လူမႈကြန္ရက္ေပၚ တင္ထားတဲ႔ ဗြီဒီဖိုင္တစ္ခုမွာ ရထားေပၚ ေကာ္ဖီေရာင္းခ်ေနသူတစ္ဦးဟာ လိုအပ္တဲ့ ေရေတြကို ရထားေပၚ႐ွိအမ်ားသုံးအိမ္သာကေန ခပ္ယူသုံးစြဲေနတဲ့ ျဖစ္ရပ္ေၾကာင့္ အစားအေသာက္ေဘးကင္းလုံျခံဳေရးနဲ႔ ပတ္သက္လို႔ စိုးရိမ္မႈေတြမ်ားေနတဲ့ အိႏၵိယႏိုင္ငံမွာ စိတ္ဆိုးေဒါသထြက္မႈေတြ ေပၚေပါက္လာခဲ့ပါတယ္။

ဗြီဒီယိုသက္ေသအရ အဆိုပါ ေကာ္ဖီေရာင္းခ်သူဟာ ခ်င္ႏိုင္း-ဟိုက္ဒရာဘတ္ ေျပးဆြဲေနတဲ့ ရထားေပၚ႐ွိ အမ်ားသုံးအိမ္သာထဲကေန ႀကီးမားတဲ့ လက္ဆြဲပုံးႀကီးေတြနဲ႔ ေရထည့္ၿပီး ထြက္လာတာကို ေတြ႔ရပါတယ္။

အိႏၵိယ မီးရထားဌာနကေတာ့ “ယခုျဖစ္ရပ္ကို အေသးစိတ္စစ္ေဆးေနပါတယ္။ အဆိုပါ ေကာ္ဖီေရာင္းခ်သူကိုလည္း အေမရိကန္ေဒၚလာ ၁၅၀၀ နဲ႔ ညီမ်ွတဲ့ ဒါဏ္ေၾကးေငြ ႐ိုက္ထားပါတယ္” လို႔ သတင္းထုတ္ျပန္ပါတယ္။

ေကာ္ဖီေဖ်ာ္ေရာင္းသူကေတာ့ သူ႔အေနနဲ႔ အျခားေကာ္ဖီေဖ်ာ္ေရာင္းသူေတြနဲ႔ ႏို႔ေတြကို လဲလွယ္ေနတာျဖစ္ၿပီး လူၾကားထဲမွာ မလုပ္ခ်င္တဲ့အတြက္ အိမ္သာထဲ ဝင္လုပ္ရတာျဖစ္တယ္လို႔ ေခ်ပေျပာဆိုပါတယ္။

“အိမ္သာထဲကေန ေရေတြ ခပ္ၿပီး ယူလာတာ ေတြ႔ေနရတာပဲ။အေတာ္လူမဆန္တာ” လို႔ မီးရထား ကုမၸဏီ က ဆိုပါတယ္။

သတင္းရင္းျမစ္ – MUNA
ဖိုးသူေတာ္ (www.phothutaw.com)
Credit: lwinpyin

#Unicode Version#
လူမှုကွန်ရက်ပေါ် တင်ထားတဲ့ ဗွီဒီဖိုင်တစ်ခုမှာ ရထားပေါ် ကော်ဖီရောင်းချနေသူတစ်ဦးဟာ လိုအပ်တဲ့ ရေတွေကို ရထားပေါ်ရှိအများသုံးအိမ်သာကနေ ခပ်ယူသုံးစွဲနေတဲ့ ဖြစ်ရပ်ကြောင့် အစားအသောက်ဘေးကင်းလုံခြုံရေးနဲ့ ပတ်သက်လို့ စိုးရိမ်မှုတွေများနေတဲ့ အိန္ဒိယနိုင်ငံမှာ စိတ်ဆိုးဒေါသထွက်မှုတွေ ပေါ်ပေါက်လာခဲ့ပါတယ်။

ဗွီဒီယိုသက်သေအရ အဆိုပါ ကော်ဖီရောင်းချသူဟာ ချင်နိုင်း-ဟိုက်ဒရာဘတ် ပြေးဆွဲနေတဲ့ ရထားပေါ်ရှိ အများသုံးအိမ်သာထဲကနေ ကြီးမားတဲ့ လက်ဆွဲပုံးကြီးတွေနဲ့ ရေထည့်ပြီး ထွက်လာတာကို တွေ့ရပါတယ်။

အိန္ဒိယ မီးရထားဌာနကတော့ “ယခုဖြစ်ရပ်ကို အသေးစိတ်စစ်ဆေးနေပါတယ်။ အဆိုပါ ကော်ဖီရောင်းချသူကိုလည်း အမေရိကန်ဒေါ်လာ ၁၅၀၀ နဲ့ ညီမျှတဲ့ ဒါဏ်ကြေးငွေ ရိုက်ထားပါတယ်” လို့ သတင်းထုတ်ပြန်ပါတယ်။

ကော်ဖီဖျော်ရောင်းသူကတော့ သူ့အနေနဲ့ အခြားကော်ဖီဖျော်ရောင်းသူတွေနဲ့ နို့တွေကို လဲလှယ်နေတာဖြစ်ပြီး လူကြားထဲမှာ မလုပ်ချင်တဲ့အတွက် အိမ်သာထဲ ဝင်လုပ်ရတာဖြစ်တယ်လို့ ချေပပြောဆိုပါတယ်။

“အိမ်သာထဲကနေ ရေတွေ ခပ်ပြီး ယူလာတာ တွေ့နေရတာပဲ။အတော်လူမဆန်တာ” လို့ မီးရထား ကုမ္ပဏီ က ဆိုပါတယ်။

သတင်းရင်းမြစ် – MUNA

ဖိုးသူတော် (www.phothutaw.com)
Credit: lwinpyin
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top