ရာသက္ပန္ေျမပိုင္ဆိုင္ျခင္းရရွိမည့္ ဂရန္းျမကန္သာကြန္ဒို အထူးပ႐ိုမိုးရွင္း အေရာင္းျပပြဲ
×

နာမည္ၾကီးတကၠသိုလ္ျဖစ္တဲ့ Cornell University မွ စိတ္ပညာနဲ႔ ပတ္သက္ျပီး သုေတသနျပဳလုပ္သူတစ္ဦးရဲ႕ ရွာေဖြေတြ႔ရွိခ်က္အရ ေယာက္်ားအားလံုးဟာ လိင္တူလိင္ကြဲ ဆက္ဆံရတာကို သေဘာက်ႏွစ္ျခိဳက္တယ္ဆိုတာပါပဲ။ ကိုယ့္ကိုယ္ကို straight (မိန္းကေလးေတြကိုသာ စိတ္၀င္စားတယ္ဆိုတဲ့ ေယာက္်ားစစ္စစ္) လို႔ သတ္မွတ္ထားတဲ့ ေယာက္်ားေတြမွာေတာင္ လိင္တူဆက္ဆံလိုတဲ့ ဆႏၵ အနည္းနဲ႔ အမ်ားရွိေနၾကတယ္ ဆိုတာကို အံ့ၾသဖြယ္ေလ့လာေတြ႔ရွိခဲ့ပါတယ္။

နည္းပညာတိုးတက္ေျပာင္းလဲလာတာနဲ႔အမွ် ပြင့္လင္းျမင္သာမႈရွိလာတဲ့ ဒီဘက္ေခတ္ၾကီးထဲမွာ လိင္တူဆက္ဆံတဲ့ ကိစၥကေတာ့ ေတြ႔ေန ျမင္ေနက် သာမန္ကိစၥတစ္ခုလိုပဲ ျဖစ္လာပါျပီ။ မ်ိဳးဆက္သစ္လူငယ္ေတြက် ပိုျပီး ပြင့္လင္းလာၾကျပီဆိုေတာ့ ကိုယ့္ရဲ႕ လိင္စိတ္ဆႏၵကိုပါ ကြဲကြဲျပားျပား သိႏိုင္ၾကမယ္ထင္ပါတယ္။ ေယာက္်ားစစ္စစ္ straight ေတြပါလို႔ ခံယူထားတဲ့ လူငယ္ေယာက္်ားေလး အေယာက္ (၄၀) ကို ေမးျမန္းေလ့လာၾကည့္တဲ့အခါမွာေတာ့ သူတို႔ေတြဟာ မိန္းကေလးေတြကို စိတ္၀င္စားၾကတာမွန္ေပမယ့္ တစ္ခါတစ္ေလမွာ အျခားေသာ ေယာက္်ားေတြနဲ႔လည္း လက္ပြန္းတသီးေနရတာကို သေဘာက်တယ္လို႔ ျပန္ေျဖထားပါတယ္။ သူတို႔ကို လိင္တူ၊လိင္ကြဲ အျပာကား (၂) မ်ိဳးလံုး ဖြင့္ျပျပီး စမ္းသပ္စစ္ေဆးၾကည့္တဲ့အခါမွာလည္း (၂)မ်ိဳးလံုးနဲ႔ပတ္သက္ျပီး စိတ္ပါ၀င္စားမႈရွိတဲ့အေၾကာင္းကို ေတြ႔ရွိခဲ့ပါတယ္။

(၂)ဖက္ခၽြန္ တစ္နည္းအားျဖင့္ လိင္တူလိင္ကြဲ သေဘာက်တယ္ဆိုတာကို အရင္ကေတာ့ အမ်ိဳးသမီးေတြမွာပါ ေတြ႔ရတတ္တဲ့ ျဖစ္စဥ္လို႔ ထင္ထားခဲ့ေပမယ့္ ဒီေလ့လာေတြ႔ရွိခ်က္အရေတာ့ အမ်ိဳးသမီးပဲျဖစ္ေစ၊ အမ်ိဳးသားျဖစ္ေစ လိင္တူလိင္ကြဲ (၂) မ်ိဳးလံုးကို စိတ္အားထက္သန္ၾကတာကို ေတြ႔ရွိခဲ့ပါတယ္။ အမ်ိဳးသမီးေတြကေတာ့ လိင္ပို္င္းဆိုင္ရာ ခံစားခ်က္ေတြအေပၚ ပြင့္လင္းျမင္သာမႈရွိၾကေပမယ့္ အမ်ိဳးသားေတြကေတာ့ ထံုးစံအတိုင္းပဲ ပတ္၀န္းက်င္ရဲ႕ ထင္ျမင္ယူဆခ်က္ေတြ၊ ကဲ့ရဲ႕ရႈံ႕ခ်မႈေတြအေပၚမွာ စိုးရြ႕ံစိတ္ျဖစ္တဲ့အတြက္ ကိုယ့္ရဲ႕ လိင္စိတ္ခံစားခ်က္ကို ဖံုးကြယ္တဲ့အျပင္ ထုတ္ေဖာ္ျပသေနဖို႔ကိုလည္း ရွက္ရြံ႕ေနၾကဆဲပါပဲ။

ကဲ စာဖတ္ပရိတ္သတ္ေတြေရာ မိန္းကေလးေတြကိုပဲ စိတ္၀င္စားတာ ေသခ်ာျပီလား။ ကိုယ့္အခ်င္းခ်င္းကိုေရာ သေဘာမက်ဘူးဆိုတာ ေသခ်ာရဲ႕လား ေသခ်ာျပန္ဆန္းစစ္ၾကည့္ပါဦး။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Ye Myo Myat (MyanmarNote)
# Unicode Version ျဖင့္ ဖတ္ပါ#
နာမည်ကြီးတက္ကသိုလ်ဖြစ်တဲ့ Cornell University မှ စိတ်ပညာနဲ့ ပတ်သက်ပြီး သုတေသနပြုလုပ်သူတစ်ဦးရဲ့ ရှာဖွေတွေ့ရှိချက်အရ ယောက်ျားအားလုံးဟာ လိင်တူလိင်ကွဲ ဆက်ဆံရတာကို သဘောကျနှစ်ခြိုက်တယ်ဆိုတာပါပဲ။ ကိုယ့်ကိုယ်ကို straight (မိန်းကလေးတွေကိုသာ စိတ်ဝင်စားတယ်ဆိုတဲ့ ယောက်ျားစစ်စစ်) လို့ သတ်မှတ်ထားတဲ့ ယောက်ျားတွေမှာတောင် လိင်တူဆက်ဆံလိုတဲ့ ဆန္ဒ အနည်းနဲ့ အများရှိနေကြတယ် ဆိုတာကို အံ့သြဖွယ်လေ့လာတွေ့ရှိခဲ့ပါတယ်။

နည်းပညာတိုးတက်ပြောင်းလဲလာတာနဲ့အမျှ ပွင့်လင်းမြင်သာမှုရှိလာတဲ့ ဒီဘက်ခေတ်ကြီးထဲမှာ လိင်တူဆက်ဆံတဲ့ ကိစ္စကတော့ တွေ့နေ မြင်နေကျ သာမန်ကိစ္စတစ်ခုလိုပဲ ဖြစ်လာပါပြီ။ မျိုးဆက်သစ်လူငယ်တွေကျ ပိုပြီး ပွင့်လင်းလာကြပြီဆိုတော့ ကိုယ့်ရဲ့ လိင်စိတ်ဆန္ဒကိုပါ ကွဲကွဲပြားပြား သိနိုင်ကြမယ်ထင်ပါတယ်။ ယောက်ျားစစ်စစ် straight တွေပါလို့ ခံယူထားတဲ့ လူငယ်ယောက်ျားလေး အယောက် (၄၀) ကို မေးမြန်းလေ့လာကြည့်တဲ့အခါမှာတော့ သူတို့တွေဟာ မိန်းကလေးတွေကို စိတ်ဝင်စားကြတာမှန်ပေမယ့် တစ်ခါတစ်လေမှာ အခြားသော ယောက်ျားတွေနဲ့လည်း လက်ပွန်းတသီးနေရတာကို သဘောကျတယ်လို့ ပြန်ဖြေထားပါတယ်။ သူတို့ကို လိင်တူ၊လိင်ကွဲ အပြာကား (၂) မျိုးလုံး ဖွင့်ပြပြီး စမ်းသပ်စစ်ဆေးကြည့်တဲ့အခါမှာလည်း (၂)မျိုးလုံးနဲ့ပတ်သက်ပြီး စိတ်ပါဝင်စားမှုရှိတဲ့အကြောင်းကို တွေ့ရှိခဲ့ပါတယ်။

(၂)ဖက်ချွန် တစ်နည်းအားဖြင့် လိင်တူလိင်ကွဲ သဘောကျတယ်ဆိုတာကို အရင်ကတော့ အမျိုးသမီးတွေမှာပါ တွေ့ရတတ်တဲ့ ဖြစ်စဉ်လို့ ထင်ထားခဲ့ပေမယ့် ဒီလေ့လာတွေ့ရှိချက်အရတော့ အမျိုးသမီးပဲဖြစ်စေ၊ အမျိုးသားဖြစ်စေ လိင်တူလိင်ကွဲ (၂) မျိုးလုံးကို စိတ်အားထက်သန်ကြတာကို တွေ့ရှိခဲ့ပါတယ်။ အမျိုးသမီးတွေကတော့ လိင်ပိုင်းဆိုင်ရာ ခံစားချက်တွေအပေါ် ပွင့်လင်းမြင်သာမှုရှိကြပေမယ့် အမျိုးသားတွေကတော့ ထုံးစံအတိုင်းပဲ ပတ်ဝန်းကျင်ရဲ့ ထင်မြင်ယူဆချက်တွေ၊ ကဲ့ရဲ့ရှုံ့ချမှုတွေအပေါ်မှာ စိုးရွံ့စိတ်ဖြစ်တဲ့အတွက် ကိုယ့်ရဲ့ လိင်စိတ်ခံစားချက်ကို ဖုံးကွယ်တဲ့အပြင် ထုတ်ဖော်ပြသနေဖို့ကိုလည်း ရှက်ရွံ့နေကြဆဲပါပဲ။

ကဲ စာဖတ်ပရိတ်သတ်တွေရော မိန်းကလေးတွေကိုပဲ စိတ်ဝင်စားတာ သေချာပြီလား။ ကိုယ့်အချင်းချင်းကိုရော သဘောမကျဘူးဆိုတာ သေချာရဲ့လား သေချာပြန်ဆန်းစစ်ကြည့်ပါဦး။

ဖိုးသူတော် (www.phothutaw.com)
Credit: Ye Myo Myat (MyanmarNote)
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top