊ ငါက ေခြၽးမ´´ဆိုတဲ့ မာန္ေလးေတြ ကိုယ္စီ႐ွိၾကပါတယ္။

ျပႆနာဆိုတာလည္း မာန္႐ွိသူခ်င္းမွသာ ျဖစ္တာပါ။ တစ္ဖက္က မာန္ေတြ ဘယ္ေလာက္ပဲ႐ွိ႐ွိ၊ တစ္ဖက္က မာန္မ႐ွိဘူးဆိုရင္ မ႐ွိေအာင္ေနတယ္ဆိုရင္ ျပႆနာ မျဖစ္ပါဘူး။

ျပႆနာတစ္ခုျဖစ္လာၿပီဆိုရင္ ကိုယ့္ဘက္က ဓမၼနဲ႔အညီ ေနႏိုင္သမွ်ေနျဖစ္ေအာင္ ႀကိဳးစားရပါတယ္။ “ဓေမၼာဟေဝရကၡတိဓမၼစာရီ= တရားကို ေစာင့္တဲ့သူကို တရားက ျပန္ေစာင့္ေ႐ွာက္သြားမွာပဲ´´လို႔ ႏွလံုးသြင္းၿပီး ဓမၼနဲ႔ ညီႏိုင္သမွ် ညီေအာင္ေနရပါမယ္။ ၿပီးေတာ့ သီလကိုလည္း တိုးတိုးၿပီး ေစာင့္ထိန္းသင့္ပါတယ္။

ဘယ္လိုျပႆနာမ်ိဳးပဲျဖစ္ျဖစ္ ဒီနည္းကေတာ့ အေကာင္းဆံုးပါပဲ၊ ကိုယ့္ဘက္က တာလံုေအာင္ေနလိုက္တဲ့ သေဘာပါ။ အဆင္ေျပတာ မေျပတာ ဒုတိယကိစၥပါ။

စာဖတ္သူေတြ သတိမထားမိမွာစိုးလို႔ ထပ္ေျပာပါရေစ။ ဘယ္လိုျပႆနာမ်ိဳးပဲျဖစ္ျဖစ္ ျပႆနာတစ္ခုခု ျဖစ္လာၿပီဆိုရင္ “ကိုယ့္ဘက္က ဓမၼနဲ႔အညီ ေနႏိုင္သမွ်ေနပါ။ သီလကို တိုးတိုးၿပီး ေစာင့္ထိန္းပါ။´´ဒီႏွစ္ခ်က္ကေတာ့ ခ်စ္တဲ့စာဖတ္သူေတြ အထူးပဲ အာ႐ုံျပဳထားေစခ်င္ပါတယ္။

စာေရးသူကေတာ့ ကိုယ့္မွာ စိတ္အေႏွာက္အယွက္ျဖစ္စရာ တစ္ခုခုနဲ႔ၾကံဳလာရင္ အထက္ကအတိုင္း က်င့္သံုးေလ့ ႐ွိပါတယ္။ ကိုယ့္မွာ တကယ္အားကိုးစရာက ဓမၼနဲ႔ သီလပါ။

တကယ္ေတာ့ ဒါေတြအားလံုးဟာ စိတ္ပါပဲ။ စိတ္ကေန “ဒီေယာကၡမႀကီးက မုန္းစရာႀကီးလို႔´´ ေလွ်ာက္သတ္မွတ္ထားလို႔ပါ။ အမွန္ကေတာ့ ကိုယ့္စိတ္ေလးကို ျပန္ျပင္လိုက္႐ုံပါပဲ။ စိတ္ကေလးကို ေျပာင္းယူလိုက္႐ုံပါပဲ။

ကိုယ့္ကိုယ္ကိုယ္ ျပန္အာ႐ုံျပဳၾကည့္ေပါ့။ ငါဒီလိုစိတ္ေတြ ျဖစ္ေနတဲ့အတြက္ စိတ္ခ်မ္းသာသလားဆိုတာ။ စိတ္မခ်မ္းသာတဲ့အလုပ္ႀကီးကို ဘာလို႔ ဆက္လုပ္ေနမွာလဲ။ စိတ္ခ်မ္းသာေအာင္ပဲ ေနမွာေပါ့။ စိတ္ခ်မ္းသာေအာင္ ေနထိုင္နည္းေတြကလည္း အမ်ားႀကီး႐ွိေနတဲ့ဥစၥာ။ လူတစ္ေယာက္ရဲ႕ဘဝမွာ စိတ္ခ်မ္းသာမႈက သိပ္ၿပီးအေရးႀကီးပါတယ္။

စိတ္ခ်မ္းသာတယ္ စိတ္ဆင္းရဲတယ္ဆိုတာ အဓိက ကိုယ့္စိတ္ကပဲ လိုက္ဖန္တီးေနတာပါ။ ဘယ္ေလာက္ပဲ ရာထူးဌာနႏၲရေတြ႐ွိ႐ွိ၊ ဘယ္ေလာက္ပဲ ခ်မ္းသာခ်မ္းသာ စိတ္မခ်မ္းသာဘူးဆိုရင္ ေနထိုင္ရတာ မေပ်ာ္ပါဘူး။ ဒါမ်ိဳးေတြက ကိုယ္ေတြ႕ေလးေတြ ကိုယ္စီ႐ွိေနၾကတာဆိုေတာ့ အထူးေျပာဖို႔ မလိုေတာ့ပါဘူး။

ဒီသက္ေသေလးေတြကို အေသအခ်ာအာ႐ုံျပဳၿပီး ကိုယ့္စိတ္ကေလးကို ျပဳျပင္လိုက္႐ုံပါပဲ။

ႏွစ္ဦးႏွစ္ဖက္ အဆင္မေျပၾကဘူးဆိုတာ ေမတၱာမ႐ွိၾကလို႔ပါ။ ေမတၱာထားႏိုင္လိုက္ရင္ အဆင္ေျပသြားၾကတာပါပဲ။

ဥပမာပဲ ထားပါေတာ့၊ ေယာကၡမနဲ႔ေခြၽးမ အဆင္မေျပဘူးဘဲ ထားပါေတာ့။ ေယာကၡမက ကိုယ့္ကို အေသအလဲ မုန္းေနတယ္ပဲထားပါေတာ့။

ဒါဆို ေရေမတၱာသာ နာနာပို႔ပစ္လိုက္စမ္းပါ။

ျမတ္စြာဘုရားကို ေရကပ္၊ ေရကပ္ၿပီးတဲ့အခါ “ဤေရေအးျမသလို ငါ့ရဲ႕ေယာကၡမျဖစ္သူ ေဒၚဘယ္သူလည္း စိတ္ေကာ ႐ုပ္ေကာေအးျမပါေစ၊ အစစအရာရာ အဆင္ေျပပါေစ´´လို႔ ေယာကၡမကို မ်က္လံုးထဲမွာျမင္ေအာင္ထားၿပီး ျပံဳးလာတဲ့အဆင့္အထိ ေမတၱာပို႔ပါ။

ကိုယ့္ရဲ႕ေမတၱာသမာဓိအားႀကီးတယ္ဆိုရင္ ေလးငါးေျခာက္ရက္နဲ႔တင္ ထူးျခားလာပါလိမ့္မယ္။ ကိုယ့္ရဲ႕ ေမတၱာသမာဓိက အားနည္းေနေသးတယ္ဆိုရင္ေတာ့ တစ္လႏွစ္လေလာက္ေတာ့ ၾကာခ်င္ၾကာပါလိမ့္မယ္။

ေယာကၡမလုပ္သူကလည္း အထက္ကအတိုင္း ေခြၽးမလုပ္သူကို ေရေမတၱာပို႔ၾကည့္ပါ။

တစ္ခုေတာ့႐ွိပါတယ္။ ေမတၱာပို႔သူ ကိုယ္တိုင္ကလည္း အဆင္ေျပခ်င္စိတ္ ခ်စ္ခ်စ္ခင္ခင္ေနလိုတဲ့စိတ္ ႐ွိေနရပါ့မယ္။ ေမတၱာေတြေတာ့ပို႔ေနပါရဲ႕၊ အဲဒီလိုစိတ္မ်ိဳး မ႐ွိဘူးဆိုရင္ေတာ့ ေမတၱာက ထိေရာက္မွာ မဟုတ္ပါဘူး။

တခ်ိဳ႕ဆိုေယာကၡမနဲ႔ အဆင္မေျပလို႔ ရသင့္ရထိုက္တဲ့ အေမြေတြ မရလိုက္တာေတာင္ ႐ွိပါတယ္။

ကဲ … စာဖတ္သူ။ ေယာကၡမနဲ႔ေခြၽးမ အဆင္မေျပျဖစ္ေနခဲ့ရင္ ေရေမတၱာသာ ပို႔ၾကည့္လိုက္စမ္းပါ။ မၾကာခင္အခ်ိန္အတြင္းမွာ “အေမရဲ႕ သမီးရဲ႕၊ သမီးရဲ႕ အေမရဲ႕´´ဆိုၿပီး ေဘးကလူေတြ မနာလိုခ်င္ေလာက္ကို အဆင္ေျပသြားပါလိမ့္မယ္။ ၿပီးေတာ့ အေမြေတြလည္း အမ်ားႀကီးရလိုက္ပါလိမ့္မယ္။

၁။ ဝိမာနဝတၱဳအ႒ကထာ၊ ဥဠာရာဝိမာနဝတၱဳ။
၂။ ဝိမာနဝတၱဳေတာ္ႀကီး၊ ၿမိဳ႕မိဆရာေတာ္။

႐ုပ္႐ွင္ေတးကဗ်ာမဂၢဇင္း
ေဖေဖၚ၀ါရီ၊ ၂၀၀၆။

(အေတြးမ်ားႏွင့္ မိတ္ဖြဲ႔ျခင္း စာအုပ္မွ)

ဖိုးသူေတာ္ (www.phothutaw.com)
Credit:
ဆရာေတာ္ အ႐ွင္ရာဇိႏၵ
(ရေဝႏြယ္ – အင္းမ)
# Unicode Version ျဖင့္ ဖတ္ပါ #
မြတ်စွာဘုရားရှင်လက်ထက်တော်က အရှင်မဟာမောဂ္ဂလာန်ရဲ့ ဆွမ်းခံအိမ်မှာ အမျိုးသမီးလေးတစ်ယောက် ရှိပါတယ်။ သူ့မှာ ကိုယ်ပိုင်အဓိဋ္ဌာန်လေးတစ်ခု ရှိပါတယ်။ ဘာလဲဆိုတော့ မိမိစားမယ့်အစာရဲ့ တစ်ဝက်ကို အလှူခံပုဂ္ဂိုလ်ကို ဦးဦးဖျားဖျားလှူပြီးမှ စားလေ့ရှိတာပါပဲ။ တကယ်လို့. အလှူခံပုဂ္ဂိုလ် အနားမှာ အလွယ်တကူ မရှိရင်လည်း တစ်ဝက်ကိုဖယ်ထားပြီးမှ စားလေ့ရှိတာပါ။

အဲဒီအမျိုးသမီးလေးရဲ့ နောက်ထူးခြားချက်တစ်ခုကတော့ သူတောင်းစားတွေကို ပေးကမ်းရတာလည်း သိပ်ဝါသနာပါတာပါ။

ဒါကြောင့် အမျိုးသမီးငယ်လေးရဲ့ အမေက သူ့သမီးကို နာမည်လေးတစ်ခု ထပ်ပေးထားပါတယ်။ ဘယ်လိုလဲဆိုတော့ `ဒါနဇ္ဈာသယလေး´တဲ့။ အဓိပ္ပါယ်ကတော့ လှူဒါန်းပေးကမ်းလိုစိတ်ရှိတဲ့သူလေးပါတဲ့။

ဒီလိုနဲ့ အရွယ်ရောက်လာတော့ ရာဇဂြိုဟ်ပြည်က အမျိုးသားတစ်ယောက်နဲ့ အိမ်ထောင်ပြုဖြစ်ပါတယ်။

အိမ်ထောင်ကျတော့လည်း ပြုနေကျ သူ့ရဲ့ဒါနဝတ်ကို ဆက်ပြုပါတယ်။ ဒါတင်မကပါဘူး။ ကောင်းတဲ့စိတ်ထားလေးတွေက အိမ်မှာကတည်းက ပါလာတာဆိုတော့ သူ့မှာ ကောင်းမြတ်တဲ့ ကံသုံးပါးအမူအရာလေးတွေလည်း ရှိနေပါတယ်။

လင်ယောကျ်ားအိပ်ပြီးမှအိပ်တယ်၊ ထတဲ့အခါ လင်ယောကျ်ားအရင် ထဖြစ်တယ်၊ ထိုင်စရာရှိရင်လည်း လင်ယောကျ်ားနောက်ကပဲထိုင်တယ်၊ လင်ယောကျ်ား နှစ်သက်စေမယ့် အမူအရာလေးတွေနဲ့ပဲနေတယ်၊ လင်ယောကျ်ားကို စကားပြောတဲ့အခါ နားပူနားဆာစကားကို မပြောဘဲ ချစ်ခင်စရာစကားကိုပဲ ရွေးပြောတယ်၊ လင်ယောကျ်ားကို ဘယ်လိုလုပ်ရမလဲလို့ မေးမြန်းတိုင်ပင်ပြီးမှ လုပ်တယ်၊ လင်ယောကျ်ားရဲ့မျက်နှာကိုကြည့်ပြီး သူ့အလိုကျပဲနေတယ်၊ မှန်တဲ့စကားကိုပဲ ပြောလေ့ရှိတယ်။

နောက်တစ်ခုထူးခြားတာကတော့ ယောက္ခမလုပ်သူကို အမေမိဘလို သဘောထားဆက်ဆံတာပါပဲ။ ခေါ်တဲ့အခါမှာလည်း “အမေ အမေ´´လို့ပဲ ခေါ်ခေါ်ပြီး ဆက်ဆံပါတယ်။

ဒါပေမယ့် ယောက္ခမနဲ့ ချွေးမ၊ ချွေးမနဲ့ ယောက္ခမဆိုတာ ကမ္ဘာ့ရန်ဆိုတော့ ချွေးမဖြစ်သူအမျိုးသမီးလေးက ဘယ်လောက်ပဲကောင်းအောင် နေပြနေပြ၊ ယောက္ခမလုပ်သူက လုံးဝမကြည်ဖြူပါဘူး၊ အကောင်းလည်း မမြင်ပါဘူး။ ဘာလုပ်လုပ် အပြစ်ပဲမြင်မြင်နေလေ့ရှိပါတယ်။ ဒါကို သိထားတဲ့အတွက် ချွေးမဖြစ်သူ အမျိုးသမီးငယ်လေးက ယောက္ခမလုပ်သူကို လိုအပ်တာထက် ပိုဂရုစိုက်ပေးပါတယ်။

ဒီလိုနဲ့ တစ်နေ့မှာတော့ အိမ်ရှေ့ကို အရှင်မဟာမောဂ္ဂလာန်က ဆွမ်းခံလာရပ်ပါတယ်၊ အမျိုးသမီးငယ်လေးကလည်း အပျိုစင်ဘဝကတည်းက အရှင်မဟာမောဂ္ဂလာန်နဲ့ သိနေတာဆိုတော့ ချက်ချင်းပဲ “အိမ်ထဲကို ဝင်တော်မူပါဘုရား´´ လို့ လျှောက်ထားလိုက်ပါတယ်။

ဒါပေမယ့် အလွယ်တကူလောင်းစရာမရှိပါဘူး၊ ရှာကြည့်လိုက်တော့ ယောက္ခမရဲ့ အိုးကင်းကြော်မုန့်ကိုပဲ တွေ့ရပါတယ်။ ယောက္ခမလုပ်သူကို ရှာကြည့်တော့လည်း မတွေ့ပြန်ပါဘူး၊ ဒါကြောင့် “နောက်မှပဲ ပြောပြပြီး ဝမ်းမြောက်စေတော့မယ်´´ဆိုပြီး ယောက္ခမရဲ့ မုန့်ကို အရှင်မဟာမောဂ္ဂလာန်ကို လောင်းလှူလိုက်ပါတယ်။

အရှင်မဟာမောဂ္ဂလာန်လည်း အနုမောဒနတရားဟောပြီး ပြန်ကြွသွားပါတယ်၊ အရှင်မဟာမောဂ္ဂလာန် ပြန်ကြွပြီး မကြာခင်မှာဘဲ ယောက္ခမလုပ်သူက ပြန်ရောက်လာပါတယ်။ ဒီတော့ ချွေးမဖြစ်သူအမျိုးသမီးလေးက ဝမ်းသာအားရနဲ့ “အမေရေ အမေ့ဖို့ထားတဲ့မုန့်ကို အရှင်မဟာမောဂ္ဂလာန်ကို လောင်းလှူလိုက်ပါတယ်၊ အမေ ဝမ်းမြောက်စွာ သာဓုခေါ်ပါ´´လို့ ပြောလိုက်ပါတယ်။

ဒီတော့ ယောက္ခမလုပ်သူက “ဘာ … ဘာ… ဘာပြောလိုက်တယ်၊ ငါ့မုန့်ကို ငါ့ကိုခွင့်မတောင်းဘဲ ရဟန်းကို ပေးပစ်တယ် … ဟုတ်လား´´ လို့ ဒေါသတွေထွက်ပြီး အနားမှာရှိတဲ့ ကျည်ပွေ့နဲ့ ချွေးမလုပ်သူလေးရဲ့ ပခုံးစွန်းကို ရိုက်ချလိုက်ပါတယ်၊ ချွေးမလုပ်သူကလည်း ထင်မှတ်မထားဘဲ ရုတ်တရက် ရိုက်ချလိုက်တာဆိုတော့ ရှောင်ချိန်လည်း မရလိုက်ပါဘူး။ ရိုက်ချက်က တကယ့်ချက်ကောင်းကို ထိသွားပါတယ်။

နှစ်ရက်သုံးရက်အတွင်းမှာ ချွေးမလုပ်သူလေးဟာ ဝေဒနာကို ပြင်းထန်စွာ ခံစားနေရပါတယ်၊ ဒါပေမယ့် အံ့သြဖို့ကောင်းတာက ယောက္ခမလုပ်သူရဲ့ လုပ်ရပ်ဆိုးကို လုံးဝစိတ်ညွတ်မထားဘဲ အရှင်မဟာမောဂ္ဂလာန်ကို မုန့်လှူလိုက်ရတာလေးကိုပဲ စိတ်ညွတ်ထားခဲ့ပါတယ်။

သုံးရက်မြောက်တဲ့နေ့မှာတော့ ယောက္ခမလုပ်သူရဲ့ ရိုက်ချက်ဒဏ်ရာကြောင့်ပဲ ကွယ်လွန်သွားပါတယ်။ ကွယ်လွန်တဲ့အခါမှာလည်း အရှင်မဟာမောဂ္ဂလာန်ကို မုန့်လှူလိုက်တဲ့အတွက် ဝမ်းမြောက်တဲ့ ကုသိုလ်စိတ်ကလေးကိုပဲ အာရုံပြုပြီးတော့ ကွယ်လွန်သွားပါတယ်။

ကွယ်လွန်တော့ တာဝတိံသာနတ်ပြည်မှာ ဥဠာရာလို့ အမည်ရတဲ့ အလွန်လှတဲ့ နတ်သမီးလေး သွားဖြစ်ပါတယ်။

တစ်နေ့မှာတော့ အရှင်မဟာမောဂ္ဂလာန်က တာဝတိံသာနတ်ပြည်ကို ကြွလာပါတယ်။ ဥဠာရာ နတ်သမီးလေးကို တွေ့လိုက်ရတော့ “ဘယ်လို ကုသိုလ်ကံကြောင့် နတ်သမီး လာဖြစ်ရတာလဲ´´လို့မေးပါတယ်။ ဥဠာရာ နတ်သမီးလေးကလည်း သူနဲ့သူ့ယောက္ခမရဲ့ ဖြစ်စဉ်တွေကို ပြန်ပြောပြပြီး “အရှင်မြတ်ကို လှူဒါန်းခဲ့တဲ့ ကုသိုလ်ဒါနကို အာရုံညွတ်ပြီး သေလွန်ရတဲ့အတွက် နတ်သမီးဖြစ်ရတာပါဘုရား´´လို့ ပြန်လျှောက်လိုက်ပါတယ်။

ဒီဝတ္တုလေး ထုတ်ပြလိုက်ရတာကတော့ အမျိုးသမီးငယ်လေးရဲ့ သေခါနီးသုံးရက်အလိုလောက်မှာ ထားရှိတဲ့စိတ်ထားလေးကို ကြိုက်လို့ပါ။

အမျိုးသမီးလေးအနေနဲ့ သေခါနီးသုံးရက်လောက်အလိုမှာ ထင်ရှားတဲ့အာရုံကြီးနှစ်ခုနဲ့ ကြုံနေရပါတယ်။ တစ်ဖက်က ယောက္ခမက ကျည်ပွေ့နဲ့ ထုထည့်လိုက်တဲ့အာရုံ၊ နောက်တစ်ဖက်က အရှင်မဟာမောဂ္ဂလာန်ကို လှူဒါန်းလိုက်တဲ့ အာရုံပါ။

အာရုံနှစ်ခုက ထင်ရှားတဲ့အာရုံတွေပါ။ အာရုံတွေက ထင်ရှားတော့ စိတ်ညွတ်ရတာလည်း သိပ်လွယ်ကူပါတယ်။

အမျိုးသမီးငယ်လေးက ထင်ရှားတဲ့အာရုံကြီးနှစ်ခုနဲ့ ကြုံနေရပေမယ့် သူ့စိတ်ကို ဘယ်ကိုပို့ထားရမယ်ဆိုတာ သိပုံရပါတယ်။ ဒါကြောင့် စိတ်ကို ယောက္ခမဆီကို လုံးဝမညွတ်ဘဲ အရှင်မဟာမောဂ္ဂလာန်ဆီကိုပဲ စိတ်ညွတ်ထားလိုက်ပါတယ်။

တကယ်ဆို အမျိုးသမီးငယ်လေးဟာ သာမန်ပုထုဇဉ်အဆင့်ပဲရှိပါသေးတယ်။ ပုထုဇဉ်ပီပီ ဒေါသထွက်မယ်ဆိုရင် ထွက်စရာပါ။ ဒေါသကိုအခြေခံပြီး “နောက်ဘဝ ဒီယောက္ခမကို နိုင်ရပါလို၏´´ လို့ ဆုတောင်းပြီး သေမယ်ဆို သေသွားနိုင်စရာပါ။

အဲဒီလိုသာ စိတ်ကို ယောက္ခမဆီညွတ်ထားပြီး ဒေါသစိတ်ကို အာရုံပြုပြီးသေသွားရင် မကောင်းတဲ့ဂတိ တစ်ခုခုကို ရောက်သွားနိုင်ပါတယ်။

ဒါပေမယ့် အမျိုးသမီးငယ်လေးက ဆိုးကျိုးအားလုံးကို ကြိုတွက်မိပုံ ရပါတယ်။ ဒါကြောင့် ဘဝအတွက် အရေးအကြီးဆုံးအချိန်မှာ စိတ်ကို ယောက္ခမဆီ မညွတ်တော့ဘဲ အရှင်မဟာမောဂ္ဂလာန်ဆီကိုပဲ ညွတ်ထားလိုက်ပါတယ်။ ကလေးဘဝမှာကတည်းက ကုသိုလ်ဘက်ကိုယိမ်းပြီး ဆုံးဖြတ်တတ်တဲ့ အထုံ့အကျင့်လေးက သူ့သန္တာန်မှာ ကိန်းနေတာလည်း ပါမှာပါ။

ဘာပဲပြောပြော အမျိုးသမီးငယ်လေးရဲ့ ဆုံးဖြတ်ချက်ဟာ မှန်ကန်တဲ့ ဆုံးဖြတ်ချက် ဖြစ်သွားတာတော့ အမှန်ပါပဲ။

ဘဝမှာ ဆုံးဖြတ်ချက်မှန်ကန်ဖို့ သိပ်အရေးကြီးပါတယ်။ ဆုံးဖြတ်ချက် မှားသွားရင် တချို့ဆုံးဖြတ်ချက်တွေကျတော့ သံသရာအထိပါသွားတတ်ပါတယ်။ ဒါကလည်း အလေ့အထုံနဲ့ ဆိုင်မယ်ထင်ပါတယ်။

ဘယ်အာရုံပဲကြုံကြုံ ကုသိုလ်ဘက်ကိုယိမ်းပြီး ဆုံးဖြတ်တတ်တဲ့ အထုံရှိသူဟာ ကုသိုလ်ဘက်ကိုပဲယိမ်းပြီး ဆုံးဖြတ်တော့မှာပါ။ ဘယ်အာရုံကိုပဲကြုံကြုံ အကုသိုလ်ဘက်ကိုယိမ်းပြီး ဆုံးဖြတ်တတ်တဲ့ အထုံရှိသူဟာ အကုသိုလ်ဘက်ကိုပဲယိမ်းပြီး ဆုံးဖြတ်တော့မှာပါ။

ဒါကြောင့် ကိုယ်က အထုံဖြစ်အောင် ကျင့်စဉ်တစ်ခုလိုကို သဘောထားပြီး ကျင့်ယူရပါမယ်။ နေ့စဉ် အာရုံမျိုးစုံနဲ့ ကြုံနေရတာဆိုတော့ အာရုံတွေကိုအခြေခံပြီး ဆုံးဖြတ်ချက်မျိုးစုံ ဆုံးဖြတ်နေရမှာပါ။ ကြုံလာတဲ့အာရုံလေးတွေကို ကိုယ်က သတိကပ်ပြီး ဆုံးဖြတ်သွားရုံပါပဲ။

ဒီလိုအကျင့်လေးလုပ်သွားရင် ကြာရင် အထုံဖြစ်သွားမှာပါ။ တချို့ဆုံးဖြတ်ချက်တွေဟာ ဘဝအတွက် အရေးမကြီးပေမယ့် တချို့ဆုံးဖြတ်ချက်တွေကျတော့ ဘဝအတွက် တော်တော်လေး အရေးကြီးပါတယ်။ ဆုံးဖြတ်ချက်မှားသွားရင် သံသရာအထိ ပါသွားတတ်လို့ပါ။

ကိစ္စတစ်ခုကြုံလာရင် ထူပူနေတုန်းမှာ မဆုံးဖြတ်ဘဲ အချိန်ယူပြီးမှ ဆုံးဖြတ်တာကတော့ အကောင်းဆုံးပါပဲ။

အမျိုးသမီးငယ်လေးနဲ့ ယောက္ခမကြုံရတဲ့ကိစ္စမှာ တကယ့်အာရုံဆိုးကြီးတွေပါ။ အမျိုးသမီးငယ်လေးအနေနဲ့ ဆုံးဖြတ်ချက် မှားမယ်ဆိုရင် မှားချင်စရာပါ။

ဒါပေမယ့် အမျိုးသမီးငယ်လေးက ကိုယ့်ရဲ့ ကိုယ် နှုတ် စိတ်ကို အထူးစောင့်စည်းပြီး မိမိကိုယ်ကိုပဲ အကောင်းဆုံးဖြစ်အောင် တည်ဆောက်နေသူဆိုတော့ ကိုယ့်ကိုယ်ကို အမှားမခံပါဘူး။

ကမ္ဘာပေါ်မှာ အိမ်ထောင်ပြုခြင်းဆိုတဲ့ အလေ့အထ ရှိနေသရွေ့ ယောက္ခနဲ့ ချွေးမ၊ ချွေးမနဲ့ ယောက္ခမဆိုတဲ့ အခေါ်အဝေါ် ဝေါဟာရတစ်ခုကတော့ အစဉ်သဖြင့် ရှိနေဦးမှာပါ။

ယောက္ခမလုပ်သူကလည်း “ငါကအကြီး၊ ငါက ယောက္ခမ´´ဆိုတဲ့ မာန်လေးတွေရှိသလို ချွေးမလုပ်သူကလည်း “ငါကအငယ်၊ ငါက ချွေးမ´´ဆိုတဲ့ မာန်လေးတွေ ကိုယ်စီရှိကြပါတယ်။

ပြဿနာဆိုတာလည်း မာန်ရှိသူချင်းမှသာ ဖြစ်တာပါ။ တစ်ဖက်က မာန်တွေ ဘယ်လောက်ပဲရှိရှိ၊ တစ်ဖက်က မာန်မရှိဘူးဆိုရင် မရှိအောင်နေတယ်ဆိုရင် ပြဿနာ မဖြစ်ပါဘူး။

ပြဿနာတစ်ခုဖြစ်လာပြီဆိုရင် ကိုယ့်ဘက်က ဓမ္မနဲ့အညီ နေနိုင်သမျှနေဖြစ်အောင် ကြိုးစားရပါတယ်။ “ဓမ္မောဟဝေရက္ခတိဓမ္မစာရီ= တရားကို စောင့်တဲ့သူကို တရားက ပြန်စောင့်ရှောက်သွားမှာပဲ´´လို့ နှလုံးသွင်းပြီး ဓမ္မနဲ့ ညီနိုင်သမျှ ညီအောင်နေရပါမယ်။ ပြီးတော့ သီလကိုလည်း တိုးတိုးပြီး စောင့်ထိန်းသင့်ပါတယ်။

ဘယ်လိုပြဿနာမျိုးပဲဖြစ်ဖြစ် ဒီနည်းကတော့ အကောင်းဆုံးပါပဲ၊ ကိုယ့်ဘက်က တာလုံအောင်နေလိုက်တဲ့ သဘောပါ။ အဆင်ပြေတာ မပြေတာ ဒုတိယကိစ္စပါ။

စာဖတ်သူတွေ သတိမထားမိမှာစိုးလို့ ထပ်ပြောပါရစေ။ ဘယ်လိုပြဿနာမျိုးပဲဖြစ်ဖြစ် ပြဿနာတစ်ခုခု ဖြစ်လာပြီဆိုရင် “ကိုယ့်ဘက်က ဓမ္မနဲ့အညီ နေနိုင်သမျှနေပါ။ သီလကို တိုးတိုးပြီး စောင့်ထိန်းပါ။´´ဒီနှစ်ချက်ကတော့ ချစ်တဲ့စာဖတ်သူတွေ အထူးပဲ အာရုံပြုထားစေချင်ပါတယ်။

စာရေးသူကတော့ ကိုယ့်မှာ စိတ်အနှောက်အယှက်ဖြစ်စရာ တစ်ခုခုနဲ့ကြုံလာရင် အထက်ကအတိုင်း ကျင့်သုံးလေ့ ရှိပါတယ်။ ကိုယ့်မှာ တကယ်အားကိုးစရာက ဓမ္မနဲ့ သီလပါ။

တကယ်တော့ ဒါတွေအားလုံးဟာ စိတ်ပါပဲ။ စိတ်ကနေ “ဒီယောက္ခမကြီးက မုန်းစရာကြီးလို့´´ လျှောက်သတ်မှတ်ထားလို့ပါ။ အမှန်ကတော့ ကိုယ့်စိတ်လေးကို ပြန်ပြင်လိုက်ရုံပါပဲ။ စိတ်ကလေးကို ပြောင်းယူလိုက်ရုံပါပဲ။

ကိုယ့်ကိုယ်ကိုယ် ပြန်အာရုံပြုကြည့်ပေါ့။ ငါဒီလိုစိတ်တွေ ဖြစ်နေတဲ့အတွက် စိတ်ချမ်းသာသလားဆိုတာ။ စိတ်မချမ်းသာတဲ့အလုပ်ကြီးကို ဘာလို့ ဆက်လုပ်နေမှာလဲ။ စိတ်ချမ်းသာအောင်ပဲ နေမှာပေါ့။ စိတ်ချမ်းသာအောင် နေထိုင်နည်းတွေကလည်း အများကြီးရှိနေတဲ့ဥစ္စာ။ လူတစ်ယောက်ရဲ့ဘဝမှာ စိတ်ချမ်းသာမှုက သိပ်ပြီးအရေးကြီးပါတယ်။

စိတ်ချမ်းသာတယ် စိတ်ဆင်းရဲတယ်ဆိုတာ အဓိက ကိုယ့်စိတ်ကပဲ လိုက်ဖန်တီးနေတာပါ။ ဘယ်လောက်ပဲ ရာထူးဌာနန္တရတွေရှိရှိ၊ ဘယ်လောက်ပဲ ချမ်းသာချမ်းသာ စိတ်မချမ်းသာဘူးဆိုရင် နေထိုင်ရတာ မပျော်ပါဘူး။ ဒါမျိုးတွေက ကိုယ်တွေ့လေးတွေ ကိုယ်စီရှိနေကြတာဆိုတော့ အထူးပြောဖို့ မလိုတော့ပါဘူး။

ဒီသက်သေလေးတွေကို အသေအချာအာရုံပြုပြီး ကိုယ့်စိတ်ကလေးကို ပြုပြင်လိုက်ရုံပါပဲ။

နှစ်ဦးနှစ်ဖက် အဆင်မပြေကြဘူးဆိုတာ မေတ္တာမရှိကြလို့ပါ။ မေတ္တာထားနိုင်လိုက်ရင် အဆင်ပြေသွားကြတာပါပဲ။

ဥပမာပဲ ထားပါတော့၊ ယောက္ခမနဲ့ချွေးမ အဆင်မပြေဘူးဘဲ ထားပါတော့။ ယောက္ခမက ကိုယ့်ကို အသေအလဲ မုန်းနေတယ်ပဲထားပါတော့။

ဒါဆို ရေမေတ္တာသာ နာနာပို့ပစ်လိုက်စမ်းပါ။

မြတ်စွာဘုရားကို ရေကပ်၊ ရေကပ်ပြီးတဲ့အခါ “ဤရေအေးမြသလို ငါ့ရဲ့ယောက္ခမဖြစ်သူ ဒေါ်ဘယ်သူလည်း စိတ်ကော ရုပ်ကောအေးမြပါစေ၊ အစစအရာရာ အဆင်ပြေပါစေ´´လို့ ယောက္ခမကို မျက်လုံးထဲမှာမြင်အောင်ထားပြီး ပြုံးလာတဲ့အဆင့်အထိ မေတ္တာပို့ပါ။

ကိုယ့်ရဲ့မေတ္တာသမာဓိအားကြီးတယ်ဆိုရင် လေးငါးခြောက်ရက်နဲ့တင် ထူးခြားလာပါလိမ့်မယ်။ ကိုယ့်ရဲ့ မေတ္တာသမာဓိက အားနည်းနေသေးတယ်ဆိုရင်တော့ တစ်လနှစ်လလောက်တော့ ကြာချင်ကြာပါလိမ့်မယ်။

ယောက္ခမလုပ်သူကလည်း အထက်ကအတိုင်း ချွေးမလုပ်သူကို ရေမေတ္တာပို့ကြည့်ပါ။

တစ်ခုတော့ရှိပါတယ်။ မေတ္တာပို့သူ ကိုယ်တိုင်ကလည်း အဆင်ပြေချင်စိတ် ချစ်ချစ်ခင်ခင်နေလိုတဲ့စိတ် ရှိနေရပါ့မယ်။ မေတ္တာတွေတော့ပို့နေပါရဲ့၊ အဲဒီလိုစိတ်မျိုး မရှိဘူးဆိုရင်တော့ မေတ္တာက ထိရောက်မှာ မဟုတ်ပါဘူး။

တချို့ဆိုယောက္ခမနဲ့ အဆင်မပြေလို့ ရသင့်ရထိုက်တဲ့ အမွေတွေ မရလိုက်တာတောင် ရှိပါတယ်။

ကဲ … စာဖတ်သူ။ ယောက္ခမနဲ့ချွေးမ အဆင်မပြေဖြစ်နေခဲ့ရင် ရေမေတ္တာသာ ပို့ကြည့်လိုက်စမ်းပါ။ မကြာခင်အချိန်အတွင်းမှာ “အမေရဲ့ သမီးရဲ့၊ သမီးရဲ့ အမေရဲ့´´ဆိုပြီး ဘေးကလူတွေ မနာလိုချင်လောက်ကို အဆင်ပြေသွားပါလိမ့်မယ်။ ပြီးတော့ အမွေတွေလည်း အများကြီးရလိုက်ပါလိမ့်မယ်။

၁။ ဝိမာနဝတ္တုအဋ္ဌကထာ၊ ဥဠာရာဝိမာနဝတ္တု။
၂။ ဝိမာနဝတ္တုတော်ကြီး၊ မြို့မိဆရာတော်။

ရုပ်ရှင်တေးကဗျာမဂ္ဂဇင်း
ဖေဖေါ်ဝါရီ၊ ၂၀၀၆။

(အတွေးများနှင့် မိတ်ဖွဲ့ခြင်း စာအုပ်မှ)

ဖိုးသူတော် (www.phothutaw.com)
Credit:
ဆရာတော် အရှင်ရာဇိန္ဒ
(ရဝေနွယ် – အင်းမ)
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top