×
Credit: Thithtoolwin
#Unicode Version#
သင်အနေနဲ့ သင်ရဲ့လက်တွဲဖော်က သင့်အပေါ် ဖောက်ပြန်နေမယ်ဆို သင်ဘယ်လိုတုန့်ပြန်မလဲ။ ကိုယ်ထိလက်ရောက် ပြုမှုမလား။ ဒါမှမဟုတ် သူ့ကို အရှက်ခွဲမလား။ လုပ်လို့ရတာတွေ အများကြီးရှိပေမယ့် တော်တော်များများကတော့ ကိုယ့်အသည်းကို ခွဲခဲ့သူကို ကိုယ်ထိလက်ရောက် လုပ်တတ်ကြတာက ပိုများပါတယ်။ အခုလည်း အမျိုးသားတစ်ဦးဟာ သူ့မိန်းမက သူ့အပေါ် ဖောက်ပြန်နေတယ်လို့ သံသယဝင်ခဲ့ပြီး သားသမီးများအရှေ့မှာပဲ ရက်ရက်စက်စက် ပြုမှုခဲ့ပါတော့တယ်။
ဒီဖြစ်ရပ်ဟာ အင်ဒိုနီးရှားနိုင်ငံမှာ ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ လို့ခေါ်တဲ့ အမျိုးသားဟာ သူရဲ့အမျိုးသမီးကို သူ့အပေါ် သစ္စာမရှိပဲ တခြားယောကျာၤးတစ်ယောက်နဲ့ ဖောက်ပြန်နေတယ်လို့ စွပ်စွဲခဲ့ပြီး စကားနဲ့မဖြေရှင်းတော့ပဲ အမျိုးသမီးရဲ့ ခြေထောက်ကို တောခုတ်ဓါးနဲ့ ခုတ်ထစ်နေခဲ့ပါတယ်။ အဆိုပါအမျိုးသားဟာ သူရဲ့ရက်ရက်စက်စက် လုပ်ရက်တွေကို သူရဲ့ရင်သွေးနှစ်ဦးရှေ့မှာပဲ ပြုမှုခဲ့တာဖြစ်ပါတယ်။
ဒါပေမယ့် အသိစိတ် ပြန်ဝင်လာချိန်မှာတော့ အမျိုးသားဟာ သူရဲ့လုပ်ရက်က မှားယွင်းနေမှန်း သတိထားမိသွားပြီး နီးစပ်ရာ ဆေးခန်းတစ်ခုကို ပို့ဆောင်လိုက်ရပါတယ်။ ဒါပေမယ့် အမျိုးသားရဲ့ လူမဆန်တဲ့လုပ်ရက်ကြောင့် အမျိုးသမီး ဘယ်ဘက်ခြေထောက်ကို ဖြတ်တောက်ဖြစ်ခဲ့ပြီး ညာဘက်ခြေထောက်မှာလည်း ကျိုးလုနီးပါးအထိကို ဖြစ်သွားခဲ့ရပါတယ်။ အမျိုးသားဟာ သူရဲ့ရက်စက်တဲ့ လုပ်ရက်ကြောင့် ထောင်ဒဏ်ဆယ်နှစ်လောက် ကျခံရဖွယ်လည်း ရှိနေပါပြီခင်ဗျာ။
ဖိုးသူတော် (www.phothutaw.com)
Credit: Thithtoolwin
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top