×

ဧရာဝတီတိုင္းေဒသၾကီး ၊ ဇလြန္ျမိဳ႕နယ္၊ ဆုံကုန္းအုပ္စု အင္းတေရာ္ေက်းရြာ၌ ေမလ ၂၄ ရက္ေန ့ည ၇ နာရီေက်ာ္ခန္ ့က ေယာက္ခမႏွင့္ မိန္းမ ျဖစ္သူတို႔အား ဓားခၽြန္ျဖင့္ ထိုးမႈျဖစ္ပြားေၾကာင့္ ဇလြန္ျမိဳ႕မရဲစခန္းမွ သတင္းရရွိပါသည္။

    ျဖစ္စဥ္တြင္ တရားခံ ေစာထဲေနထူးသည္ ဇနီးျဖစ္သူ ေနာ္ကေညာေဖာႏွင့္အတူ ဇလြန္ျမဳိ ့နယ္ ဆုံကုန္းအုပ္စု အင္းတေရာ္ေက်းရြာရွိ ၎တို႔ပိုင္ လယ္ကြင္းထဲ၌ သြားေရာက္အလုပ္လုပ္ကိုင္ရာမွ လင္မယားခ်င္းစကားမ်ားရန္ျဖစ္ျပီး ေနာ္ကေညာေဖာတြင္ မိခင္ျဖစ္သူေနအိမ္သို႔ ျပန္သြား၍ သြားေရာက္ေခၚယူစဥ္ ဇနီးျဖစ္သူ ေနာ္ကေညာေဖာ မလိုက္ဘူးဟု ျငင္းဆိုသျဖင့္ ထပ္မံ စကားမ်ား ရန္ျဖစ္ရာကေန လူသတ္မႈ ျဖစ္ပြားခဲ့ျခင္း ျဖစ္သည္။

လင္မယားခ်င္း ရန္ျဖစ္စဥ္ ဇနီး၏မိခင္ျဖစ္သူ ေဒၚစီစီမွ ဝင္ေရာက္ေျပာဆိုေသာေၾကာင့္ အသင့္ပါလာေသာ အရိုး(၄) လက္မခန္႔၊ အသြား ၇လက္မခန္႕၊ရွိေသာ ဓားဦးခၽြန္ႏွင့္ ထိုးသတ္မႈျဖင့္ ေယာက္ခမျဖစ္သူ ေဒၚစီစီတြင္ ရင္ဝထိုးသြင္းဒဏ္ရာ (၁)ခ်က္၊ ဝဲဘက္နံၾကားထိုးသြင္းဒဏ္ရာ (၁)ခ်က္၊ ဝဲ/ယာ လက္ေကာက္ဝတ္တို႔တြင္ ျပတ္ရွဒဏ္ရာမ်ားႏွင့္အတူ ဇနီးျဖစ္သူ ေနာ္ကေညာေဖာ၌ ရင္ဘက္ဝဲ/ယာတို႔တြင္ ထိုးသြင္းဒဏ္ရာ (၂)ခ်က္ ၊ ဝမ္းဗိုက္ယာဘက္ထိုးသြင္းဒဏ္ရာ (၁)ခ်က္၊ လည္ပင္းျပတ္ရွဒဏ္ရာ(၁)တို႔ျဖင့္ အခင္းျဖစ္ပြားရာ ေနရာ၌ ေသဆုံးသြားေၾကာင္း သိရပါသည္။

    ထိုေနာက္ တရားခံေစာထဲေနထူး အသက္(၃၂)ႏွစ္ (ဘ)ဦးေက်ာ္မင္း ဆုံကုန္းေက်းရြာ၊ ဆုံကုန္းအုပ္စု၊ ဇလြန္ျမိဳ႕နယ္တြင္ ေနထိုင္သူအား ဆုံကုန္းေက်းရြာ အုပ္ခ်ဴပ္ေရးမွဴး ဦးညြန္႔လိႈင္မွ တရားလိုျပဳလုပ္တိုင္တန္းျပီး။ (ပ)အမွတ္ ၃၄၈/၂၀၁၈။ ရာဇသတ္ၾကီးပုဒ္မ ၃၀၂ျဖင့္ ဇလြန္ျမိဳ႕မရဲစခန္းမွဴး(ေခတၱ) ဒုရဲမွဴးေက်ာ္ထြန္းေအးမွ စစ္ေဆးေဆာင္ရြက္လ်ွက္ရွိေၾကာင္း သတင္းရရွိပါသည္။
ဖိုးသူေတာ္ (www.phothutaw.com)
Credit: thithtoolwin

#Unicode Version#
ဧရာဝတီတိုင်းဒေသကြီး ၊ ဇလွန်မြို့နယ်၊ ဆုံကုန်းအုပ်စု အင်းတရော်ကျေးရွာ၌ မေလ ၂၄ ရက်နေ့ည ၇ နာရီကျော်ခန့်က ယောက်ခမနှင့် မိန်းမ ဖြစ်သူတို့အား ဓားချွန်ဖြင့် ထိုးမှုဖြစ်ပွားကြောင့် ဇလွန်မြို့မရဲစခန်းမှ သတင်းရရှိပါသည်။

    ဖြစ်စဉ်တွင် တရားခံ စောထဲနေထူးသည် ဇနီးဖြစ်သူ နော်ကညောဖောနှင့်အတူ ဇလွန်မြို့နယ် ဆုံကုန်းအုပ်စု အင်းတရော်ကျေးရွာရှိ ၎င်းတို့ပိုင် လယ်ကွင်းထဲ၌ သွားရောက်အလုပ်လုပ်ကိုင်ရာမှ လင်မယားချင်းစကားများရန်ဖြစ်ပြီး နော်ကညောဖောတွင် မိခင်ဖြစ်သူနေအိမ်သို့ ပြန်သွား၍ သွားရောက်ခေါ်ယူစဉ် ဇနီးဖြစ်သူ နော်ကညောဖော မလိုက်ဘူးဟု ငြင်းဆိုသဖြင့် ထပ်မံ စကားများ ရန်ဖြစ်ရာကနေ လူသတ်မှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

လင်မယားချင်း ရန်ဖြစ်စဉ် ဇနီး၏မိခင်ဖြစ်သူ ဒေါ်စီစီမှ ဝင်ရောက်ပြောဆိုသောကြောင့် အသင့်ပါလာသော အရိုး(၄) လက်မခန့်၊ အသွား ၇လက်မခန့်၊ရှိသော ဓားဦးချွန်နှင့် ထိုးသတ်မှုဖြင့် ယောက်ခမဖြစ်သူ ဒေါ်စီစီတွင် ရင်ဝထိုးသွင်းဒဏ်ရာ (၁)ချက်၊ ဝဲဘက်နံကြားထိုးသွင်းဒဏ်ရာ (၁)ချက်၊ ဝဲ/ယာ လက်ကောက်ဝတ်တို့တွင် ပြတ်ရှဒဏ်ရာများနှင့်အတူ ဇနီးဖြစ်သူ နော်ကညောဖော၌ ရင်ဘက်ဝဲ/ယာတို့တွင် ထိုးသွင်းဒဏ်ရာ (၂)ချက် ၊ ဝမ်းဗိုက်ယာဘက်ထိုးသွင်းဒဏ်ရာ (၁)ချက်၊ လည်ပင်းပြတ်ရှဒဏ်ရာ(၁)တို့ဖြင့် အခင်းဖြစ်ပွားရာ နေရာ၌ သေဆုံးသွားကြောင်း သိရပါသည်။

    ထိုနောက် တရားခံစောထဲနေထူး အသက်(၃၂)နှစ် (ဘ)ဦးကျော်မင်း ဆုံကုန်းကျေးရွာ၊ ဆုံကုန်းအုပ်စု၊ ဇလွန်မြို့နယ်တွင် နေထိုင်သူအား ဆုံကုန်းကျေးရွာ အုပ်ချူပ်ရေးမှူး ဦးညွန့်လှိုင်မှ တရားလိုပြုလုပ်တိုင်တန်းပြီး။ (ပ)အမှတ် ၃၄၈/၂၀၁၈။ ရာဇသတ်ကြီးပုဒ်မ ၃၀၂ဖြင့် ဇလွန်မြို့မရဲစခန်းမှူး(ခေတ္တ) ဒုရဲမှူးကျော်ထွန်းအေးမှ စစ်ဆေးဆောင်ရွက်လျှက်ရှိကြောင်း သတင်းရရှိပါသည်။
ဖိုးသူတော် (www.phothutaw.com)
Credit: thithtoolwin
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top