န၀ဒေးရုပ်ရှင်ရုံ နှင့် ဗဟိုမီးသတ်အနီး Facility ပြည့်စုံသည့် အသင့်နေ Real Home ကွန်ဒိုအရောင်းပြပွဲ
×
# Unicode Version ဖြင့် ဖတ်ပါ #
စကော့တလန်နိုင်ငံသား တစ်ယောက်ဟာ ဈေးသက်သက်သာသာနဲ့ အရက်ဝယ်ဖို့အတွက် မိုင် (၃၀၀) ကျော် ကားမောင်းခဲ့ရပါတယ်။ စကော့တလန်နိုင်ငံ မှာ အသစ်သတ်မှတ်လိုက်တဲ့ အရက်ဈေးနှုန်းက ဈေးကြီးတာကြောင့် အင်္ဂလန်မြောက်ပိုင်းဘက်ကို ကားမောင်းနှင်ပြီး သူကြိုက်တဲ့အရက်တွေကို သွားဝယ်ခဲ့တာ ဖြစ်ပါတယ်။
သူကြိုက်တဲ့အရက်အမျိုးအစားကတော့ Hawksridge အမှတ်တံဆိပ်ပါ ပန်းသီးအရက်ပဲဖြစ်ပါတယ်။ ပုံမှန် စကေ့ာလန်နိုင်ငံတွင်းမှာသာ ဝယ်ယူသောက်သုံးခဲ့ပေမဲ့ ပုလင်းသေးနှစ်လုံးပါ တစ်တွဲကို စတာလင်ပေါင် (၂)ဒသမ (၁၅) ပေါင်နဲ့ ဝယ်ယူနေရာက စတာလင်ပေါင် (၅)ဒသမ (၇၅) ပေါင်အထိ ဈေးတက်သွားတာကြောင့် ဖြစ်ပါတယ်။
ဒီလိုဈေးတက်ရတဲ့အကြောင်းရင်းကတော့ စကော့တလန်အစိုးရဟာ ပြည်တွင်း သောက်သုံးသူတွေရဲ့ အရက်သောက်နှုန်းကိုလျှော့ချချင်တာကြောင့် ဥပဒေအသစ်သတ်မှတ်ပြီး ဈေးတင်လိုက်တာပဲဖြစ်ပါတယ်။ ဒါပေမဲ့ ဥပဒေအရ ပြည်ပနိုင်ငံက ဝယ်လာတဲ့အရက်ကိုတော့ သက်သက်သာသာနဲ့ အခွန်ဆောင်ပြီး သွင်းနိုင်တာကြောင့် ယခုလို့ မိုင် (၃၀၀)အထိ ကားမောင်းပြီး အရက်သွားဝယ်ရတာဖြစ်တယ်လို့ သိရပါတယ်။
သူရဲ့ နာမည်ကတော့ ခရစ်မစ်ချယ်ဖြစ်ပြီး အသက် (၂၉) နှစ်အရွယ်ရှိပြီ ဖြစ်ပါတယ်။ စကော့တလန်မှာ ဥပဒေအသစ်သတ်မှတ်လိုက်သော်လည်း သောက်နေကျအရက်ကို မဖြတ်နိုင်တာကြောင့် ဈေးသက်သာမဲ့နေရာအထိ သွားဝယ်ရတာဖြစ်တယ်လို့ သူကပြောပါတယ်။
သူဟာ အင်္ဂလန်မြောက်ပိုင်းမှာရှိတဲ့ ကာလီဆဲလ် (Carlisle) ပြည်နယ် အက်ဆာမြို့ (Asda) မှာ သူကြိုက်တဲ့ ပန်းသီးအရက် ပုလင်း (၅၀)ကို သွားရောက်ဝယ်ယူခဲ့တာပါ။
စုစုပေါင်း စတာလင်ပေါင် (၁၀၀) သာကုန်ကျပြီး စကော့တလန်မှာ ဝယ်ယူသည့်ငွေပမာဏထက် စတာလင်ပေါင် (၁၈၀) ခန့် သက်သာတယ်လို့ သိရပါတယ်။
ကျတော်တို့ရဲ့ သောက်သုံးချင်စိတ်ကို ဥပဒေနဲ့ ထိမ်းချုပ်လို့မရပါဘူး။ ပြည်တွင်းမှာ ဈေးကြီးရင် ပြည်ပထွက်ဝယ်ဖို့ လိုတယ်။ ဒါကြောင့် အနီးစပ်ဆုံး ကားမောင်းနိုင်မဲ့ အက်ဆာမြို့ကို မြေပုံမှာရှာပြီး သွားခဲ့တယ်လို့ သူကပြောပါတယ်။
ပုလင်းတွေထားဖို့ဂိုဒေါင်အလွတ်တစ်လုံးရှိတာကြောင့် ဒီထက်များတဲ့ ပမာဏကို ဝယ်လို့ ရသေးတယ်လို့ သူရဲ့အခန်းဖော် ပီတာက အကြံပေးပါသေးတယ်။
အရက်တွေ သွားဝယ်ဖို့ ဓါတ်ဆီ ကုန်ကျငွေက စတာလင်ပေါင် (၇၀) သာရှိတာကြောင့် စကော်တလန်ပြည်တွင်းမှာ ဝယ်တာထက် ဈေးသက်သာနေတယ်လို့ သူကတွက်ပြပါတယ်။
ဒီဥပဒေအသစ်ကို စကော့တလန်ပြည်ထောင်စုရဲ့ ပါလီမန်အဖွဲ့က ပြဌာန်းသတ်မှတ်ခဲ့တာဖြစ်ပါတယ်။ အရက်သောက်သုံးမှုကြောင့် သေဆုံးသူ (၃၉၂)ဦးခန့်အထိ ရှိနေပြီး ဆေးရုံရောက်သူ (၈၀၀၀) ကျော် ရှိနေတယ်လို့ သုတေသနအဖွဲ့တစ်ဖွဲ့က စစ်တမ်းထုတ်ပြန်ခဲ့တာကြောင့် ယခုလို ဥပဒေနဲ့ ကန့်သတ်ရခြင်းဖြစ်ပါတယ်။
အရက်နဲ့ ဝိုင်ထုတ်လုပ်တဲ့ ကုမ္ပဏီတွေကတော့ အဆိုပါဥပဒေကို အပြင်းအထန် ကန့်ကွက်လျက်ရှိပါတယ်။ စကော့တလန်နိုင်ငံတွင်းမှာ အချို့ အရက်တွေ၊ ဝိုင်တွေဟာ တစ်ပုလင်းကို စတာလင်ပေါင် (၆) ပေါင်ကနေ (၇)ပေါင်အထိ ဈေးမြင့်တက်ခဲ့ပါတယ်။
ဖိုးသူတော် (www.phothutaw.com)
Credit: နော်ဘတ်တီဟန် (MyanmarNote)
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top